ဒုကၡ တစ္ခု ႀကံဳတိုင္း ကုသိုလ္ တစ္ခု လုပ္္ပါ
---------------------------------------------------
တစ္ေန႔ ေသာအခါ ဆရာေတာ္ ဦးဗုဓ္ ၏ မယ္ေတာ္ႀကီး သည္
မိမိ ေနအိမ္ မီးေလာင္သြားေသာ ေၾကာင့္ သား ဦးဇင္း ထံ သို႔
ေျပး လာပါတယ္။ သူ႕ခဗ်ာ မုဆိုးမႀကီး ဆိုေတာ့ အားကိုးလဲ
မရွိ ရွာပါဘူး။ အဲဒိအတြက္ သားဦးဇင္း ထံ အားကိုး တႀကီး နဲ႔
ေျပး လာတာ ပါ ။
အဲဒိ အခ်ိန္မွာ ဆရာေတာ္ ဦးဗုဓ္ က မင္းကိုးကြယ္ တဲ့
ဆရာေတာ္ ျဖစ္ေနပါၿပီ ။ မယ္ေတာ္ႀကီး အတြက္ေနစရာ
အိမ္တစ္လံုးေတာ့ ေကာင္းေကာင္း ဖန္တီးေပးႏူိင္စြမ္း ရွိပါတယ္။
ဘုရင္ကိုယ္တိုင္က အလြန္ၾကည္ညိဳတဲ့ ဆရာေတာ္ ျဖစ္တဲ့အတြက္
လာဘ္လာဘ ေပါမ်ားမယ္ ဆိုတာ ယံုမွားဖြယ္ မရွွိပါဘူး။
ဒါယကာေတြကို မယ္ေတာ့္အိမ္ မီးထဲပါသြားတယ္လို႔
ေျပာလိုက္တာနဲ႔ ကိစၥၿပီးႏိူင္ပါတယ္။ ဒါပင္မဲ့ ဆရာေတာ္
ဦးဗုဓ္ က မယ္ေတာ္ႀကီး လာတဲ့အခါ မွာ ဘာေမး လဲဆိုေတာ့…
“ ခု မယ္ေတာ္ႀကီးအိမ္ မီးထဲပါသြားၿပီ။ ဘာေတြက်န္ေသးလဲ” လို႔
ေမးပါတယ္။ ဒီအခါမွာ မယ္ေတာ္ႀကီး က အားကိုးတႀကီး နဲ ့
“ တပည့္ေတာ္မ မွာ အခုဝတ္ထားတဲ့အဝတ္နဲ႔ ပခံုး ေပၚက
ဒီတဘက္ တစ္ထည္ပဲ က်န္ပါေတာ့ တယ္ဘုရား…” လို႔
ေလွ်ာက္လိုက္ ပါတယ္။
ဆရာေတာ္ ဦးဗုဓ္ က
“ မယ္ေတာ္ႀကီးေရွ႕က ျပဳခဲ့တဲ့ အကုသိုလ္ေတြေၾကာင့္
ခုလိုဒုကၡေတြ ေရာက္ရတာ ။ ဒါေၾကာင့္ ကုသိုလ္ျပဳပါ” ဆိုၿပီး
ပုခံုးေပၚက တဘက္ေလးကို အလွဴခံ လိုက္ပါတယ္။
ဆရာေတာ္ဘုရား ဟာ ပညာရွိျဖစ္သည့္ အားေလွ်ာ္စြာ
ျပဳမူေဆာင္ရြက္ခဲ့တာပါ။ ဒါေၾကာင့္ ဆရာေတာ္ အျပဳမူဟာ
ေနာက္လူေတြ အတြက္ လမ္းျပသြားတာမွတ္သား စရာပါ။
ဦးဇင္း တို႔ေတြဟာ တစ္ခါတစ္ေလမွာ ေကာင္းတာေတြ လဲ
လုပ္ပါလွ်က္ မွန္မွန္ ကန္ကန္ လဲလုပ္ ပါလွ်က္ ဒုကၡေတြြ
ႀကဳံေတ့ြရရင္ ဒါေရွ့အကုသိုလ္အက်ိဳးေပးလာၿပီ လို႔သိရပါမယ္။
အဲဒါမ်ဳိးအခ်ိန္ၾကရင္ ကုသိုလ္ တစ္ခုခု ကိုျပဳလိုက္ပါ ။ ဒါဆိုရင္
လက္ရိွအက်ိဳးေပးေနတဲ့ အကုသိုလ္ေတြ အနည္းငယ္ေတာ့
အားေပ်ာ့ သြား ပါ လိမ့္မယ္ ။ ေတာ္႐ုံ အကုသိုလ္ဆိုရင္ ေတာ့
ေပ်ာက္ကြယ္ သြားပါ လိမ့္ မယ္ သူေတာ္ေကာင္း တို႔ ။
တစ္ခ်ိဳ ့ဆိုရင္ အကုသိုလ္ေတြ လုပ္ေန ၿပီးေအာင္ၿမင္ ေနတာ
ေတြ႕ရ တတ္ ပါတယ္။ ဒါဟာေရွ႕ ကသူျပဳခဲ့တဲ့ ကုသိုလ္ေတြ
ရွိိေနလို႔ပါ။ ဥပမာ ခု လက္ရွိ အကုသိုလ္ လုပ္ေနၿပီး လမ္း မွာ
လက္စြပ္တစ္ကြင္းေကာက္ရတယ္ ဆို ပါ စို႔ ။ ဒါဆိုရင္အဲဒိ လူဟာ
ေရွ႕ ကုသိုလ္ ေၾကာင့္ လက္စြပ္ထက္ အဖိုး ႀကီးတဲ့ အရာတစ္ခု
ရႏူိင္ပင္မဲ့ လက္ရိွ အကုသိုလ္ေတြေၾကာင့္ လက္စြပ္ပဲ ရေတာ့တာပါ။
ကုသိုလ္ ေတြ ျပဳၿပီး လမ္းမွာဆိုင္ကယ္ တိုက္မိလို႔ ေပါင္က်ိဳးသြားတယ္
ဆိုပါ စုိ႔ဒါဆိုရင္ဒိ လူရဲ႕ ေရွ႕ အကုသိုလ္ ကံ က ေသႏိူင္ေလာက္တဲ့
အထိ အက်ိဳးေပးမွာ ျဖစ္ပင္မဲ့ လက္ရွိကုသိုလ္ေၾကာင့္ ေပါင္က်ိဳး႐ုံပဲ
ျဖစ္သြား တာ လို ့မွတ္သားရ ပါမယ္ ။
ဒါေၾကာင့္ စိတ္ညစ္စရာ ျပႆနာေတြ ဒုကၡေတြႀကံဳေတြ႕ လာတိုင္း
ကုသိုလ္ တစ္ခုခု အၿမဲျပဳပါ ။ ေကာင္းတာလုပ္ ပါလ်က္ ေကာင္းတာ
မျဖစ္ဘူး ဆိုၿပီးဘယ္ေတာ့ မွ အား မငယ္ ပါနဲ႔ ေရွ႕ ဘဝ က
ဘယ္ေလာက္ေတာင္ အကုသိုလ္ ေတြျပဳထား မိမွန္း ကိုယ္ မွ
မသိႏိုင္တာ။ အကယ္၍သာ ကုသိုလ္ ထပ္မျပဳရင္ အကုသိုလ္ေတြ
အက်ိဳးေပးခ်င္တိုင္း ေပခြင့္ ရသြားပါ လိမ့္မယ္ ။ ကုသုိလ္ေလး
ခံလိုက္ေတာ့ အကုသုိလ္္ ကဝင္ခ်င္တိုင္း ဝင္မရေတာ့ ဘူးေပါ့ ။
ဒါေၾကာင့္ ကုသိုလ္ ျပဳဖို႔ မေမ့ ၾကပါနဲ႔ ။
မိမိကုသိုလ္ေတြ ျပဳပါလွ်က္ နဲ႔ အကုသိုလ္ေတြ ႀကံဳခဲ့ရင္လဲ
ကုသိုလ္ သာ ျပဳရတာ တကယ္လဲ အက်ိဳး မေပးပါဘူး။
မထူးပါဘူးလို႔ ကုသိုလ္အေပၚ ယံုမွား သံသယ လံုးဝ မရွိပါနဲ႔လို႔
ေျပာ ၾကားတိုက္တြန္းလို ပါတယ္ သူူူေတာ္ေကာင္း အေပါင္းတို႔။
Credit_ျမတ္ဗုဒၶ၏သာသနာ
#MoeNatthar792
==============================
ဒုက္ခ တစ်ခု ကြုံတိုင်း ကုသိုလ် တစ်ခု လုပ်ပါ
---------------------------------------------------
တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ် ၏ မယ်တော်ကြီး သည်
မိမိ နေအိမ် မီးလောင်သွားသော ကြောင့် သား ဦးဇင်း ထံ သို့
ပြေး လာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလဲ
မရှိ ရှာပါဘူး။ အဲဒိအတွက် သားဦးဇင်း ထံ အားကိုး တကြီး နဲ့
ပြေး လာတာ ပါ ။
အဲဒိ အချိန်မှာ ဆရာတော် ဦးဗုဓ် က မင်းကိုးကွယ် တဲ့
ဆရာတော် ဖြစ်နေပါပြီ ။ မယ်တော်ကြီး အတွက်နေစရာ
အိမ်တစ်လုံးတော့ ကောင်းကောင်း ဖန်တီးပေးနိူင်စွမ်း ရှိပါတယ်။
ဘုရင်ကိုယ်တိုင်က အလွန်ကြည်ညိုတဲ့ ဆရာတော် ဖြစ်တဲ့အတွက်
လာဘ်လာဘ ပေါများမယ် ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။
ဒါယကာတွေကို မယ်တော့်အိမ် မီးထဲပါသွားတယ်လို့
ပြောလိုက်တာနဲ့ ကိစ္စပြီးနိူင်ပါတယ်။ ဒါပင်မဲ့ ဆရာတော်
ဦးဗုဓ် က မယ်တော်ကြီး လာတဲ့အခါ မှာ ဘာမေး လဲဆိုတော့…
“ ခု မယ်တော်ကြီးအိမ် မီးထဲပါသွားပြီ။ ဘာတွေကျန်သေးလဲ” လို့
မေးပါတယ်။ ဒီအခါမှာ မယ်တော်ကြီး က အားကိုးတကြီး နဲ့
“ တပည့်တော်မ မှာ အခုဝတ်ထားတဲ့အဝတ်နဲ့ ပခုံး ပေါ်က
ဒီတဘက် တစ်ထည်ပဲ ကျန်ပါတော့ တယ်ဘုရား…” လို့
လျှောက်လိုက် ပါတယ်။
ဆရာတော် ဦးဗုဓ် က
“ မယ်တော်ကြီးရှေ့က ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့်
ခုလိုဒုက္ခတွေ ရောက်ရတာ ။ ဒါကြောင့် ကုသိုလ်ပြုပါ” ဆိုပြီး
ပုခုံးပေါ်က တဘက်လေးကို အလှူခံ လိုက်ပါတယ်။
ဆရာတော်ဘုရား ဟာ ပညာရှိဖြစ်သည့် အားလျှော်စွာ
ပြုမူဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် ဆရာတော် အပြုမူဟာ
နောက်လူတွေ အတွက် လမ်းပြသွားတာမှတ်သား စရာပါ။
ဦးဇင်း တို့တွေဟာ တစ်ခါတစ်လေမှာ ကောင်းတာတွေ လဲ
လုပ်ပါလျှက် မှန်မှန် ကန်ကန် လဲလုပ် ပါလျှက် ဒုက္ခတွေ
ကြုံတေ့ွရရင် ဒါရှေ့အကုသိုလ်အကျိုးပေးလာပြီ လို့သိရပါမယ်။
အဲဒါမျိုးအချိန်ကြရင် ကုသိုလ် တစ်ခုခု ကိုပြုလိုက်ပါ ။ ဒါဆိုရင်
လက်ရှိအကျိုးပေးနေတဲ့ အကုသိုလ်တွေ အနည်းငယ်တော့
အားပျော့ သွား ပါ လိမ့်မယ် ။ တော်ရုံ အကုသိုလ်ဆိုရင် တော့
ပျောက်ကွယ် သွားပါ လိမ့် မယ် သူတော်ကောင်း တို့ ။
တစ်ချို့ဆိုရင် အကုသိုလ်တွေ လုပ်နေ ပြီးအောင်မြင် နေတာ
တွေ့ရ တတ် ပါတယ်။ ဒါဟာရှေ့ ကသူပြုခဲ့တဲ့ ကုသိုလ်တွေ
ရှိနေလို့ပါ။ ဥပမာ ခု လက်ရှိ အကုသိုလ် လုပ်နေပြီး လမ်း မှာ
လက်စွပ်တစ်ကွင်းကောက်ရတယ် ဆို ပါ စို့ ။ ဒါဆိုရင်အဲဒိ လူဟာ
ရှေ့ ကုသိုလ် ကြောင့် လက်စွပ်ထက် အဖိုး ကြီးတဲ့ အရာတစ်ခု
ရနိူင်ပင်မဲ့ လက်ရှိ အကုသိုလ်တွေကြောင့် လက်စွပ်ပဲ ရတော့တာပါ။
ကုသိုလ် တွေ ပြုပြီး လမ်းမှာဆိုင်ကယ် တိုက်မိလို့ ပေါင်ကျိုးသွားတယ်
ဆိုပါ စို့ဒါဆိုရင်ဒိ လူရဲ့ ရှေ့ အကုသိုလ် ကံ က သေနိူင်လောက်တဲ့
အထိ အကျိုးပေးမှာ ဖြစ်ပင်မဲ့ လက်ရှိကုသိုလ်ကြောင့် ပေါင်ကျိုးရုံပဲ
ဖြစ်သွား တာ လို့မှတ်သားရ ပါမယ် ။
ဒါကြောင့် စိတ်ညစ်စရာ ပြဿနာတွေ ဒုက္ခတွေကြုံတွေ့ လာတိုင်း
ကုသိုလ် တစ်ခုခု အမြဲပြုပါ ။ ကောင်းတာလုပ် ပါလျက် ကောင်းတာ
မဖြစ်ဘူး ဆိုပြီးဘယ်တော့ မှ အား မငယ် ပါနဲ့ ရှေ့ ဘဝ က
ဘယ်လောက်တောင် အကုသိုလ် တွေပြုထား မိမှန်း ကိုယ် မှ
မသိနိုင်တာ။ အကယ်၍သာ ကုသိုလ် ထပ်မပြုရင် အကုသိုလ်တွေ
အကျိုးပေးချင်တိုင်း ပေခွင့် ရသွားပါ လိမ့်မယ် ။ ကုသိုလ်လေး
ခံလိုက်တော့ အကုသိုလ် ကဝင်ချင်တိုင်း ဝင်မရတော့ ဘူးပေါ့ ။
ဒါကြောင့် ကုသိုလ် ပြုဖို့ မမေ့ ကြပါနဲ့ ။
မိမိကုသိုလ်တွေ ပြုပါလျှက် နဲ့ အကုသိုလ်တွေ ကြုံခဲ့ရင်လဲ
ကုသိုလ် သာ ပြုရတာ တကယ်လဲ အကျိုး မပေးပါဘူး။
မထူးပါဘူးလို့ ကုသိုလ်အပေါ် ယုံမှား သံသယ လုံးဝ မရှိပါနဲ့လို့
ပြော ကြားတိုက်တွန်းလို ပါတယ် သူူူတော်ကောင်း အပေါင်းတို့။
Credit_မြတ်ဗုဒ္ဓ၏သာသနာ

No comments:
Post a Comment