အ႐ုပ္ေလးရဲ႕ ပတ္စ္ပုိ႔နဲ႔ ႏုိင္ငံကူးခဲ့တဲ့ ကုိးႏွစ္သမီးေလး
-----------------------------------------------------------------
လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္က အသက္ ကုိးႏွစ္အရြယ္ ၿဗိတိန္ႏုိင္ငံသူ
အမ္မလီေလးဟာ မိဘေတြနဲ႔ တူရကီႏုိင္ငံကုိ သြားခဲ့တဲ့ ခရီးစဥ္မွာ
အဲဒီႏုိင္ငံထဲကုိ သူမနဲ႔အတူ ယူေဆာင္လာတဲ့ ပန္းေရာင္ ယူနီကြန္
ကေလးအ႐ုပ္ေလးရဲ႕ ပတ္စ္ပုိ႔ကုိ အန္တာလ်ာ ေလဆိပ္က
လူဝင္မႈႀကီးၾကပ္ေရးေကာင္တာမွာ ျပသခဲ့တာျဖစ္ပါတယ္။
ေကာင္တာက အရာရွိကလည္း မိဘႏွစ္ဦးနဲ႔အတူ လာတဲ့ကေလး
ျဖစ္တာမုိ႔ သေဘာက်ၿပီး ဘာမွမေျပာဘဲ တံဆိပ္တုံးကုိ အဲဒီ
ပတ္စ္ပုိ႔စာအုပ္မွာ ထုေပးလုိက္ပါတယ္။ အမွန္တကယ္ဆုိ
ႏုိင္ငံအေတာ္မ်ားမ်ားက လုိအပ္တဲ့ စာရြက္စာတမ္းေတြကအစ
ေသခ်ာစစ္ေဆးၿပီးေတာ့မွ သူတုိ႔ႏုိင္ငံကုိ ေပးဝင္ၾကတာပါ။
အမ္မလီေလးကေတာ့ သူမအ႐ုပ္ရဲ႕ ႏုိင္ငံကူးလက္မွတ္ေလးနဲ႔
တူရကီႏုိင္ငံတြင္းကုိ ဝင္လည္ခြင့္ရခဲ့တဲ့အတြက္ ေပ်ာ္ရႊင္စရာ
အမွတ္တရ ခရီးစဥ္ေလး ျဖစ္ခဲ့ရပါတယ္။
source:doseng
===========================
အရုပ်လေးရဲ့ ပတ်စ်ပို့နဲ့ နိုင်ငံကူးခဲ့တဲ့ ကိုးနှစ်သမီးလေး
-----------------------------------------------------------------
လွန်ခဲ့တဲ့ ငါးနှစ်လောက်က အသက် ကိုးနှစ်အရွယ် ဗြိတိန်နိုင်ငံသူ
အမ်မလီလေးဟာ မိဘတွေနဲ့ တူရကီနိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်မှာ
အဲဒီနိုင်ငံထဲကို သူမနဲ့အတူ ယူဆောင်လာတဲ့ ပန်းရောင် ယူနီကွန်
ကလေးအရုပ်လေးရဲ့ ပတ်စ်ပို့ကို အန်တာလျာ လေဆိပ်က
လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ ပြသခဲ့တာဖြစ်ပါတယ်။
ကောင်တာက အရာရှိကလည်း မိဘနှစ်ဦးနဲ့အတူ လာတဲ့ကလေး
ဖြစ်တာမို့ သဘောကျပြီး ဘာမှမပြောဘဲ တံဆိပ်တုံးကို အဲဒီ
ပတ်စ်ပို့စာအုပ်မှာ ထုပေးလိုက်ပါတယ်။ အမှန်တကယ်ဆို
နိုင်ငံအတော်များများက လိုအပ်တဲ့ စာရွက်စာတမ်းတွေကအစ
သေချာစစ်ဆေးပြီးတော့မှ သူတို့နိုင်ငံကို ပေးဝင်ကြတာပါ။
အမ်မလီလေးကတော့ သူမအရုပ်ရဲ့ နိုင်ငံကူးလက်မှတ်လေးနဲ့
တူရကီနိုင်ငံတွင်းကို ဝင်လည်ခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်စရာ
အမှတ်တရ ခရီးစဉ်လေး ဖြစ်ခဲ့ရပါတယ်။
source:doseng





No comments:
Post a Comment