လေကြောင်းတက္ကသိုလ် မတက်ဖူးဘဲ
မိမိဘာသာ လေယာဉ်မောင်းပညာ လေ့လာခဲ့သူက
လေယာဉ်မှူးကြီးဖြစ်လာ ...
---------------------------------------------------------
▶ လူအများ လေးစားအားကျရသည့် လေယာဉ်မှူးတစ်ဦး
အကြောင်းကို ရုရှားမီဒီယာများက သတင်းတင်ဆက်သွားခဲ့သည်။
၎င်းသည် လေယာဉ်အမောင်းသင် တက္ကသိုလ် တစ်ခါမှ မတက်ဖူး
သော်လည်း ယင်းကျောင်းမှပေးသည့် ဘွဲ့တံဆိပ်မျိုးကို အတုလုပ်ပြီး
အလုပ်လျှောက်ထားခဲ့သည်။ ခရီးသည်ပေါင်းများစွာကို ခြောက်နှစ်
တိုင်တိုင် ကမ္ဘာအနှံ့ မောင်းနှင်ပို့ဆောင်ပေးခဲ့သည် ၎င်းသည်
မထင်မှတ်လောက်စရာ အကြောင်းလေးကြောင့် အလိမ်ပေါ်သွားခဲ့
ခြင်းဖြစ်သည်။
လေယာဉ်မောင်းသင်သည့် အခန်းငယ် Flight Simulator
၂၀၁၅ ခုနှစ် သြဂုတ်လတွင် ၎င်းသည် မော်စကိုမှ ဆိုက်ပရပ်စ်သို့
ဦးတည်ပျံသန်းခဲ့သည်။ ယူကရိန်း လေပိုင်နက်ထဲအရောက်တွင်
မြေပြင်ထိန်းချုပ်ရေးသမားနှင့် စည်းမျဉ်းအတိုင်း ဆက်သွယ်ပြောဆို
ရာတွင် ၎င်းက နည်းပညာ အသုံးအနှုန်းကို ပြောရမည့်အစား
'ယူကရိန်းပြည်ကြီးက သိပ်ကံကောင်းတာပဲ' ဟု ပြောသွားသည်။
၎င်း သုံးနှုန်းသွားသည့်စကားမှာ ထူးဆန်းလွန်းသဖြင့် ၎င်းကို
ကုမ္ပဏီက စစ်ဆေးတော့သည်။ ကုမ္ပဏီက ထိုကိစ္စကို ရုရှား စုံစမ်း
စစ်ဆေးရေးအား လွှဲလိုက်ရာ စစ်ဆေးရေးက စစ်ဆေးလိုက်သည့်
အခါတွင်မှ ၎င်းလိမ်ထားသမျှ အားလုံး ဘူးပေါ် ပေါ်သွားတော့သည်။
လေယာဉ်ဦးပိုင်းမှ လေယာဉ်မောင်းနှင်ခန်း Cockpit
၎င်းသည် လေယာဉ်မောင်းပညာ တစ်ခါမှ သင်ယူဖူးသူမဟုတ်ဘဲ
ခွင်တုစနစ်များသုံးကာ လေယာဉ်မောင်းပညာကို အရူးအမူး
လေ့လာပြီး တတ်ကျွမ်းလာခဲ့သူသာဖြစ်သည်။ ထို့ပြင် ၎င်းပြသည့်
လေကြောင်းတက္ကသိုလ် ဒီပလိုမာမှာလည်း အတုသာဖြစ်နေသည်။
အချုပ်ဆိုရသော် ၎င်းသည် တာဝန်မှ ရပ်စဲခံလိုက်ရတော့သည်။
မည်သို့ပင် ဆိုသော်ငြား ၁၉၇၄ ခုနှစ်တွင် မွေးဖွားခဲ့သည့်
ထိုအမျိုးသားသည် ၎င်းအိပ်မက်ကို မဆုတ်မနစ်သော ဇွဲဖြင့်
အကောင်အထည် ဖော်နိုင်ခဲ့သည်ပင်ဖြစ်သည်။
ချယ်ရီ (pyimyanmar)
(OC, 9.6.18)
=================================
လေကြောင်းတက္ကသိုလ် မတက်ဖူးဘဲ
မိမိဘာသာ လေယာဉ်မောင်းပညာ လေ့လာခဲ့သူက
လေယာဉ်မှူးကြီးဖြစ်လာ ...
---------------------------------------------------------
▶ လူအများ လေးစားအားကျရသည့် လေယာဉ်မှူးတစ်ဦး
အကြောင်းကို ရုရှားမီဒီယာများက သတင်းတင်ဆက်သွားခဲ့သည်။
၎င်းသည် လေယာဉ်အမောင်းသင် တက္ကသိုလ် တစ်ခါမှ မတက်ဖူး
သော်လည်း ယင်းကျောင်းမှပေးသည့် ဘွဲ့တံဆိပ်မျိုးကို အတုလုပ်ပြီး
အလုပ်လျှောက်ထားခဲ့သည်။ ခရီးသည်ပေါင်းများစွာကို ခြောက်နှစ်
တိုင်တိုင် ကမ္ဘာအနှံ့ မောင်းနှင်ပို့ဆောင်ပေးခဲ့သည် ၎င်းသည်
မထင်မှတ်လောက်စရာ အကြောင်းလေးကြောင့် အလိမ်ပေါ်သွားခဲ့
ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် သြဂုတ်လတွင် ၎င်းသည် မော်စကိုမှ ဆိုက်ပရပ်စ်သို့
ဦးတည်ပျံသန်းခဲ့သည်။ ယူကရိန်း လေပိုင်နက်ထဲအရောက်တွင်
မြေပြင်ထိန်းချုပ်ရေးသမားနှင့် စည်းမျဉ်းအတိုင်း ဆက်သွယ်ပြောဆို
ရာတွင် ၎င်းက နည်းပညာ အသုံးအနှုန်းကို ပြောရမည့်အစား
'ယူကရိန်းပြည်ကြီးက သိပ်ကံကောင်းတာပဲ' ဟု ပြောသွားသည်။
၎င်း သုံးနှုန်းသွားသည့်စကားမှာ ထူးဆန်းလွန်းသဖြင့် ၎င်းကို
ကုမ္ပဏီက စစ်ဆေးတော့သည်။ ကုမ္ပဏီက ထိုကိစ္စကို ရုရှား စုံစမ်း
စစ်ဆေးရေးအား လွှဲလိုက်ရာ စစ်ဆေးရေးက စစ်ဆေးလိုက်သည့်
အခါတွင်မှ ၎င်းလိမ်ထားသမျှ အားလုံး ဘူးပေါ် ပေါ်သွားတော့သည်။
၎င်းသည် လေယာဉ်မောင်းပညာ တစ်ခါမှ သင်ယူဖူးသူမဟုတ်ဘဲ
ခွင်တုစနစ်များသုံးကာ လေယာဉ်မောင်းပညာကို အရူးအမူး
လေ့လာပြီး တတ်ကျွမ်းလာခဲ့သူသာဖြစ်သည်။ ထို့ပြင် ၎င်းပြသည့်
လေကြောင်းတက္ကသိုလ် ဒီပလိုမာမှာလည်း အတုသာဖြစ်နေသည်။
အချုပ်ဆိုရသော် ၎င်းသည် တာဝန်မှ ရပ်စဲခံလိုက်ရတော့သည်။
မည်သို့ပင် ဆိုသော်ငြား ၁၉၇၄ ခုနှစ်တွင် မွေးဖွားခဲ့သည့်
ထိုအမျိုးသားသည် ၎င်းအိပ်မက်ကို မဆုတ်မနစ်သော ဇွဲဖြင့်
အကောင်အထည် ဖော်နိုင်ခဲ့သည်ပင်ဖြစ်သည်။
ချယ်ရီ (pyimyanmar)
(OC, 9.6.18)

No comments:
Post a Comment