မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 10, 2020

နာမည္ၾကီးစားဖိုမႈး Anthony Bourdain

 ျငိမ္းခ်မ္းရာလမ္းကို ေရြးခ်ယ္သြားျပန္တဲ့ 

နာမည္ၾကီးစားဖိုမႈး Anthony Bourdain

----------------------------------------------

anthony bourdain in myanmar

ဇြန္လ ၅ ရက္ေန႔က ကုိယ့္ကိုယ္ကုိယ္ အဆံုးစီရင္မႈ ျပဳလုပ္ခဲ့တဲ့ 

Designer Kate Spade ရဲ့ ျဖစ္ရပ္အျပီးမွာ အခုလည္း လူေတြ 

မထင္မွတ္စရာ ဝမ္းနည္းဖြယ္အျဖစ္အပ်က္တစ္ခုက ထပ္ဆင့္

ဝင္လာျပန္ပါျပီ။

နာမည္ၾကီး စားဖိုမႈးလည္း ျဖစ္၊ စာေရးဆရာနဲ႔ TV Star လည္း 

ျဖစ္တဲ့ Anthony Bourdain ဟာ ဇြန္လ ၈ ရက္ေန႔က ကိုယ့္ကုိကုိယ္ 

ေသေၾကာင္းၾကံစည္သြားခဲ့ျပန္ပါျပီ။

Kate Spade

Anthony Bourdain ေသဆံုးခ်ိန္မွာ အသက္ ၆၁ နွစ္ရွိျပီ ျဖစ္ျပီး 

သူ႔ရဲ့ အသက္မဲ့ခႏၶာကိုယ္ကုိ ျပင္သစ္ႏုိင္ငံက သူတည္းတဲ့ 

ၾကယ္ငါးပြင့္အဆင့္ရွိ ဟုိတယ္ခန္းမွာ ေတြ႔ခဲ့ရတာပါ။ ဒီလုိ

ၾကားလိုက္ရတဲ့ သတင္းအရ သူ႔ရဲ့ ရႈိးေတြကို ေစာင့္ၾကည့္ေနတဲ့ 

ပရိသတ္ေတြအတြက္ အရမ္းကို တုန္လႈပ္ခဲ့ရျပီး Bourdain ရဲ့ ခ်စ္သူ 

မင္းသမီး Asia Argento ဟာဆိုရင္လည္း အရမ္းကို 

ေၾကကြဲဝမ္းနည္းေနခဲ့ပါတယ္။

Anthony Bourdain

Anthony Bourdain ဟာ ဟင္းခ်က္နည္းအသစ္ေတြ၊ ႏုိင္ငံတကာ

ယဥ္ေက်းမႈေတြနဲ႔  လူေတြရဲ့ အေလ့အထေတြကို တင္ဆက္ရုိက္ကူး

ျပသရာမွာ နာမည္ၾကီးသူပါ။ သူဟာ ကမၻာ့လႊမ္းမိုးမႈအရွိဆံုးစားဖိုမႈးမ်ား

စာရင္းမွာလည္း ပါဝင္သူျဖစ္ပါတယ္။ သူ႔ရဲ့ အေရာင္းရဆံံုးစာအုပ္ျဖစ္တဲ့ 

Kitchen Confidential : Adventures in the Culinary Underbelly ကို

၂၀၀၀ ခုႏွစ္မွာ ျဖန္႔ခ်ိခဲ့ျပီး သူ႔ရဲ႕ အေက်ာ္ၾကားဆံုး TV Show ကေတာ့

CNN အတြက္လုပ္တဲ့ “Anthony Bourdain : Parts Unknown” 

ျဖစ္ပါတယ္။ ဒီ TV Program နဲ႔ပဲ ၂၀၁၅ ခုႏွစ္မွာ Emmy Award ကို 

ဆြတ္ခူးဖူးသူလည္း ျဖစ္ပါတယ္။ Anthony Bourdain ဟာ ျမန္မာႏုိင္ငံ

မွာလည္း Program လာေရာက္ရိုက္ကူးဖူးသူလည္း ျဖစ္ပါတယ္။

Anthony Bourdain and Asia Argento

အခုေတာ့ Anthony Bourdain ဒီလို လုပ္ရတဲ့ အေၾကာင္းအရင္းကို 

မေတြ႔ရွိေသးဘဲ ကမာၻတစ္ဝွမ္းမွာေတာ့ တစ္ပတ္အတြင္း ႏွစ္ဦး

ဆက္တိုက္ ေသေၾကာင္းၾကံစည္မႈေတြေၾကာင့္ စိတ္ပိုင္းဆုိင္ရာ 

က်န္းမာေရးကို အထူးဂရုစိုက္ဖို႔ တပ္လွန္႔လို္က္သလို ျဖစ္သြားခဲ့ပါတယ္။

anthony bourdain in myanmar

Yoe Lu (Akhayar)

Ref : cnn.com ၊ nytimes.com

https://edition.cnn.com/2018/06/08/us/anthony-bourdain-obit/index.html

https://edition.cnn.com/2018/06/09/us/anthony-bourdain-fans-tributes/index.html

===============================


ငြိမ်းချမ်းရာလမ်းကို ရွေးချယ်သွားပြန်တဲ့ 

နာမည်ကြီးစားဖိုမှုး Anthony Bourdain

----------------------------------------------


ဇွန်လ ၅ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ပြုလုပ်ခဲ့တဲ့ 

Designer Kate Spade ရဲ့ ဖြစ်ရပ်အပြီးမှာ အခုလည်း လူတွေ 

မထင်မှတ်စရာ ဝမ်းနည်းဖွယ်အဖြစ်အပျက်တစ်ခုက ထပ်ဆင့်

ဝင်လာပြန်ပါပြီ။


နာမည်ကြီး စားဖိုမှုးလည်း ဖြစ်၊ စာရေးဆရာနဲ့ TV Star လည်း 

ဖြစ်တဲ့ Anthony Bourdain ဟာ ဇွန်လ ၈ ရက်နေ့က ကိုယ့်ကိုကိုယ် 

သေကြောင်းကြံစည်သွားခဲ့ပြန်ပါပြီ။


Anthony Bourdain သေဆုံးချိန်မှာ အသက် ၆၁ နှစ်ရှိပြီ ဖြစ်ပြီး 

သူ့ရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ပြင်သစ်နိုင်ငံက သူတည်းတဲ့ 

ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ခန်းမှာ တွေ့ခဲ့ရတာပါ။ ဒီလို

ကြားလိုက်ရတဲ့ သတင်းအရ သူ့ရဲ့ ရှိုးတွေကို စောင့်ကြည့်နေတဲ့ 

ပရိသတ်တွေအတွက် အရမ်းကို တုန်လှုပ်ခဲ့ရပြီး Bourdain ရဲ့ ချစ်သူ 

မင်းသမီး Asia Argento ဟာဆိုရင်လည်း အရမ်းကို 

ကြေကွဲဝမ်းနည်းနေခဲ့ပါတယ်။


Anthony Bourdain ဟာ ဟင်းချက်နည်းအသစ်တွေ၊ နိုင်ငံတကာ

ယဉ်ကျေးမှုတွေနဲ့  လူတွေရဲ့ အလေ့အထတွေကို တင်ဆက်ရိုက်ကူး

ပြသရာမှာ နာမည်ကြီးသူပါ။ သူဟာ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးစားဖိုမှုးများ

စာရင်းမှာလည်း ပါဝင်သူဖြစ်ပါတယ်။ သူ့ရဲ့ အရောင်းရဆံုံးစာအုပ်ဖြစ်တဲ့ 

Kitchen Confidential : Adventures in the Culinary Underbelly ကို

၂၀၀၀ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး သူ့ရဲ့ အကျော်ကြားဆုံး TV Show ကတော့

CNN အတွက်လုပ်တဲ့ “Anthony Bourdain : Parts Unknown” 

ဖြစ်ပါတယ်။ ဒီ TV Program နဲ့ပဲ ၂၀၁၅ ခုနှစ်မှာ Emmy Award ကို 

ဆွတ်ခူးဖူးသူလည်း ဖြစ်ပါတယ်။ Anthony Bourdain ဟာ မြန်မာနိုင်ငံ

မှာလည်း Program လာရောက်ရိုက်ကူးဖူးသူလည်း ဖြစ်ပါတယ်။


အခုတော့ Anthony Bourdain ဒီလို လုပ်ရတဲ့ အကြောင်းအရင်းကို 

မတွေ့ရှိသေးဘဲ ကမ္ဘာတစ်ဝှမ်းမှာတော့ တစ်ပတ်အတွင်း နှစ်ဦး

ဆက်တိုက် သေကြောင်းကြံစည်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ 

ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ တပ်လှန့်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။


Yoe Lu (Akhayar)

Ref : cnn.com ၊ nytimes.com

https://edition.cnn.com/2018/06/08/us/anthony-bourdain-obit/index.html

https://edition.cnn.com/2018/06/09/us/anthony-bourdain-fans-tributes/index.html


No comments:

Post a Comment