ကင္မ္ဂ်ံဳအန္း၊ ေဒၚနယ္ထရမ့္တို႔ႏွင့္ ႐ုပ္တူေအာင္
ပံုဖမ္းထားသူႏွစ္ဦး စင္ကာပူမွာ ေတြ႕ဆံု ...
---------------------------------------------------------
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္း၊ အေမရိကန္သမၼတ
ေဒၚနယ္ထရမ့္တို႔နဲ႔ ႐ုပ္တူေအာင္လို႔ ပံုဖမ္းထားသူႏွစ္ဦးဟာ မေန႔က
စင္ကာပူမွာ ထိပ္တိုက္ေတြ႕ဆံုခဲ့ၾကပါတယ္။ ဒါဟာ လာမယ့္သီတင္းပတ္
အေမရိကန္-ေျမာက္ကုိရီးယား အႀကီးအကဲ ႏွစ္ဦးအၾကား သမုိင္း၀င္
ထိပ္သီးေတြ႕ဆံုပြဲ မတိုင္ခင္ ခုလိုမ်ဳိး ေခါင္းေဆာင္ႏွစ္ဦးနဲ႔ ရုပ္တူေအာင္
ပံုဖမ္းထားသူႏွစ္ဦးတို႔ ႀကိဳတင္ ဆံုဆည္းခဲ့ၾကတာျဖစ္ပါတယ္။
ခုလိုမ်ဳိး အေမရိကန္နဲ႔ ေျမာက္ကုိရီးယား ေခါင္းေဆာင္ တို႔နဲ႔ ပံုတူေအာင္
ပံုဖမ္းထားၾကသူႏွစ္ဦးရဲ႕ ဆံုဆည္းမႈကိုေတာ့ လူအမ်ား စိတ္၀င္တစား
ရွိခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ယမန္ေန႔ ဇြန္လ ၈ ရက္မွာပဲ
ကင္မ္ဂ်ံဳအန္းနဲ႔ တူေအာင္ ပံုဖမ္းထားသူျဖစ္တဲ့ Howard X အမည္ရ
အမ်ဳိးသားကိုေတာ့ စင္ကာပူ အာဏာပိုင္ေတြက ေခၚယူစစ္ေဆး
ေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ထိပ္သီးအစည္းအေ၀း
က်င္းပမယ့္ ေနရာနဲ႔ ဆက္စပ္တဲ့ ဧရိယာေတြကေန ခပ္ေ၀းေ၀းေနဖုိ႔
၎ကုိ သတိေပးခဲ့ေၾကာင္းလည္း ေဟာင္ေကာင္အေျခစုိက္ လူတု၀ိဇၨာ
Howard X ေျပာသြားပါတယ္။ ေျမာက္ကုိရီးယားေခါင္းေဆာင္
ကင္မ္ဂ်ံဳအန္းနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ကေတာ့
လာမယ့္ ဇြန္လ ၁၂ ရက္မွာ စင္ကာပူမွာ သမုိင္း၀င္ေတြ႕ဆံုပြဲ
ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။
source:myanbnews
link -
ဒီကေန႔ ညေနပုိင္း ေလးနာရီေလာက္မွာေတာ့ ကင္မ္ဂ်ံဳအန္းဟာ
တ႐ုတ္ေလေၾကာင္းနဲ႔ စကၤာပူကုိ ေရာက္လာခဲ့ၿပီလုိ႔ ဆုိပါတယ္..
===========================
ကင်မ်ဂျုံအန်း၊ ဒေါ်နယ်ထရမ့်တို့နှင့် ရုပ်တူအောင်
ပုံဖမ်းထားသူနှစ်ဦး စင်ကာပူမှာ တွေ့ဆုံ ...
---------------------------------------------------------
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၊ အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်တို့နဲ့ ရုပ်တူအောင်လို့ ပုံဖမ်းထားသူနှစ်ဦးဟာ မနေ့က
စင်ကာပူမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ လာမယ့်သီတင်းပတ်
အမေရိကန်-မြောက်ကိုရီးယား အကြီးအကဲ နှစ်ဦးအကြား သမိုင်းဝင်
ထိပ်သီးတွေ့ဆုံပွဲ မတိုင်ခင် ခုလိုမျိုး ခေါင်းဆောင်နှစ်ဦးနဲ့ ရုပ်တူအောင်
ပုံဖမ်းထားသူနှစ်ဦးတို့ ကြိုတင် ဆုံဆည်းခဲ့ကြတာဖြစ်ပါတယ်။
ခုလိုမျိုး အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် တို့နဲ့ ပုံတူအောင်
ပုံဖမ်းထားကြသူနှစ်ဦးရဲ့ ဆုံဆည်းမှုကိုတော့ လူအများ စိတ်ဝင်တစား
ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ယမန်နေ့ ဇွန်လ ၈ ရက်မှာပဲ
ကင်မ်ဂျုံအန်းနဲ့ တူအောင် ပုံဖမ်းထားသူဖြစ်တဲ့ Howard X အမည်ရ
အမျိုးသားကိုတော့ စင်ကာပူ အာဏာပိုင်တွေက ခေါ်ယူစစ်ဆေး
မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိပ်သီးအစည်းအဝေး
ကျင်းပမယ့် နေရာနဲ့ ဆက်စပ်တဲ့ ဧရိယာတွေကနေ ခပ်ဝေးဝေးနေဖို့
၎င်းကို သတိပေးခဲ့ကြောင်းလည်း ဟောင်ကောင်အခြေစိုက် လူတုဝိဇ္ဇာ
Howard X ပြောသွားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်
ကင်မ်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကတော့
လာမယ့် ဇွန်လ ၁၂ ရက်မှာ စင်ကာပူမှာ သမိုင်းဝင်တွေ့ဆုံပွဲ
ပြုလုပ်သွားဖို့ ရှိနေပါတယ်။
source:myanbnews
link -
ဒီကနေ့ ညနေပိုင်း လေးနာရီလောက်မှာတော့ ကင်မ်ဂျုံအန်းဟာ
တရုတ်လေကြောင်းနဲ့ စင်္ကာပူကို ရောက်လာခဲ့ပြီလို့ ဆိုပါတယ်..




No comments:
Post a Comment