ေကာင္းကင္ဘုံမွ ဆူနာမီမုန္တိုင္းကို
အမိအရ ဗြီဒီယုိ႐ုိက္ႏုိင္ခဲ့သည့္ အေပ်ာ္တမ္းဓာတ္ပံုဆရာ
---------------------------------------------------------------
မုန္တိုင္းေၾကာင့္ ေတာင္ေပၚေရကန္တခုဆီကို ေရတန္ခ်ိန္ေပါင္းမ်ားစြာ
ေကာင္းကင္ေပၚကေန ႐ုတ္တရက္ ၀င္ေရာက္လာတဲ့ အံ့ၾသသင့္ဖြယ္
ျဖစ္ရပ္တခုကို အမိအရ ႐ုိက္ကူးလိုက္နို္င္တဲ့ ဗီြဒီယိုဖိုင္တစ္ခုကို
Daily Mail သတင္းမွာေဖာ္ျပခဲ့ပါတယ္။
ဒီဗီြဒီယိုကို အေပ်ာ္တမ္းဓာတ္ပံုဆရာ တဦးျဖစ္တဲ့ အသက္ ၂၇ နွစ္
အရြယ္ ပီတာမိုင္ရာက ႐ုုိက္ကူးခဲ့တာပါ။ ဒီျဖစ္ရပ္စဥ္ဟာ ၾသစႀတီးယား
နုိင္ငံမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ၾသစႀတီးယားနိုင္ငံ မီးလ္စတတ္ေရကန္ကို
ပီတာ ေရာက္ရွိေနစဥ္ ဒီလိုႀကံဳေတြ႔ခဲ့ရတာျဖစ္ပါတယ္။ ဒီျဖစ္စဥ္ကို
ပီတာမိုင္ရာက လူမႈကြန္ရက္ကိုတင္ခဲ့ၿပီး ခဏအတြင္းမွာပဲ ဒီဗီြဒီယို
ဖိုင္ကာ အင္တာနက္ သုံးစြဲသူအမ်ားအျပားရဲ႕ စိတ္ဝင္စားမႈကိုရရွိခဲ့ကာ
လူေပါင္း ၁ ဒသမ ၄ သန္းက ဝင္ေရာက္ၾကည့္ရႈၿပီး အႀကိမ္ေရ
၂၅၀၀၀ ေက်ာ္ ျပန္လည္မ်ွေဝခဲ့ၾကပါတယ္။
ပီတာမို္င္ရာကိုယ္တိုင္က ႀကိဳတင္ျပင္ဆင္ေစာင့္ဆိုင္းေနရင္ေတာင္
ဒီလိုဗီြဒီယိုမ်ိဳးကို ရရွိဖို႔ မလြယ္ေၾကာင္း၊ သူ႔အေနနဲ႔ ကံေကာင္းလို႔သာ
ဒီလိုပံုရိပ္မ်ိဳးကို အမိအရမွတ္တမ္းတင္နုိင္ခဲ့ျခင္းျဖစ္ေၾကာင္းေျပာဆိုခဲ့ၿပီး
ဒါကို “ေကာင္းကင္ဘံုက ဆူနာမီမုန္တိုင္း” လုိ႔လည္း အမည္ေပးခဲ့
ပါတယ္။ ဒီဗီြဒီယိုဖိုင္ကို ဝင္ေရာက္ၾကည့္႐ႈသူမ်ားက ကြဲျပားစြာ
မွတ္ခ်က္ေပးခဲ့ၾကၿပီး ၾကည့္႐ႈသူတဦးက “ဒါဟာ တစုံတေယာက္က
အေပၚတက္ၿပီး ကန္ထဲကိုေရ ေတြေလာင္းထည့္ေနသလိုပဲ” လို႔
မွတ္ခ်က္ျပဳပါတယ္။ ဒါေပမယ့္ ၾကည့္ရႈသူအခ်ိဳ႕ကေတာ့ ဒါကို ျပဳျပင္
ဖန္တီးထားတဲ့ အတုအေယာင္ႀကီးလို႔ ေဝဖန္ခဲ့ၾကပါတယ္။ ေဝဖန္မႈ
ေတြေၾကာင့္ ပီတာမိုင္ရာက သူ႔ရဲ႕မူရင္း ဗီြဒီယိုဖိုင္ကို ထုတ္ျပခဲ့ရတယ္
လုိ႔လည္း သိရပါတယ္။ ပီတာမိုင္ယာဟာ ကင္မရာ ေလးငါးလံုးနဲ႔အတူ
ေတာေတာင္ရႈခင္းေတြကို မွတ္တမ္းတင္ေလ့ရွိတဲ့ ေတာင္တက္သမား
တစ္ဦးပါ။ ဒီလိုမ်ိဳး ေကာင္းကင္ေပၚကေန ေရေတြအမ်ားႀကီး ျပဳတ္က်
လာတာမ်ိဳးကို Microburst လို႔ေခၚၿပီး Microburst နွစ္မ်ိဳးရွိတယ္
လုိ႔လည္း သိရပါတယ္။
source:myanbnews
link -
=============================
ကောင်းကင်ဘုံမှ ဆူနာမီမုန်တိုင်းကို
အမိအရ ဗွီဒီယိုရိုက်နိုင်ခဲ့သည့် အပျော်တမ်းဓာတ်ပုံဆရာ
---------------------------------------------------------------
မုန်တိုင်းကြောင့် တောင်ပေါ်ရေကန်တခုဆီကို ရေတန်ချိန်ပေါင်းများစွာ
ကောင်းကင်ပေါ်ကနေ ရုတ်တရက် ဝင်ရောက်လာတဲ့ အံ့သြသင့်ဖွယ်
ဖြစ်ရပ်တခုကို အမိအရ ရိုက်ကူးလိုက်နိုင်တဲ့ ဗွီဒီယိုဖိုင်တစ်ခုကို
Daily Mail သတင်းမှာဖော်ပြခဲ့ပါတယ်။
ဒီဗွီဒီယိုကို အပျော်တမ်းဓာတ်ပုံဆရာ တဦးဖြစ်တဲ့ အသက် ၂၇ နှစ်
အရွယ် ပီတာမိုင်ရာက ရိုက်ကူးခဲ့တာပါ။ ဒီဖြစ်ရပ်စဉ်ဟာ သြစတြီးယား
နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သြစတြီးယားနိုင်ငံ မီးလ်စတတ်ရေကန်ကို
ပီတာ ရောက်ရှိနေစဉ် ဒီလိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို
ပီတာမိုင်ရာက လူမှုကွန်ရက်ကိုတင်ခဲ့ပြီး ခဏအတွင်းမှာပဲ ဒီဗွီဒီယို
ဖိုင်ကာ အင်တာနက် သုံးစွဲသူအများအပြားရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ကာ
လူပေါင်း ၁ ဒသမ ၄ သန်းက ဝင်ရောက်ကြည့်ရှုပြီး အကြိမ်ရေ
၂၅၀၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြပါတယ်။
ပီတာမိုင်ရာကိုယ်တိုင်က ကြိုတင်ပြင်ဆင်စောင့်ဆိုင်းနေရင်တောင်
ဒီလိုဗွီဒီယိုမျိုးကို ရရှိဖို့ မလွယ်ကြောင်း၊ သူ့အနေနဲ့ ကံကောင်းလို့သာ
ဒီလိုပုံရိပ်မျိုးကို အမိအရမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပြီး
ဒါကို “ကောင်းကင်ဘုံက ဆူနာမီမုန်တိုင်း” လို့လည်း အမည်ပေးခဲ့
ပါတယ်။ ဒီဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုသူများက ကွဲပြားစွာ
မှတ်ချက်ပေးခဲ့ကြပြီး ကြည့်ရှုသူတဦးက “ဒါဟာ တစုံတယောက်က
အပေါ်တက်ပြီး ကန်ထဲကိုရေ တွေလောင်းထည့်နေသလိုပဲ” လို့
မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် ကြည့်ရှုသူအချို့ကတော့ ဒါကို ပြုပြင်
ဖန်တီးထားတဲ့ အတုအယောင်ကြီးလို့ ဝေဖန်ခဲ့ကြပါတယ်။ ဝေဖန်မှု
တွေကြောင့် ပီတာမိုင်ရာက သူ့ရဲ့မူရင်း ဗွီဒီယိုဖိုင်ကို ထုတ်ပြခဲ့ရတယ်
လို့လည်း သိရပါတယ်။ ပီတာမိုင်ယာဟာ ကင်မရာ လေးငါးလုံးနဲ့အတူ
တောတောင်ရှုခင်းတွေကို မှတ်တမ်းတင်လေ့ရှိတဲ့ တောင်တက်သမား
တစ်ဦးပါ။ ဒီလိုမျိုး ကောင်းကင်ပေါ်ကနေ ရေတွေအများကြီး ပြုတ်ကျ
လာတာမျိုးကို Microburst လို့ခေါ်ပြီး Microburst နှစ်မျိုးရှိတယ်
လို့လည်း သိရပါတယ်။
source:myanbnews
link -


No comments:
Post a Comment