တုန္လႈပ္ေျခာက္ျခားစရာေကာင္းတဲ့
က်ိန္စာသင့္ အ႐ုပ္မ်ား ....
တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့
ကျိန်စာသင့် အရုပ်များ ...
(၁) အစဥ္အၿမဲ ေစာင့္ၾကည့္ေနသူ ေရာဘတ္
အခုစာရင္းထဲက ပထမဆုံး ေဖာ္ျပမယ့္ ေျခာက္ျခားဖြယ္ အ႐ုပ္ကေတာ့ ေရာဘတ္ပါ။ ေရာဘတ္ကို မူရင္း ပိုင္ဆိုင္သူက စာေရးဆရာနဲ႔ ပန္းခ်ီဆရာ တစ္ဦးျဖစ္တဲ့ ေရာဘတ္ ယူဂ်င္းေအာ့တို ျဖစ္ပါတယ္။ အိမ္ထဲက မိသားစုေတြ အေဝးေရာက္ ေနခ်ိန္မွာ အဲဒီ အ႐ုပ္ဟာ ရယ္ေမာေလ့ရွိၿပီး အခန္း တစ္ခုကေန တစ္ခု ကူးတတ္သလို အိမ္သူ အိမ္သားေတြကို ေျခာက္လွန႔္ေလ့ ရွိပါတယ္။ ေလွကားေပၚ ေျပးတက္ၿပီး ျပတင္းေပါက္ ေတြကေနလည္း ျဖတ္သန္းသြား တတ္ပါတယ္။ ေရာဘတ္ဟာ ၁၉၇၄ ခုႏွစ္အထိ ေအာ့တိုရဲ႕ ထပ္ခိုးထဲမွာပဲ ရွိေနခဲ့ပါတယ္။ ေရာဘတ္ဟာ ေနာက္ပိုင္းမွာ ပိုင္ရွင္ တစ္ဦးၿပီး တစ္ဦးဆီမွာ လွည့္ပတ္ ေနထိုင္ခဲ့ပါတယ္။ ၁၉၉၄ ခုႏွစ္မွာ ဖေလာ္ရီဒါ ျပည္နယ္က Fort East Martello ျပတိုက္ဆီ ေရာဘတ္ကို လႉဒါန္းလိုက္ၿပီး အခုအခ်ိန္ အထိ အဲဒီ ျပတိုက္မွာပဲ ရွိေနပါတယ္။ အဲဒီအ႐ုပ္ဟာ ထူးဆန္းတဲ့ အရာေတြ ျပဳလုပ္တတ္ၿပီး ျပတိုက္ တစ္ခုလုံးကို ေခါင္းတစ္ခုနဲ႔ လွည့္ပတ္ ၾကည့္တတ္ပါတယ္။ ေရာဘတ္ဟာ ဦးေခါင္းေလး လွည့္လွည့္ၿပီး ျပတိုက္ကို လာေရာက္ လည္ပတ္သူ ေတြကို ၾကည့္တတ္တယ္လို႔ ေျပာဆိုေန ၾကပါတယ္။
.
(၁) အစဉ်အမြဲ စောင့်ကြည့်နေသူ ရောဘတ်
.
အခုစာရင်းထဲက ပထမဆုံး ဖော်ပြမယ့် ခြောက်ခြားဖွယ် အရုပ်ကတော့ ရောဘတ်ပါ။ ရောဘတ်ကို မူရင်း ပိုင်ဆိုင်သူက စာရေးဆရာနဲ့ ပန်းချီဆရာ တစ်ဦးဖြစ်တဲ့ ရောဘတ် ယူဂျင်းအော့တို ဖြစ်ပါတယ်။ အိမ်ထဲက မိသားစုတွေ အဝေးရောက် နေချိန်မှာ အဲဒီ အရုပ်ဟာ ရယ်မောလေ့ရှိပြီး အခန်း တစ်ခုကနေ တစ်ခု ကူးတတ်သလို အိမ်သူ အိမ်သားတွေကို ခြောက်လှန့်လေ့ ရှိပါတယ်။ လှေကားပေါ် ပြေးတက်ပြီး ပြတင်းပေါက် တွေကနေလည်း ဖြတ်သန်းသွား တတ်ပါတယ်။ ရောဘတ်ဟာ ၁၉၇၄ ခုနှစ်အထိ အော့တိုရဲ့ ထပ်ခိုးထဲမှာပဲ ရှိနေခဲ့ပါတယ်။ ရောဘတ်ဟာ နောက်ပိုင်းမှာ ပိုင်ရှင် တစ်ဦးပြီး တစ်ဦးဆီမှာ လှည့်ပတ် နေထိုင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဖလော်ရီဒါ ပြည်နယ်က Fort East Martello ပြတိုက်ဆီ ရောဘတ်ကို လှူဒါန်းလိုက်ပြီး အခုအချိန် အထိ အဲဒီ ပြတိုက်မှာပဲ ရှိနေပါတယ်။ အဲဒီအရုပ်ဟာ ထူးဆန်းတဲ့ အရာတွေ ပြုလုပ်တတ်ပြီး ပြတိုက် တစ်ခုလုံးကို ခေါင်းတစ်ခုနဲ့ လှည့်ပတ် ကြည့်တတ်ပါတယ်။ ရောဘတ်ဟာ ဦးခေါင်းလေး လှည့်လှည့်ပြီး ပြတိုက်ကို လာရောက် လည်ပတ်သူ တွေကို ကြည့်တတ်တယ်လို့ ပြောဆိုနေ ကြပါတယ်။
+++++++++++++++++++++++++++++++++
(၂) ေၾကာက္စရာအၿပဳံးနဲ႔ မန္ဒီ
.
မန္ဒီ ဟာ ၁၉၉၁ ခုႏွစ္ေနာက္ပိုင္း British Columbia’s Quesnel and District Museum ျပတိုက္က ဝန္ထမ္း နဲ႔ ေစတနာ့ ဝန္ထမ္းေတြကို အႀကီးအက်ယ္ ေျခာက္လန႔္ ခဲ့ပါတယ္။ မန္ဒီကို လႉဒါန္းခဲ့ၿပီး သိပ္မၾကာခင္မွာ အေကာင္အထည္ မေတြ႕ဘဲ ေျခသံေတြနဲ႔ ႐ုံးသုံးပစၥည္းေတြ ေပ်ာက္တာလိုမ်ိဳး ထူးဆန္းတဲ့ အရာေတြ ျဖစ္ပ်က္ခဲ့ ပါတယ္။ ျပတိုက္ထဲ လည္ပတ္ သူေတြကို မန္ဒီက စိတ္မသက္မသာ ျဖစ္ေအာင္ လုပ္ေလ့ရွိပါတယ္။ လည္ပတ္သူေတြက သူမရဲ႕အၿပဳံး က ေၾကာက္စရာ ေကာင္းၿပီး မ်က္လုံးေတြ ကလည္း အသက္ဝင္ ေနတယ္လို႔ မွတ္ခ်က္ခ်ေလ့ ရွိပါတယ္။
.
(၂) ကြောက်စရာအပြုံးနဲ့ မန်ဒီ
.
မန်ဒီ ဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်း British Columbia’s Quesnel and District Museum ပြတိုက်က ဝန်ထမ်း နဲ့ စေတနာ့ ဝန်ထမ်းတွေကို အကြီးအကျယ် ခြောက်လန့် ခဲ့ပါတယ်။ မန်ဒီကို လှူဒါန်းခဲ့ပြီး သိပ်မကြာခင်မှာ အကောင်အထည် မတွေ့ဘဲ ခြေသံတွေနဲ့ ရုံးသုံးပစ္စည်းတွေ ပျောက်တာလိုမျိုး ထူးဆန်းတဲ့ အရာတွေ ဖြစ်ပျက်ခဲ့ ပါတယ်။ ပြတိုက်ထဲ လည်ပတ် သူတွေကို မန်ဒီက စိတ်မသက်မသာ ဖြစ်အောင် လုပ်လေ့ရှိပါတယ်။ လည်ပတ်သူတွေက သူမရဲ့အပြုံး က ကြောက်စရာ ကောင်းပြီး မျက်လုံးတွေ ကလည်း အသက်ဝင် နေတယ်လို့ မှတ်ချက်ချလေ့ ရှိပါတယ်။
+++++++++++++++++++++++++++++
(၃) လူတစ္ဦးလို ဆံပင္ေတြ ရွည္လ်ားလာတဲ့ အိုကီကူ
.
၁၉၁၈ ခုႏွစ္မွာ အသက္ ၁၇ ႏွစ္အ႐ြယ္ အီကီခ်ီ ဆူဇူကီဟာ ညီမျဖစ္သူ အိုကီကူ အတြက္ အ႐ုပ္တစ္႐ုပ္ ဝယ္လာ ေပးပါတယ္။ အိုကီကူဟာ အဲဒီအ႐ုပ္ကို အလြန္အမင္း စြဲလမ္းသြားၿပီး သူမရဲ႕ ေရွ႕နာမည္ကို အစြဲျပဳၿပီး အမည္ေပး ထားပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ သူမဟာ တစ္ႏွစ္အၾကာမွာ အလြန္အမင္း ဖ်ားနာၿပီး ေသဆုံး သြားပါတယ္။ အိုကီကူ မိသားစုက သူမကို ဂုဏ္ျပဳတဲ့ အေနနဲ႔ အမွတ္တရ ဂူ လုပ္ေပးခဲ့ၿပီး အ႐ုပ္ကိုလည္း ထည့္သြင္း ခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ အိုကီကူ (အ႐ုပ္) ဆံပင္ေတြ ရွည္လာတာ ဆူဇူကီ မိသားစုဝင္ေတြ သတိထား မိလာပါတယ္။ မိသားစု ဝင္ေတြက သမီးျဖစ္သူရဲ႕ ဝိညာဥ္ အ႐ုပ္ထဲမွာ တြယ္ကပ္ေနတယ္လို႔ ယုံၾကည္ေနၿပီး ဂ်ပန္ႏိုင္ငံရဲ႕ Mannenji ဘုရားေက်ာင္းဆီ အိုကီကူကို လႉဒါန္းခဲ့ပါတယ္။ အဲဒီ ဘုရားေက်ာင္းမွာ အ႐ုပ္ကို ျပသထားဆဲပါ။ သူမရဲ႕ ဆံပင္ေတြက ဆက္လက္ရွည္လ်ား ေနတုန္းပါပဲ။ လက္ရွိမွာ ဆံပင္က ၁၀ လက္မအထိ ရွည္လ်ားေနတယ္လို႔ သိရပါတယ္။
.
(၃) လူတစ်ဦးလို ဆံပင်တွေ ရှည်လျားလာတဲ့ အိုကီကူ
.
၁၉၁၈ ခုနှစ်မှာ အသက် ၁၇ နှစ်အရွယ် အီကီချီ ဆူဇူကီဟာ ညီမဖြစ်သူ အိုကီကူ အတွက် အရုပ်တစ်ရုပ် ဝယ်လာ ပေးပါတယ်။ အိုကီကူဟာ အဲဒီအရုပ်ကို အလွန်အမင်း စွဲလမ်းသွားပြီး သူမရဲ့ ရှေ့နာမည်ကို အစွဲပြုပြီး အမည်ပေး ထားပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူမဟာ တစ်နှစ်အကြာမှာ အလွန်အမင်း ဖျားနာပြီး သေဆုံး သွားပါတယ်။ အိုကီကူ မိသားစုက သူမကို ဂုဏ်ပြုတဲ့ အနေနဲ့ အမှတ်တရ ဂူ လုပ်ပေးခဲ့ပြီး အရုပ်ကိုလည်း ထည့်သွင်း ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အိုကီကူ (အရုပ်) ဆံပင်တွေ ရှည်လာတာ ဆူဇူကီ မိသားစုဝင်တွေ သတိထား မိလာပါတယ်။ မိသားစု ဝင်တွေက သမီးဖြစ်သူရဲ့ ဝိညာဉ် အရုပ်ထဲမှာ တွယ်ကပ်နေတယ်လို့ ယုံကြည်နေပြီး ဂျပန်နိုင်ငံရဲ့ Mannenji ဘုရားကျောင်းဆီ အိုကီကူကို လှူဒါန်းခဲ့ပါတယ်။ အဲဒီ ဘုရားကျောင်းမှာ အရုပ်ကို ပြသထားဆဲပါ။ သူမရဲ့ ဆံပင်တွေက ဆက်လက်ရှည်လျား နေတုန်းပါပဲ။ လက်ရှိမှာ ဆံပင်က ၁၀ လက်မအထိ ရှည်လျားနေတယ်လို့ သိရပါတယ်။
+++++++++++++++++++++++++++++
(၄) က်ိန္စာသင့္အ႐ုပ္ ဟာ႐ိုး
ဟာ႐ိုးဟာ ၂၀၀၃ ခုႏွစ္တုန္းက eBay မွာ ေရာင္းခ် ခံခဲ့ရ ပါေသးတယ္။ အဲဒီ အ႐ုပ္ေၾကာင့္ ေနအိမ္မွာ ေၾကာင္ေသဆုံးမႈ ျဖစ္ပြားၿပီး ခ်စ္သူနဲ႔လည္း ျပတ္စဲခဲ့ရသလို နာတာရွည္ ေခါင္းတစ္ျခမ္း ကိုက္ခဲတာနဲ႔ ေျမေအာက္ခန္းထဲမွာ ကေလးေတြ ေျပးလႊား ကစားေနတဲ့ အသံေတြ ၾကားခဲ့တယ္လို႔ အ႐ုပ္ ေရာင္းခ်သူက ေျပာပါတယ္။ ႏွစ္အနည္းငယ္ အတြင္း ဟာ႐ိုးကို လူအမ်ိဳးမ်ိဳးက ပိုင္ဆိုင္ခဲ့ ၾကပါတယ္။ အဲဒီ အ႐ုပ္ေၾကာင့္ ဖ်ားနာမႈေတြနဲ႔ ေသဆုံးမႈေတြ ရွိတယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေန ခဲ့ပါတယ္။ ဟာ႐ိုးကို ေနာက္ဆုံး ပိုင္ဆိုင္သူက အန္တိုနီ ကြင္နားတား ျဖစ္ၿပီး အ႐ုပ္ထဲက မေကာင္းဆိုးဝါးကို ႏွင္ထုတ္ခဲ့ ပါတယ္။ ဒါ့အျပင္ ဟာ႐ိုးနဲ႔ ဘယ္ေတာ့မွ စကားမေျပာဘူးလို႔ အန္တိုနီ ကြင္နားတားက က်ိန္ဆို ထားတယ္လို႔ သိရပါတယ္။
.
(၄) ကျိန်စာသင့်အရုပ် ဟာရိုး
ဟာရိုးဟာ ၂၀၀၃ ခုနှစ်တုန်းက eBay မှာ ရောင်းချ ခံခဲ့ရ ပါသေးတယ်။ အဲဒီ အရုပ်ကြောင့် နေအိမ်မှာ ကြောင်သေဆုံးမှု ဖြစ်ပွားပြီး ချစ်သူနဲ့လည်း ပြတ်စဲခဲ့ရသလို နာတာရှည် ခေါင်းတစ်ခြမ်း ကိုက်ခဲတာနဲ့ မြေအောက်ခန်းထဲမှာ ကလေးတွေ ပြေးလွှား ကစားနေတဲ့ အသံတွေ ကြားခဲ့တယ်လို့ အရုပ် ရောင်းချသူက ပြောပါတယ်။ နှစ်အနည်းငယ် အတွင်း ဟာရိုးကို လူအမျိုးမျိုးက ပိုင်ဆိုင်ခဲ့ ကြပါတယ်။ အဲဒီ အရုပ်ကြောင့် ဖျားနာမှုတွေနဲ့ သေဆုံးမှုတွေ ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေ ခဲ့ပါတယ်။ ဟာရိုးကို နောက်ဆုံး ပိုင်ဆိုင်သူက အန်တိုနီ ကွင်နားတား ဖြစ်ပြီး အရုပ်ထဲက မကောင်းဆိုးဝါးကို နှင်ထုတ်ခဲ့ ပါတယ်။ ဒါ့အပြင် ဟာရိုးနဲ့ ဘယ်တော့မှ စကားမပြောဘူးလို့ အန်တိုနီ ကွင်နားတားက ကျိန်ဆို ထားတယ်လို့ သိရပါတယ်။
+++++++++++++++++++++++++
(၅) ေလွ်ာက္သြားတတ္သူ အန္နာဘယ္လ္
နာမည္ေက်ာ္ အန္နာဘယ္လ္ အ႐ုပ္ကို သူနာျပဳေက်ာင္းသူ ဒိုနာက အေမျဖစ္သူ ထံကေန ေမြးေန႔လက္ေဆာင္ ရရွိခဲ့ပါတယ္။ ဒိုနာနဲ႔ အခန္းေဖာ္ ျဖစ္သူ အန္ဂ်ီတို႔က ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြ အၿပီး အ႐ုပ္က အသက္ဝင္ ေနတယ္လို႔ လက္ခံလာ ၾကပါတယ္။ သူတို႔အေနနဲ႔ အိမ္ကို ျပန္လာတဲ့ အခါမွ အ႐ုပ္ပုံစံ ေျပာင္းလဲေနတာ ဒါမွမဟုတ္ အျခားအခန္း တစ္ခုထဲမွာ ေတြ႕ခဲ့ရပါတယ္။ အဲဒီ အျဖစ္အပ်က္ေတြ အၿပီးမွာေတာ့ သူတို႔ရဲ႕ သူငယ္ခ်င္း ျဖစ္သူဟာ မျမင္ရတဲ့ စြမ္းအင္ရဲ႕ တိုက္ခိုက္မႈ ခံခဲ့ရပါတယ္။ ဒါေၾကာင့္ မိန္းကေလး ေတြဟာ နာမည္ေက်ာ္ သဘာဝလြန္ အေၾကာင္းအရာ ေတြကို စုံစမ္းသူ ျဖစ္တဲ့ အက္ဒ္နဲ႔ လိုရိန္းဝါရန္ကို ဆက္သြယ္ခဲ့ ၾကပါတယ္။ သူတို႔က အန္နာဘယ္လ္ကို လွ်ဳိ႕ဝွက္ ဆန္းၾကယ္တဲ့ ကိုယ္ပိုင္ ျပတိုက္မွာ ယေန႔အခ်ိန္ထိ ထိန္းသိမ္း ထားပါတယ္။ မၾကာေသး ခင္ကပဲ လွ်ဳိ႕ဝွက္သည္းဖို ဒါ႐ိုက္တာ ဂ်ိမ္းစ္ဝမ္က အန္နာဘယ္လီရဲ႕ ဇာတ္လမ္းကို ႐ုပ္ရွင္ေပါင္း မ်ားစြာ ႐ိုက္ကူးခဲ့ ပါေသးတယ္။
.
(၅) လျှောက်သွားတတ်သူ အန်နာဘယ်လ်
နာမည်ကျော် အန်နာဘယ်လ် အရုပ်ကို သူနာပြုကျောင်းသူ ဒိုနာက အမေဖြစ်သူ ထံကနေ မွေးနေ့လက်ဆောင် ရရှိခဲ့ပါတယ်။ ဒိုနာနဲ့ အခန်းဖော် ဖြစ်သူ အန်ဂျီတို့က ထူးဆန်းတဲ့ အဖြစ်အပျက်တွေ အပြီး အရုပ်က အသက်ဝင် နေတယ်လို့ လက်ခံလာ ကြပါတယ်။ သူတို့အနေနဲ့ အိမ်ကို ပြန်လာတဲ့ အခါမှ အရုပ်ပုံစံ ပြောင်းလဲနေတာ ဒါမှမဟုတ် အခြားအခန်း တစ်ခုထဲမှာ တွေ့ခဲ့ရပါတယ်။ အဲဒီ အဖြစ်အပျက်တွေ အပြီးမှာတော့ သူတို့ရဲ့ သူငယ်ချင်း ဖြစ်သူဟာ မမြင်ရတဲ့ စွမ်းအင်ရဲ့ တိုက်ခိုက်မှု ခံခဲ့ရပါတယ်။ ဒါကြောင့် မိန်းကလေး တွေဟာ နာမည်ကျော် သဘာဝလွန် အကြောင်းအရာ တွေကို စုံစမ်းသူ ဖြစ်တဲ့ အက်ဒ်နဲ့ လိုရိန်းဝါရန်ကို ဆက်သွယ်ခဲ့ ကြပါတယ်။ သူတို့က အန်နာဘယ်လ်ကို လျှို့ဝှက် ဆန်းကြယ်တဲ့ ကိုယ်ပိုင် ပြတိုက်မှာ ယနေ့အချိန်ထိ ထိန်းသိမ်း ထားပါတယ်။ မကြာသေး ခင်ကပဲ လျှို့ဝှက်သည်းဖို ဒါရိုက်တာ ဂျိမ်းစ်ဝမ်က အန်နာဘယ်လီရဲ့ ဇာတ်လမ်းကို ရုပ်ရှင်ပေါင်း များစွာ ရိုက်ကူးခဲ့ ပါသေးတယ်။
++++++++++++++++++++++++++++++++
(၆) အသက္ဝင္ေနတဲ့ ပန္းခ်ီကား
ေဘးလ္စတုန္းဟမ္း ေရးဆြဲတဲ့ ၁၉၇၂ ခုႏွစ္က ပန္းခ်ီကားကို ၂၀၀၀ ခုႏွစ္ ေဖေဖာ္ဝါရီလက eBay မွာေရာင္းခ်ဖို႔ စာရင္းသြင္း ခဲ့ပါတယ္။ ပန္းခ်ီကားထဲက အ႐ုပ္နဲ႔ ေကာင္ေလးဟာ ပုံမွန္ အသက္ဝင္ေလ့ရွိၿပီး ညအခါ အိမ္ထဲမွာ သူတို႔ႏွစ္ဦး လမ္းေလွ်ာက္ေလ့ ရွိတယ္လို႔ ေရာင္းခ်သူက ေျပာခဲ့ပါတယ္။ အဲဒီဇာတ္လမ္းက စာရင္းသြင္းထားတဲ့ ပန္းခ်ီကားကို ၾကည့္ရႈသူ ၃၀,၀၀၀ ကို ဆြဲေဆာင္ ႏိုင္ခဲ့ပါတယ္။ ပန္းခ်ီကား ၾကည့္ရႈသူ အမ်ားအျပားက စိတ္မသက္သာ ခံစားရတယ္လို႔ ေျပာခဲ့ပါတယ္။ စတုန္းဟမ္းက အလားတူ ပန္းခ်ီကားလိုမ်ိဳး သုံးခ်ပ္ ေရးဆြဲခဲ့ၿပီး ပါဝင္တဲ့ ဇာတ္ေကာင္ေတြ တူညီပါတယ္။
.
(၆) အသက်ဝင်နေတဲ့ ပန်းချီကား
ဘေးလ်စတုန်းဟမ်း ရေးဆွဲတဲ့ ၁၉၇၂ ခုနှစ်က ပန်းချီကားကို ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလက eBay မှာရောင်းချဖို့ စာရင်းသွင်း ခဲ့ပါတယ်။ ပန်းချီကားထဲက အရုပ်နဲ့ ကောင်လေးဟာ ပုံမှန် အသက်ဝင်လေ့ရှိပြီး ညအခါ အိမ်ထဲမှာ သူတို့နှစ်ဦး လမ်းလျှောက်လေ့ ရှိတယ်လို့ ရောင်းချသူက ပြောခဲ့ပါတယ်။ အဲဒီဇာတ်လမ်းက စာရင်းသွင်းထားတဲ့ ပန်းချီကားကို ကြည့်ရှုသူ ၃၀,၀၀၀ ကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။ ပန်းချီကား ကြည့်ရှုသူ အများအပြားက စိတ်မသက်သာ ခံစားရတယ်လို့ ပြောခဲ့ပါတယ်။ စတုန်းဟမ်းက အလားတူ ပန်းချီကားလိုမျိုး သုံးချပ် ရေးဆွဲခဲ့ပြီး ပါဝင်တဲ့ ဇာတ်ကောင်တွေ တူညီပါတယ်။
+++++++++++++++++++++++++++
(၇) ဝိညာဥ္ေတြ ပိတ္ေလွာင္ရာ အ႐ုပ္ကြၽန္း
မကၠဆီကိုစီးတီး ေတာင္ပိုင္းမွာ ေျခာက္ျခားဖြယ္ ႐ုပ္ရွင္တစ္ခုလို ခံစားရမယ့္ Isla de las Muñecas အ႐ုပ္ကြၽန္း တည္ရွိပါတယ္။ အဲဒီေျမရဲ႕ မူလပိုင္ရွင္က ဒြန္ဂ်ဴလီယန္ ဆန္တာနား ဘာရီရာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ကြၽန္းအနားမွာ အ႐ုပ္တစ္ခု ပိုက္ထားတဲ့ ေရနစ္ေသတဲ့ ေကာင္မေလး အေလာင္းကို ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။ သူက အသိအမွတ္ ျပဳတဲ့ သေကၤတအျဖစ္ သစ္ပင္ေပၚမွာ အ႐ုပ္ကို ခ်ိတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ေကာင္မေလးရဲ႕ဝိညာဥ္က လူေတြကို ေျခာက္ျခားေအာင္ ျပဳလုပ္ၿပီးတဲ့ ေနာက္မွာ သူမတေစၦကို ႏွစ္သိမ့္ေပးဖို႔ လူေတြက အ႐ုပ္ေပါင္း မ်ားစြာကို လာခ်ိတ္ေပး ၾကတယ္လို႔ ဆိုပါတယ္။ အ႐ုပ္ေတြကို အ႐ူးအမူး စုေဆာင္းၿပီး ႏွစ္ ၅၀ အၾကာ ၂၀၀၁ ခုႏွစ္မွာ ဘာရီရာဟာ ေရနစ္ေသဆုံး ခဲ့ပါတယ္။ ေကာင္မေလး အေလာင္းကို ရွာေဖြေတြ႕တဲ့ ေနရာမွာပဲ ေရနစ္ေသဆုံး ခဲ့တယ္လို႔ သိရပါတယ္။
.
(၇) ဝိညာဉ်တွေ ပိတ်လှောင်ရာ အရုပ်ကျွန်း
မက္ကဆီကိုစီးတီး တောင်ပိုင်းမှာ ခြောက်ခြားဖွယ် ရုပ်ရှင်တစ်ခုလို ခံစားရမယ့် Isla de las Muñecas အရုပ်ကျွန်း တည်ရှိပါတယ်။ အဲဒီမြေရဲ့ မူလပိုင်ရှင်က ဒွန်ဂျူလီယန် ဆန်တာနား ဘာရီရာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကျွန်းအနားမှာ အရုပ်တစ်ခု ပိုက်ထားတဲ့ ရေနစ်သေတဲ့ ကောင်မလေး အလောင်းကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ သူက အသိအမှတ် ပြုတဲ့ သင်္ကေတအဖြစ် သစ်ပင်ပေါ်မှာ အရုပ်ကို ချိတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ဝိညာဉ်က လူတွေကို ခြောက်ခြားအောင် ပြုလုပ်ပြီးတဲ့ နောက်မှာ သူမတစ္ဆေကို နှစ်သိမ့်ပေးဖို့ လူတွေက အရုပ်ပေါင်း များစွာကို လာချိတ်ပေး ကြတယ်လို့ ဆိုပါတယ်။ အရုပ်တွေကို အရူးအမူး စုဆောင်းပြီး နှစ် ၅၀ အကြာ ၂၀၀၁ ခုနှစ်မှာ ဘာရီရာဟာ ရေနစ်သေဆုံး ခဲ့ပါတယ်။ ကောင်မလေး အလောင်းကို ရှာဖွေတွေ့တဲ့ နေရာမှာပဲ ရေနစ်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
+++++++++++++++++++++++++++++++++++
(၈) ကိုယ္ဟန္ျပအ႐ုပ္ “La Pascualita”
မကၠဆီႏိုင္ငံက ခ်ီဟြာဟြာ ၿမိဳ႕ေတာ္မွာ တည္ရွိတဲ့ သတို႔သမီး ဝတ္စုံ အေရာင္းဆိုင္ ေရွ႕ဘက္မွာ အမ်ိဳးသမီး ကိုယ္ဟန္ျပမယ္ အ႐ုပ္တစ္ခု ရွိပါတယ္။ အဲဒီအ႐ုပ္ရဲ႕ သက္တမ္းက ႏွစ္ ၈၀ ေက်ာ္ပါၿပီ။ အဲဒီ ကိုယ္ဟန္ျပမယ္ အ႐ုပ္ရဲ႕ မ်က္ႏွာေပါက္နဲ႔ အခ်ိဳးအစားက ဆိုင္ပိုင္ရွင္ သမီးနဲ႔ ဆင္တူတယ္လို႔ ေဒသခံေတြ သတိထားမိ ၾကပါတယ္။ အဲဒီ ကိုယ္ဟန္ျပမယ္ အ႐ုပ္ဟာ မိန္းကေလးရဲ႕ အေလာင္းကို မပုပ္မသိုးေအာင္ ေဆးစီရင္ၿပီး ျပဳလုပ္ထားတယ္လို႔ ေကာလာဟလေတြ ပ်ံ႕ႏွံ႔သြားပါတယ္။ ဒီဘက္ေခတ္မွာ La Pascualita ဆိုင္ဟာ ကမာၻလွည့္ ခရီးသြားေတြ ဆြဲေဆာင္ရာ ေနရာ ျဖစ္သြားပါၿပီ။ ခရီးသြားေတြက ကိုယ္ဟန္ျပမယ္ရဲ႕ တင္းမာေနတဲ့ ေသြးျပန္ေၾကာေတြ၊ ညိဳ႕အားေကာင္းတဲ့ မ်က္လုံးေတြနဲ႔ ထူးဆန္းတဲ့ လက္ေတြကို ထိေတြ႕ၾကည့္ဖို႔ ေမွ်ာ္လင့္ေန ၾကပါတယ္။
.
(၈) ကိုယ်ဟန်ပြအရုပ် “La Pascualita”
မက္ကဆီနိုင်ငံက ချီဟွာဟွာ မြို့တော်မှာ တည်ရှိတဲ့ သတို့သမီး ဝတ်စုံ အရောင်းဆိုင် ရှေ့ဘက်မှာ အမျိုးသမီး ကိုယ်ဟန်ပြမယ် အရုပ်တစ်ခု ရှိပါတယ်။ အဲဒီအရုပ်ရဲ့ သက်တမ်းက နှစ် ၈၀ ကျော်ပါပြီ။ အဲဒီ ကိုယ်ဟန်ပြမယ် အရုပ်ရဲ့ မျက်နှာပေါက်နဲ့ အချိုးအစားက ဆိုင်ပိုင်ရှင် သမီးနဲ့ ဆင်တူတယ်လို့ ဒေသခံတွေ သတိထားမိ ကြပါတယ်။ အဲဒီ ကိုယ်ဟန်ပြမယ် အရုပ်ဟာ မိန်းကလေးရဲ့ အလောင်းကို မပုပ်မသိုးအောင် ဆေးစီရင်ပြီး ပြုလုပ်ထားတယ်လို့ ကောလာဟလတွေ ပျံ့နှံ့သွားပါတယ်။ ဒီဘက်ခေတ်မှာ La Pascualita ဆိုင်ဟာ ကမ္ဘာလှည့် ခရီးသွားတွေ ဆွဲဆောင်ရာ နေရာ ဖြစ်သွားပါပြီ။ ခရီးသွားတွေက ကိုယ်ဟန်ပြမယ်ရဲ့ တင်းမာနေတဲ့ သွေးပြန်ကြောတွေ၊ ညို့အားကောင်းတဲ့ မျက်လုံးတွေနဲ့ ထူးဆန်းတဲ့ လက်တွေကို ထိတွေ့ကြည့်ဖို့ မျှော်လင့်နေ ကြပါတယ်။
By Buzz Myanmar News
Credit : Shwemom








No comments:
Post a Comment