ကိုရီးယားအာမီေဘ့စ္စတူး (Korea Army Base Stew)
သို႔မဟုတ္ ဘူဒဲဂ်ီဂဲ (Budae jjigae) ...
------------------------------------------------------------
Army Stew ဆိုတာက ကိုရီးယားစြပ္ျပဳတ္ကို ၾကက္အူေခ်ာင္း ၊
စည္သြပ္ပဲ နဲ႔ ခ်ိစ္ တို႔လို အေမရိကန္စတိုင္ အစားအစာေတြ
ေပါင္းစပ္ၿပီး ျပင္ဆင္ ခ်က္ျပဳတ္တာကိုေခၚပါတယ္။
ဘူဒဲဆိုတာက စစ္တပ္ကို ေခၚေဝၚတဲ့ အသုံးအႏႈန္းျဖစ္ၿပီး
ဂ်ီဂဲ ဆိုတာကေတာ့ စြပ္ျပဳတ္ကို ဆိုလိုတာပါ။ ဒါေၾကာင့္မို႔
Army Stew ဆိုတဲ့ အေခၚအေဝၚေလး ေပၚေပါက္လာတာပါ။
၁၉၅၀ အေစာပိုင္းေတြက ကိုရီးယားစစ္ပြဲေတြ ၿငိမ္းသြားတဲ့အခါ
ကိုရီးယားမွာ အစားအစာ အင္မတန္မွ ရွားပါးခဲ့ပါတယ္။ အေမရိကန္
စစ္တပ္က ပိုလၽွံေနတဲ့ processed meat ေတြက ကိုရီးယားေတြ
အတြက္ ျဖည့္စြက္ အစားအစာျဖစ္ခဲ့ပါတယ္။
အေမရိကန္စစ္တပ္ အေျခစိုက္ရာ ဆိုးလ္ၿမိဳ႕ ေျမာက္ဘက္ကေန
တစ္နာရီၾကာခရီးရွိတဲ့ အြီဂၽြန္းဘူ ေဒသမွာ ဒီစြပ္ျပဳတ္က နာမည္ႀကီးပါ။
ဒီစြပ္ျပဳတ္လုပ္စားၾကတဲ့ အဓိက အေၾကာင္းရင္းက ျပင္ဆင္ရတာ
အရမ္းလြယ္လို႔ပါ။ ပါဝင္ပစၥည္းေတြကို လွီးျဖတ္ေပး႐ုံနဲ႔ ႏွစ္သက္ရာ
အလိုက္ ပါဝင္ပစၥည္း အတိုးအေလ်ာ့ လုပ္လို႔ရပါတယ္။
ဘူဒဲဂ်ီဂဲ ေလးေယာက္စာ ခ်က္မယ္ဆိုရင္ ထည့္ရမယ့္
ပါဝင္ပစၥည္းေတြကို ၾကည့္ရေအာင္…
ၾကက္ျပဳတ္ရည္ ၄ ခြက္၊ ဝက္သားျပား ၂၀၀ ဂရမ္၊
CP ၾကက္အူေခ်ာင္း ၁ ထုပ္ ၊ CP အသားျပား တစ္ထုပ္၊
ဂ်ပန္ တို႔ဟူး ၂ ထုပ္၊ ကိုရီယားကင္ခ်ီ တစ္ထုပ္၊ ခ်ိစ္ ၅ ျပား၊
ၾကက္ဥ ၂ လုံး၊ ေခါက္ဆြဲေျခာက္၊ မုန္ညင္းျဖဴ ၊ မုန္ညင္းစိမ္း ၊
ေျပာင္းဖူး စသည္ျဖင့္ ႀကိဳက္ႏွစ္သက္ရာ အသီးအ႐ြက္၊
ၾကက္သြန္ၿမိတ္ကိုရီးယားဟင္း အႏွစ္ ထမင္းစားဇြန္း ၄ ဇြန္း၊ အပ္မႈိ
ျပဳလုပ္နည္း အဆင့္ဆင့္ကို ေျပာျပပါမယ္။
၁။ မီးဖိုေပၚမွာ ဒယ္အိုးတင္ၿပီး ဝက္သားျပား၊ CP ၾကက္အူေခ်ာင္း၊
CP အသားျပား၊ ကင္ခ်ီ ေတြကို စီပါ။ အေပၚကေန အ႐ြက္ေတြ၊
မႈိေတြ၊ ၾကက္သြန္ၿမိတ္၊ တို႔ဟူးေတြစီပါ။
၂။ ကိုရီးယား ဟင္းအႏွစ္ထည့္ပါ။ ၾကက္ျပဳတ္ရည္ ေလာင္းၿပီး
ပြက္ပြက္ဆူတဲ့ အထိ တည္ထားလိုက္ပါ။
၃။ အသားေတြ အားလုံးႏူးၿပီ ဆိုေတာ့မွ အေပါ့အငံေလး ျမည္း
ငံျပာရည္ေလး လိုသေလာက္ေပါက္ပါ။
၄။ ေခါက္ဆြဲေျခာက္ေလးထည့္ အေပၚက ခ်ိစ္ျပားေလးတင္
ၾကက္ဥေလး ေဖာက္ထည့္ပါ။ မီးအရွိန္ေလၽွာ႔လိုက္ပါ။
ဒါဆို အရသာရွိတဲ့ ကိုရီးယား ဘူဒဲဂ်ီဂဲ ၄ ေယာက္စာ ရပါၿပီ။
May Moe (႐ိုးရာေလး)
Ref: mykoreankitchen “Budae Jjigae (Army Stew)”
==========================
ကိုရီးယားအာမီဘေ့စ်စတူး (Korea Army Base Stew)
သို့မဟုတ် ဘူဒဲဂျီဂဲ (Budae jjigae) ...
------------------------------------------------------------
Army Stew ဆိုတာက ကိုရီးယားစွပ်ပြုတ်ကို ကြက်အူချောင်း ၊
စည်သွပ်ပဲ နဲ့ ချိစ် တို့လို အမေရိကန်စတိုင် အစားအစာတွေ
ပေါင်းစပ်ပြီး ပြင်ဆင် ချက်ပြုတ်တာကိုခေါ်ပါတယ်။
ဘူဒဲဆိုတာက စစ်တပ်ကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းဖြစ်ပြီး
ဂျီဂဲ ဆိုတာကတော့ စွပ်ပြုတ်ကို ဆိုလိုတာပါ။ ဒါကြောင့်မို့
Army Stew ဆိုတဲ့ အခေါ်အဝေါ်လေး ပေါ်ပေါက်လာတာပါ။
၁၉၅၀ အစောပိုင်းတွေက ကိုရီးယားစစ်ပွဲတွေ ငြိမ်းသွားတဲ့အခါ
ကိုရီးယားမှာ အစားအစာ အင်မတန်မှ ရှားပါးခဲ့ပါတယ်။ အမေရိကန်
စစ်တပ်က ပိုလျှံနေတဲ့ processed meat တွေက ကိုရီးယားတွေ
အတွက် ဖြည့်စွက် အစားအစာဖြစ်ခဲ့ပါတယ်။
အမေရိကန်စစ်တပ် အခြေစိုက်ရာ ဆိုးလ်မြို့ မြောက်ဘက်ကနေ
တစ်နာရီကြာခရီးရှိတဲ့ အွီဂျွန်းဘူ ဒေသမှာ ဒီစွပ်ပြုတ်က နာမည်ကြီးပါ။
ဒီစွပ်ပြုတ်လုပ်စားကြတဲ့ အဓိက အကြောင်းရင်းက ပြင်ဆင်ရတာ
အရမ်းလွယ်လို့ပါ။ ပါဝင်ပစ္စည်းတွေကို လှီးဖြတ်ပေးရုံနဲ့ နှစ်သက်ရာ
အလိုက် ပါဝင်ပစ္စည်း အတိုးအလျော့ လုပ်လို့ရပါတယ်။
ဘူဒဲဂျီဂဲ လေးယောက်စာ ချက်မယ်ဆိုရင် ထည့်ရမယ့်
ပါဝင်ပစ္စည်းတွေကို ကြည့်ရအောင်…
ကြက်ပြုတ်ရည် ၄ ခွက်၊ ဝက်သားပြား ၂၀၀ ဂရမ်၊
CP ကြက်အူချောင်း ၁ ထုပ် ၊ CP အသားပြား တစ်ထုပ်၊
ဂျပန် တို့ဟူး ၂ ထုပ်၊ ကိုရီယားကင်ချီ တစ်ထုပ်၊ ချိစ် ၅ ပြား၊
ကြက်ဥ ၂ လုံး၊ ခေါက်ဆွဲခြောက်၊ မုန်ညင်းဖြူ ၊ မုန်ညင်းစိမ်း ၊
ပြောင်းဖူး စသည်ဖြင့် ကြိုက်နှစ်သက်ရာ အသီးအရွက်၊
ကြက်သွန်မြိတ်ကိုရီးယားဟင်း အနှစ် ထမင်းစားဇွန်း ၄ ဇွန်း၊ အပ်မှို
ပြုလုပ်နည်း အဆင့်ဆင့်ကို ပြောပြပါမယ်။
၁။ မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ဝက်သားပြား၊ CP ကြက်အူချောင်း၊
CP အသားပြား၊ ကင်ချီ တွေကို စီပါ။ အပေါ်ကနေ အရွက်တွေ၊
မှိုတွေ၊ ကြက်သွန်မြိတ်၊ တို့ဟူးတွေစီပါ။
၂။ ကိုရီးယား ဟင်းအနှစ်ထည့်ပါ။ ကြက်ပြုတ်ရည် လောင်းပြီး
ပွက်ပွက်ဆူတဲ့ အထိ တည်ထားလိုက်ပါ။
၃။ အသားတွေ အားလုံးနူးပြီ ဆိုတော့မှ အပေါ့အငံလေး မြည်း
ငံပြာရည်လေး လိုသလောက်ပေါက်ပါ။
၄။ ခေါက်ဆွဲခြောက်လေးထည့် အပေါ်က ချိစ်ပြားလေးတင်
ကြက်ဥလေး ဖောက်ထည့်ပါ။ မီးအရှိန်လျှော့လိုက်ပါ။
ဒါဆို အရသာရှိတဲ့ ကိုရီးယား ဘူဒဲဂျီဂဲ ၄ ယောက်စာ ရပါပြီ။
May Moe (ရိုးရာလေး)
Ref: mykoreankitchen “Budae Jjigae (Army Stew)”




No comments:
Post a Comment