မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 6, 2020

Day of the Dead Festival အေႀကာင္း

 CoCo ကာတြန္းကားထဲက 

Day of the Dead Festival အေႀကာင္း 

-----------------------------------------------

ေျပာခ်င္လြန္းလို႔ကေန တစ္ဆင္႔ ကေလးလူႀကီး 

အႀကိဳက္ေတြ႔ခဲ႔တဲ႔ CoCo Animated Movies 

ကာတြန္းကားေလးကို လူတိုင္းသိႀကမယ္ထင္ပါတယ္။

ဒီကားေလးဟာ Mexico နိုင္ငံရဲ႔ ရိုးရာအေငြ႔အသက္ေတြ 

လႊမ္းျခံဳထားတဲ႔ Mexican Music နဲ႕ Day of the Dead ဆိုတဲ႔

ရိုးရာပြဲေတာ္တစ္ခုကို ေက်ာရိုးထား ရိုက္ကူးသြားတာျဖစ္ပါတယ္။

ဒါေႀကာင္႔ ဆံုးပါးသူေတြအတြက္ ရည္ရြယ္က်င္းပတဲ႔ Day of the

Dead ပြဲေတာ္အေႀကာင္းကို အနည္းငယ္ ေဝမွ်ခ်င္ပါတယ္။

Mexico နိုင္ငံရဲ႕ ထင္ရွားတဲ့ ဒီပြဲေတာ္ရက္ဟာ နုိင္ငံရဲ႕ တရား၀င္ 

အမ်ားျပည္သူအားလပ္ရက္ေတြအျဖစ္ သတ္မွတ္ထားတာပါ၊၊ 

ဒီပြဲေတာ္ကို ၁၆ ရာစုအတြင္းတုန္းကေတာ့ ေႏြရာသီအစကာလမွာ 

က်င္းပျပဳလုပ္ေလ့ရွိခဲ့ေပမယ့္ တျဖည္းျဖည္းႏွစ္ကာလအလိုက္ 

ေျပာင္းလဲလာခဲ့တဲ့အတြက္ ယခုအခ်ိန္ကာလမွာေတာ့ ေအာက္တိုဘာ

လ ၃၁ ရက္ေန႔၊ နုိ၀င္ဘာလ ၁ ရက္ေန႔နဲ႔ ၂ ရက္ေန႔တို႔မွာ ဆင္ႏႊဲ

က်င္းပေနျပီျဖစ္ပါတယ္ …..

ေအာက္တိုဘာလ ၃၁ ရက္ေန႔ကို All Hallows Eve အျဖစ္

သတ္မွတ္ျပီး ဒီရက္မွာ ကေလးသူငယ္ေတြက angelitos 

( ေသဆံုးသြားတဲ့ ကေလးသူငယ္၀ိဥာဥ္မ်ား ) ကို ပြဲေတာ္ကို 

ဖိတ္ေခၚဖို႔အတြက္ စင္ငယ္ေလးေတြ ဖန္တီးၾကပါတယ္။ 

နို၀င္ဘာလ ၁ ရက္ေန႔ကိုေတာ့ All Saints Day လို႔ သတ္မွတ္ထားျပီး

အရြယ္ေရာက္ျပီးေတာ့မွ ဆံုးပါးသြားၾကသူေတြအတြက္ ရည္ရြယ္

က်င္းပၾကပါတယ္။ နို၀င္ဘာလ ၂ ရက္ေန႔ကိုေတာ့ All Souls Day 

အျဖစ္ သတ္မွတ္ျပီး မိသားစုေတြဟာ မိမိတုိ႔ေဆြမ်ိဳးသားခ်င္းေတြ

ျမွဳပ္ႏွံထားတဲ့ ဂူေတြ၊ အေခါင္းေတြကို ပန္းေတြ အလွအပေတြနဲ႔ 

တန္ဆာဆင္ဖို႔ စုစည္းေရာက္ရွိၾကပါတယ္။

ဒီပြဲေတာ္ ၃ ရက္လံုးမွာ marigold ပန္းေတြ၊ muertos ေပါင္မုန္႔ေတြ၊ 

သၾကားနဲ႔ဖန္တီးထားတဲ့ အရိုးေခါင္းခြံပံုစံငယ္ေတြ၊ ေရာင္စံုစကၠဴ

အလွအပေလးေတြ၊ အျခား ရုိးရာအစားအေသာက္ေတြ၊ ပြဲေတာ္

ဆင္ႏႊဲဖို႔ စီတန္းလမ္းေလွ်ာက္ပြဲေတြနဲ႔အတူ စည္ကားစြာ 

က်င္းပၾကပါတယ္။

ဒီ ၃ ရက္စာ ပြဲေတာ္အတြက္ အစီအစဥ္ေတြ၊ အစားအေသာက္ေတြ၊ 

ပန္းေတြကို တစ္ႏွစ္လံုးစိတ္ကူး စီစဥ္ၾကေလ့ရွိပါတယ္။ မိမိတုိ႔ 

ခ်စ္ခင္ရတဲ႔ ခြဲခြာသြားသူေတြကို အျမဲတမ္းအမွတ္ရေနေစဖို႔ 

သားစဥ္မ်ိဳးဆက္ လက္ဆင့္ကမ္းျပီး က်င္းပျပဳလုပ္ခဲ့ၾကျခင္း 

ျဖစ္ပါတယ္။


ပြဲေတာ္က်င္းပေနစဥ္မွာ သယ္ေဆာင္လာၾကတဲ့ မုန္႔ေတြ၊ 

အစားအေသာက္ေတြဟာ ခြဲခြါသြားေလသူ ၀ိဥာဥ္ေတြအတြက္ေရာ၊

သက္ရွိေတြအတြက္ေရာ ရည္စူးထားတာမို႔ မိသားစုၾကီးတစ္စုလံုး 

ေပ်ာ္ပြဲစားပမာ ေပ်ာ္ရႊင္စြာ ဆင္ႏႊဲၾကပါတယ္။ 

ဒီပြဲေတာ္ၾကီးဟာ နုိင္ငံေတြ၊ ျမိဳ႕ေတြကြဲျပားတာနဲ႔လိုက္ျပီး 

အယူအဆေတြ၊ က်င္းပပံုေတြ ကြဲျပားၾကေပမယ့္

လြမ္းေမာဖြယ္၊ ေပ်ာ္ရႊင္ဖြယ္၊စိတ္၀င္စားဖြယ္ေကာင္းတာေၾကာင့္ 

ကမၻာအရပ္ရပ္က လူေတြေတာင္ လာေရာက္ေလ့လာ ဆင္ႏႊဲ

ၾကတဲ့အထိ စည္ကားလ်က္ ရွိေနပါတယ္ ။


ကဲ .. အခုေျပာျပလိုက္တဲ႔ Mexico နိုင္ငံရဲ႕ Day of The Dead 

ပြဲေတာ္အေႀကာင္းကို ဖတ္ျပီးေတာ႔ ဒီပြဲေတာ္အေႀကာင္း မသိရွိေသးတဲ႔ 

CoCo ကာတြန္းကား ဖန္ေတြအတြက္ လက္ဆင္႔ကမ္းမွ်ေဝေပးလိုက္

ၾကပါဦး။


pMk ( Cant W8 2 Say )

source:Nanmalgyi

=============================


CoCo ကာတွန်းကားထဲက 

Day of the Dead Festival အကြောင်း 

-----------------------------------------------


ပြောချင်လွန်းလို့ကနေ တစ်ဆင့် ကလေးလူကြီး 

အကြိုက်တွေ့ခဲ့တဲ့ CoCo Animated Movies 

ကာတွန်းကားလေးကို လူတိုင်းသိကြမယ်ထင်ပါတယ်။

ဒီကားလေးဟာ Mexico နိုင်ငံရဲ့ ရိုးရာအငွေ့အသက်တွေ 

လွှမ်းခြုံထားတဲ့ Mexican Music နဲ့ Day of the Dead ဆိုတဲ့

ရိုးရာပွဲတော်တစ်ခုကို ကျောရိုးထား ရိုက်ကူးသွားတာဖြစ်ပါတယ်။

ဒါကြောင့် ဆုံးပါးသူတွေအတွက် ရည်ရွယ်ကျင်းပတဲ့ Day of the

Dead ပွဲတော်အကြောင်းကို အနည်းငယ် ဝေမျှချင်ပါတယ်။


Mexico နိုင်ငံရဲ့ ထင်ရှားတဲ့ ဒီပွဲတော်ရက်ဟာ နိုင်ငံရဲ့ တရားဝင် 

အများပြည်သူအားလပ်ရက်တွေအဖြစ် သတ်မှတ်ထားတာပါ၊၊ 

ဒီပွဲတော်ကို ၁၆ ရာစုအတွင်းတုန်းကတော့ နွေရာသီအစကာလမှာ 

ကျင်းပပြုလုပ်လေ့ရှိခဲ့ပေမယ့် တဖြည်းဖြည်းနှစ်ကာလအလိုက် 

ပြောင်းလဲလာခဲ့တဲ့အတွက် ယခုအချိန်ကာလမှာတော့ အောက်တိုဘာ

လ ၃၁ ရက်နေ့၊ နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ ဆင်နွှဲ

ကျင်းပနေပြီဖြစ်ပါတယ် …..


အောက်တိုဘာလ ၃၁ ရက်နေ့ကို All Hallows Eve အဖြစ်

သတ်မှတ်ပြီး ဒီရက်မှာ ကလေးသူငယ်တွေက angelitos 

( သေဆုံးသွားတဲ့ ကလေးသူငယ်ဝိဉာဉ်များ ) ကို ပွဲတော်ကို 

ဖိတ်ခေါ်ဖို့အတွက် စင်ငယ်လေးတွေ ဖန်တီးကြပါတယ်။ 

နိုဝင်ဘာလ ၁ ရက်နေ့ကိုတော့ All Saints Day လို့ သတ်မှတ်ထားပြီး

အရွယ်ရောက်ပြီးတော့မှ ဆုံးပါးသွားကြသူတွေအတွက် ရည်ရွယ်

ကျင်းပကြပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ကိုတော့ All Souls Day 

အဖြစ် သတ်မှတ်ပြီး မိသားစုတွေဟာ မိမိတို့ဆွေမျိုးသားချင်းတွေ

မြှုပ်နှံထားတဲ့ ဂူတွေ၊ အခေါင်းတွေကို ပန်းတွေ အလှအပတွေနဲ့ 

တန်ဆာဆင်ဖို့ စုစည်းရောက်ရှိကြပါတယ်။


ဒီပွဲတော် ၃ ရက်လုံးမှာ marigold ပန်းတွေ၊ muertos ပေါင်မုန့်တွေ၊ 

သကြားနဲ့ဖန်တီးထားတဲ့ အရိုးခေါင်းခွံပုံစံငယ်တွေ၊ ရောင်စုံစက္ကူ

အလှအပလေးတွေ၊ အခြား ရိုးရာအစားအသောက်တွေ၊ ပွဲတော်

ဆင်နွှဲဖို့ စီတန်းလမ်းလျှောက်ပွဲတွေနဲ့အတူ စည်ကားစွာ 

ကျင်းပကြပါတယ်။


ဒီ ၃ ရက်စာ ပွဲတော်အတွက် အစီအစဉ်တွေ၊ အစားအသောက်တွေ၊ 

ပန်းတွေကို တစ်နှစ်လုံးစိတ်ကူး စီစဉ်ကြလေ့ရှိပါတယ်။ မိမိတို့ 

ချစ်ခင်ရတဲ့ ခွဲခွာသွားသူတွေကို အမြဲတမ်းအမှတ်ရနေစေဖို့ 

သားစဉ်မျိုးဆက် လက်ဆင့်ကမ်းပြီး ကျင်းပပြုလုပ်ခဲ့ကြခြင်း 

ဖြစ်ပါတယ်။


ပွဲတော်ကျင်းပနေစဉ်မှာ သယ်ဆောင်လာကြတဲ့ မုန့်တွေ၊ 

အစားအသောက်တွေဟာ ခွဲခွါသွားလေသူ ဝိဉာဉ်တွေအတွက်ရော၊

သက်ရှိတွေအတွက်ရော ရည်စူးထားတာမို့ မိသားစုကြီးတစ်စုလုံး 

ပျော်ပွဲစားပမာ ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။ 


ဒီပွဲတော်ကြီးဟာ နိုင်ငံတွေ၊ မြို့တွေကွဲပြားတာနဲ့လိုက်ပြီး 

အယူအဆတွေ၊ ကျင်းပပုံတွေ ကွဲပြားကြပေမယ့်

လွမ်းမောဖွယ်၊ ပျော်ရွှင်ဖွယ်၊စိတ်ဝင်စားဖွယ်ကောင်းတာကြောင့် 

ကမ္ဘာအရပ်ရပ်က လူတွေတောင် လာရောက်လေ့လာ ဆင်နွှဲ

ကြတဲ့အထိ စည်ကားလျက် ရှိနေပါတယ် ။


ကဲ .. အခုပြောပြလိုက်တဲ့ Mexico နိုင်ငံရဲ့ Day of The Dead 

ပွဲတော်အကြောင်းကို ဖတ်ပြီးတော့ ဒီပွဲတော်အကြောင်း မသိရှိသေးတဲ့ 

CoCo ကာတွန်းကား ဖန်တွေအတွက် လက်ဆင့်ကမ်းမျှဝေပေးလိုက်

ကြပါဦး။


pMk ( Cant W8 2 Say )

source:Nanmalgyi

No comments:

Post a Comment