မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, September 11, 2020

အရုိးစု မ်ား၏ ရာဇ၀င္

 ဥေရာပ ဘုရားေက်ာင္းမ်ားမွာ ဖြက္ထားတဲ့ 

အရုိးစု မ်ား၏ ရာဇ၀င္

----------------------------------------------

ဂ်ာမနီ ဆြစ္ဇလန္ နွင့္ ၾသစႀတီးယား တို႕မွာ ရွိတဲ့ ကတ္သလစ္ 

ဘုရားေက်ာင္းေတြမွာ မ်က္စိက်ိန္္းေလာက္ေအာင္ ဝင္းလက္

ေတာက္ေျပာင္လြန္းေသာ လွ်ဳိ႕ဝွက္ခ်က္ေတြ ဖံုးကြယ္ထားၾကပါတယ္။

အခ်ိန္အၾကာၾကီးေမ့ထားခဲ့ေသာ ေမြေတာ္ေတြဟာ ယခုဆိုရင္ အရုိးစု

မ်ားကို ရတနာမ်ားျဖင့္ အေသးစိတ္ ျပဳျပင္မြမ္းမံထားပါတယ္။ သူတို႔သည္ 

၁၆ ရာစုနွင့္ ၁၇ ရာစုမွ တကယ့္ သန္႕စင္မြန္ျမတ္ေသာ ေမြေတာ္မ်ား

ျဖစ္ၾကျပီး အရုိးစုေတြကေတာ့ နတ္ျပည္၏ခမ္းနားၾကီးက်ယ္မႈကို 

ထင္ဟပ္ေစရန္ လက္ျဖင့္အနုစိတ္ထားေသာ အာဇာနည္အရုိးစုေတြ

ျဖစ္တယ္။ သမိုင္းဆိုင္ရာအနုပညာရွင္ ဓာတ္ပံုဆရာ ေပါလ္ကေတာ့ 

သူ၏စာအုပ္ Heavenly Bodies တြင္ ရတနာမ်ားျဖင့္ ျပဳျပင္မြမ္းမံ

ထားေသာ အရုိးစုမ်ား ၇၀ ေက်ာ္ကို ဓာတ္ပံုရုိက္ခဲ့တယ္။ ၄င္းတြင္ 

သူသည္ ကတ္သလစ္ဘုရားေက်ာင္းက ေမ့ခ်င္ေနေသာ ေရွးေဟာင္း

ရုိးရာကို မီးေမာင္းထိုးျပသခဲ့တယ္။


အမည္မသိ အာဇာနည္မ်ား ♒ 

၁၅၇၈တြင္ ေရာမရွိ ဗီြနုိင္းယတ္ အလုပ္သမားမ်ားသည္ အီတလီ၏

အဓိကလမ္းမၾကီးတခုျဖစ္ေသာ ဗီြရာ ဆလာရီရာေအာက္တြင္ 

ၾကီးမားေသာ သခ်ိဳင္းအုတ္ဂူၾကီးကို ေတြ႕ခဲ့တယ္။ သူတို႔သခ်ိဳင္း

အုတ္ဂူၾကီးကို တူးေဖာ္ခဲ့တဲ့အခါ အေလာင္း ၅၀၀၀၀၀ နွင့္ ၇၅၀၀၀၀

ၾကား ပါဝင္ေၾကာင္း ရွာေဖြေတြ႕ရွိခဲ့သျဖင့္ အံ့အားသင့္ခဲ့ရတယ္။

အရုိးစုေတြဟာ အေလးအျမတ္ထားျပီး တန္ဖိုးရွိလာေပမယ့္ 

ဘယ္သူကမွ သူတို႔၏တကယ့္ ကိုယ္ပိုင္လကၡဏာကို မသိၾကပါဘူး။

သူတို႔သည္ သူတို႔မူလသခ်ိဳင္းကေန ဖယ္ရွားခံခဲ့ရျပီး သူတို႔ တခ်ိန္က 

ဘယ္လိုလူမ်ိဳးေတြ ျဖစ္သလဲဆိုတာနဲ႔ ပတ္သက္သည့့္ အခ်က္အလက္

အနည္းငယ္နဲ႕ ဂ်ာမနီ၊ ၾသစႀတီးယား နွင့္ ဆြစ္ဇလန္သို႕ ေရႊ႕ေျပာင္း

ခံခဲ့ရတယ္။ တခ်ိဳ႕ေသာ အရုိးစုေတြကိုေတာ့ သယ္ေဆာင္ခံခဲ့ရတယ္။ 

ဘာလုိ႔လဲဆိုေတာ့ သူတို႔သခ်ိဳင္းဂူအထက္မွာ M အမွတ္အသားပါရွိလို႔

ပါပဲ။ ၄င္း M ကို martyr လို႔ ယူဆခံခဲ့ရလို႔ပါပဲ။ ခ်က္ေက်ာင္းမ်ားအရ

သူတို႔ အာဇာနည္လို႔ ယူဆတဲ့ ရုပ္အေလာင္းေတြကို ေနရာခ်ရန္ 

စိတ္တန္ခိုးကိုပင္ အသံုးျပဳခဲ့ၾကတယ္။

အရုိးစုေတြ သူတို႔ပန္းတိုင္ေနရာသို႔ မေရာက္ရွိခင္ သူတို႔ကို သန္႔စင္

မြန္ျမတ္ေသာ ကိုယ္ပိုင္လကၡဏာကို ေပးအပ္ခဲ့တယ္။ သူတို႔သည္ 

ေရာက္ရွိေသာ ဘုရားေက်ာင္း၏ သတ္သတ္မွွတ္မွတ္ သူေတာ္စင္ 

သို႔  နတ္/နတ္သမီးမ်ား ျဖစ္လာပါေတာ့တယ္။


ပ်ံ႕နွံ႕သြားေသာ အေလ့အထ ♒ 

ဘုရားေက်ာင္းေတြဟာ သူတို႔အာဇာနည္အရုိးစုေတြကို မွာယူဖို႔ 

စိတ္အားထက္သန္ခဲ့ၾကတယ္။ Vatican အတြင္းမွ သံသယအခ်ိဳ႕

ရွိေနစဥ္ ဘုရားေက်ာင္းေတြကေတာ့ ဝယ္ယူမႈအေပၚအျပည့္အဝ 

ယံုၾကည္ခဲ့ၾကတယ္။ သီလရွင္ေတြနဲ႕ ဘုန္းေတာ္ၾကီးေတြကေတာ့ 

သူတုိ႕ေမြေတာ္အသစ္ေတြကို ျပင္ဆင္ျပီး ရွင္းလင္းေရး စတင္

လုပ္ေဆာင္ၾကတယ္။ သီလရွင္ေတြက သူတို႔ အဝတ္အစား 

ခ်ဳပ္လုပ္သည့္ အရည္အခ်င္းကို အသံုးခ်၍ အရုိးမ်ားဖံုးေအာင္ 

နူးညံ့ေသာ အဝတ္အထည္မ်ား ရက္လုပ္ၾကတယ္။ လက္ဝတ္တန္ဆာ

ရတနာေတြကေတာ့ ဘုန္းေတာ္ၾကီးေတြက အရုိးမ်ားဖံုးေအာင္ လွပ

ေသသပ္စြာ ဆင္ယင္ေပးခဲ့ၾကတယ္။ ထိုကဲ့သို႔ ျပင္ဆင္မြမ္းမံမႈေတြဟာ

နွစ္နဲ႕ခ်ီျပီး ၾကာျမင့္ခဲ့တယ္။ လက္ဝတ္ရတနာေတြနဲ႕ အဝတ္အထည္

ေတြကိုေတာ့ ခ်မ္းသာေသာ ဘုရားေက်ာင္းလာသူေတြက လွဴဒါန္းၾက

ေပမယ့္ မ်ားစြာေသာ သီလရွင္ေတြက အရုိးစုဝတ္ဆင္ဖို႔ သူတို႔ 

ကိုယ္ပိုင္လက္စြပ္ကို လွဴဒါန္းခဲ့ၾကတယ္။


ဘုရားေက်ာင္းအသုိင္းအဝန္းကို ျပသျပီးတာနဲ႔ အရုိးစုေတြဟာ 

ေက်ာ္ၾကားလာခဲ့တယ္။ သူတို႔ကို ဘုရားေက်ာင္းလာသူေတြက 

ရတနာေတြ ဆင္ျမန္းေပးခဲ့ျပီး အရုိးစုသူေတာ္စင္တစ္ဦးကို 

မိတ္ဆက္ျပီးေနာက္ သူတို႔သည္ ကတ္သလစ္ေတြ ယံုၾကည္မႈနွင့္ 

ေမ်ွာ္လင့္ခ်က္၏ သေကၤတေတြျဖစ္လာျပီး တမလြန္ဘဝနဲ႔ ျမင္ရေသာ

ဆက္ႏြယ္ခ်က္တစ္ခု ျဖစ္လာခဲ့တယ္။


အေရာင္မိွန္လာျခင္း ♒ 

ညဏ္အျမင္ပြင့္လင္းလာသည့္ေခတ္မွာေတာ့ မ်ားစြာေသာ 

သန္႔စင္မြန္ျမတ္သည့္ အရုိးစုေတြအတြက္ နွစ္ ၁၀၀ က်ာ္ေလာက္ 

အမြန္ျမတ္ထားခံခဲ့ရျပီးေနာက္ ေခတ္ကုန္ခ်ိန္ေရာက္လာပါေတာ့တယ္။

ဥေရာပတစ္ေလ်ွာက္ ရတနာေတြစီျခယ္ထားေသာ သူေတာ္စင္မ်ားနွင့္ 

တျခားေသာ ေမြေတာ္မ်ားနွင့္ အယူသီးသည့္ ပစၥည္းမ်ားကဲ့သို႔ေသာ 

ထုိသန္႔စင္မြန္ျမတ္ေသာ အရာေတြအေပၚ ျမင္သည့့္အျမင္ ေျပာင္းလဲ

လာခဲ့ၾကတယ္။

၁၈ ရာစုတြင္ ေရာမအင္ပါယာ ဂ်ဳိးဆက္ ၂ က မူလရင္းျမစ္အစကို 

မသိေသာ ပစၥည္းမွန္သမ်ွကို ပယ္ဖ်က္ရမည္လို႔ ေၾကညာခဲ့တယ္။ 

အရုိးစုေတြအမ်ားစုဟာ သူတို႔မူရင္းဘဝကို သက္ေသမျပနိုင္တဲ့အတြက္ 

အမ်ားစုကို အခန္းေတြထဲသို႔ ျပန္ထည့္ကာ အခ်ိဳ႕သည္ အဖိုးတန္ေသာ 

ရတနာမ်ားအတြက္ စီးနင္းတို္က္ခိုက္ျခင္းေတာင္ ခံရပါတယ္။


ဒါေပမဲ့ အရုိးစုအားလံုးကေတာ့ ဖံုးကြယ္ခံရ အေမ့ေလ်ာ့ခံရ 

ဖယ္ရွားျခင္းခံရတာေတာ့ မဟုတ္ပါဘူး။ ဥေရာပတစ္ေလ်ွာက္မွာ 

အမြန္ျမတ္ထားခံရေသာ အရုိးစုမ်ားစြာလည္း ရွိပါေသးတယ္။ 

ယေန႔မွာေတာ့ ဘာဘာရီရာရွိ Waldsassen Basilica တြင္ 

ရတနာမ်ားစီျခယ္ထားေသာ အရုိးစု စုစုေပါင္း ၁၀ ခု စုစည္းထားပါ

ေသးတယ္။ အေရာင္တလက္လက္ေတာက္ပေနေသာ အရုိးစုမ်ားကို 

ကတ္သလစ္ဘာသာဝင္ေတြရဲ႕ သမိုင္းနွင့္ ယံုၾကည္မႈ၏ တန္ဖိုးရွိေသာ

အပိုင္းအစေတြအေနနဲ႕ ဂုဏ္ယူစြာ ျပသထားပါေသးတယ္။


source:nanmalgyi

links -

https://www.pinterest.com/pin/361836151290086626/

https://people.com/celebrity/heavenly-bodies-book-photos-of-jewel-encrusted-skeletons/

=============================


ဥရောပ ဘုရားကျောင်းများမှာ ဖွက်ထားတဲ့ 

အရိုးစု များ၏ ရာဇဝင် 

----------------------------------------------


ဂျာမနီ ဆွစ်ဇလန် နှင့် သြစတြီးယား တို့မှာ ရှိတဲ့ ကတ်သလစ် 

ဘုရားကျောင်းတွေမှာ မျက်စိကျိန်းလောက်အောင် ဝင်းလက်

တောက်ပြောင်လွန်းသော လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားကြပါတယ်။

အချိန်အကြာကြီးမေ့ထားခဲ့သော မွေတော်တွေဟာ ယခုဆိုရင် အရိုးစု

များကို ရတနာများဖြင့် အသေးစိတ် ပြုပြင်မွမ်းမံထားပါတယ်။ သူတို့သည် 

၁၆ ရာစုနှင့် ၁၇ ရာစုမှ တကယ့် သန့်စင်မွန်မြတ်သော မွေတော်များ

ဖြစ်ကြပြီး အရိုးစုတွေကတော့ နတ်ပြည်၏ခမ်းနားကြီးကျယ်မှုကို 

ထင်ဟပ်စေရန် လက်ဖြင့်အနုစိတ်ထားသော အာဇာနည်အရိုးစုတွေ

ဖြစ်တယ်။ သမိုင်းဆိုင်ရာအနုပညာရှင် ဓာတ်ပုံဆရာ ပေါလ်ကတော့ 

သူ၏စာအုပ် Heavenly Bodies တွင် ရတနာများဖြင့် ပြုပြင်မွမ်းမံ

ထားသော အရိုးစုများ ၇၀ ကျော်ကို ဓာတ်ပုံရိုက်ခဲ့တယ်။ ၎င်းတွင် 

သူသည် ကတ်သလစ်ဘုရားကျောင်းက မေ့ချင်နေသော ရှေးဟောင်း

ရိုးရာကို မီးမောင်းထိုးပြသခဲ့တယ်။


အမည်မသိ အာဇာနည်များ ♒ 

၁၅၇၈တွင် ရောမရှိ ဗွီနိုင်းယတ် အလုပ်သမားများသည် အီတလီ၏

အဓိကလမ်းမကြီးတခုဖြစ်သော ဗွီရာ ဆလာရီရာအောက်တွင် 

ကြီးမားသော သချိုင်းအုတ်ဂူကြီးကို တွေ့ခဲ့တယ်။ သူတို့သချိုင်း

အုတ်ဂူကြီးကို တူးဖော်ခဲ့တဲ့အခါ အလောင်း ၅၀၀၀၀၀ နှင့် ၇၅၀၀၀၀

ကြား ပါဝင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် အံ့အားသင့်ခဲ့ရတယ်။


အရိုးစုတွေဟာ အလေးအမြတ်ထားပြီး တန်ဖိုးရှိလာပေမယ့် 

ဘယ်သူကမှ သူတို့၏တကယ့် ကိုယ်ပိုင်လက္ခဏာကို မသိကြပါဘူး။

သူတို့သည် သူတို့မူလသချိုင်းကနေ ဖယ်ရှားခံခဲ့ရပြီး သူတို့ တချိန်က 

ဘယ်လိုလူမျိုးတွေ ဖြစ်သလဲဆိုတာနဲ့ ပတ်သက်သည့် အချက်အလက်

အနည်းငယ်နဲ့ ဂျာမနီ၊ သြစတြီးယား နှင့် ဆွစ်ဇလန်သို့ ရွှေ့ပြောင်း

ခံခဲ့ရတယ်။ တချို့သော အရိုးစုတွေကိုတော့ သယ်ဆောင်ခံခဲ့ရတယ်။ 

ဘာလို့လဲဆိုတော့ သူတို့သချိုင်းဂူအထက်မှာ M အမှတ်အသားပါရှိလို့

ပါပဲ။ ၎င်း M ကို martyr လို့ ယူဆခံခဲ့ရလို့ပါပဲ။ ချက်ကျောင်းများအရ

သူတို့ အာဇာနည်လို့ ယူဆတဲ့ ရုပ်အလောင်းတွေကို နေရာချရန် 

စိတ်တန်ခိုးကိုပင် အသုံးပြုခဲ့ကြတယ်။


အရိုးစုတွေ သူတို့ပန်းတိုင်နေရာသို့ မရောက်ရှိခင် သူတို့ကို သန့်စင်

မွန်မြတ်သော ကိုယ်ပိုင်လက္ခဏာကို ပေးအပ်ခဲ့တယ်။ သူတို့သည် 

ရောက်ရှိသော ဘုရားကျောင်း၏ သတ်သတ်မှတ်မှတ် သူတော်စင် 

သို့  နတ်/နတ်သမီးများ ဖြစ်လာပါတော့တယ်။


ပျံ့နှံ့သွားသော အလေ့အထ ♒ 

ဘုရားကျောင်းတွေဟာ သူတို့အာဇာနည်အရိုးစုတွေကို မှာယူဖို့ 

စိတ်အားထက်သန်ခဲ့ကြတယ်။ Vatican အတွင်းမှ သံသယအချို့

ရှိနေစဉ် ဘုရားကျောင်းတွေကတော့ ဝယ်ယူမှုအပေါ်အပြည့်အဝ 

ယုံကြည်ခဲ့ကြတယ်။ သီလရှင်တွေနဲ့ ဘုန်းတော်ကြီးတွေကတော့ 

သူတို့မွေတော်အသစ်တွေကို ပြင်ဆင်ပြီး ရှင်းလင်းရေး စတင်

လုပ်ဆောင်ကြတယ်။ သီလရှင်တွေက သူတို့ အဝတ်အစား 

ချုပ်လုပ်သည့် အရည်အချင်းကို အသုံးချ၍ အရိုးများဖုံးအောင် 

နူးညံ့သော အဝတ်အထည်များ ရက်လုပ်ကြတယ်။ လက်ဝတ်တန်ဆာ

ရတနာတွေကတော့ ဘုန်းတော်ကြီးတွေက အရိုးများဖုံးအောင် လှပ

သေသပ်စွာ ဆင်ယင်ပေးခဲ့ကြတယ်။ ထိုကဲ့သို့ ပြင်ဆင်မွမ်းမံမှုတွေဟာ

နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့တယ်။ လက်ဝတ်ရတနာတွေနဲ့ အဝတ်အထည်

တွေကိုတော့ ချမ်းသာသော ဘုရားကျောင်းလာသူတွေက လှူဒါန်းကြ

ပေမယ့် များစွာသော သီလရှင်တွေက အရိုးစုဝတ်ဆင်ဖို့ သူတို့ 

ကိုယ်ပိုင်လက်စွပ်ကို လှူဒါန်းခဲ့ကြတယ်။


ဘုရားကျောင်းအသိုင်းအဝန်းကို ပြသပြီးတာနဲ့ အရိုးစုတွေဟာ 

ကျော်ကြားလာခဲ့တယ်။ သူတို့ကို ဘုရားကျောင်းလာသူတွေက 

ရတနာတွေ ဆင်မြန်းပေးခဲ့ပြီး အရိုးစုသူတော်စင်တစ်ဦးကို 

မိတ်ဆက်ပြီးနောက် သူတို့သည် ကတ်သလစ်တွေ ယုံကြည်မှုနှင့် 

မျှော်လင့်ချက်၏ သင်္ကေတတွေဖြစ်လာပြီး တမလွန်ဘဝနဲ့ မြင်ရသော

ဆက်နွယ်ချက်တစ်ခု ဖြစ်လာခဲ့တယ်။


အရောင်မှိန်လာခြင်း ♒ 

ညဏ်အမြင်ပွင့်လင်းလာသည့်ခေတ်မှာတော့ များစွာသော 

သန့်စင်မွန်မြတ်သည့် အရိုးစုတွေအတွက် နှစ် ၁၀၀ ကျာ်လောက် 

အမွန်မြတ်ထားခံခဲ့ရပြီးနောက် ခေတ်ကုန်ချိန်ရောက်လာပါတော့တယ်။

ဥရောပတစ်လျှောက် ရတနာတွေစီခြယ်ထားသော သူတော်စင်များနှင့် 

တခြားသော မွေတော်များနှင့် အယူသီးသည့် ပစ္စည်းများကဲ့သို့သော 

ထိုသန့်စင်မွန်မြတ်သော အရာတွေအပေါ် မြင်သည့်အမြင် ပြောင်းလဲ

လာခဲ့ကြတယ်။


၁၈ ရာစုတွင် ရောမအင်ပါယာ ဂျိုးဆက် ၂ က မူလရင်းမြစ်အစကို 

မသိသော ပစ္စည်းမှန်သမျှကို ပယ်ဖျက်ရမည်လို့ ကြေညာခဲ့တယ်။ 

အရိုးစုတွေအများစုဟာ သူတို့မူရင်းဘဝကို သက်သေမပြနိုင်တဲ့အတွက် 

အများစုကို အခန်းတွေထဲသို့ ပြန်ထည့်ကာ အချို့သည် အဖိုးတန်သော 

ရတနာများအတွက် စီးနင်းတိုက်ခိုက်ခြင်းတောင် ခံရပါတယ်။


ဒါပေမဲ့ အရိုးစုအားလုံးကတော့ ဖုံးကွယ်ခံရ အမေ့လျော့ခံရ 

ဖယ်ရှားခြင်းခံရတာတော့ မဟုတ်ပါဘူး။ ဥရောပတစ်လျှောက်မှာ 

အမွန်မြတ်ထားခံရသော အရိုးစုများစွာလည်း ရှိပါသေးတယ်။ 

ယနေ့မှာတော့ ဘာဘာရီရာရှိ Waldsassen Basilica တွင် 

ရတနာများစီခြယ်ထားသော အရိုးစု စုစုပေါင်း ၁၀ ခု စုစည်းထားပါ

သေးတယ်။ အရောင်တလက်လက်တောက်ပနေသော အရိုးစုများကို 

ကတ်သလစ်ဘာသာဝင်တွေရဲ့ သမိုင်းနှင့် ယုံကြည်မှု၏ တန်ဖိုးရှိသော

အပိုင်းအစတွေအနေနဲ့ ဂုဏ်ယူစွာ ပြသထားပါသေးတယ်။


source:nanmalgyi

links -

https://www.pinterest.com/pin/361836151290086626/

https://people.com/celebrity/heavenly-bodies-book-photos-of-jewel-encrusted-skeletons/

No comments:

Post a Comment