အက္စ္တုိးနီးယားႏုိင္ငံသားမ်ား
ဘတ္စ္ကားအခမဲ့ စီးနင္းခြင့္ရေတာ့မည္
--------------------------------------------
အက္စ္တုိးနီးယားၿမဳိ႕ေတာ္တြင္ ေနထုိင္ၾကသည့္ ႏုိင္ငံသားမ်ားသည္
၂၀၁၃ ခုႏွစ္ကတည္းက စကာ ဘတ္စကား၊ ရထား အခမဲ့ စီးနင္းခြင့္
ရခဲ့ၾကသည္။ သုိ႔ေသာ္ ယခုအခါ အစုိးရက ယင္းအစီအစဥ္ကုိ တုိးခ်ဲ႕
လုပ္ေဆာင္သြားေတာ့မည္ျဖစ္သည္။
အစုိးရပုိင္ ဘတ္စကားမ်ားကုိ ႏုိင္ငံသားမ်ား တစ္ႏုိင္ငံလုံး အခမဲ့
စီးနင္းခြင့္ကုိ ဇူလုိင္လ ၁ ရက္တြင္ စတင္ရရွိမည္ျဖစ္သည္။
ၿမဳိ႕ေတာ္တြင္ေနထုိင္သည့္ ႏုိင္ငံသားမ်ား ဘတ္စကားသာမက
ရထားပါ အခမဲ့ စီးနင္းခြင့္ရရွိေသာ္လည္း ႏုိင္ငံျခားသားမ်ားမွာမူ
အခမဲ့ စီးနင္းခြင့္မရေပ။
ထုိ ဘတ္စကားစနစ္အတြက္ အက္စ္တုိးနီးယားအစုိးရက
ေဒၚလာ ၁၅ သန္း ထည့္ေပးထားသည္။ ေကာက္ခံရရွိသည့္အခြန္ကုိ
အစုိးရက ယခုကဲ့သုိ႔ အက်ဳိးရွိရွိ သုံးစြဲျခင္းျဖစ္သည္။
ခ်ယ္ရီ (pyimyanmar)
(DM, 9.6.18)
links -
==============================
အက်စ်တိုးနီးယားနိုင်ငံသားများ
ဘတ်စ်ကားအခမဲ့ စီးနင်းခွင့်ရတော့မည်
--------------------------------------------
အက်စ်တိုးနီးယားမြို့တော်တွင် နေထိုင်ကြသည့် နိုင်ငံသားများသည်
၂၀၁၃ ခုနှစ်ကတည်းက စကာ ဘတ်စကား၊ ရထား အခမဲ့ စီးနင်းခွင့်
ရခဲ့ကြသည်။ သို့သော် ယခုအခါ အစိုးရက ယင်းအစီအစဉ်ကို တိုးချဲ့
လုပ်ဆောင်သွားတော့မည်ဖြစ်သည်။
အစိုးရပိုင် ဘတ်စကားများကို နိုင်ငံသားများ တစ်နိုင်ငံလုံး အခမဲ့
စီးနင်းခွင့်ကို ဇူလိုင်လ ၁ ရက်တွင် စတင်ရရှိမည်ဖြစ်သည်။
မြို့တော်တွင်နေထိုင်သည့် နိုင်ငံသားများ ဘတ်စကားသာမက
ရထားပါ အခမဲ့ စီးနင်းခွင့်ရရှိသော်လည်း နိုင်ငံခြားသားများမှာမူ
အခမဲ့ စီးနင်းခွင့်မရပေ။
ထို ဘတ်စကားစနစ်အတွက် အက်စ်တိုးနီးယားအစိုးရက
ဒေါ်လာ ၁၅ သန်း ထည့်ပေးထားသည်။ ကောက်ခံရရှိသည့်အခွန်ကို
အစိုးရက ယခုကဲ့သို့ အကျိုးရှိရှိ သုံးစွဲခြင်းဖြစ်သည်။
ချယ်ရီ (pyimyanmar)
(DM, 9.6.18)
links -

No comments:
Post a Comment