မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 10, 2020

အသုိက္အၿမံဳအား ဖ်က္ဆီးမည့္ စက္ယႏၱရားကို ေဒါသတႀကီးတိုက္ခိုက္ေနသည့္ လူ၀ံ ...

 အသုိက္အၿမံဳအား ဖ်က္ဆီးမည့္ စက္ယႏၱရားကို 

ေဒါသတႀကီးတိုက္ခိုက္ေနသည့္ လူ၀ံ ...

---------------------------------------------------

သူ႔ရဲ႕အသိုက္အၿမံဳကို ဖ်က္ဆီးမယ့္ ေျမတူးစက္ကို အျပင္းအထန္

ျပန္လည္တိုက္ခိုက္ေနတဲ့ ေအာ္ရန္ဂူတန္ (လူ၀ံ) တစ္ေကာင္ရဲ႕ 

စိတ္ထိခိုုက္ဖြယ္ ဗီြဒီယိုဖိုင္ တခု ထြက္ေပၚလာပါတယ္။

ဒီျဖစ္ရပ္ဟာ အင္ဒိုနီးရွားႏုိင္ငံ ေဘာ္နီယိုကကၽြန္းက ဆန္ဂိုင္ပူထရီ 

သစ္ေတာအတြင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဒါကိုနုိင္ငံတကာ တိရစာၦန္

ကာကြယ္ေရး အသင္း (I.A.R) မွ ဝန္ထမ္းတဦး က ဗီြဒီယုိ႐ုိက္ကူးၿပီး 

ေဖ့စ္ဘြတ္ခ္ေပၚ တင္လိုက္တာပါ။

ဒီဗီြဒီယိုဖိုင္မွာ လဲေနတဲ့ သစ္ပင္တပင္ေပၚကတစ္ဆင့္ ေျမတူးစက္ကို 

ေျပးတက္ေျပးဆင္း တိုက္ခိုက္ေနတဲ့ ေအာ္ရန္ဂူတန္တစ္ေကာင္ရဲ႕ 

လုပ္ရပ္ေၾကာင့္ အံ့ၾသမွင္သက္ေနတဲ့ သစ္ခုတ္ လုပ္သားေတြကို

ျမင္ေတြ႔ရပါတယ္။

ေျမတူးစက္ရဲ႕လက္တံႀကီးအေပၚ ေျမာက္တက္သြားတဲ့အခ်ိန္မွာ 

ေအာ္ရန္ဂူတန္ႀကီးက ခုန္ခုန္တိုက္ခိုက္ေနတာကို ဗီြဒီယိုမွာ 

စိတ္မခ်မ္းေျမ့ဖြယ္ျမင္ေတြ႔ရၿပီး လက္တံကိုမမီတဲ့အခါ ေဒါသတႀကီး

ေအာ္ဟစ္ဟိန္းေဟာက္ေနတာကိုလည္း ေတြ႔ရပါတယ္။

ဒီေအာ္ရန္ဂူတန္ကို တိရစာၦန္ကာကြယ္ေရးအဖြဲ႔က ေအာင္ျမင္စြာ

ကယ္ဆယ္နုိင္ခဲ့ၿပီး ေဒါသထြက္ေနတဲ့ သူ႔ကို ေဘးလြတ္ရာ 

ေရႊ႕ေျပာင္းေပးနုိုင္ခဲ့တယ္လို႔ The Sun သတင္းမွာေဖာ္ျပပါတယ္။


ဒီေျမတူးစက္ဟာ သူေနထိုင္ရာ ပတ္ဝန္းက်င္မွာရွိတဲ့ 

အရာအားလံုးကို ဖ်က္ဆီးပ်က္လိုက္တဲ့အေပၚ အခဲမေက်တဲ့အတြက္ 

ေအာ္ရန္ဂူတန္က အခုလို တုံ႔ျပန္တိုက္ခိုက္တာလုိ႔ I.R.A အဖြဲ႔ကေျပာၿပီး

ဒီတိရစာၦန္ေလးကို သစ္ေတာျပဳန္းတီးမႈနည္းပါးတဲ့ လံုၿခံဳရာ အရပ္တခုဆီ

ပို႔ေဆာင္ေပးနုိင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။


အင္ဒိုနီးရွားနိုင္ငံဟာ ဆိုးရြားတဲ့ သစ္ေတာျပဳန္းတီးမႈနဲ႔ ရင္ဆိုင္ေနရၿပီး 

သစ္ေတာျပဳန္းတီးမႈေၾကာင့္ ေအာ္ရန္ဂူတန္ေတြ အပါအဝင္ တိရစာၦန္

မ်ားစြာကို ျပင္းထန္စြာ ထိခိုက္ေစလ်က္ရွိပါတယ္။


ဒီဗီြဒီဖိုင္ကို ၂၀၁၃ ခုနွစ္ကတည္းက ႐ုိက္ကူးခဲ့တယ္လို႔ 

ယူဆရေပမယ့္ တိရစာၦန္ေစာင့္ေရွာက္ေရးအဖြဲ႔က အခုသီတင္းပတ္

ထဲမွာမွ ထုတ္ျပန္ခဲ့တာပါ။


ဗီဒီယုိၾကည့္ရန္ - (1:34)



Credit – DVB

link -

https://www.thesun.co.uk/news/6478757/orangutan-fight-digger-jungle-loggers-indonesia-video/

============================


အသိုက်အမြုံအား ဖျက်ဆီးမည့် စက်ယန္တရားကို 

ဒေါသတကြီးတိုက်ခိုက်နေသည့် လူဝံ ...

---------------------------------------------------


သူ့ရဲ့အသိုက်အမြုံကို ဖျက်ဆီးမယ့် မြေတူးစက်ကို အပြင်းအထန်

ပြန်လည်တိုက်ခိုက်နေတဲ့ အော်ရန်ဂူတန် (လူဝံ) တစ်ကောင်ရဲ့ 

စိတ်ထိခိုက်ဖွယ် ဗွီဒီယိုဖိုင် တခု ထွက်ပေါ်လာပါတယ်။


ဒီဖြစ်ရပ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကကျွန်းက ဆန်ဂိုင်ပူထရီ 

သစ်တောအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါကိုနိုင်ငံတကာ တိရစ္ဆာန်

ကာကွယ်ရေး အသင်း (I.A.R) မှ ဝန်ထမ်းတဦး က ဗွီဒီယိုရိုက်ကူးပြီး 

ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်တာပါ။


ဒီဗွီဒီယိုဖိုင်မှာ လဲနေတဲ့ သစ်ပင်တပင်ပေါ်ကတစ်ဆင့် မြေတူးစက်ကို 

ပြေးတက်ပြေးဆင်း တိုက်ခိုက်နေတဲ့ အော်ရန်ဂူတန်တစ်ကောင်ရဲ့ 

လုပ်ရပ်ကြောင့် အံ့သြမှင်သက်နေတဲ့ သစ်ခုတ် လုပ်သားတွေကို

မြင်တွေ့ရပါတယ်။


မြေတူးစက်ရဲ့လက်တံကြီးအပေါ် မြောက်တက်သွားတဲ့အချိန်မှာ 

အော်ရန်ဂူတန်ကြီးက ခုန်ခုန်တိုက်ခိုက်နေတာကို ဗွီဒီယိုမှာ 

စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ရပြီး လက်တံကိုမမီတဲ့အခါ ဒေါသတကြီး

အော်ဟစ်ဟိန်းဟောက်နေတာကိုလည်း တွေ့ရပါတယ်။


ဒီအော်ရန်ဂူတန်ကို တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က အောင်မြင်စွာ

ကယ်ဆယ်နိုင်ခဲ့ပြီး ဒေါသထွက်နေတဲ့ သူ့ကို ဘေးလွတ်ရာ 

ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ The Sun သတင်းမှာဖော်ပြပါတယ်။


ဒီမြေတူးစက်ဟာ သူနေထိုင်ရာ ပတ်ဝန်းကျင်မှာရှိတဲ့ 

အရာအားလုံးကို ဖျက်ဆီးပျက်လိုက်တဲ့အပေါ် အခဲမကျေတဲ့အတွက် 

အော်ရန်ဂူတန်က အခုလို တုံ့ပြန်တိုက်ခိုက်တာလို့ I.R.A အဖွဲ့ကပြောပြီး

ဒီတိရစ္ဆာန်လေးကို သစ်တောပြုန်းတီးမှုနည်းပါးတဲ့ လုံခြုံရာ အရပ်တခုဆီ

ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။


အင်ဒိုနီးရှားနိုင်ငံဟာ ဆိုးရွားတဲ့ သစ်တောပြုန်းတီးမှုနဲ့ ရင်ဆိုင်နေရပြီး 

သစ်တောပြုန်းတီးမှုကြောင့် အော်ရန်ဂူတန်တွေ အပါအဝင် တိရစ္ဆာန်

များစွာကို ပြင်းထန်စွာ ထိခိုက်စေလျက်ရှိပါတယ်။


ဒီဗွီဒီဖိုင်ကို ၂၀၁၃ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တယ်လို့ 

ယူဆရပေမယ့် တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က အခုသီတင်းပတ်

ထဲမှာမှ ထုတ်ပြန်ခဲ့တာပါ။


Credit – DVB

link -

https://www.thesun.co.uk/news/6478757/orangutan-fight-digger-jungle-loggers-indonesia-video/


No comments:

Post a Comment