မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, September 4, 2020

ေစ်းေရာင္းေနတဲ့ ေၾကာင္ေလး

 ဗီယမ္နမ္ ငါးေစ်းတန္းမွာ ေစ်းေရာင္းေနတဲ့ 

ေၾကာင္ေလးကို အင္တာနက္သံုးစဲြသူမ်ား ခ်စ္ေနရ

---------------------------------------------------------


အသက္ ၃ႏွစ္႐ွိျပီျဖစ္တဲ့ ခ်စ္စရာေၾကာင္ကေလးဟာ 

သူ႔ရဲ႕သခင္နဲ႔အတူ ငါးေစ်းတန္းမွာ ေစ်းေရာင္းေပးျခင္းျဖင့္ 

အင္တာနက္သံုးစဲြသူမ်ားရဲ႕အာ႐ံုကို ဖမ္းစားႏုိင္ခဲ့ပါတယ္။

သခင္က သူ႔ေၾကာင္ေလးနာမည္ကို ‘Dog’ လို႔ေပးထားပါတယ္။ 

ေၾကာင္ေလးက အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို သခင္နဲ႔အတူ 

ေစ်းလိုက္ေရာင္ေပးတယ္တဲ့။


‘Dog’ ေလးဟာ ဗီယမ္နမ္မွာ နာမည္ၾကီး႐ံုတင္မက ထိုင္းနဲ႔ 

တ႐ုတ္ရဲ႕အင္တာနက္ကြန္ရက္ေတြမွာပါ Followers 

ေထာင္ေပါင္းခ်ီကို ပုိင္ဆုိင္ထားသူေလးျဖစ္ပါတယ္။


Bored Panda နဲ႔ အင္တာဗ်ဳးမွာ သခင္ျဖစ္သူ 

Le Quoc Phong က သူ႔ေၾကာင္ေလးဟာ ေရခဲမုန္႔ၾကိဳက္ျပီး

ခရီးသြားရတာနဲ႔ အိပ္ရတာကိုၾကိဳက္တယ္လို႔ ေျပာျပခဲ့ပါတယ္။


သူ႔ႏုိင္ငံမွာ သူ႔ကိုအရမ္းခ်စ္တဲ့ ေကာင္မေလးေတြနဲ႔ 

ကေလးေတြ အမ်ားၾကီးရွိတယ္လို႔ သိရပါတယ္။


ဓာတ္ပံု႐ုိက္ရတာလည္း ၾကိဳက္သလို 

အက်ၤ ီ ဒီဇိုင္းအမ်ဳိးမ်ဳိး ၀တ္ရတာကုိလည္း ႏွစ္ျခိဳက္ပါတယ္တဲ့။


ပင္လယ္စာေတြ မေရာင္းတဲ့အခ်ိန္မွာေတာ့ Dog ေလးက 

သာမန္ေၾကာင္ေတြလိုပဲေဆာ့ကစားရင္း အခ်ိန္ကုန္ဆံုးပါတယ္။


ေၾကာင္ကို Dog လို႔ေပးထားတာ နာမည္ကထူးဆန္းသလို

႐ွိေပမယ့္ သူ႔ရဲ႕အျပဳမူေတြက ေခြးနဲ႔ပိုတူလို႔ ဒီလိုနာမည္

ေပးထားတာပါတဲ့။


ဓာတ္ပံုတုိင္းလိုလိုမွာ Dog ပါးစပ္ အျမဲဟထားတာကို 

ေတြ႔ျမင္ရမွာပါ။ ကိုယ္ပုိင္ေဖ့စ္ဘုတ္အေကာင့္နဲ႔

အင္စတာဂရမ္အေကာင့္လည္း႐ွိတယ္လို႔ သိရပါတယ္။


Credit: buzzy.com.mm

===========================


ဗီယမ်နမ် ငါးဈေးတန်းမှာ ဈေးရောင်းနေတဲ့ 

ကြောင်လေးကို အင်တာနက်သုံးစွဲသူများ ချစ်နေရ

---------------------------------------------------------


အသက် ၃နှစ်ရှိပြီဖြစ်တဲ့ ချစ်စရာကြောင်ကလေးဟာ 

သူ့ရဲ့သခင်နဲ့အတူ ငါးဈေးတန်းမှာ ဈေးရောင်းပေးခြင်းဖြင့် 

အင်တာနက်သုံးစွဲသူများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။


သခင်က သူ့ကြောင်လေးနာမည်ကို ‘Dog’ လို့ပေးထားပါတယ်။ 

ကြောင်လေးက အချိန်တော်တော်များများကို သခင်နဲ့အတူ 

ဈေးလိုက်ရောင်ပေးတယ်တဲ့။


‘Dog’ လေးဟာ ဗီယမ်နမ်မှာ နာမည်ကြီးရုံတင်မက ထိုင်းနဲ့ 

တရုတ်ရဲ့အင်တာနက်ကွန်ရက်တွေမှာပါ Followers 

ထောင်ပေါင်းချီကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။


Bored Panda နဲ့ အင်တာဗျုးမှာ သခင်ဖြစ်သူ 

Le Quoc Phong က သူ့ကြောင်လေးဟာ ရေခဲမုန့်ကြိုက်ပြီး

ခရီးသွားရတာနဲ့ အိပ်ရတာကိုကြိုက်တယ်လို့ ပြောပြခဲ့ပါတယ်။


သူ့နိုင်ငံမှာ သူ့ကိုအရမ်းချစ်တဲ့ ကောင်မလေးတွေနဲ့ 

ကလေးတွေ အများကြီးရှိတယ်လို့ သိရပါတယ်။


ဓာတ်ပုံရိုက်ရတာလည်း ကြိုက်သလို 

အင်္ကျ ီ ဒီဇိုင်းအမျိုးမျိုး ဝတ်ရတာကိုလည်း နှစ်ခြိုက်ပါတယ်တဲ့။


ပင်လယ်စာတွေ မရောင်းတဲ့အချိန်မှာတော့ Dog လေးက 

သာမန်ကြောင်တွေလိုပဲဆော့ကစားရင်း အချိန်ကုန်ဆုံးပါတယ်။


ကြောင်ကို Dog လို့ပေးထားတာ နာမည်ကထူးဆန်းသလို

ရှိပေမယ့် သူ့ရဲ့အပြုမူတွေက ခွေးနဲ့ပိုတူလို့ ဒီလိုနာမည်

ပေးထားတာပါတဲ့။

ဓာတ်ပုံတိုင်းလိုလိုမှာ Dog ပါးစပ် အမြဲဟထားတာကို 

တွေ့မြင်ရမှာပါ။ ကိုယ်ပိုင်ဖေ့စ်ဘုတ်အကောင့်နဲ့

အင်စတာဂရမ်အကောင့်လည်းရှိတယ်လို့ သိရပါတယ်။

Credit: buzzy.com.mm

No comments:

Post a Comment