မုတ္သုံရာသီနဲ႔ က်န္းမာေရးျပႆနာေတြ
----------------------------------------------
စပါးစိုက္မယ့္ ေတာင္သူဦးႀကီးေတြကစလို႔ ဇိမ္က်က်ေနရတဲ့
ဒီလိုမိုးဥတုကို မႏွစ္သက္တဲ့သူက ခပ္ရွားရွားပါေနာ္။ ျမင္ကြင္း
စိမ္းစိုစိုေၾကာင့္လည္း ပတ္ဝန္းက်င္တစ္ခုလုံးက ႐ုတ္ခ်ည္းဆိုသလို
လတ္ဆတ္ၿပီး အသက္ဝင္လာပါေတာ့တယ္။
ဖားေလးေတြရဲ႕ မိုးေခၚသံ၊ အင္းဆက္၊ ပုရစ္ေကာင္ေလးေတြရဲ႕
ေတးသီသံတို႔ေၾကာင့္လည္း မိုးဥတုက ပိုလို႔ႏုပ်ိဳေနတာပါ။
သို႔ေပမယ့္လည္း မုတ္သုံေလက အႏၲရာယ္ျဖစ္ေစႏိုင္တဲ့
ေရာဂါပိုးမႊားေတြကို သူနဲ႔အတူတပါတည္း ေခၚေဆာင္လာခဲ့ပါတယ္။
အစာအဆိပ္သင့္ျခင္း၊ အူေရာင္ငန္းဖ်ားျဖစ္ျခင္း၊ ေသြးလြန္တုတ္ေကြး၊
အေအးမိ ႏွာေစး၊ ကာလဝမ္းေရာဂါ၊ ဝမ္းေလၽွာ ဝမ္းပ်က္နဲ႔ အစာအိမ္
ေရာင္ယမ္းျခင္းေတြဆိုတာကလည္း ဒီလိုမိုးရာသီမွာပဲ အျဖစ္မ်ားၾက
တာပါ။ ေနာက္ထပ္ သက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးသူငယ္ေတြဟာ
ဆိုရင္လည္း မိုးရာသီမွာပဲ ေရာဂါဘယေတြကူးစက္ ဝင္ေရာက္ဖို႔
ပိုမိုလြယ္ကူၾကပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ အခုေတာ့ ေရာဂါကူးစက္လြယ္တဲ့ မိုးရာသီကို
ေရာက္ရွိလို႔ေနပါၿပီ။ ဒီႏွစ္မိုးတြင္းတစ္ေလၽွာက္လုံးကို ကိုယ္ခ်စ္ရတဲ့
သူေတြနဲ႔ က်န္းက်န္းမာမာ၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းခ်င္တယ္
ဆုိရင္ေတာ့ ယခုေျပာျပမယ့္ ဒီေဆာင္းပါးေလးထဲက
နည္းလမ္းေလးေတြကို လိုက္နာလုပ္ေဆာင္ၾကည့္လိုက္ပါေနာ္။
၁။ ေရသန္႔ (သို႔) က်ိဳခ်က္ၿပီးသားေရကိုပဲ ေသာက္သုံးပါ
မုတ္သုံရာသီဥတုမွာ ပတ္ဝန္းက်င္ကစိုထိုင္းေနတဲ့အတြက္
ေခၽြးထြက္ၿပီးတဲ့အခါမွာ အလြယ္တကူအေငြ႕ျပန္ဖို႔ ခက္ခဲပါတယ္။
ေရသန္႔နဲ႔ ေရဆိုးေရာေထြးေနတဲ့မိုးရာသီဟာ ျပင္းထန္တဲ့ေရာဂါ
ကူးစက္မႈေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ အိမ္ (သို႔) ႐ုံးကေန
ထြက္တဲ့အခါတိုင္း ေရဆာတဲ့အခါ အခ်ိန္မေ႐ြး ေသာက္လို႔လြယ္ေအာင္
ေရသန္႔တစ္ဘူးေလာက္ေတာ့ ကိုယ္နဲ႔မကြာ သယ္ေဆာင္သြားလိုက္ပါ။
၂။ တတ္ႏိုင္သေလာက္ အျပင္စာေတြကိုေရွာင္ပါ
မိုးရာသီမွာ လမ္းေဘးအစားအစာေတြဟာ ဘက္တီရီးယားနဲ႔
အျခားေသာအႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ပိုးမႊာေတြအလြယ္တကူ
ကပ္တြယ္ေနပါတယ္။ ဝယ္ယူၿပီးတဲ့အသား၊ ငါးေတြကိုလည္း
ေသခ်ာစင္ၾကယ္ေအာင္ ေဆးေၾကာေပးပါ။ အသီးအ႐ြက္ေတြကို
ဆိုရင္လည္း ေရးေႏြးေလးနဲ႔ တစ္ခါေဖ်ာၿပီးမွ ခ်က္ျပဳတ္တာက
ပိုေကာင္းပါတယ္။
၃။ အစပ္သိပ္မစားပါနဲ႔
အထူးသျဖင့္ မိုးရာသီမွာ ပန္းနာ ရင္က်ပ္ရွိတဲ့သူေတြက
အစပ္စားတာကို ေလ်ာ့သင့္ပါတယ္။ အစပ္စားမ်ားတဲ့အခါ
အခၽြဲလိုက္လာတတ္လို႔ ျဖစ္ပါတယ္။
၄။ ေဆးစိမ္ျခင္ေထာင္နဲ႔ ျခင္ေဆးျဖန္းဘူးေတြကိုလည္း အသုံးျပဳေပးပါ
မုတ္သုံရာသီဥတုမွာ အခ်ိန္ၾကာၾကာသိုေလွာင္ထားတဲ့ ေရေတာ္ေတာ္
မ်ားမ်ားက ျခင္ေပါက္ဖြားလြယ္ပါတယ္။ ပန္းအိုးနဲ႔ ေရေငြ႕အသုံးျပဳ
ပန္ကာေတြထဲက ေရေတြကိုေတာင္ အခ်ိန္မွန္လဲလွယ္ေပးပါ။
ေဆးစိမ္ျခင္ေထာင္နဲ႔ ျခင္ေဆးျဖန္းဘူးေတြအျပင္ ျခင္မကိုက္ေအာင္
ကာကြယ္ေပးႏိုင္တဲ့ ခရင္မ္ေတြကိုပါ လိုအပ္မယ္ဆို
အသုံးျပဳေပးႏိုင္ပါတယ္။
၅။ အခါးအရသာရွိတဲ့ အသီး၊ အ႐ြက္ေတြကို ဦးစားေပးစားပါ
တမာ႐ြက္နဲ႔ ၾကက္ဟင္းခါးသီးတို႔လိုမ်ိဳး အခါးအရသာရွိတဲ့
အသီး၊ အ႐ြက္ေတြကို ဦးစားေပးစားပါ။ အဲဒီအသီး၊ အ႐ြက္ေတြက
ေရာဂါဘယ ကူးစက္လြယ္ျခင္းနဲ႔ ယားယံျခင္းမွ ကာကြယ္ေပးႏိုင္လို႔ပဲ
ျဖစ္ပါတယ္။
၆။ တရားလြန္ မစားမိပါေစနဲ႔
က်န္းမာေရး ျပသနာေတြနဲ႔ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ေတြကို
ထိခိုက္ေစႏိုင္တဲ့ အစားအေသာက္ေတြကိုေတာ့ တရားလြန္
မစားမိဖို႔ မိုးရာသီမွာ ေရွာင္က်ဥ္ရပါမယ္။ ပ႐ိုတင္းဓာတ္နည္းနည္းနဲ႔
လန္းဆန္းမႈကို ေပးစြမ္းႏိုင္တဲ့ အစားအေသာက္ေတြကိုသာ
ေ႐ြးခ်ယ္စားသုံးေပးသင့္ပါတယ္။
၇။ ေရအိုင္နဲ႔ ဗြက္အိုင္ေတြကို တတ္ႏိုင္သေလာက္ေရွာင္ပါ
မလႊဲသာလို႔ ေရညစ္ညစ္ထဲေျခခ်မိတဲ့အခါ သင့္ေျခေထာက္ကို
ခ်က္ခ်င္းျပန္ေဆးၿပီး ႏူးညံ့ေျခာက္ေသြ႕တဲ့ ပဝါေလးနဲ႔သုတ္လိုက္ပါ။
ဒီအရာက ယားယံျခင္းနဲ႔ ပိုးဝင္ျခင္ေတြကို အလြယ္တကူျဖစ္ေစႏိုင္လို႔ပဲ
ျဖစ္ပါတယ္။ မိုးကာ၊ ထီးနဲ႔ မိုးတြင္းစီးဖိနပ္ အျပည့္အစုံနဲ႔သာ မိုးေရထဲ
ထြက္ပါလို႔ အႀကံျပဳခ်င္ပါတယ္။
၈။ အပူ၊ အေအး မၽွတေအာင္ေနပါ
မိုးေရ ဒါမွမဟုတ္ ေခၽြးစိုစိုနဲ႔ အိမ္ျပန္ေရာက္လာတဲ့အခါတိုင္း
ေလေအးေပးစက္ဖြင့္ထားတဲ့အခန္းထဲ တန္းမဝင္ပါနဲ႔။ ႐ုတ္ခ်ည္းအပူ၊
အေအးကူးေျပာင္းျခင္းက သင့္ကို ႏွာေစး၊ ေခ်ာင္းဆိုးနဲ႔ အေအးမိ
ေရာဂါေတြ ျဖစ္ေစႏိုင္လို႔ပဲ ျဖစ္ပါတယ္။
Po Mo Htoo Aung (႐ိုးရာေလး)
Ref : Pinterest "Top 10 health care tips during rainy season"
fb link -
https://www.facebook.com/moe.natthar.792/posts/2497243520605648
==========================
မုတ်သုံရာသီနဲ့ ကျန်းမာရေးပြဿနာတွေ
----------------------------------------------
စပါးစိုက်မယ့် တောင်သူဦးကြီးတွေကစလို့ ဇိမ်ကျကျနေရတဲ့
ဒီလိုမိုးဥတုကို မနှစ်သက်တဲ့သူက ခပ်ရှားရှားပါနော်။ မြင်ကွင်း
စိမ်းစိုစိုကြောင့်လည်း ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်ချည်းဆိုသလို
လတ်ဆတ်ပြီး အသက်ဝင်လာပါတော့တယ်။
ဖားလေးတွေရဲ့ မိုးခေါ်သံ၊ အင်းဆက်၊ ပုရစ်ကောင်လေးတွေရဲ့
တေးသီသံတို့ကြောင့်လည်း မိုးဥတုက ပိုလို့နုပျိုနေတာပါ။
သို့ပေမယ့်လည်း မုတ်သုံလေက အန္တရာယ်ဖြစ်စေနိုင်တဲ့
ရောဂါပိုးမွှားတွေကို သူနဲ့အတူတပါတည်း ခေါ်ဆောင်လာခဲ့ပါတယ်။
အစာအဆိပ်သင့်ခြင်း၊ အူရောင်ငန်းဖျားဖြစ်ခြင်း၊ သွေးလွန်တုတ်ကွေး၊
အအေးမိ နှာစေး၊ ကာလဝမ်းရောဂါ၊ ဝမ်းလျှော ဝမ်းပျက်နဲ့ အစာအိမ်
ရောင်ယမ်းခြင်းတွေဆိုတာကလည်း ဒီလိုမိုးရာသီမှာပဲ အဖြစ်များကြ
တာပါ။ နောက်ထပ် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေဟာ
ဆိုရင်လည်း မိုးရာသီမှာပဲ ရောဂါဘယတွေကူးစက် ဝင်ရောက်ဖို့
ပိုမိုလွယ်ကူကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ ရောဂါကူးစက်လွယ်တဲ့ မိုးရာသီကို
ရောက်ရှိလို့နေပါပြီ။ ဒီနှစ်မိုးတွင်းတစ်လျှောက်လုံးကို ကိုယ်ချစ်ရတဲ့
သူတွေနဲ့ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်
ဆိုရင်တော့ ယခုပြောပြမယ့် ဒီဆောင်းပါးလေးထဲက
နည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ကြည့်လိုက်ပါနော်။
၁။ ရေသန့် (သို့) ကျိုချက်ပြီးသားရေကိုပဲ သောက်သုံးပါ
မုတ်သုံရာသီဥတုမှာ ပတ်ဝန်းကျင်ကစိုထိုင်းနေတဲ့အတွက်
ချွေးထွက်ပြီးတဲ့အခါမှာ အလွယ်တကူအငွေ့ပြန်ဖို့ ခက်ခဲပါတယ်။
ရေသန့်နဲ့ ရေဆိုးရောထွေးနေတဲ့မိုးရာသီဟာ ပြင်းထန်တဲ့ရောဂါ
ကူးစက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ အိမ် (သို့) ရုံးကနေ
ထွက်တဲ့အခါတိုင်း ရေဆာတဲ့အခါ အချိန်မရွေး သောက်လို့လွယ်အောင်
ရေသန့်တစ်ဘူးလောက်တော့ ကိုယ်နဲ့မကွာ သယ်ဆောင်သွားလိုက်ပါ။
၂။ တတ်နိုင်သလောက် အပြင်စာတွေကိုရှောင်ပါ
မိုးရာသီမှာ လမ်းဘေးအစားအစာတွေဟာ ဘက်တီရီးယားနဲ့
အခြားသောအန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးမွှာတွေအလွယ်တကူ
ကပ်တွယ်နေပါတယ်။ ဝယ်ယူပြီးတဲ့အသား၊ ငါးတွေကိုလည်း
သေချာစင်ကြယ်အောင် ဆေးကြောပေးပါ။ အသီးအရွက်တွေကို
ဆိုရင်လည်း ရေးနွေးလေးနဲ့ တစ်ခါဖျောပြီးမှ ချက်ပြုတ်တာက
ပိုကောင်းပါတယ်။
၃။ အစပ်သိပ်မစားပါနဲ့
အထူးသဖြင့် မိုးရာသီမှာ ပန်းနာ ရင်ကျပ်ရှိတဲ့သူတွေက
အစပ်စားတာကို လျော့သင့်ပါတယ်။ အစပ်စားများတဲ့အခါ
အချွဲလိုက်လာတတ်လို့ ဖြစ်ပါတယ်။
၄။ ဆေးစိမ်ခြင်ထောင်နဲ့ ခြင်ဆေးဖြန်းဘူးတွေကိုလည်း အသုံးပြုပေးပါ
မုတ်သုံရာသီဥတုမှာ အချိန်ကြာကြာသိုလှောင်ထားတဲ့ ရေတော်တော်
များများက ခြင်ပေါက်ဖွားလွယ်ပါတယ်။ ပန်းအိုးနဲ့ ရေငွေ့အသုံးပြု
ပန်ကာတွေထဲက ရေတွေကိုတောင် အချိန်မှန်လဲလှယ်ပေးပါ။
ဆေးစိမ်ခြင်ထောင်နဲ့ ခြင်ဆေးဖြန်းဘူးတွေအပြင် ခြင်မကိုက်အောင်
ကာကွယ်ပေးနိုင်တဲ့ ခရင်မ်တွေကိုပါ လိုအပ်မယ်ဆို
အသုံးပြုပေးနိုင်ပါတယ်။
၅။ အခါးအရသာရှိတဲ့ အသီး၊ အရွက်တွေကို ဦးစားပေးစားပါ
တမာရွက်နဲ့ ကြက်ဟင်းခါးသီးတို့လိုမျိုး အခါးအရသာရှိတဲ့
အသီး၊ အရွက်တွေကို ဦးစားပေးစားပါ။ အဲဒီအသီး၊ အရွက်တွေက
ရောဂါဘယ ကူးစက်လွယ်ခြင်းနဲ့ ယားယံခြင်းမှ ကာကွယ်ပေးနိုင်လို့ပဲ
ဖြစ်ပါတယ်။
၆။ တရားလွန် မစားမိပါစေနဲ့
ကျန်းမာရေး ပြသနာတွေနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို
ထိခိုက်စေနိုင်တဲ့ အစားအသောက်တွေကိုတော့ တရားလွန်
မစားမိဖို့ မိုးရာသီမှာ ရှောင်ကျဉ်ရပါမယ်။ ပရိုတင်းဓာတ်နည်းနည်းနဲ့
လန်းဆန်းမှုကို ပေးစွမ်းနိုင်တဲ့ အစားအသောက်တွေကိုသာ
ရွေးချယ်စားသုံးပေးသင့်ပါတယ်။
၇။ ရေအိုင်နဲ့ ဗွက်အိုင်တွေကို တတ်နိုင်သလောက်ရှောင်ပါ
မလွှဲသာလို့ ရေညစ်ညစ်ထဲခြေချမိတဲ့အခါ သင့်ခြေထောက်ကို
ချက်ချင်းပြန်ဆေးပြီး နူးညံ့ခြောက်သွေ့တဲ့ ပဝါလေးနဲ့သုတ်လိုက်ပါ။
ဒီအရာက ယားယံခြင်းနဲ့ ပိုးဝင်ခြင်တွေကို အလွယ်တကူဖြစ်စေနိုင်လို့ပဲ
ဖြစ်ပါတယ်။ မိုးကာ၊ ထီးနဲ့ မိုးတွင်းစီးဖိနပ် အပြည့်အစုံနဲ့သာ မိုးရေထဲ
ထွက်ပါလို့ အကြံပြုချင်ပါတယ်။
၈။ အပူ၊ အအေး မျှတအောင်နေပါ
မိုးရေ ဒါမှမဟုတ် ချွေးစိုစိုနဲ့ အိမ်ပြန်ရောက်လာတဲ့အခါတိုင်း
လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲ တန်းမဝင်ပါနဲ့။ ရုတ်ချည်းအပူ၊
အအေးကူးပြောင်းခြင်းက သင့်ကို နှာစေး၊ ချောင်းဆိုးနဲ့ အအေးမိ
ရောဂါတွေ ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။
Po Mo Htoo Aung (ရိုးရာလေး)
Ref : Pinterest "Top 10 health care tips during rainy season"

No comments:
Post a Comment