ေသြးေဖာက္စရာမလိုေသာ ငွက္ဖ်ားေရာဂါစစ္ေဆးနည္း
ေဖာ္ထုတ္သူ ယူဂႏၶာႏိုင္ငံသား အာဖရိကဆုဆြတ္ခူး ...
------------------------------------------------------------
ေသြးေဖာက္စရာမလိုေသာ ငွက္ဖ်ားစမ္းသပ္ကိရိယာကိုတီထြင္ခဲ့သည့္
ယူဂႏၶႏိုင္ငံသားသည္ အာဖရိကဆု ခ်ီးျမႇင့္ခံရေၾကာင္း သိရသည္။
လူနာ၏လက္ေခ်ာင္းေပၚသို႔ မီးနီေရာင္ျဖင့္ ထိုးလိုက္သည္ႏွင့္ ငွက္ဖ်ား
ရွိမရွိ ေဖာ္ထုတ္ေပးႏိုင္ေသာကိရိယာကို တီထြင္မႈေၾကာင့္ (၂၄)ႏွစ္အ႐ြယ္
ဘ႐ိုင္ယန္ဂစ္တာကို ေတာ္ဝင္အင္ဂ်င္နီယာအကယ္ဒမီကအာဖရိကဆု
ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္သည္။
စစ္ေဆးမႈရလဒ္မ်ားကို ထိုကိရိယာမွတစ္ဆင့္ဖုန္းသို႔ တစ္မိနစ္အတြင္း
ေပးပို႔ႏိုင္သည္။ မစၥတာဂစ္တာကိုယ္တိုင္သည္လည္း ငွက္ဖ်ားရွိခဲ့ဖူးသူ
ျဖစ္ၿပီး ပုံမွန္ေသြးေဖာက္စစ္ေသာနည္းျဖင့္ ငွက္ဖ်ားကိုမေတြ႕ခဲ့ဘဲ
ေဝဒနာကိုျပင္းထန္စြာ ခံစားခဲ့ရသျဖင့္ ေသြးေဖာက္ရန္မလိုေသာ
နည္းလမ္းကိုတီထြင္ရန္ ဆႏၵရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၄င္းတီထြင္ထားေသာကိရိယာကို မာတီဘာဘူဟု အမည္ေပးထားသည္။
ယူဂႏၶာႏိုင္ငံတြင္ ငွက္ဖ်ားသည္ လူေသဆုံးရသည့္ ထိပ္ဆုံးေရာဂါႀကီးမ်ား
ထဲတြင္ ပါဝင္သည္။ ကြန္ပ်ဴတာသိပၸံနည္းလမ္းကိုသုံးကာ ေသြးေဖာက္
စရာမလိုေသာ ငွက္ဖ်ားစစ္ေဆးနည္းကိုတီထြင္လွ်င္ ဘာေၾကာင့္ မျဖစ္
ႏိုင္ရမည္နည္းဟူေသာ ခံယူခ်က္ကိုစြဲကိုင္ကာ ႀကိဳးပမ္းတီထြင္ခဲ့ျခင္း
ျဖစ္ေၾကာင္း မစၥတာဂစ္တာက ေျပာဆိုသည္။
''မာတီဘာဘူကိရိယာဟာ တကယ့္အလွည့္အေျပာင္းကို
ေဆာင္ၾကဥ္းလာတဲ့ကိရိယာပါ။ အင္ဂ်င္နီယာနည္းပညာဟာ
က်န္းမာေရးေစာင့္ေရွာက္မႈက႑မွာလည္း ေကာင္းေကာင္း
ကူညီႏိုင္တာကို သက္ေသျပလိုက္တာျဖစ္ပါတယ္''ဟု အာဖရိက
ဆုေ႐ြးခ်ယ္ေရးဒိုင္လူႀကီးတစ္ဦးျဖစ္သည့္ ေရာဘတ္ကာအီႏြန္ခြၽန္က
ေျပာဆိုသည္။ မာတီဘာဘူဟူသည္ ဆြာဟီလီဘာသာစကားျဖင့္
ကုသျခင္းဟု အဓိပၸာယ္ရသည္။ စစ္ေဆးခံမည့္သူ၏လက္ေခ်ာင္းကို
အသာညႇပ္လိုက္ၿပီး မီးေရာင္ျဖင့္ ထိုးလိုက္႐ုံျဖင့္မီးေရာင္သည္
ေသြးနီဆဲလ္ သိပ္သည္းမႈပမာဏ၊ အေရာင္၊ ပုံစံတို႔ကိုေထာက္လွမ္းကာ
ငွက္ဖ်ားပိုးရွိမရွိကို အေျဖထုတ္ႏိုင္သည္။
source:myanbnews
link -
https://www.bbc.com/news/world-africa-44481723
==============================
သွေးဖောက်စရာမလိုသော ငှက်ဖျားရောဂါစစ်ဆေးနည်း
ဖော်ထုတ်သူ ယူဂန္ဓာနိုင်ငံသား အာဖရိကဆုဆွတ်ခူး ...
------------------------------------------------------------
သွေးဖောက်စရာမလိုသော ငှက်ဖျားစမ်းသပ်ကိရိယာကိုတီထွင်ခဲ့သည့်
ယူဂန္ဓနိုင်ငံသားသည် အာဖရိကဆု ချီးမြှင့်ခံရကြောင်း သိရသည်။
လူနာ၏လက်ချောင်းပေါ်သို့ မီးနီရောင်ဖြင့် ထိုးလိုက်သည်နှင့် ငှက်ဖျား
ရှိမရှိ ဖော်ထုတ်ပေးနိုင်သောကိရိယာကို တီထွင်မှုကြောင့် (၂၄)နှစ်အရွယ်
ဘရိုင်ယန်ဂစ်တာကို တော်ဝင်အင်ဂျင်နီယာအကယ်ဒမီကအာဖရိကဆု
ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
စစ်ဆေးမှုရလဒ်များကို ထိုကိရိယာမှတစ်ဆင့်ဖုန်းသို့ တစ်မိနစ်အတွင်း
ပေးပို့နိုင်သည်။ မစ္စတာဂစ်တာကိုယ်တိုင်သည်လည်း ငှက်ဖျားရှိခဲ့ဖူးသူ
ဖြစ်ပြီး ပုံမှန်သွေးဖောက်စစ်သောနည်းဖြင့် ငှက်ဖျားကိုမတွေ့ခဲ့ဘဲ
ဝေဒနာကိုပြင်းထန်စွာ ခံစားခဲ့ရသဖြင့် သွေးဖောက်ရန်မလိုသော
နည်းလမ်းကိုတီထွင်ရန် ဆန္ဒရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတီထွင်ထားသောကိရိယာကို မာတီဘာဘူဟု အမည်ပေးထားသည်။
ယူဂန္ဓာနိုင်ငံတွင် ငှက်ဖျားသည် လူသေဆုံးရသည့် ထိပ်ဆုံးရောဂါကြီးများ
ထဲတွင် ပါဝင်သည်။ ကွန်ပျူတာသိပ္ပံနည်းလမ်းကိုသုံးကာ သွေးဖောက်
စရာမလိုသော ငှက်ဖျားစစ်ဆေးနည်းကိုတီထွင်လျှင် ဘာကြောင့် မဖြစ်
နိုင်ရမည်နည်းဟူသော ခံယူချက်ကိုစွဲကိုင်ကာ ကြိုးပမ်းတီထွင်ခဲ့ခြင်း
ဖြစ်ကြောင်း မစ္စတာဂစ်တာက ပြောဆိုသည်။
''မာတီဘာဘူကိရိယာဟာ တကယ့်အလှည့်အပြောင်းကို
ဆောင်ကြဉ်းလာတဲ့ကိရိယာပါ။ အင်ဂျင်နီယာနည်းပညာဟာ
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာလည်း ကောင်းကောင်း
ကူညီနိုင်တာကို သက်သေပြလိုက်တာဖြစ်ပါတယ်''ဟု အာဖရိက
ဆုရွေးချယ်ရေးဒိုင်လူကြီးတစ်ဦးဖြစ်သည့် ရောဘတ်ကာအီနွန်ချွန်က
ပြောဆိုသည်။ မာတီဘာဘူဟူသည် ဆွာဟီလီဘာသာစကားဖြင့်
ကုသခြင်းဟု အဓိပ္ပာယ်ရသည်။ စစ်ဆေးခံမည့်သူ၏လက်ချောင်းကို
အသာညှပ်လိုက်ပြီး မီးရောင်ဖြင့် ထိုးလိုက်ရုံဖြင့်မီးရောင်သည်
သွေးနီဆဲလ် သိပ်သည်းမှုပမာဏ၊ အရောင်၊ ပုံစံတို့ကိုထောက်လှမ်းကာ
ငှက်ဖျားပိုးရှိမရှိကို အဖြေထုတ်နိုင်သည်။
source:myanbnews
link -



No comments:
Post a Comment