“မႏၲေလးပါတ္ဝန္းက်င္က လူေတြသိပ္မသိေသးတဲ့
အလွဆံုးေရကန္ႀကီးရွိရာ အမရပူရၿမိဳ ့ဝင္က
မဟာစႏၵာမုနိဘုရားႀကီး”
-------------------------------------------------------
အခ်ိန္လဲသိပ္မေပးရ ေငြကုန္ေၾကးက်လဲ မမ်ားဘဲ
သြားေရာက္လည္ပါတ္ႏိုင္မယ့္ ေနရာေလးတခုေပါ့ 😉
📸 ဘယ္မွာရွိလဲဆိုေတာ့ …
မႏၲေလးၿမိဳ ့ထြက္ အမရပူရၿမိဳ ့အဝင္က စႏၵာမုနိဘုရားမွာရွိတာပါ ,
( မန္းေလးေတာင္ေျခက စႏၵာမုနိက သပ္သပ္တဆူပါ မတူပါဘူး)
၈၄ လမ္း (စစ္ကိုင္းလမ္း) အတိုင္းတည့္တည့္ႀကီးလိုက္သြားရင္
“အမရပူရမွႀကိဳဆိုပါ၏ဆိုင္းဘုတ္” မေရာက္ခင္ေလးမွာပဲ
မန္းေလးဘက္ကေနသြားရင္ လမ္းဘယ္ဖက္ျခမ္းမွာ
“မဟာစႏၵာမုနိျမတ္စြာဘုရားႀကီး” ဆိုတဲ့ ဆိုင္းဘုတ္ရွိတယ္ ,
အဲ့ဘုရားဝင္းႀကီးထဲ ဝင္သြားလိုက္ရံုပဲ ☺️
🚗 Car parking လဲေနရာအက်ယ္ႀကီးရွိတယ္
ကားရပ္ခေတာ့ မေပးခဲ့ရဘူး ☺️
– ဘုရားဝင္းထဲမွာပဲ ဓါတ္ပံု႐ိုက္ဖို ့ပုသိမ္ထီးငွားေပးတဲ့
ဆိုင္ေလးေတြလဲရွိတယ္ တလက္ ၅၀၀ က်ပ္ပါ ☂️
– ဆိ္ုင္ရွင္ အန္တီေတြက သစ္ရြက္ပံု သနပ္ခါးလဲ လိမ္းေပးတယ္
တေယာက္ ၂၀၀ ေတာ့ေပးရတယ္ 😬
– သစ္ပင္မွာ အလွပံု႐ိုက္ဖို ့ ႐ုပ္ေသး႐ုပ္ေလးေတြလဲ
ခ်ိတ္ေပးထားတယ္ တေယာက္ ၃၀၀ တဲ့ 😉
– ေရကန္မွာ႐ိုက္တာေတာ့ မေပးရပါဘူး ☺️
🙏🏻 ေစတီေတာ္က ဘံုအဆင့္ဆင့္ေလးေတြနဲ ့ မင္းကြန္းက
ျမသိန္းတန္ေစတီ အေသးစားေလးလိုပဲ , အတက္ေလွကား
တေလွ်ာက္မွာ ဘီလူး႐ုပ္ေတြ ရွိတာေတာ့ ထူးထူးျခားျခား
ေတြ ့ခဲ့ရပါတယ္ , ဘုရားဝင္းထဲမွာ ေရွးေဟာင္း အရံေစတီေတြ နဲ ့
မုဒ္ဦးေတြ ေတာ္ေတာ္မ်ားမ်ား က်န္ေနပါေသးတယ္ , ၿပိဳတဲ့ဟာေတြလဲ
ၿပိဳေနၿပီမို ့ ျမန္ျမန္ထိမ္းသိမ္းဖို ့ေတာ့ ေမွ်ာ္လင့္ရတာပါပဲ 😌
ေစတီရဲ ့အေရွ ့ဘက္နဲနဲေလွ်ာက္လိုက္ေတာ့ စႏၵာမုနိေရကန္ႀကီး ကို
ဘြားခနဲ ျမင္လိုက္ရတာ တကယ္ကို ၾကက္ေသေသသြားေတာ့တာပဲ ,
ပံုထဲမွာ ျမင္ဖူးတာ ေသးေသးေလးထင္ေနတာ အျပင္မွာ တကယ့္ကို
အေတာ္ႀကီးပါတယ္ , လူေတာင္ ေရကန္နဲ ့ယွဥ္ရင္ ေတာ္ေတာ္ေလး
ေသးသြားတယ္ , ေရကန္ကို ၾကည့္ရတာ ပိရမစ္ကို
ေျပာင္းျပန္ျမင္ေနရသလိုလဲ ခံစားမိပါတယ္ 😊,
ေလွကား အထစ္ေတြက တထစ္ တထစ္ကို အေတာ္ေလးျမင့္လို ့
ဆင္းမယ္ဆို သတိထား ဆင္းေစခ်င္ပါတယ္ 👌🏻
ဘုရားဝင္းထဲမွာပဲ “ထာဝရမႏၲေလ” ဇာတ္ကားထဲမွာပါတဲ့
ထေနာင္းပင္ႀကီးလဲရွိပါတယ္ , အရမ္းလွတဲ့ အပင္ႀကီးပါ ,
ေပါက္ေနတဲ့ ပံုကလဲ တကယ့္ကို အဆန္းတၾကယ္ပါ ,
အကိုင္းေတြ အျမစ္ေတြဆိုတာ ျဖာထြက္ၿပီး သိပ္ကို လွတာပါ 😊
ေန ့ခင္းသြားရင္ေတာ့ ေရကန္ဘက္မွာ အရိပ္မရွိလို ့ ေနပူပါမယ္ ,
မနက္ေစာေစာ နဲ ့ ညေနေစာင္းေလးသြားၾကဖို ့
အၾကံေပးခ်င္ပါတယ္ဗ် ✌🏻
သဘာဝအလွေတြကို ထိန္းသိမ္းတဲ့ အေနနဲ ့
အမိႈက္ေတြ မျပစ္ၾကဖို ့လဲ တိုက္တြန္းခ်င္ပါတယ္ဗ် 👌🏻😊
အားလံုးပဲ ယဥ္ေက်းမႈေရွးေဟာင္း အေမြႏွစ္ေနရာေတြကို
အေရာက္သြားၿပီး ေလ့လာႏိုင္ၾကပါေစဗ်ာ ☺️
ခ်စ္သူနဲ ့သြားမလား , သူငယ္ခ်င္းေတြနဲ ့သြားမလား
အခ်ိန္မကုန္ဘူး ေငြမကုန္ဘူး , ကဲ ျမန္ျမန္သြားဖို
့ ကိုယ့္အေဖာ္ကိုယ္ လက္တို ့လိုက္ၾကေပေတာ့ 😉✌🏼😍
Siraveller Si Thu
Siraveller – Let’s Travel with SiThu ေဖ့ဘုတ္ ေပ့ခ်္မွ
ကူးယူတင္ျပေပးပါသည္။
==========================
“မန္တလေးပါတ်ဝန်းကျင်က လူတွေသိပ်မသိသေးတဲ့
အလှဆုံးရေကန်ကြီးရှိရာ အမရပူရမြို့ဝင်က
မဟာစန္ဒာမုနိဘုရားကြီး”
အချိန်လဲသိပ်မပေးရ ငွေကုန်ကြေးကျလဲ မများဘဲ
သွားရောက်လည်ပါတ်နိုင်မယ့် နေရာလေးတခုပေါ့ 😉
📸 ဘယ်မှာရှိလဲဆိုတော့ …
မန္တလေးမြို့ထွက် အမရပူရမြို့အဝင်က စန္ဒာမုနိဘုရားမှာရှိတာပါ ,
( မန်းလေးတောင်ခြေက စန္ဒာမုနိက သပ်သပ်တဆူပါ မတူပါဘူး)
၈၄ လမ်း (စစ်ကိုင်းလမ်း) အတိုင်းတည့်တည့်ကြီးလိုက်သွားရင်
“အမရပူရမှကြိုဆိုပါ၏ဆိုင်းဘုတ်” မရောက်ခင်လေးမှာပဲ
မန်းလေးဘက်ကနေသွားရင် လမ်းဘယ်ဖက်ခြမ်းမှာ
“မဟာစန္ဒာမုနိမြတ်စွာဘုရားကြီး” ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ် ,
အဲ့ဘုရားဝင်းကြီးထဲ ဝင်သွားလိုက်ရုံပဲ ☺️
🚗 Car parking လဲနေရာအကျယ်ကြီးရှိတယ်
ကားရပ်ခတော့ မပေးခဲ့ရဘူး ☺️
– ဘုရားဝင်းထဲမှာပဲ ဓါတ်ပုံရိုက်ဖို့ပုသိမ်ထီးငှားပေးတဲ့
ဆိုင်လေးတွေလဲရှိတယ် တလက် ၅၀၀ ကျပ်ပါ ☂️
– ဆိုင်ရှင် အန်တီတွေက သစ်ရွက်ပုံ သနပ်ခါးလဲ လိမ်းပေးတယ်
တယောက် ၂၀၀ တော့ပေးရတယ် 😬
– သစ်ပင်မှာ အလှပုံရိုက်ဖို့ ရုပ်သေးရုပ်လေးတွေလဲ
ချိတ်ပေးထားတယ် တယောက် ၃၀၀ တဲ့ 😉
– ရေကန်မှာရိုက်တာတော့ မပေးရပါဘူး ☺️
🙏🏻 စေတီတော်က ဘုံအဆင့်ဆင့်လေးတွေနဲ့ မင်းကွန်းက
မြသိန်းတန်စေတီ အသေးစားလေးလိုပဲ , အတက်လှေကား
တလျှောက်မှာ ဘီလူးရုပ်တွေ ရှိတာတော့ ထူးထူးခြားခြား
တွေ့ခဲ့ရပါတယ် , ဘုရားဝင်းထဲမှာ ရှေးဟောင်း အရံစေတီတွေ နဲ့
မုဒ်ဦးတွေ တော်တော်များများ ကျန်နေပါသေးတယ် , ပြိုတဲ့ဟာတွေလဲ
ပြိုနေပြီမို့ မြန်မြန်ထိမ်းသိမ်းဖို့တော့ မျှော်လင့်ရတာပါပဲ 😌
စေတီရဲ့အရှေ့ဘက်နဲနဲလျှောက်လိုက်တော့ စန္ဒာမုနိရေကန်ကြီး ကို
ဘွားခနဲ မြင်လိုက်ရတာ တကယ်ကို ကြက်သေသေသွားတော့တာပဲ ,
ပုံထဲမှာ မြင်ဖူးတာ သေးသေးလေးထင်နေတာ အပြင်မှာ တကယ့်ကို
အတော်ကြီးပါတယ် , လူတောင် ရေကန်နဲ့ယှဉ်ရင် တော်တော်လေး
သေးသွားတယ် , ရေကန်ကို ကြည့်ရတာ ပိရမစ်ကို
ပြောင်းပြန်မြင်နေရသလိုလဲ ခံစားမိပါတယ် 😊,
လှေကား အထစ်တွေက တထစ် တထစ်ကို အတော်လေးမြင့်လို့
ဆင်းမယ်ဆို သတိထား ဆင်းစေချင်ပါတယ် 👌🏻
ဘုရားဝင်းထဲမှာပဲ “ထာဝရမန္တလေ” ဇာတ်ကားထဲမှာပါတဲ့
ထနောင်းပင်ကြီးလဲရှိပါတယ် , အရမ်းလှတဲ့ အပင်ကြီးပါ ,
ပေါက်နေတဲ့ ပုံကလဲ တကယ့်ကို အဆန်းတကြယ်ပါ ,
အကိုင်းတွေ အမြစ်တွေဆိုတာ ဖြာထွက်ပြီး သိပ်ကို လှတာပါ 😊
နေ့ခင်းသွားရင်တော့ ရေကန်ဘက်မှာ အရိပ်မရှိလို့ နေပူပါမယ် ,
မနက်စောစော နဲ့ ညနေစောင်းလေးသွားကြဖို့
အကြံပေးချင်ပါတယ်ဗျ ✌🏻
သဘာဝအလှတွေကို ထိန်းသိမ်းတဲ့ အနေနဲ့
အမှိုက်တွေ မပြစ်ကြဖို့လဲ တိုက်တွန်းချင်ပါတယ်ဗျ 👌🏻😊
အားလုံးပဲ ယဉ်ကျေးမှုရှေးဟောင်း အမွေနှစ်နေရာတွေကို
အရောက်သွားပြီး လေ့လာနိုင်ကြပါစေဗျာ ☺️
ချစ်သူနဲ့သွားမလား , သူငယ်ချင်းတွေနဲ့သွားမလား
အချိန်မကုန်ဘူး ငွေမကုန်ဘူး , ကဲ မြန်မြန်သွားဖို
့ ကိုယ့်အဖော်ကိုယ် လက်တို့လိုက်ကြပေတော့ 😉✌🏼😍
Siraveller Si Thu
Siraveller – Let’s Travel with SiThu ဖေ့ဘုတ် ပေ့ချ်မှ
ကူးယူတင်ပြပေးပါသည်။








No comments:
Post a Comment