မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 7, 2020

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ရဲ ႕ ပေဟဠိဆန္တဲ့ရထား

 ေျမာက္ကိုရီးယား ေခါင္းေဆာင္ ရဲ ႕ 

ပေဟဠိဆန္တဲ့ရထားေပၚမွာ ဘာေတြပါလဲ?

--------------------------------------------------


ေျမာက္ကိုရီးယားေခါင္းေဆာင္ စီးနင္းတဲ့ အစိမ္းေရာင္းရထား
.
မြောက်ကိုရီးယားခေါင်းဆောင် စီးနင်းတဲ့ အစိမ်းရောင်းရထား

ကင္မ္ဂ်ဳံအန္ စီးနင္းခဲ့တဲ့ ရထား က သူ႔ရဲ႕ဖခင္ နဲ႔ အဘိုးတို႔ 

အသုံးျပဳခဲ့တဲ့အတိုင္း အေႏွးရထားတစ္စင္းပဲ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ က ယခုသီတင္းပတ္

အေစာပိုင္းမွာ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ကို လာေရာက္ခဲ့ၿပီး 

တ႐ုတ္သမၼတရွီက်င္းပင္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

ကင္မ္ဂ်ဳံအန္က တ႐ုတ္ႏိုင္ငံ ခရီးစဥ္ ကို အစိမ္းေရာင္မွာ 

အဝါေရာင္လိုင္းေတြ ေရးဆြဲထားတဲ့ ရထားစီးၿပီး လာေရာက္ခဲ့ပါတယ္။ 

ကင္မ္ဂ်ဳံအန္အတြက္ တ႐ုတ္ ခရီးစဥ္ က ၂၀၁၁ ခုႏွစ္မွာ အာဏာရ

လာခဲ့ၿပီးေနာက္ ပထမဆုံး ႏိုင္ငံရပ္ျခားခရီးစဥ္လို႔ ဆိုပါတယ္။ 

ကင္မ္ဂ်ဳံအန္ စီးနင္းခဲ့တဲ့ ရထားက သူ႔ရဲ႕ ဖခင္နဲ႔ အဘိုးတို႔ 

အသုံးျပဳခဲ့တဲ့ ရထားပုံစံတူ အေႏွးရထားတစ္စင္းပဲ ျဖစ္ပါတယ္။


ကင္မ္ဂ်ဳံအန္က တ႐ုတ္အစိုးရ တာဝန္ရွိ သူေတြကို . . ရထားေပၚမွာ ေတြ႕ဆုံစဥ္
.
ကင်မ်ဂျုံအန်က တရုတ်အစိုးရ တာဝန်ရှိ သူတွေကို . . ရထားပေါ်မှာ တွေ့ဆုံစဉ်

ကင္မ္ဂ်ဳံအန္က ေဘဂ်င္းကိုလာေရာက္ရာမွာ ရထားလမ္းကို

အသုံးျပဳခဲ့ျခင္းဟာ ဖခင္ ကင္မ္ဂ်ဳံအီလ္နဲ႔ အဘိုးျဖစ္သူ 

ကင္မ္အီလ္ဆြန္းတို႔ လမ္းစဥ္အတိုင္း လုပ္ေဆာင္ခဲ့မႈ 

ျဖစ္တယ္လို႔ သတင္းေတြက ေျပာပါတယ္။


ေလယာဥ္စီးရမွာေၾကာက္တဲ့ ကင္မ္ဂ်ဳံအန္ရဲ႕ဖခင္ ကင္မ္ဂ်ဳံအီလ္
.
လေယာဉ်စီးရမှာကြောက်တဲ့ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်

ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ ဆက္ဆံမႈနည္းပါးၿပီး 

သီးျခားရပ္တည္ေနသကဲ့သို႔ျဖစ္တဲ့ ေျမာက္ကိုရီးယားနဲ႔

ပတ္သက္တဲ့ အေၾကာင္းအရာေတြက လွ်ိဳ႕ဝွက္ဆန္ေန

တတ္ေၾကာင္းလည္း သိရပါတယ္။


ကင္မ္ဂ်ဳံအန္ရဲ႕ ဖခင္နဲ႔ အဘိုးတို႔က ႐ုရွားနဲ႔တ႐ုတ္ ခရီးစဥ္ေတြကို

ကုန္းလမ္းမွသာ သြားေရာက္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။


လက္နက္တပ္ဆင္ထားတဲ့ က်ည္ကာရထား
.
လက်နက်တပ်ဆင်ထားတဲ့ ကျည်ကာရထား

ေလယာဥ္စီးရမွာေၾကာက္တဲ့ ကင္မ္ဂ်ဳံအန္ရဲ႕ဖခင္ ကင္မ္ဂ်ဳံအီလ္က 

၂၀၁၁ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံခရီးစဥ္အတြင္း မိုင္ေပါင္း ၃၇,၀၀၀ ေက်ာ္ 

မာရသြန္ခရီးရွည္အျဖစ္ ေဘဂ်င္း၊ နန္ဂ်င္း၊ ရွန္ဟိုင္းနဲ႔ အျခားေနရာ

ေတြကို ရထားျဖင့္ သြားေရာက္ခဲ့ေၾကာင္း သိရပါတယ္။


၂၀၀၉ ခုႏွစ္မွာ ေတာင္ကိုရီးယားသတင္းစာ The Chosun Ilbo က

ေဖာ္ျပခဲ့မႈအရ လက္နက္အျပည့္အစုံ တပ္ဆင္ထားၿပီး ကင္မ္ဂ်ဳံအီလ္

စီးနင္းခဲ့တဲ့ ရထားဟာ အျမန္ႏႈန္း တစ္နာရီလွ်င္ ၃၇ မိုင္သာ 

ခုတ္ေမာင္းႏိုင္တယ္လို႔ ဆိုပါတယ္။ ရထားတြဲမ်ားမွာလည္း

က်ည္ကာေတြ တပ္ဆင္ထားတယ္လို႔ ဆိုပါတယ္။


ရထားေပၚကေန ၫႊန္ၾကားခ်က္ေတြ လုပ္ေဆာင္ႏိုင္

ေျမာက္ကိုရီးယားေခါင္းေဆာင္ စီးနင္းလိုက္ပါတဲ့ ရထားေပၚမွာ 

အစည္းအေဝးခန္းမမ်ား၊ လူစုေဝးရာအခန္းနဲ႔ အိပ္ခန္းမ်ား 

ပါဝင္တယ္လို႔ ေတာင္ကိုရီးယားသတင္းစာက ေဖာ္ျပခဲ့ပါတယ္။


ရထားေပၚမွာ ၿဂိဳဟ္တုဆက္သြယ္ေရးဖုန္းနဲ႔ တီဗီမ်ားလည္း 

တပ္ဆင္ထားၿပီး ေျမာက္ကိုရီးယားေခါင္းေဆာင္က ရထားေပၚကေန 

လမ္းၫႊန္မွာၾကားမႈေတြနဲ႔ အမိန႔္ၫႊန္ၾကားခ်က္ေတြ ျပဳလုပ္ႏိုင္ပါတယ္။


စားေကာင္းေသာက္ဖြယ္ စားေသာက္ႏိုင္တဲ့ ရထား

၂၀၀၁ ခုႏွစ္မွာ ကင္မ္ဂ်ဳံအီလ္နဲ႔အတူ ရထားစီးၿပီး ေမာ္စကိုၿမိဳ႕ကို 

လိုက္ပါသြားေရာက္ခဲ့တဲ့ ႐ုရွားအစိုးရ တာဝန္ရွိသူေတြကို ကိုးကားၿပီး 

Washington Post က ေဖာ္ျပခဲ့ရာမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္

စီးနင္းတဲံရထားေပၚမွာ ေက်ာက္ပုစြန္တုပ္ေတြနဲ႔ အျခား စားေကာင္း

ေသာက္ဖြယ္ေတြ ပုံမွန္စားေသာက္လို႔ရေၾကာင္းလည္း သိရပါတယ္။


ရထားသုံးစင္းအသုံးျပဳ

ေျမာက္ကိုရီးယားေခါင္းေဆာင္ ခရီးစဥ္တစ္ခုသြားေရာက္ပါက 

ရထားသုံးစင္း အသုံးျပဳေလ့ရွိတယ္လို႔ ေတာင္ကိုရီးယား

ေထာက္လွမ္းေရးက ေျပာခဲ့ဖူးပါတယ္။ လုံၿခဳံေရးေဆာင္႐ြက္တဲ့ 

ေရွ႕ေျပးရထား၊ ေခါင္းေဆာင္လိုက္ပါတဲ့ရထား၊ ကိုယ္ရံေတာ္မ်ားနဲ႔ 

အစားေသာက္၊ အသုံးအေဆာင္ တင္ေဆာင္တဲ့ရထားတို႔ ျဖစ္ပါတယ္။


ကင္မ္ဂ်ဳံအန္ရဲ႕ တ႐ုတ္ခရီးစဥ္မွ ရထား

လက္ရွိ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ရဲ႕ 

မတ္လ ၂၅ ရက္မွ ၂၈ ရက္အထိ ေလးရက္ၾကာ တ႐ုတ္ခရီးစဥ္

အတြင္း မတ္လ ၂၆ ရက္မွာ ေဘဂ်င္းၿမိဳ႕ကိုေရာက္ရွိလာခဲ့ၿပီး

မတ္လ ၂၇ ရက္ မြန္းလြဲပိုင္းမွာ ျပန္လည္ထြက္ခြာခဲ့ပါတယ္။ 

ေဘဂ်င္းမွ ျပန္လည္မထြက္ခြာမီ ေျမာက္ကိုရီးယားအစိုးရ 

သတင္းဌာနက KCNA ကင္မ္ဂ်ဳံအန္ စီးနင္းလာတဲ့ 

ရထားအတြင္းပိုင္းကို ေဖာ္ျပခဲ့ပါတယ္။


KCNA က ေဖာ္ျပခဲ့တဲ့ သတင္းဓာတ္ပုံမွာ ဆိုဖာဆက္တီမ်ား

ခင္းက်င္းျပင္ဆင္ထားတဲ့ ရထားတြဲတစ္ခုအတြင္း ကင္မ္ဂ်ဳံအန္က 

တ႐ုတ္အစိုးရတာဝန္ရွိသူေတြနဲ႔ စကားေျပာေနတာ ေတြ႕ရပါတယ္။ 

ကင္မ္ဂ်ဳံအန္ဟာ ေျမာက္ကိုရီးယားႏိုင္ငံအတြင္း ခရီးစဥ္သြားေရာက္

ရာမွာလည္း ရထားကိုအသုံးျပဳေလ့ရွိတယ္လို႔ ဆိုပါတယ္။


၂၀၁၅ ခုႏွစ္အတြင္း ထြက္ေပၚခဲ့တဲ့ ဗီဒီယိုမွတ္တမ္းတစ္ခုအရ 

ကင္မ္ဂ်ဳံအန္က ရထားေပၚရွိ အျဖဴေရာင္ အစည္းအေဝးခန္းမ

တစ္ခုအတြင္း အေနာက္ဘက္မွာ လက္ပ္ေတာ့တစ္လုံးနဲ႔အတူ

ထိုင္ေနတဲ့ပုံကို ေတြ႕ခဲ့ရတယ္။


Credit : Buzzy 

links -

https://www.independent.co.uk/news/world/asia/kim-jong-un-train-photos-north-korea-china-visit-xi-jinping-beijing-a8279651.html

https://news.sky.com/story/bulletproof-with-a-maximum-speed-of-37mph-inside-kim-jong-uns-train-11307938

==============================


မြောက်ကိုရီးယား ခေါင်းဆောင် ရဲ့ 

ပဟေဠိဆန်တဲ့ရထားပေါ်မှာ ဘာတွေပါလဲ?

--------------------------------------------------


ကင်မ်ဂျုံအန် စီးနင်းခဲ့တဲ့ ရထား က သူ့ရဲ့ဖခင် နဲ့ အဘိုးတို့ 

အသုံးပြုခဲ့တဲ့အတိုင်း အနှေးရထားတစ်စင်းပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် က ယခုသီတင်းပတ်

အစောပိုင်းမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို လာရောက်ခဲ့ပြီး 

တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


ကင်မ်ဂျုံအန်က တရုတ်နိုင်ငံ ခရီးစဉ် ကို အစိမ်းရောင်မှာ 

အဝါရောင်လိုင်းတွေ ရေးဆွဲထားတဲ့ ရထားစီးပြီး လာရောက်ခဲ့ပါတယ်။ 

ကင်မ်ဂျုံအန်အတွက် တရုတ် ခရီးစဉ် က ၂၀၁၁ ခုနှစ်မှာ အာဏာရ

လာခဲ့ပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်လို့ ဆိုပါတယ်။ 

ကင်မ်ဂျုံအန် စီးနင်းခဲ့တဲ့ ရထားက သူ့ရဲ့ ဖခင်နဲ့ အဘိုးတို့ 

အသုံးပြုခဲ့တဲ့ ရထားပုံစံတူ အနှေးရထားတစ်စင်းပဲ ဖြစ်ပါတယ်။


ကင်မ်ဂျုံအန်က ဘေဂျင်းကိုလာရောက်ရာမှာ ရထားလမ်းကို

အသုံးပြုခဲ့ခြင်းဟာ ဖခင် ကင်မ်ဂျုံအီလ်နဲ့ အဘိုးဖြစ်သူ 

ကင်မ်အီလ်ဆွန်းတို့ လမ်းစဉ်အတိုင်း လုပ်ဆောင်ခဲ့မှု 

ဖြစ်တယ်လို့ သတင်းတွေက ပြောပါတယ်။


နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံမှုနည်းပါးပြီး 

သီးခြားရပ်တည်နေသကဲ့သို့ဖြစ်တဲ့ မြောက်ကိုရီးယားနဲ့

ပတ်သက်တဲ့ အကြောင်းအရာတွေက လျှို့ဝှက်ဆန်နေ

တတ်ကြောင်းလည်း သိရပါတယ်။


ကင်မ်ဂျုံအန်ရဲ့ ဖခင်နဲ့ အဘိုးတို့က ရုရှားနဲ့တရုတ် ခရီးစဉ်တွေကို

ကုန်းလမ်းမှသာ သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


လေယာဉ်စီးရမှာကြောက်တဲ့ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်က 

၂၀၁၁ ခုနှစ်မှာ တရုတ်နိုင်ငံခရီးစဉ်အတွင်း မိုင်ပေါင်း ၃၇,၀၀၀ ကျော် 

မာရသွန်ခရီးရှည်အဖြစ် ဘေဂျင်း၊ နန်ဂျင်း၊ ရှန်ဟိုင်းနဲ့ အခြားနေရာ

တွေကို ရထားဖြင့် သွားရောက်ခဲ့ကြောင်း သိရပါတယ်။


၂၀၀၉ ခုနှစ်မှာ တောင်ကိုရီးယားသတင်းစာ The Chosun Ilbo က

ဖော်ပြခဲ့မှုအရ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ကင်မ်ဂျုံအီလ်

စီးနင်းခဲ့တဲ့ ရထားဟာ အမြန်နှုန်း တစ်နာရီလျှင် ၃၇ မိုင်သာ 

ခုတ်မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ရထားတွဲများမှာလည်း

ကျည်ကာတွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။


ရထားပေါ်ကနေ ညွှန်ကြားချက်တွေ လုပ်ဆောင်နိုင်

မြောက်ကိုရီးယားခေါင်းဆောင် စီးနင်းလိုက်ပါတဲ့ ရထားပေါ်မှာ 

အစည်းအဝေးခန်းမများ၊ လူစုဝေးရာအခန်းနဲ့ အိပ်ခန်းများ 

ပါဝင်တယ်လို့ တောင်ကိုရီးယားသတင်းစာက ဖော်ပြခဲ့ပါတယ်။


ရထားပေါ်မှာ ဂြိုဟ်တုဆက်သွယ်ရေးဖုန်းနဲ့ တီဗီများလည်း 

တပ်ဆင်ထားပြီး မြောက်ကိုရီးယားခေါင်းဆောင်က ရထားပေါ်ကနေ 

လမ်းညွှန်မှာကြားမှုတွေနဲ့ အမိန့်ညွှန်ကြားချက်တွေ ပြုလုပ်နိုင်ပါတယ်။


စားကောင်းသောက်ဖွယ် စားသောက်နိုင်တဲ့ ရထား

၂၀၀၁ ခုနှစ်မှာ ကင်မ်ဂျုံအီလ်နဲ့အတူ ရထားစီးပြီး မော်စကိုမြို့ကို 

လိုက်ပါသွားရောက်ခဲ့တဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး 

Washington Post က ဖော်ပြခဲ့ရာမှာ မြောက်ကိုရီးယားခေါင်းဆောင်

စီးနင်းတဲံရထားပေါ်မှာ ကျောက်ပုစွန်တုပ်တွေနဲ့ အခြား စားကောင်း

သောက်ဖွယ်တွေ ပုံမှန်စားသောက်လို့ရကြောင်းလည်း သိရပါတယ်။


ရထားသုံးစင်းအသုံးပြု

မြောက်ကိုရီးယားခေါင်းဆောင် ခရီးစဉ်တစ်ခုသွားရောက်ပါက 

ရထားသုံးစင်း အသုံးပြုလေ့ရှိတယ်လို့ တောင်ကိုရီးယား

ထောက်လှမ်းရေးက ပြောခဲ့ဖူးပါတယ်။ လုံခြုံရေးဆောင်ရွက်တဲ့ 

ရှေ့ပြေးရထား၊ ခေါင်းဆောင်လိုက်ပါတဲ့ရထား၊ ကိုယ်ရံတော်များနဲ့ 

အစားသောက်၊ အသုံးအဆောင် တင်ဆောင်တဲ့ရထားတို့ ဖြစ်ပါတယ်။


ကင်မ်ဂျုံအန်ရဲ့ တရုတ်ခရီးစဉ်မှ ရထား

လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ 

မတ်လ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ တရုတ်ခရီးစဉ်

အတွင်း မတ်လ ၂၆ ရက်မှာ ဘေဂျင်းမြို့ကိုရောက်ရှိလာခဲ့ပြီး

မတ်လ ၂၇ ရက် မွန်းလွဲပိုင်းမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ 

ဘေဂျင်းမှ ပြန်လည်မထွက်ခွာမီ မြောက်ကိုရီးယားအစိုးရ 

သတင်းဌာနက KCNA ကင်မ်ဂျုံအန် စီးနင်းလာတဲ့ 

ရထားအတွင်းပိုင်းကို ဖော်ပြခဲ့ပါတယ်။


KCNA က ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံမှာ ဆိုဖာဆက်တီများ

ခင်းကျင်းပြင်ဆင်ထားတဲ့ ရထားတွဲတစ်ခုအတွင်း ကင်မ်ဂျုံအန်က 

တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ စကားပြောနေတာ တွေ့ရပါတယ်။ 

ကင်မ်ဂျုံအန်ဟာ မြောက်ကိုရီးယားနိုင်ငံအတွင်း ခရီးစဉ်သွားရောက်

ရာမှာလည်း ရထားကိုအသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။


၂၀၁၅ ခုနှစ်အတွင်း ထွက်ပေါ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုအရ 

ကင်မ်ဂျုံအန်က ရထားပေါ်ရှိ အဖြူရောင် အစည်းအဝေးခန်းမ

တစ်ခုအတွင်း အနောက်ဘက်မှာ လက်ပ်တော့တစ်လုံးနဲ့အတူ

ထိုင်နေတဲ့ပုံကို တွေ့ခဲ့ရတယ်။


Credit : Buzzy 

links -

https://www.independent.co.uk/news/world/asia/kim-jong-un-train-photos-north-korea-china-visit-xi-jinping-beijing-a8279651.html

https://news.sky.com/story/bulletproof-with-a-maximum-speed-of-37mph-inside-kim-jong-uns-train-11307938


No comments:

Post a Comment