ရာသီပန္းပြင့္တဲ့ အခ်ိန္အခါအလိုက္
စြမ္းအင္ျပည့္ဝ လွပေစဖို႔ ...
------------------------------------
အမ်ိဳးသမီးေတြအတြက္ကေတာ့ ရာသီပန္းပြင့္တာ
တစ္လတစ္ခါျဖစ္ၿပီး ရာသီမလာခင္၊ လာအၿပီးနဲ႔
သားဥေႂကြတဲ့အခါ ျဖစ္လာတဲ့ ေဟာ္မုန္းအေျပာင္းအလဲေတြ
အမ်ားႀကီး ရွိပါတယ္ေနာ္။ ဒီေတာ့ ပ်ိဳပ်ိဳေမတို႔အေနနဲ႔
အခ်ိန္အခါအလိုက္ မိမိကိုယ္ကို စြမ္းအင္ျပည့္ဝ လွပေစဖို႔
ႀကိဳးစားၾကည့္ရေအာင္ ...
ရာသီလာေနစဥ္ တစ္ပတ္အတြင္းကေတာ့ မိန္းမဆန္ဆန္ေလး
ေတာက္ပလွပေနတဲ့အခ်ိန္ပါတဲ့။ ႏူးညံ့သိမ္ေမြ႕မႈေတြ ညင္သာမႈေတြ
ခေညာင္းေနတဲ့အခ်ိန္ပါတဲ့။
အစားတစ္လိုင္း ပ်ိဳေမတို႔ ဘာေတြစားရင္ေကာင္းမလဲ?
အစာအုပ္စုထဲမွာ -
● ဒိန္ခ်ဥ္
● ပင္လယ္ငါး
● ပဲအမ်ိဳးမ်ိဳး
● ခရမ္းခ်ဥ္သီး
● ဖရဲသီး
● အမဲသား
● အသည္းအျမစ္
● ဟင္းႏုႏြယ္ရြက္
ပါဝင္ေအာင္ စားပါတဲ့။
ဒါ့အျပင္ လုပ္ေနက် ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြ ေရွာင္ၾကဥ္ၿပီး
ေယာဂအေပ်ာ့စား ေလ့က်င့္ခန္းေတြ လုပ္လို႔ရပါတယ္။
ရာသီလာၿပီး တစ္ပတ္ကေန ဆယ္ရက္အတြင္းမွာေတာ့
အားအင္ ျပန္လည္ျပည့္ဝလာၿပီး စိတ္တည္ၿငိမ္လာစျပဳပါၿပီ။
ဘာစားရမလဲဆိုေတာ့ -
● ေထာပတ္သီး
● ပန္းသီး
● စပ်စ္သီး
● မႈိအမ်ိဳးမ်ိဳး
● ဘ႐ိုကိုလီ
● မုန္လာဥနီ
● ေဂၚဖီထုပ္
● ၾကက္ဥေတြ
စားေပးပါတဲ့။
အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ေတြ ေတြ႕ဆံုမႈေတြ မစပါနဲ႔ဦး။
ခါက်က္ဥ ေဖ်ာ္ရည္ေလးေသာက္ၿပီး အားေမြးလိုက္ပါဦး။
အေတြးအေခၚနဲ႔ တီထြင္ႏိုင္စြမ္း ျမင့္ေနတတ္တာမို႔
အႀကံဉာဏ္ေကာင္းေလးေတြ ထြက္တဲ့အခ်ိန္ပါပဲ။
သားဥစေႂကြတဲ့ ငါးရက္အတြင္း ေရာက္လာရင္ျဖင့္
မိန္းမသားဆန္ဆန္ စူပါပါဝါအျမင့္ဆံုးလို႔ ဆိုႏိုင္ပါၿပီ။
အင္တီေအာက္ဆီးဒင့္ေတြ စားၿပီး အသားအေရ လွပေအာင္
ကိုယ္ရည္ကိုယ္ေသြး ေတာက္ပေအာင္ ႀကိဳးစားၾကရမယ့္အခ်ိန္ပါ။
အင္တီေအာက္ဆီးဒင့္ပါတဲ့ အစားအစာေတြကေတာ့ -
● လိေမၼာ္သီး
● သစ္ေတာ္သီး
● ေရႊဖ႐ံုသီး
● မာလကာသီး
● စေတာ္ဘယ္ရီ ေတြပါ။
အစိမ္းရင့္ရင့္နဲ႔ ေရႊဝါေရာင္ သစ္သီးသစ္ႏွံေတြဟာ
အင္တီေအာက္ဆီးဒင့္နဲ႔ ဗီတာမင္ေအ အျပည့္ပါလို႔
ဒီအခ်ိန္မွာ အစားသင့္ဆံုး အခ်ိန္ပါတဲ့။
အေရးႀကီးတဲ့ ေဆြးေႏြးပြဲေတြ ေတြ႕ဆံုမႈေတြ၊ ဒိတ္လုပ္တာေတြကို
လုပ္သင့္တဲ့ စြမ္းအင္ျပည့္ဝ အလွပဆံုးအခ်ိန္ေပါ့။
သားဥေႂကြတဲ့ သံုးေလးရက္အၿပီး ၁၀ ရက္ကေန ႏွစ္ပတ္
အတြင္းကေတာ့ သားအိမ္မွာ လူတီရယ္ Luteal Phase
ျဖစ္စဥ္ စတင္လာပါတယ္။ ခႏၶာကိုယ္အတြင္း ေဟာ္မုန္း
အေျပာင္းအလဲ အမ်ားဆံုးအခ်ိန္မို႔ စိတ္မတည္ၿငိမ္မႈေတြ
အမ်ားဆံုးလာတဲ့ကာလေပါ့။ စိတ္တိုမယ္၊ ေဒါသထြက္မယ္၊
သည္းမခံႏိုင္ဘူး၊ အေျပာင္းအလဲ ျမန္မယ္။ အသီးေဖ်ာ္ရည္ေတြ၊
လက္ဖက္စိမ္းရည္ေတြ ေသာက္ၿပီး ခႏၶာကိုယ္ကို detox လုပ္ပါေနာ္။
ေနာက္ၿပီး အေစ့အဆံ့ေတြ စားရမယ့္အခ်ိန္ေပါ့။
● ဖ႐ံုေစ့ေလွာ္
● ေနၾကာေစ့ေလွာ္
● သီဟိုဠ္ေစ့
● အယ္လမြန္ေစ့ ေတြဟာ စိတ္တည္ၿငိမ္ေစပါသတဲ့။
ဒီလိုအခါဆိုရင္ တတ္ႏိုင္သေလာက္
ကာဗြန္ဟိုက္ဒရိတ္ မ်ားမ်ားစားရမယ္။ ဥပမာ -
● ထမင္း
● ဆန္လံုးညိဳ
● ေခါက္ဆြဲ
● ၾကာဇံ
● ဂ်ံဳနဲ႔လုပ္တဲ့မုန္႔ေတြ စားလို႔ရပါတယ္။
ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြ၊ Gym သြားတာေတြ၊
နည္းနည္းေလွ်ာ့ၿပီး ခႏၶာကိုယ္ကို အနားေပးေစလိုပါတယ္။
ဆံုးျဖတ္ခ်က္ခ်တာေတြ၊ အလုပ္ေရးရာ ေဆြးေႏြးတာေတြ၊
ဘဝအတြက္ စဥ္းစားေတြးေခၚတာေတြကို မျဖစ္မေနမွသာ
လုပ္သင့္ပါတယ္။ စိတ္မတည္ၿငိမ္ဆံုးအခ်ိန္ အေျပာင္းအလဲ
အျမန္တတ္ဆံုးကာလမို႔လို႔ အမွား မ်ားႏိုင္လို႔ပါ။
ဒါေလးကို ဖတ္ၿပီး ရာသီလာတတ္တဲ့ ရက္ကေလးေတြကို
ခန္႔မွန္းမွတ္သားရင္း ကိုယ့္ရဲ႕ ရက္ကေလးေတြကို
အစားအေသာက္၊ အေနအထိုင္နဲ႔ ပတ္သက္ၿပီး
အက်ိဳးအေၾကာင္းက်က် စီစဥ္ထားႏိုင္တာေပါ့။
ဒီေလာက္ဆို ပ်ိဳေမတို႔ လတစ္လရဲ႕ ဘယ္ရက္ေလးေတြမွာ
ဘယ္လိုေနထိုင္ စားေသာက္ရမယ္ ဆိုတာေလးေတြ
ျဖည့္တင္းရမယ့္ဓာတ္ေတြ၊ ဂ႐ုတစိုက္နဲ႔ ရွိရမွာေလးေတြကို
ရက္ကေလးအလိုက္ ခန္႔မွန္းလို႔ သိတန္သေလာက္ သိၾကၿပီမို႔
မိန္းမပီပီသသ လွပက်န္းမာႏိုင္ၿပီေပါ့ေနာ္။
source:ဖိုးသူေတာ္
Credit: ဂ်ီပီငွက္ (ေဆး/မန္္း) (www.drmyanmar.com)
fb link -
https://www.facebook.com/moe.natthar.792/posts/2496357607360906
===========================
ရာသီပန်းပွင့်တဲ့ အချိန်အခါအလိုက်
စွမ်းအင်ပြည့်ဝ လှပစေဖို့ ...
------------------------------------
အမျိုးသမီးတွေအတွက်ကတော့ ရာသီပန်းပွင့်တာ
တစ်လတစ်ခါဖြစ်ပြီး ရာသီမလာခင်၊ လာအပြီးနဲ့
သားဥကြွေတဲ့အခါ ဖြစ်လာတဲ့ ဟော်မုန်းအပြောင်းအလဲတွေ
အများကြီး ရှိပါတယ်နော်။ ဒီတော့ ပျိုပျိုမေတို့အနေနဲ့
အချိန်အခါအလိုက် မိမိကိုယ်ကို စွမ်းအင်ပြည့်ဝ လှပစေဖို့
ကြိုးစားကြည့်ရအောင် ...
ရာသီလာနေစဉ် တစ်ပတ်အတွင်းကတော့ မိန်းမဆန်ဆန်လေး
တောက်ပလှပနေတဲ့အချိန်ပါတဲ့။ နူးညံ့သိမ်မွေ့မှုတွေ ညင်သာမှုတွေ
ခညောင်းနေတဲ့အချိန်ပါတဲ့။
အစားတစ်လိုင်း ပျိုမေတို့ ဘာတွေစားရင်ကောင်းမလဲ?
အစာအုပ်စုထဲမှာ -
● ဒိန်ချဉ်
● ပင်လယ်ငါး
● ပဲအမျိုးမျိုး
● ခရမ်းချဉ်သီး
● ဖရဲသီး
● အမဲသား
● အသည်းအမြစ်
● ဟင်းနုနွယ်ရွက်
ပါဝင်အောင် စားပါတဲ့။
ဒါ့အပြင် လုပ်နေကျ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ရှောင်ကြဉ်ပြီး
ယောဂအပျော့စား လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။
ရာသီလာပြီး တစ်ပတ်ကနေ ဆယ်ရက်အတွင်းမှာတော့
အားအင် ပြန်လည်ပြည့်ဝလာပြီး စိတ်တည်ငြိမ်လာစပြုပါပြီ။
ဘာစားရမလဲဆိုတော့ -
● ထောပတ်သီး
● ပန်းသီး
● စပျစ်သီး
● မှိုအမျိုးမျိုး
● ဘရိုကိုလီ
● မုန်လာဥနီ
● ဂေါ်ဖီထုပ်
● ကြက်ဥတွေ
စားပေးပါတဲ့။
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ တွေ့ဆုံမှုတွေ မစပါနဲ့ဦး။
ခါကျက်ဥ ဖျော်ရည်လေးသောက်ပြီး အားမွေးလိုက်ပါဦး။
အတွေးအခေါ်နဲ့ တီထွင်နိုင်စွမ်း မြင့်နေတတ်တာမို့
အကြံဉာဏ်ကောင်းလေးတွေ ထွက်တဲ့အချိန်ပါပဲ။
သားဥစကြွေတဲ့ ငါးရက်အတွင်း ရောက်လာရင်ဖြင့်
မိန်းမသားဆန်ဆန် စူပါပါဝါအမြင့်ဆုံးလို့ ဆိုနိုင်ပါပြီ။
အင်တီအောက်ဆီးဒင့်တွေ စားပြီး အသားအရေ လှပအောင်
ကိုယ်ရည်ကိုယ်သွေး တောက်ပအောင် ကြိုးစားကြရမယ့်အချိန်ပါ။
အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအစာတွေကတော့ -
● လိမ္မော်သီး
● သစ်တော်သီး
● ရွှေဖရုံသီး
● မာလကာသီး
● စတော်ဘယ်ရီ တွေပါ။
အစိမ်းရင့်ရင့်နဲ့ ရွှေဝါရောင် သစ်သီးသစ်နှံတွေဟာ
အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်အေ အပြည့်ပါလို့
ဒီအချိန်မှာ အစားသင့်ဆုံး အချိန်ပါတဲ့။
အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ တွေ့ဆုံမှုတွေ၊ ဒိတ်လုပ်တာတွေကို
လုပ်သင့်တဲ့ စွမ်းအင်ပြည့်ဝ အလှပဆုံးအချိန်ပေါ့။
သားဥကြွေတဲ့ သုံးလေးရက်အပြီး ၁၀ ရက်ကနေ နှစ်ပတ်
အတွင်းကတော့ သားအိမ်မှာ လူတီရယ် Luteal Phase
ဖြစ်စဉ် စတင်လာပါတယ်။ ခန္ဓာကိုယ်အတွင်း ဟော်မုန်း
အပြောင်းအလဲ အများဆုံးအချိန်မို့ စိတ်မတည်ငြိမ်မှုတွေ
အများဆုံးလာတဲ့ကာလပေါ့။ စိတ်တိုမယ်၊ ဒေါသထွက်မယ်၊
သည်းမခံနိုင်ဘူး၊ အပြောင်းအလဲ မြန်မယ်။ အသီးဖျော်ရည်တွေ၊
လက်ဖက်စိမ်းရည်တွေ သောက်ပြီး ခန္ဓာကိုယ်ကို detox လုပ်ပါနော်။
နောက်ပြီး အစေ့အဆံ့တွေ စားရမယ့်အချိန်ပေါ့။
● ဖရုံစေ့လှော်
● နေကြာစေ့လှော်
● သီဟိုဠ်စေ့
● အယ်လမွန်စေ့ တွေဟာ စိတ်တည်ငြိမ်စေပါသတဲ့။
ဒီလိုအခါဆိုရင် တတ်နိုင်သလောက်
ကာဗွန်ဟိုက်ဒရိတ် များများစားရမယ်။ ဥပမာ -
● ထမင်း
● ဆန်လုံးညို
● ခေါက်ဆွဲ
● ကြာဇံ
● ဂျုံနဲ့လုပ်တဲ့မုန့်တွေ စားလို့ရပါတယ်။
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ၊ Gym သွားတာတွေ၊
နည်းနည်းလျှော့ပြီး ခန္ဓာကိုယ်ကို အနားပေးစေလိုပါတယ်။
ဆုံးဖြတ်ချက်ချတာတွေ၊ အလုပ်ရေးရာ ဆွေးနွေးတာတွေ၊
ဘဝအတွက် စဉ်းစားတွေးခေါ်တာတွေကို မဖြစ်မနေမှသာ
လုပ်သင့်ပါတယ်။ စိတ်မတည်ငြိမ်ဆုံးအချိန် အပြောင်းအလဲ
အမြန်တတ်ဆုံးကာလမို့လို့ အမှား များနိုင်လို့ပါ။
ဒါလေးကို ဖတ်ပြီး ရာသီလာတတ်တဲ့ ရက်ကလေးတွေကို
ခန့်မှန်းမှတ်သားရင်း ကိုယ့်ရဲ့ ရက်ကလေးတွေကို
အစားအသောက်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး
အကျိုးအကြောင်းကျကျ စီစဉ်ထားနိုင်တာပေါ့။
ဒီလောက်ဆို ပျိုမေတို့ လတစ်လရဲ့ ဘယ်ရက်လေးတွေမှာ
ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာလေးတွေ
ဖြည့်တင်းရမယ့်ဓာတ်တွေ၊ ဂရုတစိုက်နဲ့ ရှိရမှာလေးတွေကို
ရက်ကလေးအလိုက် ခန့်မှန်းလို့ သိတန်သလောက် သိကြပြီမို့
မိန်းမပီပီသသ လှပကျန်းမာနိုင်ပြီပေါ့နော်။
source:ဖိုးသူတော်
Credit: ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

No comments:
Post a Comment