ထူးျခားတဲ့ ေရေလွာင္စနစ္နဲ႔
စုိက္ပ်ဳိးေရကုိ သုိေလွာင္ထားတဲ့ရြာေလး
---------------------------------------------
အိႏၵိယႏုိင္ငံေျမာက္ပုိင္း ဟိမဝႏာၱေတာင္တန္းေတြၾကား
ေဝးလံေခါင္သီၿပီး လူေနက်ဲပါးတဲ့ လာဒက္ဒ္ ေဒသက
Phyang ဘုန္းႀကီးေက်ာင္းနားမွာတည္ရွိတဲ့ ေက်းရြာတြင္းက
ေဒသခံေတာင္သူေတြဟာ အမဲလုိက္တာအျပင္ စုိက္ပ်ဳိးေရးလည္း
လုပ္ကုိင္ၾကပါတယ္။ သူတုိ႔စိုက္ပ်ဳိးတဲ့ သီးႏွံေတြကုိေတာ့ မုိးအခါမွာ
ေရကုိ အလြယ္တကူ ရႏုိင္ၾကေပမယ့္၊ ေႏြရာသီကာလေတြမွာေတာ့
စုိက္ပ်ဳိးဖုိ႔ေရက အခက္အခဲ ျဖစ္ၾကပါတယ္။
ေႏြရာသီမွာ စုိက္ပ်ဳိးဖုိ႔အတြက္ ေရအခက္အခဲကုိ အင္ဂ်င္နီယာ
တစ္ဦးျဖစ္သူ ဆုိနမ္ ဝမ္ခ်ပ္ ဆုိသူက တီထြင္ဖန္တီးေပးမႈေၾကာင့္
ခုဆုိ ေႏြရာသီစုိက္ပ်ဳိးေရကုိ အလြယ္တကူ သုိေလွာင္ထားႏုိင္ၿပီ
ျဖစ္ပါတယ္။ သူတုိ႔ရဲ႕ ေရသုိေလွာင္နည္းကေတာ့ ေႏြရာသီကာလ
မေရာက္ခင္ ေဆာင္းတြင္းမွာကတည္းက ရွိတဲ့ေရကုိ ေရပန္းပမာ
ပုိက္ကုိေထာင္ၿပီး အေပၚအျမင့္ဖက္က ေလထဲကုိ မႈတ္တင္လုိက္တဲ့
ေရပန္းကေရေတြဟာ ေအးျမတဲ့ေလေၾကာင့္ ႏွင္းမႈန္မ်ားပမာ
ေအာက္သုိ႔ျပန္လည္က်ေရာက္လာပါတယ္။ အဲဒီလုိ ေရခဲမႈန္ေလးေတြ
တျဖည္းျဖည္းနဲ႔ ပုိက္လုံးေအာက္ေျခကေန အေပၚကုိ အထပ္ထပ္
က်ရင္းကေန ေရခဲေတာင္တစ္ခုပမာ ျဖစ္တည္လာခဲ့ပါတယ္။
အဲဒီလုိ ေပႏွစ္ဆယ္အျမင့္ေလာက္ရွိတဲ့ လူလုပ္ေရခဲေတာင္
အတုဟာ ေရလီတာ ၁၅၀၀၀၀ ခန္႔ကုိ သုိေလွာင္ထားၿပီးသား
ျဖစ္ေစပါတယ္။ ဒါေတြဟာ ေဆာင္းရာသီကုန္လုိ႔ ေႏြေရာက္တဲ့အခါ
သူတုိ႔စိုက္ခင္းေတြအတြက္ ေရသြင္းစုိက္ပ်ဳိးႏုိင္ဖုိ႔ လူ႕စြမ္းအားနဲ႔
ႀကဳိတင္သုိေလွာင္ထားတဲ့ ေရေလွာင္ကန္ေတြပဲ ျဖစ္ပါတယ္။
ခုပုံမွာျမင္ေနရတဲ့ ရြာမွာေတာ့ ၂၄ မီတာ အျမင့္ရွိတဲ့ ေရခဲေတာင္တု
ႏွစ္ခု ျပဳလုပ္ထားၿပီး ဧၿပီ နဲ႔ ေမလလုိ ေႏြေရာက္တဲ့အခါမွာ တျဖည္းျဖည္း
ေပ်ာ္ဆင္းလာမယ့္ေရေတြက စုိက္ပ်ဳိးေျမ ဧက ၁၀၀ အတြက္ လုိအပ္တဲ့
ေရကုိ ျဖည့္ဆည္းေပးမွာျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ဒီနည္းလမ္းကုိ
တီထြင္ေပးခဲ့တဲ့ အင္ဂ်င္နီယာလည္း ၂၀၁၆ ခုႏွစ္မွာ ႐ုိးလက္စ္ရဲ႕
ထူးျခားတဲ့စြမ္းေဆာင္ရည္ဆုကုိ ရရွိခဲ့ပါတယ္။ သူ႕ရဲ႕ စိတ္ကူးၾကံစည္
မႈကေန အခုဆုိရင္ ဟိမဝႏာၱေတာင္တန္းေဒသေတြမွာ လူလုပ္တဲ့
ေရခဲေတာင္တုေတြ တျဖည္းျဖည္း မ်ားျပားလာေနၿပီျဖစ္ပါတယ္။
![]() |
| Sonam Wanchuk |
ေရခဲေတာင္တုနဲ႔ ေရေလွာင္စနစ္ကုိ
ျပဳလုပ္ေပးခဲ့တဲ့ အင္ဂ်င္နီယာ .
ရေခဲတောင်တုနဲ့ ရေလှောင်စနစ်ကို
ပြုလုပ်ပေးခဲ့တဲ့ အင်ဂျင်နီယာ
source:Perierga
==============================
ထူးခြားတဲ့ ရေလှောင်စနစ်နဲ့
စိုက်ပျိုးရေကို သိုလှောင်ထားတဲ့ရွာလေး
---------------------------------------------
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်တန်းတွေကြား
ဝေးလံခေါင်သီပြီး လူနေကျဲပါးတဲ့ လာဒက်ဒ် ဒေသက
Phyang ဘုန်းကြီးကျောင်းနားမှာတည်ရှိတဲ့ ကျေးရွာတွင်းက
ဒေသခံတောင်သူတွေဟာ အမဲလိုက်တာအပြင် စိုက်ပျိုးရေးလည်း
လုပ်ကိုင်ကြပါတယ်။ သူတို့စိုက်ပျိုးတဲ့ သီးနှံတွေကိုတော့ မိုးအခါမှာ
ရေကို အလွယ်တကူ ရနိုင်ကြပေမယ့်၊ နွေရာသီကာလတွေမှာတော့
စိုက်ပျိုးဖို့ရေက အခက်အခဲ ဖြစ်ကြပါတယ်။
နွေရာသီမှာ စိုက်ပျိုးဖို့အတွက် ရေအခက်အခဲကို အင်ဂျင်နီယာ
တစ်ဦးဖြစ်သူ ဆိုနမ် ဝမ်ချပ် ဆိုသူက တီထွင်ဖန်တီးပေးမှုကြောင့်
ခုဆို နွေရာသီစိုက်ပျိုးရေကို အလွယ်တကူ သိုလှောင်ထားနိုင်ပြီ
ဖြစ်ပါတယ်။ သူတို့ရဲ့ ရေသိုလှောင်နည်းကတော့ နွေရာသီကာလ
မရောက်ခင် ဆောင်းတွင်းမှာကတည်းက ရှိတဲ့ရေကို ရေပန်းပမာ
ပိုက်ကိုထောင်ပြီး အပေါ်အမြင့်ဖက်က လေထဲကို မှုတ်တင်လိုက်တဲ့
ရေပန်းကရေတွေဟာ အေးမြတဲ့လေကြောင့် နှင်းမှုန်များပမာ
အောက်သို့ပြန်လည်ကျရောက်လာပါတယ်။ အဲဒီလို ရေခဲမှုန်လေးတွေ
တဖြည်းဖြည်းနဲ့ ပိုက်လုံးအောက်ခြေကနေ အပေါ်ကို အထပ်ထပ်
ကျရင်းကနေ ရေခဲတောင်တစ်ခုပမာ ဖြစ်တည်လာခဲ့ပါတယ်။
အဲဒီလို ပေနှစ်ဆယ်အမြင့်လောက်ရှိတဲ့ လူလုပ်ရေခဲတောင်
အတုဟာ ရေလီတာ ၁၅၀၀၀၀ ခန့်ကို သိုလှောင်ထားပြီးသား
ဖြစ်စေပါတယ်။ ဒါတွေဟာ ဆောင်းရာသီကုန်လို့ နွေရောက်တဲ့အခါ
သူတို့စိုက်ခင်းတွေအတွက် ရေသွင်းစိုက်ပျိုးနိုင်ဖို့ လူ့စွမ်းအားနဲ့
ကြိုတင်သိုလှောင်ထားတဲ့ ရေလှောင်ကန်တွေပဲ ဖြစ်ပါတယ်။
ခုပုံမှာမြင်နေရတဲ့ ရွာမှာတော့ ၂၄ မီတာ အမြင့်ရှိတဲ့ ရေခဲတောင်တု
နှစ်ခု ပြုလုပ်ထားပြီး ဧပြီ နဲ့ မေလလို နွေရောက်တဲ့အခါမှာ တဖြည်းဖြည်း
ပျော်ဆင်းလာမယ့်ရေတွေက စိုက်ပျိုးမြေ ဧက ၁၀၀ အတွက် လိုအပ်တဲ့
ရေကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဒီနည်းလမ်းကို
တီထွင်ပေးခဲ့တဲ့ အင်ဂျင်နီယာလည်း ၂၀၁၆ ခုနှစ်မှာ ရိုးလက်စ်ရဲ့
ထူးခြားတဲ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ စိတ်ကူးကြံစည်
မှုကနေ အခုဆိုရင် ဟိမဝန္တာတောင်တန်းဒေသတွေမှာ လူလုပ်တဲ့
ရေခဲတောင်တုတွေ တဖြည်းဖြည်း များပြားလာနေပြီဖြစ်ပါတယ်။
လာဒက္ဒ္ ေဒသ.
လာဒက်ဒ် ဒေသ
source:Perierga










No comments:
Post a Comment