တိုက္ခန္းေပၚမွ ျပဳတ္က်လုနီးပါးျဖစ္ေနတဲ့
ကေလးငယ္ကို ကယ္တင္ခဲ့တဲ့ လက္ေတြ႔ဘဝက ပင့္ကူလူသား
------------------------------------------------------------
ျပင္သစ္ႏုိင္ငံ႐ွိ တိုက္ခန္းတစ္ခုတြင္ျပဳတ္က်လုနီးနီးျဖစ္ေနတဲ့
ကေလးငယ္ကို တိုက္ေအာက္ေန ခုန္ပ်ံေက်ာ္လႊား တက္သြားျပီး
ကယ္တင္ခဲ့တဲ့ လက္ေတြ႔ဘဝက ပင့္ကူလူသား ဆိုျပီး
အင္တာနက္သံုးစဲြသူေတြကေတာ့ ခ်ီးက်ဳးေနၾကပါတယ္။
(၄)ႏွစ္အရြယ္ကေလးကိုထားခဲ့ျပီး အေဖျဖစ္သူက
ေစ်းသြားဝယ္ေနခ်ိန္ ျပန္လည္းလာေရာ ကေလးဟာ
ေအာက္ကိုျပဳတ္က်လုနီးနီးျဖစ္ေနပါျပီ။ ကေလးငယ္ကို
Mamoudou Gassama ဆိုတဲ့ အမ်ဳိးသားတစ္ဦးက
ကယ္တင္ေပးခဲ့ပါတယ္။
သူ႔ကို ျပင္သစ္သမၼတ (Emmanuel Macorn) ကိုယ္တိုင္
ႏုိင္ငံသားတစ္ဦးရဲ႕ရပိုင္ခြင့္နဲ႔အတူဟီး႐ိုးအျဖစ္ ဂုဏ္ျပဳခ်ီးျမႇင့္
ခဲ့ပါတယ္။ ဒါေပမယ့္ ကေလးအေဖကေတာ့ ကေလးငယ္အား
အႏၱရာယ္႐ွိတဲ့ အေျခအေနမ်ဳိးမွာ ပစ္ထားခဲ့တဲ့အတြက္
ေထာင္ခ်ခံရႏုိင္တယ္လုိ႔ ၾကားသိရပါတယ္။
'' သူ႔ရဲ႕အျပဳအမူဟာ ရာဇဝတ္မႈေျမာက္ပါတယ္။ မိဘတစ္ေယာက္
အေနနဲ႔ တာဝန္ပ်က္ကြက္ရာလည္း ေရာက္ပါတယ္။ ေထာင္ဒဏ္
ခ်မယ္ဆို (၂)ႏွစ္ေလာက္ခ်လို႔ရတယ္ '' လို႔
ေ႐ွ႔ေန Francois Molins က BFM-TV ကိုေျပာျပခဲ့ပါတယ္။
ကေလး အႏၱရာယ္က်ေရာက္ေနခ်ိန္ အေမျဖစ္သူပတ္ဝန္းက်င္နားမွာ
႐ွိ ၊ မ႐ွိ ဆိုတာေတာ့ အတိက်မသိရပါဘူး။ ဗီဒီယုိထဲမွာေတာ့
အသက္ (၂၂)ႏွစ္ Gassamaဟာ တုိက္ခန္းေပၚကို ဝွီးခနဲ ျဖတ္ခနဲ
အ႐ွိန္နဲ႔တက္သြားပံုဟာ ပတ္ဝန္းက်င္မွလူေတြကိုလည္း ထိတ္လန္႔
ေစခဲ့ရပါတယ္။ သူလည္း အခန္႔မသင့္ရင္ျပဳတ္က်ႏုိင္တာေၾကာင့္
ကိုယ္က်ဳိးမငဲ့ ကေလးငယ္ရဲ႕အႏၱရာယ္ကိုပဲစဥ္းစားျပီး ကယ္တင္ခဲ့တဲ့
သူ႔ကို ဟီး႐ိုးအျဖစ္တင္စားတာကေတာ့ လြန္ရာက်မယ္မထင္ပါဘူး။
သူ႔ကို အင္တာဗ်ဳးၾကည့္ေတာ့
''သူက ကေလးေလးပဲ႐ွိပါေသးတယ္.. ကၽြန္ေတာ္တက္သာ
တက္ခဲ့ေပမယ့္ စိတ္ထဲမွာစိုးရိမ္ေနတယ္။ ေတာ္ေသးတာေပါ့ဗ်ာ
ဘုရားမလို႔ ကေလးကို ကယ္ႏုိင္ခဲ့တာ ''
.
ဗီဒီယုိၾကည့္ရန္ (01:49)
Man scales building to save dangling child
https://www.youtube.com/watch?v=ZEqWh6fl_sA
.
Hninayehlaing
source:buzzymm
link -
=============================
တိုက်ခန်းပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်နေတဲ့
ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ လက်တွေ့ဘဝက ပင့်ကူလူသား
-----------------------------------------
ပြင်သစ်နိုင်ငံရှိ တိုက်ခန်းတစ်ခုတွင်ပြုတ်ကျလုနီးနီးဖြစ်နေတဲ့
ကလေးငယ်ကို တိုက်အောက်နေ ခုန်ပျံကျော်လွှား တက်သွားပြီး
ကယ်တင်ခဲ့တဲ့ လက်တွေ့ဘဝက ပင့်ကူလူသား ဆိုပြီး
အင်တာနက်သုံးစွဲသူတွေကတော့ ချီးကျုးနေကြပါတယ်။
(၄)နှစ်အရွယ်ကလေးကိုထားခဲ့ပြီး အဖေဖြစ်သူက
ဈေးသွားဝယ်နေချိန် ပြန်လည်းလာရော ကလေးဟာ
အောက်ကိုပြုတ်ကျလုနီးနီးဖြစ်နေပါပြီ။ ကလေးငယ်ကို
Mamoudou Gassama ဆိုတဲ့ အမျိုးသားတစ်ဦးက
ကယ်တင်ပေးခဲ့ပါတယ်။
သူ့ကို ပြင်သစ်သမ္မတ (Emmanuel Macorn) ကိုယ်တိုင်
နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့်နဲ့အတူဟီးရိုးအဖြစ် ဂုဏ်ပြုချီးမြှင့်
ခဲ့ပါတယ်။ ဒါပေမယ့် ကလေးအဖေကတော့ ကလေးငယ်အား
အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာ ပစ်ထားခဲ့တဲ့အတွက်
ထောင်ချခံရနိုင်တယ်လို့ ကြားသိရပါတယ်။
'' သူ့ရဲ့အပြုအမူဟာ ရာဇဝတ်မှုမြောက်ပါတယ်။ မိဘတစ်ယောက်
အနေနဲ့ တာဝန်ပျက်ကွက်ရာလည်း ရောက်ပါတယ်။ ထောင်ဒဏ်
ချမယ်ဆို (၂)နှစ်လောက်ချလို့ရတယ် '' လို့
ရှေ့နေ Francois Molins က BFM-TV ကိုပြောပြခဲ့ပါတယ်။
ကလေး အန္တရာယ်ကျရောက်နေချိန် အမေဖြစ်သူပတ်ဝန်းကျင်နားမှာ
ရှိ ၊ မရှိ ဆိုတာတော့ အတိကျမသိရပါဘူး။ ဗီဒီယိုထဲမှာတော့
အသက် (၂၂)နှစ် Gassamaဟာ တိုက်ခန်းပေါ်ကို ဝှီးခနဲ ဖြတ်ခနဲ
အရှိန်နဲ့တက်သွားပုံဟာ ပတ်ဝန်းကျင်မှလူတွေကိုလည်း ထိတ်လန့်
စေခဲ့ရပါတယ်။ သူလည်း အခန့်မသင့်ရင်ပြုတ်ကျနိုင်တာကြောင့်
ကိုယ်ကျိုးမငဲ့ ကလေးငယ်ရဲ့အန္တရာယ်ကိုပဲစဉ်းစားပြီး ကယ်တင်ခဲ့တဲ့
သူ့ကို ဟီးရိုးအဖြစ်တင်စားတာကတော့ လွန်ရာကျမယ်မထင်ပါဘူး။
သူ့ကို အင်တာဗျုးကြည့်တော့
''သူက ကလေးလေးပဲရှိပါသေးတယ်.. ကျွန်တော်တက်သာ
တက်ခဲ့ပေမယ့် စိတ်ထဲမှာစိုးရိမ်နေတယ်။ တော်သေးတာပေါ့ဗျာ
ဘုရားမလို့ ကလေးကို ကယ်နိုင်ခဲ့တာ ''
.
ဗီဒီယိုကြည့်ရန် (01:49)
Man scales building to save dangling child
https://www.youtube.com/watch?v=ZEqWh6fl_sA
.
Hninayehlaing
source:buzzymm
link -
No comments:
Post a Comment