သဲႏွင့္ ဆားငံေရမွ အစာအဟာရျဖစ္ထြန္းေအာင္
အစၥေရးတုိ႔သုံးခဲ့ေသာ နည္းစနစ္မ်ား ...
------------------------------------------------------
သဲႏွင့္ ဆားငံေရမွ အစာအဟာရျဖစ္ထြန္းေအာင္ လုပ္ႏိုင္သည္မွာ
အစၥေရးႏိုင္ငံပင္ ျဖစ္ပါသည္။ သဲကႏၱာရဆိုသည္မွာ စိုက္ပ်ိဳးေျမ
မဟုတ္သလို လူေနအပ္ေသာ အရပ္လည္း မဟုတ္ပါ။ သို႔ေသာ္
အစၥေရးႏိုင္ငံသည္ ထိုကႏၱာရေျမေပၚတြင္ လူသန္းေပါင္းမ်ားစြာ
စည္ကား သိုက္ျမိဳက္စြာ ေနထိုင္လွ်က္ရွိျပီး လယ္ဧကေပါင္းမ်ားစြာ
ထြန္ယက္စိုက္ပ်ိဳး ေနၾကပါသည္။
အစၥေရးႏိုင္ငံသည္ သဲကႏၱာရ စိုက္ပ်ိဳးေရးနည္းသစ္ကို တီထြင္ျပီး
သီးႏွံစိုက္ပ်ိဳးပင္မ်ားကို ဆားငံေရ ေလာင္းၾကပါသည္။ ထိုဆားငံ
ရည္သည္ ေရခ်ိဳထက္ ဆားဓါတ္ အဆ (၂၀) ပိုမိုပါ၀င္သည္သာ
မက ကႏၱာရေျမေပၚတြင္ ဆားငံေရေလာင္း၍ စိုက္ပ်ိဳးသီႏွံျဖစ္ထြန္း
ေအာင္ျမင္ျခင္းမွာ မယံုႏိုင္စရာပင္ၿဖစ္ပါသည္။ သို့ေသာ္အစၥေရး
ႏိုင္ငံတြင္ ဆားငံေရျဖင္ ့စိုက္ပ်ိဳးႏိုင္ပါသည္။
အစၥေရးႏိုင္ငံတြင္ လယ္သမားမ်ား၊ စိုက္ပ်ိဳးေရးသမားမ်ား၊
တစ္ႏွစ္သံုးသီး စိုက္ပ်ိဳးၾကျပီး ဖရဲ၊ အာလူး၊ ခရမ္း၊ ငရုတ္၊
စြန္ပလြန္၊ ဘူးသီးႏြယ္ ႏွင့္ ေထာပတ္သီးမ်ား သာမက
အျခားသစ္သီးဝလံမ်ား ဥေရာပ ေစ်းကြက္သို႔ တင္ပို႔ေရာင္းခ်
ၾကပါသည္။ တစ္ဧကလွ်င္ အသီးအႏွံ တန္(၆၀)မွ် ထြက္ရွိပါသည္။
အေမရိကန္သည္ အစၥေရးသဲကႏၱာရေျမ၏ စိုက္ပ်ိဳးသီးႏွံျဖစ္ထြန္း
ေအာင္ျမင္မႈကို အားရ သေဘာက်၍ လိုက္လုပ္ၾကည့္ေသာ္လည္း
မေအာင္ျမင္ပါ။
အစၥေရးႏိုင္ငံတြင္ မက္မုံသီး၊ ဆီးသီး၊ တရုပ္ဆီးသီး၊ နတ္ၾသဇာ၊
ခ်ယ္ရီသီး အစရွိသည့္ ရာသီ သီးႏွံမ်ား ျဖစ္ထြန္းေအာင္ျမင္ၿပီး
ဥေရာပ ေစ်းကြက္သို႔ လက္မလည္ေအာင္ တင္ပို႔လ်တ္ရွိပါသည္။
ဂ်ာမဏီ၊ အဂၤလန္၊ ျပင္သစ္ႏွင့္ ေဟာ္လန္တိုင္းျပည္မ်ားကဲ႕သို႕
ပန္းေပါေသာ တိုင္းျပည္မ်ားသို႔လည္း အစၥေရးပန္းမ်ား ေစ်းကြက္
ေဖာက္ဝင္ျပီး ေအာင္ျမင္လ်က္ရွိပါသည္။ အစၥေရးႏိုင္ငံသည္
ဟင္းသီးဟင္းရြက္ သစ္သီး၀လံတို႔ ကိုထုတ္လုပ္ႏိုင္သည္သာမက
လယ္သမားမ်ားမွာတႏွစ္လ်င္ သီးထပ္ (၇)ထပ္ေျမာက္ မ်ိဳးေစ့ၾကဲ
ႏိုင္သည္အထိျဖစ္သည္မွာ ကမာၻက အံ့ဩအတုယူစရာပင္ျဖစ္ပါသည္။
အစာေရစာရွားပါးသည္ကို အစၥေရးႏိုင္ငံက အံ့ဩဖြယ္ရာ
ေျဖရွင္းသည့္နည္းလမ္းမ်ား အနက္ ထင္ရွားေက်ာ္ၾကားေသာ
နည္းလမ္းမ်ားမွာ ...
.
(မွတ္ခ်က္။ ။အစၥေရးႏိုင္ငံသည္ စိုက္ပ်ိဳးနည္းပညာျမင့္မားေသာ
ႏိုင္ငံျဖစ္ျပီး စိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာနည္းလမ္းမ်ားကို ထိုႏိုင္ငံမွ
စနစ္တက် သင္ယူႏိုင္ပါက ျမန္မာႏိုင္ငံအတြက္ အင္မတန္အက်ိဳး
ရွိႏိုင္မည္ျဖစ္ျပီး အစာေရစာေခါင္းပါးမႈကို ေျဖရွင္းႏိုင္ပါေစရန္အတြက္
ရည္ရြယ္ျပီး ေဝမ်ျခင္းျဖစ္ပါသည္။)
ေရးသားသူ – Ohn Mar Oo
Ref: israel21c.org
source:khitthitmedia
===============================
သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင်
အစ္စရေးတို့သုံးခဲ့သော နည်းစနစ်များ ...
------------------------------------------------------
သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင် လုပ်နိုင်သည်မှာ
အစ္စရေးနိုင်ငံပင် ဖြစ်ပါသည်။ သဲကန္တာရဆိုသည်မှာ စိုက်ပျိုးမြေ
မဟုတ်သလို လူနေအပ်သော အရပ်လည်း မဟုတ်ပါ။ သို့သော်
အစ္စရေးနိုင်ငံသည် ထိုကန္တာရမြေပေါ်တွင် လူသန်းပေါင်းများစွာ
စည်ကား သိုက်မြိုက်စွာ နေထိုင်လျှက်ရှိပြီး လယ်ဧကပေါင်းများစွာ
ထွန်ယက်စိုက်ပျိုး နေကြပါသည်။
အစ္စရေးနိုင်ငံသည် သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်ပြီး
သီးနှံစိုက်ပျိုးပင်များကို ဆားငံရေ လောင်းကြပါသည်။ ထိုဆားငံ
ရည်သည် ရေချိုထက် ဆားဓါတ် အဆ (၂၀) ပိုမိုပါဝင်သည်သာ
မက ကန္တာရမြေပေါ်တွင် ဆားငံရေလောင်း၍ စိုက်ပျိုးသီနှံဖြစ်ထွန်း
အောင်မြင်ခြင်းမှာ မယုံနိုင်စရာပင်ဖြစ်ပါသည်။ သို့သော်အစ္စရေး
နိုင်ငံတွင် ဆားငံရေဖြင့်စိုက်ပျိုးနိုင်ပါသည်။
အစ္စရေးနိုင်ငံတွင် လယ်သမားများ၊ စိုက်ပျိုးရေးသမားများ၊
တစ်နှစ်သုံးသီး စိုက်ပျိုးကြပြီး ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊
စွန်ပလွန်၊ ဘူးသီးနွယ် နှင့် ထောပတ်သီးများ သာမက
အခြားသစ်သီးဝလံများ ဥရောပ ဈေးကွက်သို့ တင်ပို့ရောင်းချ
ကြပါသည်။ တစ်ဧကလျှင် အသီးအနှံ တန်(၆၀)မျှ ထွက်ရှိပါသည်။
အမေရိကန်သည် အစ္စရေးသဲကန္တာရမြေ၏ စိုက်ပျိုးသီးနှံဖြစ်ထွန်း
အောင်မြင်မှုကို အားရ သဘောကျ၍ လိုက်လုပ်ကြည့်သော်လည်း
မအောင်မြင်ပါ။
အစ္စရေးနိုင်ငံတွင် မက်မုံသီး၊ ဆီးသီး၊ တရုပ်ဆီးသီး၊ နတ်သြဇာ၊
ချယ်ရီသီး အစရှိသည့် ရာသီ သီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး
ဥရောပ ဈေးကွက်သို့ လက်မလည်အောင် တင်ပို့လျတ်ရှိပါသည်။
ဂျာမဏီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဟော်လန်တိုင်းပြည်များကဲ့သို့
ပန်းပေါသော တိုင်းပြည်များသို့လည်း အစ္စရေးပန်းများ ဈေးကွက်
ဖောက်ဝင်ပြီး အောင်မြင်လျက်ရှိပါသည်။ အစ္စရေးနိုင်ငံသည်
ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ ကိုထုတ်လုပ်နိုင်သည်သာမက
လယ်သမားများမှာတနှစ်လျင် သီးထပ် (၇)ထပ်မြောက် မျိုးစေ့ကြဲ
နိုင်သည်အထိဖြစ်သည်မှာ ကမ္ဘာက အံ့ဩအတုယူစရာပင်ဖြစ်ပါသည်။
အစာရေစာရှားပါးသည်ကို အစ္စရေးနိုင်ငံက အံ့ဩဖွယ်ရာ
ဖြေရှင်းသည့်နည်းလမ်းများ အနက် ထင်ရှားကျော်ကြားသော
နည်းလမ်းများမှာ ...
.
(မှတ်ချက်။ ။အစ္စရေးနိုင်ငံသည် စိုက်ပျိုးနည်းပညာမြင့်မားသော
နိုင်ငံဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းလမ်းများကို ထိုနိုင်ငံမှ
စနစ်တကျ သင်ယူနိုင်ပါက မြန်မာနိုင်ငံအတွက် အင်မတန်အကျိုး
ရှိနိုင်မည်ဖြစ်ပြီး အစာရေစာခေါင်းပါးမှုကို ဖြေရှင်းနိုင်ပါစေရန်အတွက်
ရည်ရွယ်ပြီး ဝေမျခြင်းဖြစ်ပါသည်။)
===============================
(၁) Drip irrigation
စိုက္ပ်ဳိးေရး လုပ္ငန္းမ်ားတြင္ ေရဆံုး႐ႈံးမႈ ေလ်ာ့နည္း လာေစရန္အတြက္ စနစ္တက် တြက္ခ်က္၍ အစက္ခ် ေရေပးနည္းစနစ္ အသုံးျပဳျခင္းကို ဆန္းသစ္ တီထြင္ျပီး လုပ္ေဆာင္ခဲ့သည့္ အစၥေရးႏိုင္ငံ၏ စိုက္ပ်ိဳး နည္းပညာပင္ ျဖစ္ပါသည္။ အစၥေရးႏိုင္ငံ၏ စိုက္ပ်ိဳးနည္းပညာ ေအာင္ျမင္မႈသည္ ကမာၻအႏွံ႔ လ်င္ျမန္စြာ ျပန္႔ႏွံသြားျပီး ထင္ရွားသည့္ သာဓကမွာ အာဖရိက၏ စိုက္ပ်ိဳး ေအာင္ျမင္မႈႏႈန္း အင္မတန္ နည္းပါးသည့္ ေဒသတြင္းရွိ ေတာင္သူ လယ္သမားမ်ား၏ တစ္ႏွစ္တြင္ သုံးၾကိမ္ သီးထပ္စိုက္ပ်ဳိး ႏိုင္ခဲ့ျခင္းက ထင္ရွားစြာ သက္ေသထူလ်က္ ရွိပါသည္။
.
စိုက်ပျိုးရေး လုပ်ငန်းများတွင် ရေဆုံးရှုံးမှု လျော့နည်း လာစေရန်အတွက် စနစ်တကျ တွက်ချက်၍ အစက်ချ ရေပေးနည်းစနစ် အသုံးပြုခြင်းကို ဆန်းသစ် တီထွင်ပြီး လုပ်ဆောင်ခဲ့သည့် အစ္စရေးနိုင်ငံ၏ စိုက်ပျိုး နည်းပညာပင် ဖြစ်ပါသည်။ အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာ အောင်မြင်မှုသည် ကမ္ဘာအနှံ့ လျင်မြန်စွာ ပြန့်နှံသွားပြီး ထင်ရှားသည့် သာဓကမှာ အာဖရိက၏ စိုက်ပျိုး အောင်မြင်မှုနှုန်း အင်မတန် နည်းပါးသည့် ဒေသတွင်းရှိ တောင်သူ လယ်သမားများ၏ တစ်နှစ်တွင် သုံးကြိမ် သီးထပ်စိုက်ပျိုး နိုင်ခဲ့ခြင်းက ထင်ရှားစွာ သက်သေထူလျက် ရှိပါသည်။
++++++++++++++++++++++++++
(၂) Grain cocoons
ရိတ္သိမ္းျပီးသား စပါး၊ ေျပာင္း အစရွိသည္တို႔ကို မိႈတက္ျခင္း၊ ပိုးမႊားေၾကာင့္ ပ်က္စီးျခင္းမွ ကာကြယ္ဖို႔ရန္ သုိေလွာင္မႈ နည္းလမ္းသစ္ကို တီထြင္ခဲ့ျခင္း ျဖစ္ျပီး သိုေလွာင္မႈ ကုန္က်စရိတ္ သက္သာျခင္းေၾကာင့္ အာရွႏိုင္ငံ မ်ားတြင္သာမက အာဖရိက အစရွိသည့္ လယ္ယာစိုက္ပ်ိဳးမႈ ျပဳလုပ္သည့္ ႏုိင္ငံမ်ားတြင္ ေတာင္သူ လယ္သမားမ်ား အတြက္ လြယ္ကူ သက္သာစြာ သုံးစဲြႏိုင္ျခင္းေၾကာင့္ အင္မတန္ အက်ိဳးရွိလွေသာ နည္းလမ္းပင္ ျဖစ္ပါသည္။
.
ရိတ်သိမ်းပြီးသား စပါး၊ ပြောင်း အစရှိသည်တို့ကို မှိုတက်ခြင်း၊ ပိုးမွှားကြောင့် ပျက်စီးခြင်းမှ ကာကွယ်ဖို့ရန် သိုလှောင်မှု နည်းလမ်းသစ်ကို တီထွင်ခဲ့ခြင်း ဖြစ်ပြီး သိုလှောင်မှု ကုန်ကျစရိတ် သက်သာခြင်းကြောင့် အာရှနိုင်ငံ များတွင်သာမက အာဖရိက အစရှိသည့် လယ်ယာစိုက်ပျိုးမှု ပြုလုပ်သည့် နိုင်ငံများတွင် တောင်သူ လယ်သမားများ အတွက် လွယ်ကူ သက်သာစွာ သုံးစွဲနိုင်ခြင်းကြောင့် အင်မတန် အကျိုးရှိလှသော နည်းလမ်းပင် ဖြစ်ပါသည်။
Ref: israel21c.org
source:khitthitmedia







No comments:
Post a Comment