မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, September 11, 2020

ဘဝေနထုိင္နည္း

 ဘဝေနထုိင္နည္း

------------------


( ၁ ) သိသေလာက္ မေျပာပါနဲ႔

ကုိယ္သိတာနဲ႔ သူမ်ားက လက္ခံထားတာ မတူညီႏူိင္ပါဘူး

လူတစ္ေယာက္ရဲ႕ လက္ခံနားလည္မူွဆုိတာ အရြယ္နဲ႔ဆုိင္သလုိ

သူၾကဳံေတြ႔ခဲ့ရေသာ ဘဝအေတြ႔အၾကဳံ ၊ အေတြးအေခၚနဲ႔

ဆုိင္ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္တစ္ေယာက္ကုိ

မိန္းမယူတာ ၊ ရည္းစားထားတာ မေကာင္းဘူး အပူမ႐ွာနဲ႔

တရား႐ွာလုိ႔ သြားေျပာရင္ လက္ခံမွာ မဟုတ္ဘူးလုိ႔ ထင္ပါတယ္။

ပါးစပ္မွာ ခဲဖ်က္မပါသလုိ စကားဆုိတာကလည္း တန္ဖုိးထားတတ္

သူနဲ႔သာ သင့္ စကားေတြက တန္ဖုိးထားျခင္း ခံရမွာပါ။


( ၂ ) အျမင္မေတာ္ရင္ မ်က္ႏွာလြဲေနပါ


အျမင္မေတာ္တာေတြ႔တုိင္း ၊ မွားေနတာေတြ႔တုိင္း မ​ေျပာပါနဲ႔

အျမင္မေတာ္တုိင္းသာ ေျပာေနမယ္ဆုိင္ သင္ ရြာျပင္

အထုတ္ခံရပါလိမ့္မယ္။ ဘာလုိ႔လဲဆုိေတာ့ လူအမ်ားစုက ကုိယ္လုပ္

တာ ကုိယ္မွန္တယ္ထင္ေနၿပီး အမွန္တရားကုိေထာက္ျပရင္

သူတုိ႔ကုိ အ႐ွက္ခြဲတယ္ဆုိပီး သင့္ကုိ အျမင္ေစာင္းၾကပါလိမ့္မယ္။

လူအမ်ားအေ႐ွ႕မွာ ဖက္နမ္းေနပီး အျမင္မေတာ္ေသာ အျပဳအမူမ်ား

လုပ္ေဆာင္ေနေသာ ခ်စ္သူႏွစ္ဦးကုိ "မင္းတုိ႔ မ႐ွက္ၾကဘူးလားကြာ"

လုိ႔ သြားေျပာရင္ သင့္ကုိ အထင္လြဲသြားပါလိမ့္မယ္။


( ၃ ) ၾကားတုိင္းမယုံပါနဲ႔


နားဆုိတာက အၾကားအာ႐ုံျဖစ္ေသာေၾကာင့္ သင့္ နားထဲကုိ

ဟုတ္တာ ၊ မဟုတ္တာ ၊ မွန္တာ ၊ မမွန္တာ အကုန္ၾကားေနရပါလိမ့္

မယ္။ ၾကားေနတုိင္း လုိက္ခံစားေနရင္ သင့္ မွာ ႏွလုံးသား အပုိမပါ

သလုိ ဦးေႏွာက္လည္း အပုိမပါဘူးေလ။ လူတစ္ခ်ဳိ့က သင့္ကုိ တစ္မ်ဳိး

ေျပာမယ္ ၊ ေနာက္လူတစ္ခ်ဳိ့က သင့္ ကုိတစ္မ်ဳိးလာေျပာၾကပါလိမ့္မယ္။

ဘယ္သူေတြက ဘာေတြပဲေျပာေျပာ ကုိယ့္ဦးေႏွာက္နဲ႔ ခ်င့္ခ်ိန္ပီး

ႏွလုံးသားနဲ႔ ေတာ္သင့္႐ုံပဲ ခံစားပါ။

ျမင္ရင္ျမင္တယ္လုိ႔ မွတ္ ၊ ၾကားရင္ ၾကားတယ္လုိ႔မွတ္ၿပီး 

ေလာကမွာ ျဖစ္ပ်က္ေနတဲ့ အရာေတာ္ေတာ္မ်ားမ်ားကုိ 

သင္လက္ခံလာႏူိင္ရင္ သင့္ ပါးစပ္ကလည္း သင့္ေတာ္ေသာ ၊ 

အမုန္းမပြားေသာ ၊ အမ်ားလက္ခံႏူိင္ေသာ စကားကုိ 

ေျပာဆုိလာပါလိမ့္မယ္။


ႏူွတ္ ကုိေစာင့္စည္းလာႏူိင္ျခင္းသည္ လူမုန္းနည္းလာမယ္။

အျမင္က်ယ္က်ယ္ၾကည့္လာႏူိင္ၿပီး အေကာင္းျမင္စိတ္မ်ားလာရင္

သူေရာ မိမိပါ ေအးခ်မ္းလာပါလိမ့္မယ္။

နားကၾကားခဲ့သမ်ွကုိ ဟုိဘက္နားကဝင္ၿပီး ဒီဘက္နားက ထြက္ခဲ့ရင္

သင့္ ရင္ထဲမွာ ခံစားခ်က္နည္းလာသလုိ အျခားသူကုိ အျပစ္ျမင္မူွ

လည္း ေလ်ာ့နည္းလာၿပီး ကိစၥေတာ္ေတာ္မ်ားမ်ားမွာ 

သင္ ၿငိမ္းခ်မ္းေပ်ာ္ရႊင္လာပါလိမ့္မယ္။


သူငယ္ခ်င္း....

ေနတတ္ရင္ ၊ လက္ခံတတ္ရင္ အရာအားလံုးက 

ေက်နပ္စရာေတြခ်ည္းပါပဲ။


Credit _ ေလးစားစြာျဖင့္♥ ♥ ♥

ဇင္းနစ္​ မေကြး.

=============================


ဘဝနေထိုင်နည်း

------------------


( ၁ ) သိသလောက် မပြောပါနဲ့


ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး

လူတစ်ယောက်ရဲ့ လက်ခံနားလည်မူှဆိုတာ အရွယ်နဲ့ဆိုင်သလို

သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့

ဆိုင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို

မိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့

တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ်

သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။


( ၂ ) အမြင်မတော်ရင် မျက်နှာလွဲနေပါ


အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့

အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်

အထုတ်ခံရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်

တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင်

သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင်စောင်းကြပါလိမ့်မယ်။

လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ

လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ"

လို့ သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။


( ၃ ) ကြားတိုင်းမယုံပါနဲ့


နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို

ဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်

မယ်။ ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါ

သလို ဦးနှောက်လည်း အပိုမပါဘူးလေ။ လူတစ်ချို့က သင့်ကို တစ်မျိုး

ပြောမယ် ၊ နောက်လူတစ်ချို့က သင့် ကိုတစ်မျိုးလာပြောကြပါလိမ့်မယ်။

ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပီး

နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။

မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး 

လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို 

သင်လက်ခံလာနိူင်ရင် သင့် ပါးစပ်ကလည်း သင့်တော်သော ၊ 

အမုန်းမပွားသော ၊ အများလက်ခံနိူင်သော စကားကို 

ပြောဆိုလာပါလိမ့်မယ်။


နူှတ် ကိုစောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။

အမြင်ကျယ်ကျယ်ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင်

သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။

နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်

သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို အခြားသူကို အပြစ်မြင်မူှ

လည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ 

သင် ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။


သူငယ်ချင်း....

နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက 

ကျေနပ်စရာတွေချည်းပါပဲ။


Credit _ လေးစားစွာဖြင့်♥ ♥ ♥

ဇင်းနစ် မကွေး.

No comments:

Post a Comment