“အေမႀကီး မင့္သားျပန္ရင္ ပိုက္ဆံ ေပးလိုက္အုံး” တဲ့
--------------------------------------------------------------
ဒီမနက္ အေဖ အေမ တို႔အိမ္မွာ
“သားလတ္ကေလးေရ ေဗဒင္ လို႔ ေရးထားတဲ့ စုဗူး ရယ္
မက်ည္း႐ြက္လို႔ ေရးထားတဲ့ စုဗူး ရယ္ အေမ့ကိုယူလာေပး”
“ေဟ့ေရာင္ ေဗဒင္ ကိုထားခဲ့ မက်ည္း႐ြက္က ႏွစ္ဗူးရွိတာ
မက်ည္း႐ြက္ေတြပဲ ယူလာ”
က်ေနာ္ အေဖ ေ့ပာတဲ့အတိုင္း ယူလာေပးလိုက္တယ္
စေကာ ထဲ စုဗူးႏွစ္လုံးေဖာက္ခ် ပိုက္ဆံ ေရၾကတယ္
စုစုေပါင္း 275000 ေက်ာ္
အရင္ႏွစ္က သုံးသိန္းေလာက္ရသတဲ့ ဒီႏွစ္နဲသြားသတဲ့
အေမေျပာတာ ႐ြာမွာ အေဖနဲ႔အေမ အိမ္ဆိုင္ေလးဖြင့္ထားတာ
စားေလာက္႐ုံမကပါဘူး ပိုေငြေတာင္ႏွစ္စဥ္ အလႉအတန္း
လုပ္ႏိုင္ပါေသးတယ္
ဒါေပမဲ့ အေမ ကေန႔စဥ္ အားတဲ့အခ်ိန္တိုင္း ႐ြာ႐ိုးတေလွ်ာက္
မက်ည္း႐ြက္ ကင္းမုံ႐ြက္ က်ီးအာ႐ြက္ ၾကက္ဟင္းခါးသီး
အကုန္လိုက္ခူးတယ္ ႐ြာမွာေနတဲ့ ဝမ္းကြဲအမက က်ေနာ့္ကိုဖုန္းဆက္ၿပီး
အၿမဲေျပာတယ္ အေမ ကေတာ့ ဘယ္သူေျပာေျပာ ခူးၿမဲ
အေဖ ေလ သူေဗဒင္ေဟာလို႔ရတဲ့ေငြ သူေတာင္းစား အိမ္ေရွ႕
လာေတာင္းရင္ အနည္းဆုံး ငါးရာတန္ ေပးတာဗ် က်ေနာ္က
အေႂကြရွာတုန္း အေမ ဟင္း႐ြက္ေရာင္းရသမွ်ပိုက္ဆံ စုဗူးထဲထည့္တာ
သူ႔အတြက္အပိုဝင္ေငြတဲ့ အေဖ ေဗဒင္ ေဟာလို႔ရတဲ့ေငြ
စုဗူးထဲထည့္တာ သူ႔အတြက္အပိုဝင္ေငြပါတဲ့
က်ေနာ့္ အေမ ဘယ္ေလာက္စံနစ္ေကာင္းသလဲ ပိုက္ဆံကို
သပ္သပ္ရပ္ရပ္ေခါက္ အပ္ခ်ည္နဲ႔ခ်ည္ၿပီး စုဗူးထဲထည့္တာ
မ်ားမ်ားဆံ့ေအာင္ေလ ေခါက္တာစုဗူးထဲေရာက္သြားရင္ အေခါက္ေျပၿပီး
အမ်ားႀကီး မဆံ့ေတာ့ဘူးဆိုပဲ မနက္ျဖန္ က်ေနာ္ျပန္မယ္ေျပာေတာ့
အေဖ က “အေမႀကီး မင့္သားျပန္ရင္ ပိုက္ဆံ ေပးလိုက္အုံး “တဲ့
“ေပးႏိုင္ပါဘူးေတာ္ သူ႔လည္းပိုက္ဆံပါတာပဲ တေပါင္းအလႉ
လုပ္ဖို႔စုထားတာ” အဲ့လို အေမေျပာေတာ့ အေဖျပန္ေျပာတာ
က်ေနာ္မ်က္ရည္လည္မိတယ္
“အေမႀကီး မင္းေနမေကာင္းလို႔ မင့္ သားလာရတာ မင္းမွာတာဝန္ရွိတယ္
ေပးလိုက္ပါကြာ “တဲ့ မိဘဆိုတာ ဒီလိုပါလို႔ေျပာပါရေစ
တစ္ခ်ိဳ႕မိဘေတြေတာ့က်ေနာ္မသိဘူး က်ေနာ္လည္းမိဘအ႐ြယ္မို႔
ဆုေတာင္းမိတယ္ ငါ့မိဘလို မိဘမ်ိဳးကလြဲလို႔ အျခားမိဘေတြလို
မျဖစ္ပါရေစနဲ႔ က်ေနာ့္ မိဘလို မိဘမ်ိဳးျဖစ္ဖို႔ ဆုေတာင္း ႀကိဳးစားသြား
မယ္ဗ်ာ.. က်ေနာ္တတ္ႏိုင္သေလာက္ ကန္ေတာ့ခဲ့တယ္
ဒါေတာင္ အေဖ က အိပ္ယာ ေဘးလာၿပီး
“ငါ့သား မင္း အေမ မသိေအာင္သိမ္းထားတာရွိတယ္ ကေလးေတြအတြက္
ယူသြား”တဲ့ လာေပးေနေသးတာ အေဖ နဲ႔ အေမ က အသက္ ၇၀ ေက်ာ္
ခုခ်ိန္ထိ ေျမးေတြကို ေကြၽးတုန္း ေပးတုန္း ခုခ်ိန္ထိ ရွာတုန္းေဖြတုန္း
လႉဒါန္း ေပးကမ္းတုန္း က်ေနာ္သူတို႔လိုျဖစ္ခ်င္တာ သူတို႔ဆီက အတုေရာ
အစစ္ေရာယူမယ္ဗ်ာ
ေဩာ္???????? စုန္ေရေလ စုန္ေရ
source:ဖိုးသူေတာ္
Credit: Min Khaing Fb
============================
“အမေကြီး မင့်သားပြန်ရင် ပိုက်ဆံ ပေးလိုက်အုံး” တဲ့
--------------------------------------------------------------
ဒီမနက် အဖေ အမေ တို့အိမ်မှာ
“သားလတ်ကလေးရေ ဗေဒင် လို့ ရေးထားတဲ့ စုဗူး ရယ်
မကျည်းရွက်လို့ ရေးထားတဲ့ စုဗူး ရယ် အမေ့ကိုယူလာပေး”
ကျနော်ယူလာတော့ အဖေကပြောတယ် ...
“ဟေ့ရောင် ဗေဒင် ကိုထားခဲ့ မကျည်းရွက်က နှစ်ဗူးရှိတာ
မကျည်းရွက်တွေပဲ ယူလာ”
ကျနော် အဖေ ေ့ပာတဲ့အတိုင်း ယူလာပေးလိုက်တယ်
စကော ထဲ စုဗူးနှစ်လုံးဖောက်ချ ပိုက်ဆံ ရေကြတယ်
စုစုပေါင်း 275000 ကျော်
အရင်နှစ်က သုံးသိန်းလောက်ရသတဲ့ ဒီနှစ်နဲသွားသတဲ့
အမေပြောတာ ရွာမှာ အဖေနဲ့အမေ အိမ်ဆိုင်လေးဖွင့်ထားတာ
စားလောက်ရုံမကပါဘူး ပိုငွေတောင်နှစ်စဉ် အလှူအတန်း
လုပ်နိုင်ပါသေးတယ်
ဒါပေမဲ့ အမေ ကနေ့စဉ် အားတဲ့အချိန်တိုင်း ရွာရိုးတလျှောက်
မကျည်းရွက် ကင်းမုံရွက် ကျီးအာရွက် ကြက်ဟင်းခါးသီး
အကုန်လိုက်ခူးတယ် ရွာမှာနေတဲ့ ဝမ်းကွဲအမက ကျနော့်ကိုဖုန်းဆက်ပြီး
အမြဲပြောတယ် အမေ ကတော့ ဘယ်သူပြောပြော ခူးမြဲ
အဖေ လေ သူဗေဒင်ဟောလို့ရတဲ့ငွေ သူတောင်းစား အိမ်ရှေ့
လာတောင်းရင် အနည်းဆုံး ငါးရာတန် ပေးတာဗျ ကျနော်က
အကြွေရှာတုန်း အမေ ဟင်းရွက်ရောင်းရသမျှပိုက်ဆံ စုဗူးထဲထည့်တာ
သူ့အတွက်အပိုဝင်ငွေတဲ့ အဖေ ဗေဒင် ဟောလို့ရတဲ့ငွေ
စုဗူးထဲထည့်တာ သူ့အတွက်အပိုဝင်ငွေပါတဲ့
ကျနော့် အမေ ဘယ်လောက်စံနစ်ကောင်းသလဲ ပိုက်ဆံကို
သပ်သပ်ရပ်ရပ်ခေါက် အပ်ချည်နဲ့ချည်ပြီး စုဗူးထဲထည့်တာ
များများဆံ့အောင်လေ ခေါက်တာစုဗူးထဲရောက်သွားရင် အခေါက်ပြေပြီး
အများကြီး မဆံ့တော့ဘူးဆိုပဲ မနက်ဖြန် ကျနော်ပြန်မယ်ပြောတော့
အဖေ က “အမေကြီး မင့်သားပြန်ရင် ပိုက်ဆံ ပေးလိုက်အုံး “တဲ့
“ပေးနိုင်ပါဘူးတော် သူ့လည်းပိုက်ဆံပါတာပဲ တပေါင်းအလှူ
လုပ်ဖို့စုထားတာ” အဲ့လို အမေပြောတော့ အဖေပြန်ပြောတာ
ကျနော်မျက်ရည်လည်မိတယ်
“အမေကြီး မင်းနေမကောင်းလို့ မင့် သားလာရတာ မင်းမှာတာဝန်ရှိတယ်
ပေးလိုက်ပါကွာ “တဲ့ မိဘဆိုတာ ဒီလိုပါလို့ပြောပါရစေ
တစ်ချို့မိဘတွေတော့ကျနော်မသိဘူး ကျနော်လည်းမိဘအရွယ်မို့
ဆုတောင်းမိတယ် ငါ့မိဘလို မိဘမျိုးကလွဲလို့ အခြားမိဘတွေလို
မဖြစ်ပါရစေနဲ့ ကျနော့် မိဘလို မိဘမျိုးဖြစ်ဖို့ ဆုတောင်း ကြိုးစားသွား
မယ်ဗျာ.. ကျနော်တတ်နိုင်သလောက် ကန်တော့ခဲ့တယ်
ဒါတောင် အဖေ က အိပ်ယာ ဘေးလာပြီး
“ငါ့သား မင်း အမေ မသိအောင်သိမ်းထားတာရှိတယ် ကလေးတွေအတွက်
ယူသွား”တဲ့ လာပေးနေသေးတာ အဖေ နဲ့ အမေ က အသက် ၇၀ ကျော်
ခုချိန်ထိ မြေးတွေကို ကျွေးတုန်း ပေးတုန်း ခုချိန်ထိ ရှာတုန်းဖွေတုန်း
လှူဒါန်း ပေးကမ်းတုန်း ကျနော်သူတို့လိုဖြစ်ချင်တာ သူတို့ဆီက အတုရော
အစစ်ရောယူမယ်ဗျာ
ေဩာ်???????? စုန်ရေလေ စုန်ရေ
source:ဖိုးသူတော်
Credit: Min Khaing Fb

No comments:
Post a Comment