ေတာအုပ္ထဲ လမ္းေပ်ာက္ေနတဲ့ ကေလးမေလးကို
(၂)ရက္ၾကာ ေစာင့္ေရွာက္ခဲ့တဲ့ ေခြးေလး ...
----------------------------------------------------
မိသားစုတစ္စုဟာ လူသူကင္းမဲ့ရာ ေတာအုပ္ထဲေရာက္ေနတဲ့
(၂)ႏွစ္အရြယ္ ကေလးမေလးေဘးမွာ တခ်ိန္လံုးေနၿပီး ေစာင့္ေရွာက္
ေပးခဲ့တဲ့ အိမ္ေခြးေလးကို သူရဲေကာင္းေလးတစ္ဦးျဖစ္ေၾကာင္း
ခ်ီးမြမ္းခဲ့ပါတယ္။ ကေလးမေလး ရွာလီကမ့္ပ္ဘဲလ္ဟာ ၿပီးခဲ့တဲ့
ၾကာသပေတးေန႔ မနက္(၁၀)နာရီေလာက္တုန္းက ကန္တက္ကီ
လက္ဘႏြန္လမ္းဆံုက အဖြားရဲ႕အိမ္ကေန ေပ်ာက္ဆံုးသြားခဲ့တာပါ။
အိမ္နားက ေတာအုပ္ထဲမွာ လမ္းေပ်ာက္ေနတယ္လို႔ ယူဆရတဲ့
ကေလးမေလးကို ကယ္ဆယ္ေရးအဖြဲ႔ေတြဟာ (၂)ရက္တိုင္တိုင္
ရွာေဖြခဲ့ေပမယ့္ မေတြ႔ခဲ့ၾကပါဘူး။ တကယ္ေတာ့ ရွာလီဟာ
သူမတစ္ဦးတည္း ေပ်ာက္ဆံုးသြားခဲ့တာ မဟုတ္ပါဘူး။ သူမနဲ႔အတူ
သစၥာရွိတဲ့ ပစ္တ္ဘူးလ္အမ်ိဳးအစား ေခြးေလး ပန္နီလဲလိုက္ပါလာၿပီး
သူမကိုအႏ ၱရာယ္ကင္းေအာင္ ေစာင့္ေရွာက္ေပးခဲ့ပါတယ္။
ၿပီးခဲ့တဲ့ စေနေန႔မွာေတာ့ ရွာလီနဲ႔ပန္နီတို႔ဟာ ေဘးမသီရန္မခပဲ
အိမ္ကိုျပန္ေရာက္လာခဲ့ပါတယ္။ ဘူးလ္လစ္ေကာင္တီ ရဲစခန္းက
ေျပာဆိုပံုအရ ေခြးေလးပန္နီဟာ ရွာလီကို အိမ္နီးခ်င္းေတြက
ျပန္လည္မေတြ႔ရွိခင္မွာ အိမ္ကိုအရင္ ျပန္ေရာက္လာတယ္လို႔
ဆိုပါတယ္။ ရွာလီဟာ စေနေန႔ ညေနေစာင္းေလာက္မွာ ရြိဳင္းလိန္း
လမ္းမၾကီးက ဆင္၀င္တစ္ခုကို လမ္းေလ်ွာက္လာခဲ့ေၾကာင္း၊
ဆင္၀င္ရွိရာ အိမ္ပိုင္ရွင္က ရွာလီကိုမွတ္မိၿပီး တာ၀န္ရွိသူေတြကို
ဆက္သြယ္ခဲ့ေၾကာင္း သိရပါတယ္။ ပန္နီကေတာ့ ရွာလီထက္ အရင္
မိနစ္အနည္းငယ္ ေစာၿပီး ေနအိမ္ဆီ ျပန္ရာက္လာခဲ့ပါတယ္။
ကေလးမေလး ရွာလီမွာ ဒဏ္ရာျပင္းျပင္းထန္ထန္ ရတာမ်ိဳးေတြ
မရွိခဲ့ပါဘူူ။ ဒါေပမယ့္ ရွာလီဟာ ေရဓာတ္ခမ္းေျခာက္ေနပံုရၿပီး
မႊားကိုက္ဒဏ္ရာ အနည္းငယ္သာရရွိခဲ့ပါတယ္။ လိုအပ္တဲ့
ေဆးစစ္မႈေတြ ျပဳလုပ္ဖို႔အတြက္ ရွာလီကို စေနေန႔မွာပဲ ေဆးရံုကို
ေခၚေဆာင္သြားခဲ့ပါတယ္။ ရွာလီဟာ ေခြးကေလးပန္နီနဲ႔ အတူတူ
ေနအိမ္ကို ေဘးမသီရန္မခ ျပန္ေရာက္လာခဲ့ေပမယ့္လည္း ရဲစခန္းက
သူမေပ်ာက္ဆံုးရတဲ့အေၾကာင္းရင္းနဲ႔ ပတ္သက္လို႔ စံုစမ္းမႈေတြ
ျပဳလုပ္ေနဆဲ ျဖစ္တယ္လို႔သိရပါတယ္။
လင္းလင္း (ShweMom)
Ref: Dailymail, Ladbible
=============================
တောအုပ်ထဲ လမ်းပျောက်နေတဲ့ ကလေးမလေးကို
(၂)ရက်ကြာ စောင့်ရှောက်ခဲ့တဲ့ ခွေးလေး ...
----------------------------------------------------
မိသားစုတစ်စုဟာ လူသူကင်းမဲ့ရာ တောအုပ်ထဲရောက်နေတဲ့
(၂)နှစ်အရွယ် ကလေးမလေးဘေးမှာ တချိန်လုံးနေပြီး စောင့်ရှောက်
ပေးခဲ့တဲ့ အိမ်ခွေးလေးကို သူရဲကောင်းလေးတစ်ဦးဖြစ်ကြောင်း
ချီးမွမ်းခဲ့ပါတယ်။ ကလေးမလေး ရှာလီကမ့်ပ်ဘဲလ်ဟာ ပြီးခဲ့တဲ့
ကြာသပတေးနေ့ မနက်(၁၀)နာရီလောက်တုန်းက ကန်တက်ကီ
လက်ဘနွန်လမ်းဆုံက အဖွားရဲ့အိမ်ကနေ ပျောက်ဆုံးသွားခဲ့တာပါ။
အိမ်နားက တောအုပ်ထဲမှာ လမ်းပျောက်နေတယ်လို့ ယူဆရတဲ့
ကလေးမလေးကို ကယ်ဆယ်ရေးအဖွဲ့တွေဟာ (၂)ရက်တိုင်တိုင်
ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ကြပါဘူး။ တကယ်တော့ ရှာလီဟာ
သူမတစ်ဦးတည်း ပျောက်ဆုံးသွားခဲ့တာ မဟုတ်ပါဘူး။ သူမနဲ့အတူ
သစ္စာရှိတဲ့ ပစ်တ်ဘူးလ်အမျိုးအစား ခွေးလေး ပန်နီလဲလိုက်ပါလာပြီး
သူမကိုအန ္တရာယ်ကင်းအောင် စောင့်ရှောက်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့မှာတော့ ရှာလီနဲ့ပန်နီတို့ဟာ ဘေးမသီရန်မခပဲ
အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ ဘူးလ်လစ်ကောင်တီ ရဲစခန်းက
ပြောဆိုပုံအရ ခွေးလေးပန်နီဟာ ရှာလီကို အိမ်နီးချင်းတွေက
ပြန်လည်မတွေ့ရှိခင်မှာ အိမ်ကိုအရင် ပြန်ရောက်လာတယ်လို့
ဆိုပါတယ်။ ရှာလီဟာ စနေနေ့ ညနေစောင်းလောက်မှာ ရွိုင်းလိန်း
လမ်းမကြီးက ဆင်ဝင်တစ်ခုကို လမ်းလျှောက်လာခဲ့ကြောင်း၊
ဆင်ဝင်ရှိရာ အိမ်ပိုင်ရှင်က ရှာလီကိုမှတ်မိပြီး တာဝန်ရှိသူတွေကို
ဆက်သွယ်ခဲ့ကြောင်း သိရပါတယ်။ ပန်နီကတော့ ရှာလီထက် အရင်
မိနစ်အနည်းငယ် စောပြီး နေအိမ်ဆီ ပြန်ရာက်လာခဲ့ပါတယ်။
ကလေးမလေး ရှာလီမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရတာမျိုးတွေ
မရှိခဲ့ပါဘူူ။ ဒါပေမယ့် ရှာလီဟာ ရေဓာတ်ခမ်းခြောက်နေပုံရပြီး
မွှားကိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပါတယ်။ လိုအပ်တဲ့
ဆေးစစ်မှုတွေ ပြုလုပ်ဖို့အတွက် ရှာလီကို စနေနေ့မှာပဲ ဆေးရုံကို
ခေါ်ဆောင်သွားခဲ့ပါတယ်။ ရှာလီဟာ ခွေးကလေးပန်နီနဲ့ အတူတူ
နေအိမ်ကို ဘေးမသီရန်မခ ပြန်ရောက်လာခဲ့ပေမယ့်လည်း ရဲစခန်းက
သူမပျောက်ဆုံးရတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ
ပြုလုပ်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။
လင်းလင်း (ShweMom)
Ref: Dailymail, Ladbible





No comments:
Post a Comment