မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 7, 2020

ဥကၠာပ်ံက်ခဲ့တဲ့ေနရာမွာ တည္ေဆာက္ထားတဲ့ ၿမိဳ႕ကေလး

 ဥကၠာပ်ံက်ခဲ့တဲ့ေနရာမွာ 

တည္ေဆာက္ထားတဲ့ ၿမိဳ႕ကေလး

----------------------------------------

ဂ်ာမနီနိုင္ငံ၊ ဗာဘာရီယာျပည္နယ္ရွိတဲ့ ေနာ့ဒလင္ဂန္ ၿမိဳ႕ကို 

လြန္ခဲ့သည့္ ႏွစ္ ၁၄ ဒသမ ၅ သန္းက ကမၻာေျမျပင္ကို 

ဥကၠာ ပ်ံတစ္ခုက ဝင္တိုက္ရာမွ က်န္ေနရစ္ခဲ့သည့္ က်င္းႀကီး

အတြင္းတည္ေဆာက္ထားသည့္ ၿမိဳ႕ဟု ဆိုၾကပါတယ္။ 

ဥေရာပ အလယ္ ေခတ္တြင္ တည္ေထာင္ခဲ့ၿပီး ယင္းၿမိဳ႕တြင္ 

လူဦးေရ ၁၉၀၀၀ ဝန္းက်င္ေနထိုင္လ်က္ရွိပါတယ္။ 

ေနာ့ဒလင္ဂန္ ၏ ဘူမိအေနအထားကို သိပၸံပညာရွင္မ်ားက

ေလ့လာခဲ့ရာ ဥကၠာပ်ံေၾကာင့္ျဖစ္ေပၚခဲ့သည့္ က်င္းႀကီး တစ္ခု

ျဖစ္ေၾကာင္းေတြ႕ရွိခဲ့ၾကပါတယ္။ မူလက မီးေတာင္ေသ တစ္ခုဟု 

ယူဆထားခဲ့သည့္ ေနာ့ဒလင္ဂန္ ၿမိဳ႕၏ တည္ေနရာကို ၁၉၆၁ ခုႏွစ္

တြင္ အေမရိကန္သိပၸံပညာရွင္ ယူဂ်င္း႐ူမိတ္ကာႏွင့္ အက္ဒြပ္ေခ်ာင္

တုိ႔က ဥကၠာပ်ံတိုက္ခဲ့သည့္ ေနရာတစ္ခု ျဖစ္ေၾကာင္း ေဖာ္ထုတ္

ျပသနိုင္ခဲ့ပာတယ္။ 

၁၉၉၈ ခုႏွစ္တြင္ ေနာ့ဒလင္ဂန္ၿမိဳ႕ ႏွစ္ ၁၁၀၀ ျပည့္ အခမ္းအနားကို 

က်င္းပခဲ့ၿပီး ယေန႔အခ်ိန္အထိ ကမၻာတစ္ဝွမ္းမွ လာေရာက္လည္ပတ္

ၾကတဲ့ ခရီးသြားသူမ်ား စုေဝးရာေနရာ တစ္ခုအျဖစ္ရွိေနခဲ့ပါတယ္။


Source:Thu Ta Swal Sone Magazine

https://en.wikipedia.org/wiki/Nördlingen

www.travelandleisure.com/trip-ideas/german-diamond-town

( ဥကၠာပ်ံနဲ႔ ေဆာင့္မိတဲ့အတြက္ အဲဒီေနရာကုိ

စိန္ၿမဳိ႕ေတာ္လုိ႔လည္း တင္စားၾကပါတယ္။ ) 

===========================


ဥက္ကာပျံကျခဲ့တဲ့နေရာမှာ 

တည်ဆောက်ထားတဲ့ မြို့ကလေး

----------------------------------------

ဂျာမနီနိုင်ငံ၊ ဗာဘာရီယာပြည်နယ်ရှိတဲ့ နော့ဒလင်ဂန် မြို့ကို 

လွန်ခဲ့သည့် နှစ် ၁၄ ဒသမ ၅ သန်းက ကမ္ဘာမြေပြင်ကို 

ဥက္ကာ ပျံတစ်ခုက ဝင်တိုက်ရာမှ ကျန်နေရစ်ခဲ့သည့် ကျင်းကြီး

အတွင်းတည်ဆောက်ထားသည့် မြို့ဟု ဆိုကြပါတယ်။ 

ဥရောပ အလယ် ခေတ်တွင် တည်ထောင်ခဲ့ပြီး ယင်းမြို့တွင် 

လူဦးရေ ၁၉၀၀၀ ဝန်းကျင်နေထိုင်လျက်ရှိပါတယ်။ 

နော့ဒလင်ဂန် ၏ ဘူမိအနေအထားကို သိပ္ပံပညာရှင်များက

လေ့လာခဲ့ရာ ဥက္ကာပျံကြောင့်ဖြစ်ပေါ်ခဲ့သည့် ကျင်းကြီး တစ်ခု

ဖြစ်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ မူလက မီးတောင်သေ တစ်ခုဟု 

ယူဆထားခဲ့သည့် နော့ဒလင်ဂန် မြို့၏ တည်နေရာကို ၁၉၆၁ ခုနှစ်

တွင် အမေရိကန်သိပ္ပံပညာရှင် ယူဂျင်းရူမိတ်ကာနှင့် အက်ဒွပ်ချောင်

တို့က ဥက္ကာပျံတိုက်ခဲ့သည့် နေရာတစ်ခု ဖြစ်ကြောင်း ဖော်ထုတ်

ပြသနိုင်ခဲ့ပာတယ်။ 

၁၉၉၈ ခုနှစ်တွင် နော့ဒလင်ဂန်မြို့ နှစ် ၁၁၀၀ ပြည့် အခမ်းအနားကို 

ကျင်းပခဲ့ပြီး ယနေ့အချိန်အထိ ကမ္ဘာတစ်ဝှမ်းမှ လာရောက်လည်ပတ်

ကြတဲ့ ခရီးသွားသူများ စုဝေးရာနေရာ တစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။


Source:Thu Ta Swal Sone Magazine

https://en.wikipedia.org/wiki/Nördlingen

www.travelandleisure.com/trip-ideas/german-diamond-town

( ဥက္ကာပျံနဲ့ ဆောင့်မိတဲ့အတွက် အဲဒီနေရာကို

စိန်မြို့တော်လို့လည်း တင်စားကြပါတယ်။ ) 

No comments:

Post a Comment