မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 6, 2020

အမႈိက္ေကာက္သမားအဘုိးအုိရဲ႕ မက္ဒလင္အစြမ္း

 ဂီတဌာန ဒု-ပါေမာကၡေတာင္ လာနားေထာင္ရတဲ့ 

အမႈိက္ေကာက္သမားအဘုိးအုိရဲ႕ မက္ဒလင္အစြမ္း 

-----------------------------------------------------------

စုထားတဲ့ ပုိက္ဆံနဲ႔ မက္ဒလင္တစ္လက္ ဝယ္ယူခဲ့ၿပီး 

ကုိယ့္ဘာသာကုိယ္ ေလ့လာသင္ယူခဲ့တဲ့ တ႐ုတ္ႏုိင္ငံ

ေတာင္ပုိင္းက အမႈိက္ေကာက္သမား အဘုိးအုိဟာ 

တ႐ုတ္ႏုိင္ငံမွာ ထင္ေပၚေက်ာ္ၾကားတဲ့ လမ္းေဘး

ေဖ်ာ္ေျဖေရးသမားတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ 

ဘယ္ေလာက္ေက်ာ္ၾကားလဲဆုိေတာ့ ေဒသခံတကၠသုိလ္ရဲ႕ 

ဂီတဌာန ဒုတိယ ပါေမာကၡေတာင္ သူ႔ရဲ႕ မက္ဒလင္ လက္သံကုိ 

လာေရာက္ နားဆင္ခဲ့ပါတယ္။

အသက္ ၆၆ ႏွစ္အရြယ္ အဘုိးအုိ ဝူကုိ ေမလ ၂၃ ရက္ေန႔မွာ

People’s Daily သတင္းဌာနက ေတြ႕ဆုံေမးျမန္းခဲ့ၿပီး အဲဒီ႐ုပ္သံ

မွတ္တမ္းကုိ တ႐ုတ္ႏုိင္ငံရဲ႕ တြစ္တာလုိ႔ တင္စားၾကတဲ့ ေဝဘုိ 

လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ 

အဘုိးအုိ ဝူရဲ႕ ဘဝဇာတ္ေၾကာငး္ကုိ တ႐ုတ္ႏုိင္ငံသားေတြ 

သတိထားမိခဲ့ၾကပါတယ္။

အဘုိးအုိ ဝူဟာ ဒုတိယအႀကိမ္ အိမ္ေထာင္ပ်က္ခဲ့ၿပီးေနာက္မွာေတာ့

ဘဝသစ္စတင္ဖုိ႔အတြက္ ၁၉၉၈ ခုႏွစ္မွာ နန္နင္းၿမိဳ႕ကုိ ေရာက္ရွိလာ

ခဲ့ပါတယ္။ သူဟာ သန္႔ရွင္းေရးအလုပ္ကအစ ကူလီထမ္းတဲ့အလုပ္

အဆုံး ႀကံဳရာက်ပန္း အလုပ္မ်ဳိးစုံ လုပ္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ 

အမႈိက္သိမ္းတဲ့ အလုပ္လုပ္ခဲ့ပါတယ္။

အဘုိးအုိ ဝူရဲ႕ ဘဝက ၾကမ္းတမ္းေပမယ့္ ႏူးညံ့တဲ့ သူ႔ႏွလုံးသားထဲမွာ

ဂီတက အစဥ္အၿမဲ ကိန္းေအာင္းေနခဲ့ပါတယ္။ သူ ငယ္ငယ္တုနး္က

ပုေလြမႈတ္တာ ထူးခၽြန္ပါတယ္။ ဒါေပမဲ့ အသက္ႀကီးလာခ်ိန္မွာ 

သြား တစ္ေခ်ာင္းမွမရွိေတာ့လုိ႔ ပုေလြမႈတ္တာကုိ စြန္႔လႊတ္ခဲ့ပါတယ္။ 

ဒါေပမဲ့ သူ တီးခတ္ဖုိ႔ ဝါသနာပါတဲ့ တူရိယာတစ္ခု ထပ္ေတြ႕ခဲ့ပါတယ္။ 

အဲဒါကေတာ့ မက္ဒလင္ပါပဲ။


သူ စုထားတဲ့ ပုိက္ဆံေလးနဲ႔ မက္ဒလင္တစ္လက္ ဝယ္ယူလုိက္ၿပီး

ေနာက္ပုိင္းမွာေတာ့ သူ႔ဘဝက ေျပာငး္လဲသြားခဲ့ပါတယ္။ မက္ဒလင္ 

တီးခတ္ဖုိ႔ အတြက္ ကုိယ္တုိင္ကုိယ္က် ေလ့လာခဲ့ၿပီး ထူးျခားတဲ့ 

ကုိယ္ပုိင္ဟန္တစ္ခု ဖန္တီးခဲ့ပါတယ္။ သူ႔ရဲ႕ ထူးျခားတဲ့ မက္ဒလင္

လက္သံက လူေတာ္ေတာ္မ်ားမ်ားကုိ ဆြဲေဆာင္ႏုိင္ခဲ့ပါတယ္။


ေမာ္စကုိညမ်ားလုိ႔ အမည္ရတဲ့ နာမည္ေက်ာ္ ႐ုရွား႐ုိးရာေတးကုိ 

ဝူက မက္ဒလင္တီးၿပီး ေဖ်ာ္ေျဖရာမွာ ေဒသခံတကၠသုိလ္တစ္ခုက 

ဂီတဌာနဒုတိယပါေမာကၡေတာင္ လာအားေပးခဲ့ပါတယ္။ ဝူဟာ 

လမ္းေဘးကေဖ်ာ္ေျဖေရးသမား တစ္ေယာက္ ျဖစ္လာခဲ့ၿပီး 

သူ႔ရဲ႕ ေဖ်ာ္ေျဖတင္ဆက္ပုံ ေၾကာင့္ ပရိသတ္အသစ္ေတြ 

တုိးတုိးလာခဲ့ပါတယ္။ ဒါတင္မကဘဲ ေက်ာင္းသားလူငယ္ေတြ 

ကလည္း သူ႔ဆီကေန မက္ဒလင္တီးတာသင္ဖုိ႔ စိတ္အားထက္သန္

ခဲ့ၾကပါတယ္။


ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း သူ႔ဆီမွာ မက္ဒလင္တီးတာ သင္ခ်င္တဲ့

ေက်ာင္းသား ၄၀ ေက်ာ္ ရွိခဲ့ၿပီး သူကလည္း အခမဲ့သင္ေပးခဲ့ပါတယ္။ 

”ကၽြန္ေတာ္က ႐ုိးရာဂီတသမားတစ္ေယာက္ပါ။ အေတာ္အသင့္ပဲ 

တတ္ကၽြမ္းပါတယ္။ အဲဒီအတြက္ မက္ဒလင္တီး သင္ေပးရာမွာ 

ပုိက္ဆံ မယူသင့္ပါဘူး”လုိ႔ ဝူက ေျပာပါတယ္။


ဝူရဲ႕ ေနာက္ဆုံးသင္တန္းသားကေတာ့ ကြမ္းရွီတကၠသုိလ္မွာ 

ဒုတိယႏွစ္ တက္ေရာက္ေနတဲ့ ေက်ာင္းသားျဖစ္ပါတယ္။ ဝူရဲ႕ 

လမ္းေဘးေဖ်ာ္ေျဖပြဲေတြကုိ အြန္လုိင္းကေန ေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္

သူ႔ဆီမွာ မက္ဒလင္ လာသင္ခဲ့တာျဖစ္ပါတယ္။


အေစာပုိင္းႏွစ္ေတြမွာ ဝူဆီကေန မက္ဒလင္ လာသင္တဲ့

ေက်ာင္းသားေတြက သူ႔အတြက္ လက္ေဆာင္ေတြ 

ယူလာတတ္သလုိပုိက္ဆံလည္း ေပးၾကပါတယ္။ ဒါေပမဲ့ 

ေနာက္ပုိင္းမွာေတာ့ ဝူက သူ႔ဆီလာလည္တဲ့အခါ လက္ေဆာင္

ဒါမွမဟုတ္ ပုိက္ဆံေတြ ယူလာရင္ ထြက္မေတြ႕ေတာ့ဘူးလုိ႔ 

ဆုိပါတယ္။


ဂီတအေပၚမွာ ဝူရဲ႕ စိတ္အားထက္သန္မႈနဲ႔ ဘဝအေပၚ 

အေကာငး္ျမင္စိတ္က လူငယ္ ေတာ္ေတာ္မ်ားမ်ားကုိ 

စိတ္အားတက္ၾကြေစခဲ့ပါတယ္။ တ႐ုတ္ လူမႈကြန္ရက္ 

အသုံးျပဳသူေတြက အဘုိးအုိ ဝူကုိ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကပါတယ္။ 

ေျပာခ်င္လြန္းလုိ႔ ပရိသတ္ေတြေရာ မက္ဒလင္တီး သင္ခ်င္ၾကလား။


source:Nanmalgyi

link -

https://www.facebook.com/PeoplesDaily/posts/1944134435638364

http://en.people.cn/n3/2018/0531/c90000-9466227.html

========================


ဂီတဌာန ဒု-ပါမောက္ခတောင် လာနားထောင်ရတဲ့ 

အမှိုက်ကောက်သမားအဘိုးအိုရဲ့ မက်ဒလင်အစွမ်း 

-----------------------------------------------------------


စုထားတဲ့ ပိုက်ဆံနဲ့ မက်ဒလင်တစ်လက် ဝယ်ယူခဲ့ပြီး 

ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူခဲ့တဲ့ တရုတ်နိုင်ငံ

တောင်ပိုင်းက အမှိုက်ကောက်သမား အဘိုးအိုဟာ 

တရုတ်နိုင်ငံမှာ ထင်ပေါ်ကျော်ကြားတဲ့ လမ်းဘေး

ဖျော်ဖြေရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ 

ဘယ်လောက်ကျော်ကြားလဲဆိုတော့ ဒေသခံတက္ကသိုလ်ရဲ့ 

ဂီတဌာန ဒုတိယ ပါမောက္ခတောင် သူ့ရဲ့ မက်ဒလင် လက်သံကို 

လာရောက် နားဆင်ခဲ့ပါတယ်။


အသက် ၆၆ နှစ်အရွယ် အဘိုးအို ဝူကို မေလ ၂၃ ရက်နေ့မှာ

People’s Daily သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပြီး အဲဒီရုပ်သံ

မှတ်တမ်းကို တရုတ်နိုင်ငံရဲ့ တွစ်တာလို့ တင်စားကြတဲ့ ဝေဘို 

လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ 

အဘိုးအို ဝူရဲ့ ဘဝဇာတ်ကြောင်းကို တရုတ်နိုင်ငံသားတွေ 

သတိထားမိခဲ့ကြပါတယ်။


အဘိုးအို ဝူဟာ ဒုတိယအကြိမ် အိမ်ထောင်ပျက်ခဲ့ပြီးနောက်မှာတော့

ဘဝသစ်စတင်ဖို့အတွက် ၁၉၉၈ ခုနှစ်မှာ နန်နင်းမြို့ကို ရောက်ရှိလာ

ခဲ့ပါတယ်။ သူဟာ သန့်ရှင်းရေးအလုပ်ကအစ ကူလီထမ်းတဲ့အလုပ်

အဆုံး ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ 

အမှိုက်သိမ်းတဲ့ အလုပ်လုပ်ခဲ့ပါတယ်။


အဘိုးအို ဝူရဲ့ ဘဝက ကြမ်းတမ်းပေမယ့် နူးညံ့တဲ့ သူ့နှလုံးသားထဲမှာ

ဂီတက အစဉ်အမြဲ ကိန်းအောင်းနေခဲ့ပါတယ်။ သူ ငယ်ငယ်တုန်းက

ပုလွေမှုတ်တာ ထူးချွန်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာချိန်မှာ 

သွား တစ်ချောင်းမှမရှိတော့လို့ ပုလွေမှုတ်တာကို စွန့်လွှတ်ခဲ့ပါတယ်။ 

ဒါပေမဲ့ သူ တီးခတ်ဖို့ ဝါသနာပါတဲ့ တူရိယာတစ်ခု ထပ်တွေ့ခဲ့ပါတယ်။ 

အဲဒါကတော့ မက်ဒလင်ပါပဲ။


သူ စုထားတဲ့ ပိုက်ဆံလေးနဲ့ မက်ဒလင်တစ်လက် ဝယ်ယူလိုက်ပြီး

နောက်ပိုင်းမှာတော့ သူ့ဘဝက ပြောင်းလဲသွားခဲ့ပါတယ်။ မက်ဒလင် 

တီးခတ်ဖို့ အတွက် ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့ပြီး ထူးခြားတဲ့ 

ကိုယ်ပိုင်ဟန်တစ်ခု ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ မက်ဒလင်

လက်သံက လူတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။


မော်စကိုညများလို့ အမည်ရတဲ့ နာမည်ကျော် ရုရှားရိုးရာတေးကို 

ဝူက မက်ဒလင်တီးပြီး ဖျော်ဖြေရာမှာ ဒေသခံတက္ကသိုလ်တစ်ခုက 

ဂီတဌာနဒုတိယပါမောက္ခတောင် လာအားပေးခဲ့ပါတယ်။ ဝူဟာ 

လမ်းဘေးကဖျော်ဖြေရေးသမား တစ်ယောက် ဖြစ်လာခဲ့ပြီး 

သူ့ရဲ့ ဖျော်ဖြေတင်ဆက်ပုံ ကြောင့် ပရိသတ်အသစ်တွေ 

တိုးတိုးလာခဲ့ပါတယ်။ ဒါတင်မကဘဲ ကျောင်းသားလူငယ်တွေ 

ကလည်း သူ့ဆီကနေ မက်ဒလင်တီးတာသင်ဖို့ စိတ်အားထက်သန်

ခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူ့ဆီမှာ မက်ဒလင်တီးတာ သင်ချင်တဲ့

ကျောင်းသား ၄၀ ကျော် ရှိခဲ့ပြီး သူကလည်း အခမဲ့သင်ပေးခဲ့ပါတယ်။ 

”ကျွန်တော်က ရိုးရာဂီတသမားတစ်ယောက်ပါ။ အတော်အသင့်ပဲ 

တတ်ကျွမ်းပါတယ်။ အဲဒီအတွက် မက်ဒလင်တီး သင်ပေးရာမှာ 

ပိုက်ဆံ မယူသင့်ပါဘူး”လို့ ဝူက ပြောပါတယ်။


ဝူရဲ့ နောက်ဆုံးသင်တန်းသားကတော့ ကွမ်းရှီတက္ကသိုလ်မှာ 

ဒုတိယနှစ် တက်ရောက်နေတဲ့ ကျောင်းသားဖြစ်ပါတယ်။ ဝူရဲ့ 

လမ်းဘေးဖျော်ဖြေပွဲတွေကို အွန်လိုင်းကနေ တွေ့ရှိခဲ့ပြီးတဲ့နောက်

သူ့ဆီမှာ မက်ဒလင် လာသင်ခဲ့တာဖြစ်ပါတယ်။


အစောပိုင်းနှစ်တွေမှာ ဝူဆီကနေ မက်ဒလင် လာသင်တဲ့

ကျောင်းသားတွေက သူ့အတွက် လက်ဆောင်တွေ 

ယူလာတတ်သလိုပိုက်ဆံလည်း ပေးကြပါတယ်။ ဒါပေမဲ့ 

နောက်ပိုင်းမှာတော့ ဝူက သူ့ဆီလာလည်တဲ့အခါ လက်ဆောင်

ဒါမှမဟုတ် ပိုက်ဆံတွေ ယူလာရင် ထွက်မတွေ့တော့ဘူးလို့ 

ဆိုပါတယ်။


ဂီတအပေါ်မှာ ဝူရဲ့ စိတ်အားထက်သန်မှုနဲ့ ဘဝအပေါ် 

အကောင်းမြင်စိတ်က လူငယ် တော်တော်များများကို 

စိတ်အားတက်ကြွစေခဲ့ပါတယ်။ တရုတ် လူမှုကွန်ရက် 

အသုံးပြုသူတွေက အဘိုးအို ဝူကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ 

ပြောချင်လွန်းလို့ ပရိသတ်တွေရော မက်ဒလင်တီး သင်ချင်ကြလား။


source:Nanmalgyi

link -

https://www.facebook.com/PeoplesDaily/posts/1944134435638364

http://en.people.cn/n3/2018/0531/c90000-9466227.html

No comments:

Post a Comment