မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 12, 2020

ဇနီးလက္ခ်က္ျဖင့္ ေသသြားသည့္ ပထမခင္ပြန္း

 ဇနီးလက္ခ်က္ျဖင့္ ေသသြားသည့္ ပထမခင္ပြန္း၏ 

ဦးေခါင္းခြံကုိ ေျမတူးရင္း ေတြ႕သြားသည့္ ဒုတိယခင္ပြန္း

---------------------------------------------------------------

❒  ေနာက္ေဖးတြင္ အာလူးစုိက္ရန္ ေျမက်င္းတူးသည့္  

႐ုရွားအမ်ဳိးသားသည္ ဦးေခါင္းခြံတစ္ခုကုိ အမွတ္မထင္ေတြ႕

လုိက္ရသျဖင့္ လန္႔ဖ်န္႔သြားသည္။ သုိ႔ေသာ္ ထုိဦးေခါင္းခြံသည္ 

၎လက္ခ်က္ျဖင့္ ေသဆုံးသြားသည့္ ပထမခင္ပြန္း၏ ဦးေခါင္းခြံ

သာျဖစ္ေၾကာင္း ဇနီးက ေအးေအးလူလူပင္ ရွင္းျပလုိက္သည့္အခါ

၎မွာ ပုိ၍ပင္ ေက်ာစိမ့္သြားေတာ့သည္။


" ေယာက္်ားရယ္ ဘာမွ စိတ္မပူပါနဲ႔ ၊ အဲဒါ ကၽြန္မရဲ႕ 

အရင္ခင္ပြန္းပါ " ဟု အသက္ ၆၀ အရြယ္ ဇနီးက ဆုိသည္။

ထုိအျဖစ္အပ်က္သည္ ဆုိက္ေဘးရီးယားရွိ ရြာေလးတစ္ရြာတြင္

ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ဦးေခါင္းခြံကုိ ျပန္ျမႇဳပ္ထားရန္၊ ထုိကိစၥကုိ

ေမ႔ထားလုိက္ကာ ရဲကုိလည္း သြားမတုိင္ရန္ ဇနီးက ခင္ပြန္းကုိ

ညႊန္ၾကားလုိက္သည္။ သုိ႔ေသာ္ ခင္ပြန္းက နားမေထာင္ဘဲ

ထုိကိစၥကုိ ရဲအား သြားတုိင္လုိက္ေတာ့သည္။ 


ခင္ပြန္းက မူးလာၿပီး မိမိကုိ ႐ုိက္ႏွက္သျဖင့္ မိမိက ပုဆိန္ျဖင့္

ခုတ္သတ္လုိက္ျခင္းျဖစ္ေၾကာင္း အမ်ဳိးသမီးက လြန္ခဲ့သည့္

၂၁ ႏွစ္က အျဖစ္အပ်က္ကုိ ျပန္ေျပာင္းေျပာျပသည္။ ၎က

အသက္ ၅၂ ႏွစ္အရြယ္ ခင္ပြန္း၏အေလာင္းကုိ အပုိင္းပုိင္း 

ခုတ္ထစ္လုိက္ၿပီး ေနာက္ေဖးရွိ အာလူးခင္းထဲတြင္ ျမႇဳပ္ထား 

လုိက္သည္။ ထုိ႔ေနာက္ ၎က ခင္ပြန္းသည္ ၿမဳိ႕တက္ကာ

အလုပ္သြားလုပ္ေၾကာင္း၊ ျပန္မလာေတာ့ေၾကာင္း သတင္းလႊင့္

လုိက္ေတာ့သည္။ ယခုအခါ ၎သည္ လူသတ္မႈျဖင့္ 

တရားရင္ဆုိင္ေနရၿပီျဖစ္သည္။


ခ်ယ္ရီ (pyimyanmar)

(DM, 9.6.18)

http://www.dailymail.co.uk/news/article-5808045/Man-finds-skull-garden-wife-reveal-husband-axed-death.html

=============================


ဇနီးလက်ချက်ဖြင့် သေသွားသည့် ပထမခင်ပွန်း၏ 

ဦးခေါင်းခွံကို မြေတူးရင်း တွေ့သွားသည့် ဒုတိယခင်ပွန်း

---------------------------------------------------------------


❒  နောက်ဖေးတွင် အာလူးစိုက်ရန် မြေကျင်းတူးသည့်  

ရုရှားအမျိုးသားသည် ဦးခေါင်းခွံတစ်ခုကို အမှတ်မထင်တွေ့

လိုက်ရသဖြင့် လန့်ဖျန့်သွားသည်။ သို့သော် ထိုဦးခေါင်းခွံသည် 

၎င်းလက်ချက်ဖြင့် သေဆုံးသွားသည့် ပထမခင်ပွန်း၏ ဦးခေါင်းခွံ

သာဖြစ်ကြောင်း ဇနီးက အေးအေးလူလူပင် ရှင်းပြလိုက်သည့်အခါ

၎င်းမှာ ပို၍ပင် ကျောစိမ့်သွားတော့သည်။


" ယောက်ျားရယ် ဘာမှ စိတ်မပူပါနဲ့ ၊ အဲဒါ ကျွန်မရဲ့ 

အရင်ခင်ပွန်းပါ " ဟု အသက် ၆၀ အရွယ် ဇနီးက ဆိုသည်။

ထိုအဖြစ်အပျက်သည် ဆိုက်ဘေးရီးယားရှိ ရွာလေးတစ်ရွာတွင်

ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဦးခေါင်းခွံကို ပြန်မြှုပ်ထားရန်၊ ထိုကိစ္စကို

မေ့ထားလိုက်ကာ ရဲကိုလည်း သွားမတိုင်ရန် ဇနီးက ခင်ပွန်းကို

ညွှန်ကြားလိုက်သည်။ သို့သော် ခင်ပွန်းက နားမထောင်ဘဲ

ထိုကိစ္စကို ရဲအား သွားတိုင်လိုက်တော့သည်။ 


ခင်ပွန်းက မူးလာပြီး မိမိကို ရိုက်နှက်သဖြင့် မိမိက ပုဆိန်ဖြင့်

ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း အမျိုးသမီးက လွန်ခဲ့သည့်

၂၁ နှစ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။ ၎င်းက

အသက် ၅၂ နှစ်အရွယ် ခင်ပွန်း၏အလောင်းကို အပိုင်းပိုင်း 

ခုတ်ထစ်လိုက်ပြီး နောက်ဖေးရှိ အာလူးခင်းထဲတွင် မြှုပ်ထား 

လိုက်သည်။ ထို့နောက် ၎င်းက ခင်ပွန်းသည် မြို့တက်ကာ

အလုပ်သွားလုပ်ကြောင်း၊ ပြန်မလာတော့ကြောင်း သတင်းလွှင့်

လိုက်တော့သည်။ ယခုအခါ ၎င်းသည် လူသတ်မှုဖြင့် 

တရားရင်ဆိုင်နေရပြီဖြစ်သည်။


ချယ်ရီ (pyimyanmar)

(DM, 9.6.18)

http://www.dailymail.co.uk/news/article-5808045/Man-finds-skull-garden-wife-reveal-husband-axed-death.html


No comments:

Post a Comment