အမိဝမ္းမွ ကၽြတ္ၿပီးၿပီးခ်င္း ေျမျမႇဳပ္ခံခဲ့ရသူက
၎ကိုကယ္တင္ခဲ့သူႏွင့္ ႏွစ္ ၂၀ အၾကာတြင္ ျပန္ဆုံခြင့္ရ
------------------------------------------------------------------
▶ အမိဝမ္းမွ ကၽြတ္ၿပီးၿပီးခ်င္း ေျမျမႇဳပ္ ခံရသည့္ ၎ကို
ကယ္တင္ခဲ့သူႏွင့္ ႏွစ္ ၂၀ အၾကာတြင္ မထင္မွတ္ဘဲ ျပန္ဆုံခြင့္
ရသြားခဲ့၍ မက္သူးခရစ္ရွန္ဝီတိတ္ကာမွာ ေျပာမျပတတ္ေအာင္
ေပ်ာ္႐ႊင္သြားခဲ့သည္။
၁၉၉၈ ခုႏွစ္ ေမလ ၁၆ ရက္တြင္ ၎ကယ္တင္ျဖစ္ခဲ့သည့္
ကေလးႏွင့္ ျပန္ဆုံခြင့္ရလိုက္၍ မယ္လန္နီယန္မွာလည္း
အံ့ဩဝမ္းသာ ျဖစ္သြားခဲ့ရသည္။ အေမရိကန္႐ုပ္သံအစီအစဥ္
တစ္ခုေၾကာင့္ ၎ တို႔ႏွစ္ဦး ျပန္ဆုံျဖစ္သြားျခင္းျဖစ္သည္။
မယ္လန္နီယန္သည္ ေလာ့အိန္ဂ်လိစ္တြင္
ေခြးႏွင့္လမ္းေလၽွာက္ထြက္စဥ္ ထိုက ေလးကို
ေတြ႕သြားျခင္းျဖစ္သည္။ "ေခြးက အဲဒီေနရာမွာ သြားၿပီး
တ႐ႉး႐ႉးနဲ႔အနံ႔ခံေန တယ္။ ၿပီးေတာ့ ယက္လည္းယက္ဖို႔
လုပ္ ေနတာနဲ႔ သူ႕ကို ကားေပၚျပန္ပို႔လိုက္တယ္။ ကၽြန္မကေတာ့
အဲဒီေနရာျပန္သြားလိုက္တယ္။ ေခြးယက္တဲ့ေနရာကိုၾကည့္ၿပီး
လိုက္ယက္ေတာ့မွ ခ်က္ႀကိဳးတန္းလန္းနဲ႔ ကေလးေလးကို
ေတြ႕လိုက္တာပဲ" ဟု ၎ က အျဖစ္ေဟာင္းကို
ျပန္ေျပာင္းေျပာျပသည္။
ထို႔ေနာက္ ၎က ကေလးကို ကေလးေစာင့္ေရွာက္ေရးေဂဟာ
ပို႔လိုက္သည္။ ကေလးကို ၎ကယ္တင္လိုက္ သည့္သတင္းသည္
သတင္းစာမ်ားတြင္ မ်က္ႏွာဖုံးသတင္း ျဖစ္သြားခဲ့သည္။
ေစာင့္ေရွာက္ေရးေဂဟာေၾကာင့္ ကေလးသည္ ေမြးစားမိဘႏွင့္
ဆုံခြင့္ရသြားသည္။ ေမြးကင္းစက အျဖစ္အပ်က္ကို ၎က
ၿပီးခဲ့သည့္ႏွစ္ကမွ သိလိုက္ရျခင္းျဖစ္သည္။ ၎သည္ ယခုအခါ
သတင္းစာပညာ သင္ၾကားေနၿပီး မၾကာမီဘြဲ႕ရေတာ့မည္ျဖစ္သည္။
ဘြဲ႕ယူအခမ္းအနားကို မယ္လန္ နီယန္အား ဖိတ္ၾကားသြားမည္ဟု
မက္သူး က ဆိုသည္။
ခ်ယ္ရီ (pyimyanmar)
(DM, 26.5.18)
http://www.dailymail.co.uk/news/article-5741457/Man-reunited-woman-buried-alive-birth.html
============================
အမိဝမ်းမှ ကျွတ်ပြီးပြီးချင်း မြေမြှုပ်ခံခဲ့ရသူက
၎င်းကိုကယ်တင်ခဲ့သူနှင့် နှစ် ၂၀ အကြာတွင် ပြန်ဆုံခွင့်ရ
------------------------------------------------------------------
▶ အမိဝမ်းမှ ကျွတ်ပြီးပြီးချင်း မြေမြှုပ် ခံရသည့် ၎င်းကို
ကယ်တင်ခဲ့သူနှင့် နှစ် ၂၀ အကြာတွင် မထင်မှတ်ဘဲ ပြန်ဆုံခွင့်
ရသွားခဲ့၍ မက်သူးခရစ်ရှန်ဝီတိတ်ကာမှာ ပြောမပြတတ်အောင်
ပျော်ရွှင်သွားခဲ့သည်။
၁၉၉၈ ခုနှစ် မေလ ၁၆ ရက်တွင် ၎င်းကယ်တင်ဖြစ်ခဲ့သည့်
ကလေးနှင့် ပြန်ဆုံခွင့်ရလိုက်၍ မယ်လန်နီယန်မှာလည်း
အံ့ဩဝမ်းသာ ဖြစ်သွားခဲ့ရသည်။ အမေရိကန်ရုပ်သံအစီအစဉ်
တစ်ခုကြောင့် ၎င်း တို့နှစ်ဦး ပြန်ဆုံဖြစ်သွားခြင်းဖြစ်သည်။
မယ်လန်နီယန်သည် လော့အိန်ဂျလိစ်တွင်
ခွေးနှင့်လမ်းလျှောက်ထွက်စဉ် ထိုက လေးကို
တွေ့သွားခြင်းဖြစ်သည်။ "ခွေးက အဲဒီနေရာမှာ သွားပြီး
တရှူးရှူးနဲ့အနံ့ခံနေ တယ်။ ပြီးတော့ ယက်လည်းယက်ဖို့
လုပ် နေတာနဲ့ သူ့ကို ကားပေါ်ပြန်ပို့လိုက်တယ်။ ကျွန်မကတော့
အဲဒီနေရာပြန်သွားလိုက်တယ်။ ခွေးယက်တဲ့နေရာကိုကြည့်ပြီး
လိုက်ယက်တော့မှ ချက်ကြိုးတန်းလန်းနဲ့ ကလေးလေးကို
တွေ့လိုက်တာပဲ" ဟု ၎င်း က အဖြစ်ဟောင်းကို
ပြန်ပြောင်းပြောပြသည်။
ထို့နောက် ၎င်းက ကလေးကို ကလေးစောင့်ရှောက်ရေးဂေဟာ
ပို့လိုက်သည်။ ကလေးကို ၎င်းကယ်တင်လိုက် သည့်သတင်းသည်
သတင်းစာများတွင် မျက်နှာဖုံးသတင်း ဖြစ်သွားခဲ့သည်။
စောင့်ရှောက်ရေးဂေဟာကြောင့် ကလေးသည် မွေးစားမိဘနှင့်
ဆုံခွင့်ရသွားသည်။ မွေးကင်းစက အဖြစ်အပျက်ကို ၎င်းက
ပြီးခဲ့သည့်နှစ်ကမှ သိလိုက်ရခြင်းဖြစ်သည်။ ၎င်းသည် ယခုအခါ
သတင်းစာပညာ သင်ကြားနေပြီး မကြာမီဘွဲ့ရတော့မည်ဖြစ်သည်။
ဘွဲ့ယူအခမ်းအနားကို မယ်လန် နီယန်အား ဖိတ်ကြားသွားမည်ဟု
မက်သူး က ဆိုသည်။
ချယ်ရီ (pyimyanmar)
(DM, 26.5.18)
http://www.dailymail.co.uk/news/article-5741457/Man-reunited-woman-buried-alive-birth.html





No comments:
Post a Comment