မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 5, 2020

မယ္လမင္းအေၾကာင္း သိေကာင္းစရာ

 မယ္လမင္း

--------------

မယ္လမင္း (အဂၤလိပ္: Melamine) ဆိုသည္မွာ ဓာတုပစၥည္းတစ္မ်ိဳး 

ျဖစ္သည္။ ၎တြင္ နိုက္ထရိုဂ်င္ဓာတ္ ပမာဏ ၆၆% ပါဝင္သည္။ 

မယ္လမင္းမွာ မီးေလာင္ကၽြမ္းပါက နိုက္ထရိုဂ်င္ဓာတ္ေငြ႕မ်ား ထြက္လာ

တတ္ၿပီး စက္မွုလုပ္ငန္း အမ်ိဳးမ်ိဳးအတြက္ အသုံးျပဳသည့္ ဓာတုပစၥည္း 

ျဖစ္သည္။ မယ္လမင္းသည္ cyanuric အက္စစ္ႏွင့္ ေပါင္းမိပါက 

လူ႔က်န္းမာေရးအား ဥပဒ္ျဖစ္ေစသည့္ melamine cyanurate အျဖစ္ 

ေျပာင္းလဲသြားသည္။ တ႐ုတ္ျပည္၏ နို႔ထြက္ပစၥည္းမ်ားတြင္ ယင္း

ဓာတ္ဝတၱဳမ်ားကို ေတြ႕ရွိခဲ့ရသျဖင့္ ျပႆနာမ်ားစြာ ျဖစ္ေပၚခဲ့သည္။

နို႔မွုန႔္တြင္ ပရိုတင္းပါဝင္သကဲ့သို႔ မယ္လမင္းတြင္လည္း နိုက္ထရိုဂ်င္ 

ပါဝင္ေသာ ပရိုတင္းမ်ားပါဝင္သည္။ ၎တို႔ကို စားသုံးမိပါက အႏၲရာယ္

ျဖစ္ေစနိုင္သည္။ ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) ၏ စံသတ္မွတ္ခ်က္အရ

မယ္လမင္းဓာတ္မွာ လူႀကီးတစ္ဦးအတြက္ (2.5mg/kg) ႏွင့္ ကေလးတစ္ဦး

အတြက္ (1mg/kg) သာ ခံနိုင္ရည္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

၂၀၀၈ ခုႏွစ္တြင္ တ႐ုတ္နိုင္ငံမွ နို႔မွုန႔္မ်ားတြင္ မယ္လမင္းပါဝင္ေသာေၾကာင့္ 

ကေလးငယ္မ်ားစြာ အႏၲရာယ္ျဖစ္ခဲ့ၿပီး မယ္လမင္း ျပႆနာအား တစ္ကမၻာ

လုံးမွ အာ႐ုံစိုက္ခဲ့ၾကသည္။


အသုံးျပဳပုံ

မယ္လမင္းအား formaldehyde ႏွင့္ ေပါင္းစပ္ဓာတ္ျပဳကာ melamine

resin ကိုလည္းေကာင္း၊ အပူခ်ိန္အလြန္ခံနိုင္ေသာ ပလတ္စတစ္ကိုလည္း

ေကာင္း၊ မယ္လမင္းအျမဳပ္အား အသုံးျပဳကာ polymeric သန႔္စင္ပစၥည္းကို

လည္းေကာင္း ထုတ္လုပ္နိုင္သည္။ ထိုကုန္ၾကမ္းမ်ားအား အသုံးျပဳကာ 

ဖိုင္ဘာမ်ား၊ ေကာ္မ်ား၊ ပန္းကန္ခြက္ေယာက္မ်ား၊ အိမ္သုံးပစၥည္းမ်ား၊ 

မီးခံပစၥည္းမ်ား ထုတ္လုပ္သည္။ မယ္လမင္းတြင္ ဖိုင္ဘာဓာတ္မ်ားလည္း 

ပါဝင္သျဖင့္ ခံနိုင္ရည္အလြန္ေကာင္းေသာ ကြန္ကရိ ျပဳလုပ္ရာတြင္ 

အသုံးျပဳၾကသည္။ နိုက္ထရိုဂ်င္ပါဝင္မွု ေကာင္းေသာေၾကာင့္ 

ဓာတ္ေျမဩဇာမ်ား ျပဳလုပ္ရာတြင္လည္းသုံးသည္။


အႏၲရာယ္

မယ္လမင္းသည္ လုပ္ငန္းမ်ားစြာတြင္ အသုံးခ်နိုင္ေသာ္လည္း 

အမ်ားအျပားစားသုံးမိပါက အလြန္အႏၲရာယ္ ရွိေလသည္။ 

မယ္လမင္းေၾကာင့္ အဓိကထိခိုက္သည့္ ခႏၶာကိုယ္အစိတ္အပိုင္းမွာ 

ေက်ာက္ကပ္ျဖစ္ေလသည္။ မယ္လမင္း အစာလမ္းေၾကာင္း ထဲ

ဝင္ေရာက္ပါက ေက်ာက္ကပ္တြင္ေက်ာက္တည္ကာ ေက်ာက္ကပ္ႁပြန္မ်ား 

ပိတ္သြားတတ္သည္။ လူနာမွာအလြန္ပင္ နာက်င္မွုကို ခံစားရၿပီး ဆီးမသြား

နိုင္ေတာ့ပဲ ေက်ာက္ကပ္မ်ား ေယာင္ရမ္းလာသည္။ ေက်ာက္ကပ္ထဲမွ

ေက်ာက္အား ထုတ္ယူနိုင္လၽွင္ပင္ ေက်ာက္ကပ္မွာေတာ့ နာသြားသည္။ 

ေသဆုံးနိုင္သည္အထိပင္ အႏၲရာယ္ရွိေလသည္။


တ႐ုတ္နိုင္ငံမွ ျပႆနာ

တ႐ုတ္နိုင္ငံမွ နို႔မွုန႔္မ်ားတြင္ မယ္လမင္းပါဝင္ေသာေၾကာင့္ ကေလးငယ္မ်ား

ဒုကၡေရာက္ခဲ့ၾကၿပီး ထိုျပႆနာသည္ တစ္ကမၻာလုံးသို႔ ရိုက္ခတ္ခဲ့ေလသည္။

တ႐ုတ္နိုင္ငံအေျခစိုက္ နယူးဇီလန္ႏွင့္ ဖက္စပ္ကုမၸဏီ sanlu (သမင္

သုံးေကာင္) အုပ္စုမွ ထုတ္ေသာ ႏွို႔မွုန႔္မ်ားတြင္ မယ္လမင္းပါဝင္ေၾကာင္း 

အိုလံပစ္ၿပိဳင္ပြဲမတိုင္မွီ ဩဂုတ္လကတည္းက စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ 

စက္တင္ဘာလတြင္ တ႐ုတ္ကေလးငယ္ ေလးေယာက္ေသဆုံးခဲ့ရၿပီး 

ကေလး ၆၀၀၀ ေက်ာ္ ေက်ာက္ကပ္မ်ား အနာျဖစ္ကာ ေဆး႐ုံတင္ကုသခဲ့

ရသည္။ တ႐ုတ္နိုင္ငံတစ္ဝွမ္းလုံးမွ နို႔မႈန႔္တံဆိပ္ ၇၀ နီးပါးတြင္ အႏၲရာယ္

ျဖစ္ေစေသာ ဓာတုပစၥည္း မယ္လမင္းဓာတ္မ်ား ပါဝင္ေနေၾကာင္း အစိုးရပိုင္

CCTV ႐ုပ္ျမင္သံၾကားဌာနက သတင္းထုတ္ျပန္ခဲ့သည္။


နို႔မွုန႔္ထဲထည့္ရျခင္းအေၾကာင္း

မယ္လမင္းအား နို႔မွုန႔္ထဲ ထည့္ရျခင္းအေၾကာင္းမွာ 

မယ္လမင္းအမွုန႔္မ်ားကို ေရာထည့္ျခင္းအားျဖင့္ နို႔မွုန႔္ပမာဏကို

ေလ်ာ့ခ်နိုင္ျခင္းေၾကာင့္ျဖစ္သည္။ မယ္လမင္းအမွုန႔္မ်ားသည္ 

အနံ႔မရွိေသာေၾကာင့္ သာမာန္ၾကည့္ရွုျခင္းအားျဖင့္ မသိရွိနိုင္ေပ။ 

မယ္လမင္းမွုန႔္သည္ နို႔မွုန႔္မ်ားထက္ ေဈးသက္သာသျဖင့္ စီးပြားေရး

သမားမ်ားမွ တြက္ေျခကိုက္ေစရန္အသုံးျပဳ ျခင္းလည္းျဖစ္သည္။ 

ႏွို႔မွုန႔္တြင္ ပရိုတင္းဓာတ္ပါဝင္သကဲ့သို႔ မယ္လမင္းတြင္လည္း 

နိုက္ထရိုဂ်င္ပါဝင္ေသာ ပရိုတင္း မ်ားပါဝင္ေသာေၾကာင့္ ပရိုတင္း

ႂကြယ္ဝေစရန္ အသုံးျပဳသည္ဟုလည္း ဆိုၾကသည္။


► ျမန္မာနိုင္ငံ အေျခအေန

အိမ္နီးခ်င္း တ႐ုတ္နိုင္ငံမွ နို႔မွုန႔္မ်ားအား ျမန္မာနိုင္ငံအတြင္းသို႔ 

အမ်ားအျပားတင္သြင္းသျဖင့္ ျမန္မာနိုင္ငံအတြင္း ဝင္ေရာက္လာေသာ

နို႔မွုန႔္တံဆိပ္မ်ားႏွင့္ ျပည္တြင္းထုတ္ နို႔မွုန႔္တံဆိပ္မ်ားအားလည္း အစိုးရမွ

စစ္ေဆးခဲ့သည္။ ေအာက္တိုဘာ ၁၀ ရက္ေန႔တြင္ တံဆိပ္ကိုးမ်ိဳးအား

မယ္လမင္းပါဝင္ေသာေၾကာင့္ ေရာင္းခ် တင္သြင္းခြင့္ ပိတ္ပင္ခဲ့သည္။ 

နာမည္ႀကီး ေဈးဆိုင္ႀကီးမ်ားကလည္း အဆိုပါတံဆိပ္ နို႔မွုန႔္မ်ားအား

ျပန္လည္အပ္ႏွံပါက ေငြျပန္အမ္းမည္ဟု ေၾကျငာခဲ့သည္။ အမွတ္ (၁) 

စက္မွုဝန္ႀကီးဌာန၊ ျမန္မာ့ေဆးဝါးႏွင့္ အိမ္သုံးပစၥည္းလုပ္ငန္း၊ ျမန္မာနိုင္ငံ

ေဆးဝါးစက္႐ုံ ရန္ကုန္မွ ေအာက္တိုဘာ ၅ ရက္ မွ ၁၆ ရက္အတြင္း 

ေဈးကြက္တြင္ ေရာင္းခ်ေနသည့္ နို႔မွုန႔္ ၆၂ မ်ိဳးကိုစမ္းသပ္စစ္ေဆးခဲ့ၿပီး 

မယ္လမင္းမပါဝင္သည့္ နို႔မွုန႔္အမ်ိဳးအစား ၃၅ မ်ိဳးအား စမ္းသပ္

ေတြ႕ရွိထားေၾကာင္း ျပည္တြင္းမီဒီယာမ်ားတြင္ ေဖၚျပခဲ့သည္။ 

သို႔ေသာ္ ထိုေတြ႕ရွိခ်က္မ်ားအားလည္း အျမဲယုံၾကည္စိတ္ခ်၍ 

မျဖစ္ေၾကာင္း၊ တစ္လတစ္ႀကိမ္ခန႔္ စစ္ေဆးသြားရန္လိုေၾကာင္း 

အဆိုပါဌာနမွ တာဝန္ရွိသူက ေျပာၾကားခဲ့သည္။ ျမန္မာနိုင္ငံတြင္ 

တ႐ုတ္နိုင္ငံကဲ့သို႔ ေဆး႐ုံတက္ကုသရသည့္ ကေလးငယ္မရွိေၾကာင္း 

အစိုးက သတင္းထုတ္ျပန္ခဲ့သည္။


source:wikipedia

https://my.wikipedia.org/wiki/%E1%80%99%E1%80%9A%E1%80%BA%E1%80%9C%E1%80%99%E1%80%84%E1%80%BA%E1%80%B8

=============================


မယ်လမင်း

--------------


မယ်လမင်း (အင်္ဂလိပ်: Melamine) ဆိုသည်မှာ ဓာတုပစ္စည်းတစ်မျိုး 

ဖြစ်သည်။ ၎င်းတွင် နိုက်ထရိုဂျင်ဓာတ် ပမာဏ ၆၆% ပါဝင်သည်။ 

မယ်လမင်းမှာ မီးလောင်ကျွမ်းပါက နိုက်ထရိုဂျင်ဓာတ်ငွေ့များ ထွက်လာ

တတ်ပြီး စက်မှုလုပ်ငန်း အမျိုးမျိုးအတွက် အသုံးပြုသည့် ဓာတုပစ္စည်း 

ဖြစ်သည်။ မယ်လမင်းသည် cyanuric အက်စစ်နှင့် ပေါင်းမိပါက 

လူ့ကျန်းမာရေးအား ဥပဒ်ဖြစ်စေသည့် melamine cyanurate အဖြစ် 

ပြောင်းလဲသွားသည်။ တရုတ်ပြည်၏ နို့ထွက်ပစ္စည်းများတွင် ယင်း

ဓာတ်ဝတ္တုများကို တွေ့ရှိခဲ့ရသဖြင့် ပြဿနာများစွာ ဖြစ်ပေါ်ခဲ့သည်။


နို့မှုန့်တွင် ပရိုတင်းပါဝင်သကဲ့သို့ မယ်လမင်းတွင်လည်း နိုက်ထရိုဂျင် 

ပါဝင်သော ပရိုတင်းများပါဝင်သည်။ ၎င်းတို့ကို စားသုံးမိပါက အန္တရာယ်

ဖြစ်စေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံသတ်မှတ်ချက်အရ

မယ်လမင်းဓာတ်မှာ လူကြီးတစ်ဦးအတွက် (2.5mg/kg) နှင့် ကလေးတစ်ဦး

အတွက် (1mg/kg) သာ ခံနိုင်ရည်ရှိကြောင်း ထုတ်ပြန်ထားသည်။


၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ နို့မှုန့်များတွင် မယ်လမင်းပါဝင်သောကြောင့် 

ကလေးငယ်များစွာ အန္တရာယ်ဖြစ်ခဲ့ပြီး မယ်လမင်း ပြဿနာအား တစ်ကမ္ဘာ

လုံးမှ အာရုံစိုက်ခဲ့ကြသည်။


အသုံးပြုပုံ

မယ်လမင်းအား formaldehyde နှင့် ပေါင်းစပ်ဓာတ်ပြုကာ melamine

resin ကိုလည်းကောင်း၊ အပူချိန်အလွန်ခံနိုင်သော ပလတ်စတစ်ကိုလည်း

ကောင်း၊ မယ်လမင်းအမြုပ်အား အသုံးပြုကာ polymeric သန့်စင်ပစ္စည်းကို

လည်းကောင်း ထုတ်လုပ်နိုင်သည်။ ထိုကုန်ကြမ်းများအား အသုံးပြုကာ 

ဖိုင်ဘာများ၊ ကော်များ၊ ပန်းကန်ခွက်ယောက်များ၊ အိမ်သုံးပစ္စည်းများ၊ 

မီးခံပစ္စည်းများ ထုတ်လုပ်သည်။ မယ်လမင်းတွင် ဖိုင်ဘာဓာတ်များလည်း 

ပါဝင်သဖြင့် ခံနိုင်ရည်အလွန်ကောင်းသော ကွန်ကရိ ပြုလုပ်ရာတွင် 

အသုံးပြုကြသည်။ နိုက်ထရိုဂျင်ပါဝင်မှု ကောင်းသောကြောင့် 

ဓာတ်မြေဩဇာများ ပြုလုပ်ရာတွင်လည်းသုံးသည်။


အန္တရာယ်

မယ်လမင်းသည် လုပ်ငန်းများစွာတွင် အသုံးချနိုင်သော်လည်း 

အများအပြားစားသုံးမိပါက အလွန်အန္တရာယ် ရှိလေသည်။ 

မယ်လမင်းကြောင့် အဓိကထိခိုက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းမှာ 

ကျောက်ကပ်ဖြစ်လေသည်။ မယ်လမင်း အစာလမ်းကြောင်း ထဲ

ဝင်ရောက်ပါက ကျောက်ကပ်တွင်ကျောက်တည်ကာ ကျောက်ကပ်ပြွန်များ 

ပိတ်သွားတတ်သည်။ လူနာမှာအလွန်ပင် နာကျင်မှုကို ခံစားရပြီး ဆီးမသွား

နိုင်တော့ပဲ ကျောက်ကပ်များ ယောင်ရမ်းလာသည်။ ကျောက်ကပ်ထဲမှ

ကျောက်အား ထုတ်ယူနိုင်လျှင်ပင် ကျောက်ကပ်မှာတော့ နာသွားသည်။ 

သေဆုံးနိုင်သည်အထိပင် အန္တရာယ်ရှိလေသည်။


တရုတ်နိုင်ငံမှ ပြဿနာ

တရုတ်နိုင်ငံမှ နို့မှုန့်များတွင် မယ်လမင်းပါဝင်သောကြောင့် ကလေးငယ်များ

ဒုက္ခရောက်ခဲ့ကြပြီး ထိုပြဿနာသည် တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်ခဲ့လေသည်။

တရုတ်နိုင်ငံအခြေစိုက် နယူးဇီလန်နှင့် ဖက်စပ်ကုမ္ပဏီ sanlu (သမင်

သုံးကောင်) အုပ်စုမှ ထုတ်သော နှို့မှုန့်များတွင် မယ်လမင်းပါဝင်ကြောင်း 

အိုလံပစ်ပြိုင်ပွဲမတိုင်မှီ ဩဂုတ်လကတည်းက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာလတွင် တရုတ်ကလေးငယ် လေးယောက်သေဆုံးခဲ့ရပြီး 

ကလေး ၆၀၀၀ ကျော် ကျောက်ကပ်များ အနာဖြစ်ကာ ဆေးရုံတင်ကုသခဲ့

ရသည်။ တရုတ်နိုင်ငံတစ်ဝှမ်းလုံးမှ နို့မှုန့်တံဆိပ် ၇၀ နီးပါးတွင် အန္တရာယ်

ဖြစ်စေသော ဓာတုပစ္စည်း မယ်လမင်းဓာတ်များ ပါဝင်နေကြောင်း အစိုးရပိုင်

CCTV ရုပ်မြင်သံကြားဌာနက သတင်းထုတ်ပြန်ခဲ့သည်။


► နို့မှုန့်ထဲထည့်ရခြင်းအကြောင်း

မယ်လမင်းအား နို့မှုန့်ထဲ ထည့်ရခြင်းအကြောင်းမှာ 

မယ်လမင်းအမှုန့်များကို ရောထည့်ခြင်းအားဖြင့် နို့မှုန့်ပမာဏကို

လျော့ချနိုင်ခြင်းကြောင့်ဖြစ်သည်။ မယ်လမင်းအမှုန့်များသည် 

အနံ့မရှိသောကြောင့် သာမာန်ကြည့်ရှုခြင်းအားဖြင့် မသိရှိနိုင်ပေ။ 

မယ်လမင်းမှုန့်သည် နို့မှုန့်များထက် ဈေးသက်သာသဖြင့် စီးပွားရေး

သမားများမှ တွက်ခြေကိုက်စေရန်အသုံးပြု ခြင်းလည်းဖြစ်သည်။ 

နှို့မှုန့်တွင် ပရိုတင်းဓာတ်ပါဝင်သကဲ့သို့ မယ်လမင်းတွင်လည်း 

နိုက်ထရိုဂျင်ပါဝင်သော ပရိုတင်း များပါဝင်သောကြောင့် ပရိုတင်း

ကြွယ်ဝစေရန် အသုံးပြုသည်ဟုလည်း ဆိုကြသည်။


► မြန်မာနိုင်ငံ အခြေအနေ

အိမ်နီးချင်း တရုတ်နိုင်ငံမှ နို့မှုန့်များအား မြန်မာနိုင်ငံအတွင်းသို့ 

အများအပြားတင်သွင်းသဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော

နို့မှုန့်တံဆိပ်များနှင့် ပြည်တွင်းထုတ် နို့မှုန့်တံဆိပ်များအားလည်း အစိုးရမှ

စစ်ဆေးခဲ့သည်။ အောက်တိုဘာ ၁၀ ရက်နေ့တွင် တံဆိပ်ကိုးမျိုးအား

မယ်လမင်းပါဝင်သောကြောင့် ရောင်းချ တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။ 

နာမည်ကြီး ဈေးဆိုင်ကြီးများကလည်း အဆိုပါတံဆိပ် နို့မှုန့်များအား

ပြန်လည်အပ်နှံပါက ငွေပြန်အမ်းမည်ဟု ကြေငြာခဲ့သည်။ အမှတ် (၁) 

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာနိုင်ငံ

ဆေးဝါးစက်ရုံ ရန်ကုန်မှ အောက်တိုဘာ ၅ ရက် မှ ၁၆ ရက်အတွင်း 

ဈေးကွက်တွင် ရောင်းချနေသည့် နို့မှုန့် ၆၂ မျိုးကိုစမ်းသပ်စစ်ဆေးခဲ့ပြီး 

မယ်လမင်းမပါဝင်သည့် နို့မှုန့်အမျိုးအစား ၃၅ မျိုးအား စမ်းသပ်

တွေ့ရှိထားကြောင်း ပြည်တွင်းမီဒီယာများတွင် ဖေါ်ပြခဲ့သည်။ 

သို့သော် ထိုတွေ့ရှိချက်များအားလည်း အမြဲယုံကြည်စိတ်ချ၍ 

မဖြစ်ကြောင်း၊ တစ်လတစ်ကြိမ်ခန့် စစ်ဆေးသွားရန်လိုကြောင်း 

အဆိုပါဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် 

တရုတ်နိုင်ငံကဲ့သို့ ဆေးရုံတက်ကုသရသည့် ကလေးငယ်မရှိကြောင်း 

အစိုးက သတင်းထုတ်ပြန်ခဲ့သည်။


source:wikipedia

https://my.wikipedia.org/wiki/%E1%80%99%E1%80%9A%E1%80%BA%E1%80%9C%E1%80%99%E1%80%84%E1%80%BA%E1%80%B8


No comments:

Post a Comment