Levi's ဂ်င္းေဘာင္းဘီအေၾကာင္း သိသမွ်
-------------------------------------------------
Levi's ဂ်င္းေဘာင္းဘီဟာ ျမန္မာႏုိင္ငံမွာ လူႀကိဳက္မ်ားေပမယ့္
လီဗိုက္ေဘာင္းဘီအေၾကာင္း ေသခ်ာသိတဲ့သူနည္းပါတယ္။ ဒါေၾကာင့္မို႔ု႔
လီဗိုက္ေဘာင္းဘီအေၾကာင္း၊ လီဗိုက္ကုမၸဏီ ဘယ္လိုျဖစ္ေပၚလာတယ္
စတဲ့အေၾကာင္း က်ေနာ္သိသေလာက္ ပို႔စ္တပို႔စ္ ေရးျဖစ္တာပါ။
စကားဦးအေန႔နဲ႔ ႀကိဳ ေတာင္းပန္ထားခ်င္တာကေတာ႔...
က်ေနာ္ အရမ္းသိနားလည္လို႔ ေရးေပးေနတာမဟုတ္ပါဘူး…။
ကိုယ္သိခဲ႔တဲ႔ နားလည္ခဲ႔တဲ႔ ဂ်င္းေဘာင္းဘီယဥ္ေက်းမႈကို က်ေနာ္႔လို
လီဗိုက္ခ်စ္တဲ႔ ေဘာ္ဒါေတြကို ျပန္မွ်ေဝေပးတဲ႔သေဘာပါ…။
က်ေနာ့္ထက္ပိုသိ ပိုနားလည္တဲ႔သူေတြလဲ အမ်ားၾကီးမို႔…
က်ေနာ္ေရးတဲ႔အထဲမွာ မွားေနတဲ႔ေနရာ လိုေနခဲ႔တဲ႔ေနရာ မၿပည့္စံုခဲ႔တာ
ရွိရင္ ေထာက္ၿပေပးၾကပါလိ႔ု… ကိုယ္တိုင္ ဝတ္ဖူးၿပီး ခံစားခဲ႔ဖူးတဲ႔
ဖီလင္ေပၚမူတည္ၿပီး ေရးတာျဖစ္တဲ႔အတြက္ေၾကာင့္မို႔…..အျပည့္အစံု
မဟုတ္သလို အေရးအသားလဲ မညက္ဘူး၊ အမွားလဲ ပါေကာင္းပါမယ္
ေပါ့ဗ်ာ..။ ဒါေပမယ့္ က်ေနာ္ေရးတာဖတ္ၿပီး မသိေသးတဲ႔သူေတြ
ကိုယ္ ဘယ္လိုပံုစံ ဘယ္လိုဒီဇိုင္းဝတ္ခ်င္တယ္ဆိုတာ သိသြားၿပီး
ေရြးခ်ယ္ခြင့္ရသြားမယ္ ဆိုရင္၊ ဝတ္ေနက်ပံုစံကေန တျခားပံုစံ
ေျပာင္းဝတ္ခ်င္တဲ႔ေဘာ္ဒါေတြ အတြက္လဲ ဘယ္လိုပံုစံ ေျပာင္းၿပီးဝတ္ရင္
ပိုေကာင္းလာမလဲ ပိုသင့္ေတာ္လာမလဲ လို႔ စဥ္းစားတဲ႔အခါ ဒီပို႔စ္ေလးက
အေထာက္အကူျဖစ္ေစမယ္ဆိုရင္ က်ေနာ္ ေရးရက်ိဳးနပ္ပါတယ္…။
ေစတနာထားၿပီး အခ်ိန္အမ်ားႀကီး အကုန္ခံ ေရးထားတာျဖစ္လို႔
ရွယ္ခ်င္တဲ႔ေဘာ္ဒါေတြ ရွယ္သြားလို႔ရပါတယ္... သီးသန္႕ကူးၿပီးေတာ့
ျပန္မတင္ၾကပါနဲ႔၊ တျခားမွာလဲ ျပန္မသံုးၾကပါနဲ႔ခင္ဗ်ာ။ ဦးဆံုးစေျပာရရင္
ေတာ့ လူႀကိဳက္မ်ားတဲ႔ 501 အေၾကာင္းေပါ့ ျမန္မာၿပည္မွာ လူႀကိဳက္မ်ား
တာ ၾကယ္သီးတပ္ 501 ပါ.။ ခုေရးမွာကေတာ႔ 501 ျခင္းတူၿပီး ဘာလို႔
ကြဲသြားတာလဲ..ဘာေတြကြာတာလဲ ဆိုတာရဲ႕ အေၿဖလဲၿဖစ္မွာပါ..။
ေနာက္ CUT မတူတာနဲ႔ ငါ့ဟာက အစစ္ မင္းဟာက အတုဆိုၿပီး
ျငင္းခံုၾကတာလဲ ေျပလည္သြားမယ္ထင္ပါတယ္...။
ဟုတ္ကဲ႔ 501 က အတုအမ်ားႀကီးထြက္ပါတယ္...။ ၿဖစ္သလိုထုတ္တဲ႔
အတုနဲ႔ အစစ္နီးပါးေကာင္းတဲ့အတု အထိရွိပါတယ္...။ 501 လို႔ေရးၿပီး
ၾကယ္သီးနဲ႔မဟုတ္ဘဲ ဇစ္နဲ႔ ျဖစ္ေနတဲ႔ အတုကေတာ႔ လံုးဝ႐ုပ္ဆိုးတဲ႔
အတုေပါ့ဗ်ာ... (501Z ဆိုတဲ႔ေကာင္ကမွ ဇစ္ပါတာပါ..)။
တကယ့္ Levi's ေဘာင္းဘီအစစ္ေတြမွာ ထုတ္တဲ႔ ခုႏွစ္နဲ႔လ ပါပါတယ္..။
ေနာက္ ၾကယ္သီးအေနာက္ဖက္မွာ နံပါတ္ပါၿပီး အဲ႔နံပါတ္ကလဲ တံဆိပ္မွာ
ၿပန္ပါပါတယ္...။ တထည္ခ်င္းစီမွာ နံပါတ္ပါပါတယ္...။
ေနာက္ ကုတ္နံပါတ္ေပၚမူတည္ၿပီး ဘယ္ေဒသ (Region) ကေန
ထုတ္သလဲဆိုတာ ခြဲလို႔ရပါတယ္...။ အဓိကေတာ႔ ေဒသ(၃)ေနရာ
ရွိပါတယ္... အေသးစိတ္ကေတာ႔ စာရွည္မွာဆိုးလို႔ ေနာက္ အလ်ဥ္း
သင့္ရင္ ေျပာျပေပးပါ့မယ္...။
လံုးဝခြဲမရေအာင္တူတဲ႔ အစစ္နဲ႔အတု ဘယ္မွာကြာသလဲဆိုရင္
အခ်ိန္ ၾကာလာရင္ ကြာသြားပါတယ္...။ အစစ္က ၾကာလာေလ
အသားအိလာေလ ပိုဝတ္လို႔ေကာင္းလာေလ ၿဖစ္ၿပီး အတုက
ၾကာလာေလ မဝတ္ခ်င္ေလၿဖစ္လာပါလိမ္႔မယ္...။ ဒါေပမယ့္
ၾကာရွည္ခံေအာင္ထိန္းသိန္းနည္းေပၚလဲ မူတည္ေသးတာေပါ့....။
501 ကိုမွ အမ်ိဳးမ်ိဳးထပ္ခြဲထားပါေသးတယ္... CUT ထဲမွာ
အၾကမ္းအားၿဖင့္ ဒီလိုခြဲထားပါတယ္...။
501 Original 501 Shrink-to-Fit 501 CT 501 Short 501 Students
501 Original . ဒီေကာင္ကေတာ႔ ေအာ္ရယ္ဂ်ီနယ္ဆိုတဲ႔အတိုင္း ပံုမွန္
ပါပဲ....။ ကိုယ္ဘာႀကိဳက္မွန္းမသိရင္ ဒါပဲ၀ယ္ မမွားဘူး... 501 Shrink
-to-Fit . ဒီေကာင္က ေရေလွ်ာ္ၿပီးရင္ နည္းနည္းျပန္က်ံဳ႕တဲ႔ေကာင္ပါ...။
ကိုယ့္ဝတ္ေနက်ဆိုဒ္ကေန တဆိုဒ္ၾကီးတာဝယ္ၿပီး ဝတ္ရင္ အေကာင္းဆံုး
ပါ..။ ဆိုဒ္ကြက္တိဝယ္ၿပီး ေရခ်ၿပီးတဲ႔ အခါ က်ပ္ေနတတ္ပါတယ္...။
တခုေကာင္းတာက သူက အခ်ိဳးအစားသိပ္မမွန္တဲ႔ေၿခေထာက္ေတြ
အတြက္ ပိုအဆင္ေၿပတယ္...။ ဆိုလိုတာက ေၿခသလံုးတုတ္တဲ႔သူ..
ေပါင္လံုးတုတ္တဲ႔သူေတြ အတြက္ ဆို ပံုက်သြားတတ္ပါတယ္..။
Shrink-to-Fit ၿဖစ္လို႔ ပါ...။ တခ်ိဳ႔က ခါးရိုးရွည္တယ္.. တခ်ိဳ႔က
ေၿခတံရွည္တယ္.. အဲ႔လိုကြဲၿပားတဲ႔ သူေတြေၾကာင့္ပါ...။ ေနာက္
ေရေလွ်ာ္တာနဲ႔ အဝတ္အပူေပးတာ အေပၚလဲမူတည္ပါတယ္...။
အေနာက္ႏိုင္ငံေတြဖက္မွာ အဝတ္ေလွ်ာ္တာ ပိုးေသေအာင္လို႔
ေရပူူနဲ႔ေလွ်ာ္ၾကပါတယ္...။ ေနာက္ ေနလွမ္းအေျခာက္မခံဘဲ
အေျခာက္စက္ထဲထည့္ၿပီး အပူေပးေျခာက္ေအာင္လုပ္ၾကပါတယ္...။
အဲ႔က်ရင္ ပိုၿပီး က်ံဳ႔တာၿမန္ပါတယ္...။ ၿမန္မာၿပည္မွာက် ေရေအးနဲ႔ပဲ
ေလွ်ာ္ၿပီး ေနလွန္းအေျခာက္ခံတာမို႔ ၿမန္ၿမန္မက်ံဳ႔သြားပါဘူး...။
ေနာက္ ၿဖစ္ႏိုင္ရင္ ဂ်င္းေဘာင္းဘီေတြကို မီးပူမထိုးပါနဲ႔.....။
မီးပူထိုးလိုက္ရင္ အသားေပ်ာ႔ေအာင္ အတြင္းဖက္မွာ ဖ်န္းထားတဲ႔
ေပ်ာ႔ေဆး..(ဖေယာင္းသားပါဝင္တဲ႔ေပ်ာ႔ေဆး) က အပူေၾကာင့္
ၾကာလာေတာ႔ ေဆးကုန္သြားတတ္ပါတယ္....။ ဂ်င္းကိုမီးပူထိုးၿပီး
ဝတ္ခါစမွာ ေတာင့္ေတာင့္ၾကီးၿဖစ္ေနတာ ဒါေၾကာင့္ပါ....။
501 Shrink-to-Fit ကို ပထမဆံုးေရခ်တာက ပညာသားပါပါတယ္..။
ေရခြက္ထဲဒီတိုင္း ေရစိမ္ၿပီး ေရခ်လိုက္ရင္ ကိုယ္လိုခ်င္သလို မၿဖစ္လာ
ပါဘူး...။ သူ႔ကိုပထမတေရ ေရခ်နည္းက...ဝတ္နဲ႔သူက ဝတ္ထားၿပီး
ေရစိမ္ကန္ထဲ စိမ္..ဒါမွမဟုတ္ ၁၅ မိနစ္ ၂၀မိနစ္ေလာက္ ေဘာင္းဘီ
ဝတ္ထားၿပီးေရခ်ိဳးရတာပါ။ ဝတ္ထားၿပီး ေရစိမ္ခ်ိဳးတာေတာ႔
အေကာင္းဆံုးေပါ့...။ ၿမန္မာၿပည္မွာေတာ႔ အိမ္တိုင္းေရစိမ္ကန္မရွိေတာ႔
ဝတ္ခ်ိဳးၿပီး ကိုယ္လိုခ်င္တဲ႔ပံုသြင္းတဲ႔သေဘာေပါ့...။ ေဘာင္းဘီက ပထမ
၅မိနစ္ေလာက္က မသိသာေပမယ့္ တၿဖည္းၿဖည္းၾကာလာတာနဲ႔အမွ်
ေဘာင္းဘီက အသားနဲ႔ ကပ္လာတာ သိသာလာပါတယ္...။
၁၅ မိနစ္ေလာက္ (မိနစ္၂၀ေလာက္ဆိုပိုေကာင္းပါတယ္) ေက်ာ္သြား
ရင္ေတာ႔... ၿပန္ခၽြတ္ၿပီး ေရညစ္ၿပီး လွမ္းထားလိုက္လို႔ရပါၿပီ...။
ေျခာက္သြားတဲ႔အခါ ျပန္ဝတ္ၾကည့္ရင္ ပထမဆံုးဝတ္သလို
ပြေယာင္းေယာင္းမဟုတ္ေတာ႔ဘဲ ကိုယ္နဲ႔ တိုင္းခ်ဴပ္ထားသလား
ထင္ရေလာက္ေအာင္ ဖစ္ဆိုဒ္ၿဖစ္ေနပါလိမ့္မယ္...။ ေရအၾကာႀကီး
ခ်ိဳးမိလို႔ ႏွာေစးေခ်ာင္းဆိုးၿဖစ္ရင္ေတာ႔ က်ေနာ္ အၿပစ္မဟုတ္ဘူးေနာ္...။
501 CT . CT stand for CUSTOMISED AND TAPERED
ကာစတန္မိတ္ ပံုစံၿဖစ္တာေၾကာင့္ ပံုပိုက်ပါတယ္..။ ကိုယ္ဝတ္ေနက်
ဆိုဒ္ကို ၁ဆင့္ အတိုးအေလွ်ာ႔လုပ္ၿပီးဝတ္လို႔ရပါတယ္..။ ပံုမွန္ ၃၃
ဝတ္တဲ႔သူက CT မွာ ၃၂၊၃၃၊၃၄သံုးမ်ိဳးဝတ္လို႔ရပါတယ္...။ ၃၂ ဆို
နည္းနည္းက်ပ္ေပမယ့္ ပံုက်တာေၾကာင့္ ႀကိဳက္ၾကပါတယ္...။
၃၄ က်ေတာ႔ နည္းနည္းပြေယာင္းေယာင္းၿဖစ္ေပမယ့္ လွဳပ္ရွားရပို
ေပါ့ပါးၿပီး ပိုသက္ေတာင့္သက္သာၿဖစ္ပါတယ္တဲ႔...။ ထံုးစံအတိုင္းပဲ
ကာစတန္မိုက္လုပ္ထားတယ္ဆိုေတာ႔ ေစ်းလဲပိုၾကီးပါတယ္...။
ခ်ဳပ္သားနည္းနည္းကြာပါတယ္...။ ခါးအေပၚမတက္သြားဘူး...။
501 Short . ဒါကေတာ႔ အတိုပါ...။ ေႏြရာသီလို ရာသီဥတု.....
အထူးသျဖင့္ ျမန္မာျပည္လို ရာသီဥတုမ်ိဳးမွာ ကိုက္ညီပါတယ္...။
501 Students . ဒီေကာင္ပံုကေတာ႔ Original နဲ႔ အေပၚပိုင္းမွာ
ၾကယ္သီးက ၃ လံုး (ဆိုဒ္ေတာ္ေတာ္ႀကီးမွ ၄လံုးပဲ)ပါလို႔ ေဘာင္းဘီ
ဂြက ပိုတိုပါတယ္...။ အဲ႔ဒါေၾကာင့္ ခါးဆိုဒ္ ၃၀ ေအာက္ပိန္ပိန္ပါးပါး
အရြယ္ေလးေတြ ဝတ္ရင္ ပိုလွ ပိုစတိုင္က်လို႔ 501 Students လို႔
ေခၚတာပါ...။ ခါး ၃၀ အထက္လူေတြက လူႀကီးပိုင္းၿဖစ္လာလို႔
ခါးတုတ္လာသလို ဂြ တိုတဲ႔အခါ တခါတေလ ေနရခက္ပါတယ္...။
ဟာသအေနနဲ႔ေၿပာရရင္ (ဥညပ္ၿပီး အသက္ရွဴက်ပ္တယ္ေပါ့ဗ်ာ)......
အေပၚပိုင္းက ဂြတိုသလို ေအာက္ဆံုးေနရာမွာမွ ရွဴးၿပီး ေျခေထာက္အိုး
အေပါက္က်ဥ္းသြားတာပါ...။ ေဘာင္းဘီကို ကန္ထရီးေဒါက္ထဲ
ထည့္စီးခ်င္တဲ႔သူေတြအတြက္ သင့္ေတာ္ေပမယ့္...။ အျပင္ထုတ္
ဝတ္တဲ႔သူေတြအတြက္ေတာ႔ ဝတ္လို႔မရဘူးေပါ့ဗ်ာ...။
ေနာက္ ေဘာင္းဘီကိုေအာက္မွာေခါက္ဝတ္တဲ႔သူေတြ အတြက္
အဆင္မေၿပဘူး...။ အဲ႔ဒါေၾကာင့္ အဲ႔ေကာင္ဝတ္မယ္ဆို အရွည္
ကြက္တိေကာင္ပဲ ဝယ္သင့္ပါတယ္... ပိုရွည္တာဝယ္မိရင္
ေအာက္ေျခမွာ ဂ်င္းသားပံုက်ေနၿပီးၾကည့္ရတာနည္းနည္းဆိုးပါတယ္...။
တခ်ိဳ႔က ေျခသလံုးေဖာ္ခ်င္လို႔ ေသခ်ာကို တိုတာဝယ္တာေတာ႔ရွိတယ္
(အမ်ိဳးသမီးေတြအမ်ားစုေပါ့ဗ်ာ)။ ေနာက္တခ်က္က ေၿခေထာက္ျပား
ႀကီးတဲ႔ အာရွသားေတြ အတြက္ေတာ႔ ဝတ္ရနည္းနည္းခက္တယ္..
ေအာက္ေျခက်ဥ္းလို႔ ေျခသလံုးတုတ္တဲ႔သူေတြကို နည္းနည္းရုပ္ဆိုး
ေစတယ္...။ ေနာက္ပိုင္း ဆိုင္တိုင္းမွာမတင္ေတာ႔ဘူး....။
SOHO ဆိုဟို တို႔၊ BROADWAY ဘေရာ႔ေဝး တို႔ဖက္က ဆိုင္ေတြမွာပဲ
ေရာင္းေတာ႔တယ္...။ က်ေနာ္ကိုယ္ပိုင္အျမင္နဲ႔ဆို မႀကိဳက္ဘူး...။
ေသခ်ာေရြးမဝယ္ဘဲ ဝယ္မိၿပီး ဝတ္လိုက္ရင္ ေဘးက ခ်ဳပ္ရိုးက
အတြင္းဖက္ကိုလိမ္သြားလို႔ (ေအာက္ေၿခကို က်ဥ္းထားေတာ႔
ခ်ဳပ္ရိုးက ေသခ်ာမခ်ဳပ္တတ္တဲ႔သူဆို လိမ္သြားတယ္)...။ ေစ်းက
ရိုးရိုးေကာင္ထက္ ၅က်ပ္ေလာက္သက္သာတယ္...။ အေပၚက ထဲမွာ
မပါတဲ႔ 501 တမ်ိဳးက 501 Boyfriend Jean ၿဖစ္ပါတယ္...
ေကာင္မေလးေတြက သူတို႔ခ်စ္သူရည္စားနဲ႔ ခ်စ္ပြဲဝင္ၿပီးတဲ႔အခါ
ေယာက္်ားေလးက အိပ္ေပ်ာ္ေနတုန္း ေကာင္မေလးက အဲ႔ေယာက္်ား
ေလးရဲ ႔ဂ်င္းေဘာင္းဘီကို ယူဝတ္တာကေန စလို႔ အဲ႔နာမည္တြင္တာပါ.။
ေကာင္မေလးေတြအတြက္ပဲ ထုတ္တာပါ.။ ေကာင္မေလးဝတ္ဆိုေတာ႔
တင္ေနရာမွာ နည္းနည္းပိုႀကီးထားၿပီး အလက္စတစ္သား နည္းနည္း
ပိုထည့္ထားလို႔.. တင္ေတြ တင္းတင္းရင္းရင္းနဲ႔ ထင္းသြားပါတယ္...
တၿခားထူးၿခားခ်က္ကေတာ႔ က်ေနာ္မဝတ္ဖူးလို႔ မသိဘူးဗ်....။
ေနာက္ ၅၀၁ ထဲမွာပဲထပ္ခြဲတာ စတိုင္ နဲ႔ အေရာင္ပါ..
ေက်ာက္ခဲေလွ်ာ္ တို႔.. ေရစိုတို႔...ဒူးၿပဲတို႔.. ျခစ္ရာတို႔.. ေၾကာင္ၿခစ္တို႔..
အနားဖြာတို႔ (ကိုယ့္ဟာကိုယ္နားလည္သလိုေပးထားတဲ႔ ၿမန္မာနာမည္
ေတြေပါ့ဗ်ာ) ဆိုၿပီး စတိုင္ကြာပါေသးတယ္...။ အဲ႔ဒါေတြလဲ ေနာက္
အလွ်င္းသင့္ရင္ ေျပာျပေပးပါမယ္...။
အေရာင္မွာ အေရာင္စံုရွိပါတယ္...။ ေဘာင္းဘီမခ်ဳပ္ခင္မွာ
ေဆးဆိုးထားတဲ႔ အေရာင္နဲ႔... ေဘာင္းဘီခ်ဳပ္ၿပီးမွေ ေဆးဆိုးတဲ႔
အေရာင္ဆိုၿပီးကြဲပါတယ္ (ခါးက တံဆိပ္မွာ အသားေရာင္မဟုတ္ဘူး
ဆိုရင္ ခ်ဳပ္ၿပီးမွ ေဆးဆိုးတယ္လို႔ အၾကမ္းဖ်င္းယူဆလို႔ရပါတယ္)။
ေဆးဆိုးတဲ႔ အေရာင္ရယ္ ဘယ္လိုဆိုးတယ္ဆိုတာေပၚမူတည္ၿပီးေတာ႔
ေရေလွ်ာ္ရင္ အေရာင္ ကၽြတ္တာရယ္ ေရေလွ်ာ္ရင္ အေရာင္မကၽြတ္
တာရယ္ဆိုၿပီး ရွိပါေသးတယ္...။ ေနာက္ အလင္းထဲမွာ တစ္ေရာင္
အလင္းေရာင္မေကာင္းတဲ႔ေနရာမွာ တစ္ေရာင္ျဖစ္တဲ႔ အေရာင္ေတြလဲ
ရွိပါတယ္...။ အမ်ားဆံုးဝတ္ၾကတဲ႔ အေရာင္က အျပာပါ....
ရိုးရိုးအျပာက ပထမျဖစ္ၿပီး မိုးျပာက ဒုတိယပါ...။
နက္ျပာ(အနက္ဖက္သန္းတဲ႔အေရာင္) က တတိယပါ...။
ေနာက္မွ အနက္တို႔ အစိမ္းပုတ္တို႔ ဝတ္ၾကပါတယ္...။
အျဖဴလဲ ဝတ္ၾကပါတယ္...။ ျမန္မာျပည္မွာက် အျဖဴက အေပမခံဘူး
ဆိုၿပီး သိပ္မဝတ္ၾကပါဘူး..။ ဒါေပမယ့္ အျဖဴက ဝတ္တဲ႔သူက ေသခ်ာ
ဝတ္တတ္ရင္ ေတာ္ေတာ္ၾကည့္ေကာင္းပါတယ္... ျမန္မာျပည္ဖက္မွာ
ေတာ႔ အနီကိုေယာက္်ားေလးေတြ ဝတ္ၾကေပမယ့္ ဒီဖက္မွာေတာ႔
ေယာက္်ားေလး အနီဝတ္တာ မေတြ႔ဖူးပါ...။ ဒါကေတာ႔ 501 ထဲက
အၾကမ္းဖ်င္းခြဲျပထားတာပါ...။ 501 ကိုမွ အျမင့္ ေတြ အနိမ္႔ေတြ
ရွိပါေသးတယ္...။
501XXX လို႔လဲေခၚ RED Line လို႔လဲေခၚ BIG E လို႔လဲေခၚတဲ႔
ေကာင္ေတြလဲရွိၿပီး တစ္ထည္ထဲကို ေဒၚလာ၂၀၀ ဝန္းက်င္ကေန
စပါတယ္...။ (ခ်ဳပ္ရိုးအတြင္းသားထဲမွာ အနီေရာင္းလိုင္းေလးပါလို႔
Red Line လို႔ေခၚတာပါ..၊ Big E လို႔ေခၚတာကေတာ႔... တင္ပါးအိပ္
ကပ္မွာ ခ်ဳပ္ထားတဲ႔ အနီေရာင္ အမွတ္တံဆိပ္ေလးမွာ E ေနရာမွာ
အႀကီးၿဖစ္ေနလို႔ပါ)။ ေနာက္အလ်င္းသင့္ရင္ က်ေနာ္႔ဆီရွိတဲ႔ ေဘာင္းဘီ
ပံုေတြတင္ေပးပါ့မယ္...။ ေနာက္ ပံုပိုက်တဲ႔ Made & Crafted ေတြလဲ
ရွိပါေသးတယ္။ အဲ႔ေကာင္ေတြလဲ ၁၅၀ ေလာက္ကေနစပါတယ္...။
ေနာက္ အင္ဝ်င္နီယာဂ်င္းေတြ လက္သမားဂ်င္းေတြဆိုၿပီးလဲ
ရွိပါေသးတယ္...။ ဒါေတြကေတာ႔ အၾကမ္းဖ်င္းပါ...။ လူတိုင္းသိတဲ႔
နာမည္ေက်ာ္ 501 ကေတာ႔ ၾကယ္သီးတပ္နဲ႔ အဓိကထုတ္တာေပါ့။
ဇစ္နဲ႔ထုတ္တဲ႔ 501 လဲရွိပါတယ္။ ဒါေပမယ့္ အဲ႔ေကာင္က ဆလက္ရွင္
ျဖစ္လို႔ ေစ်းလဲႀကီးသလို ရွားလဲရွားပါတယ္…။ ခါးက တံဆိပ္မွာလဲ
501Z ဆိုၿပီး ပါပါတယ္…။ အဲ႔ဒါေၾကာင့္ ရိုးရိုး 501 ကို ဇစ္နဲ႔ ေတြ႔တယ္
ဆုိရင္ ေတာ္ေတာ္ည့ံတဲ႔ အတုလို႔ ေသခ်ာေပါက္ ေျပာလို႔ရႏိုင္တယ္လို႔
အေပၚမွာေျပာခဲ့တာပါ…။ အတုလုပ္တဲ႔သူေတြ ဇစ္နဲ႔ အတုလုပ္ရင္
501 ဆိုတဲ႔ နံပါတ္အေနာက္မွာ Z ေလးေတာ႔ ထည့္ၿပီး ပိပိရိရိ
တုသင့္တာေပါ့ေနာ့…။ 501 က ဘာလို႔ ၾကယ္သီးတပ္နဲ႔ ျဖစ္ေနတာလဲ
ဆိုတဲ႔ အဓိကအေျဖက ေနာက္ပိုင္း 501 လို႔ နံပါတ္တပ္လိုက္တဲ႔
ေရွးဦး ဂ်င္း မူလအစထုတ္တုန္းက ဇစ္ မေပၚေသးလို႔ပါ…။
လီဗိုက္ဂ်င္းက 1873 မွာ စေပၚၿပီး ဇစ္က 1893 မွ စၿပီး ေပၚတာမို႔ပါ…။
ဇစ္ကို တကယ္ လူေတြစသံုးၿဖစ္တာ 1913၊ ေသခ်ာက်ယ္က်ယ္ျပန္႔ျပန္႔
ထုတ္တာ 1917 မွ စလို႔ပါ..။ ဇစ္မေပၚခင္ကဆိုေတာ႔ ၾကယ္သီးပဲ
ၿဖစ္မယ္ဆိုပါေတာ႔ဗ်ာ…။ ဘုက်ၿပီးေမးခ်င္ရင္ေတာ႔ တြယ္အပ္ေတာ႔
ေပၚေနၿပီေပါ့ဗ်ာ.. ဒါေပမယ့္ တပ္ရ ျဖဳတ္ရမွ အဆင္မေၿပတာ…၊
ေနာက္ မေတာ္လို႔ ေခ်ာ္ၿပီး မွားထိုးမိရင္ မ်ိဳးပါကန္းႏိုင္တဲ႔ အေၿခအေနနဲ႔
မေတြးဝံ႔စရာ...။ အဲ႔ဒါေၾကာင့္ အက်ႌေတြမွာေတာ႔ တြယ္အပ္ကိုသံုးၾကၿပီး
ေဘာင္းဘီေတြမွာ ၾကယ္သီးကိုသာ သံုးၾကပါတယ္…။
ေနာက္ပိုင္း ဇစ္ေတြ တြင္က်ယ္လာေပမယ့္ မူလလက္ေဟာင္း
ၾကယ္သီးနဲ႔ေကာင္ကို 501 မွာဆက္လက္အသံုးျပဳရာကေန ခုခ်ိန္ထိ
501 က ၾကယ္သီးတပ္ အျဖစ္ရွိၿပီး 501 ၾကယ္သီးတပ္ဆိုၿပီး တြဲသိၾက
တာပါ….။ 501 မဟုတ္တဲ႔ တျခားနံပါတ္ေတြက ဇစ္နဲ႔ ထုတ္တာမ်ား
ပါတယ္… (ၾကယ္သီးနဲ႔လဲထုတ္တာေတြရွိပါတယ္၊ ေနာက္ က်ရင္
ေျပာျပေပးပါမယ္) ခုဆက္ေျပာမယ့္ နံပါတ္ေတြက ေယာက္်ားေလးဝတ္
နံပါတ္ေတြ အေၾကာင္းပါ…။
(နံပါတ္ကိုၾကည့္ၿပီး ေယာက္်ားဝတ္ မိန္းမဝတ္ဆိုၿပီး အၾကမ္းဖ်င္း
ခြဲလို႔ရပါတယ္…) မိန္းကေလးေတြက ေယာက္်ားဝတ္ကိုဝတ္တာ
သိပ္မသိသာေပမယ့္… ေယာက္်ားေလးက မိန္းကေလးဝတ္ စြပ္မိရင္
နည္းနည္းၾကည့္ရဆိုးပါတယ္… (က်ေနာ္ကိုယ္တိုင္ မွားဝယ္ဖူး ဝတ္ဖူးလို႔
သိတဲ႔ ကိုယ္ေတြ႕မို႔ပါ…။) ေယာက္်ားေလးဝတ္ထဲက 500 စီးရီး ကိုပဲ
ဒီတေခါက္ေျပာပါ့မယ္… 300 ေက်ာ္စီးရီးေတြကေန 900 ေက်ာ္ စီးရီးထိ
အစားစားရွိၿပီး တခ်ိဳ႔ နံပါတ္ေတြဆို လူသိေတာ္ေတာ္နည္းပါတယ္…
က်ေနာ္ကိုယ္တိုင္လဲ တျခားစီးရီးေတြကို ေသခ်ာမသိဘူး ဆိုတာ
ဝန္ခံပါတယ္..။ အဲ႔ဒါေၾကာင့္ သိတာေတြထဲကပဲ အရင္ေျပာျပပါ့မယ္….
ေယာက္်ားေလးဝတ္အတြက္ ထုတ္တဲ႔ နံပါတ္ေတြက 501 505 510
511 513 514 517 527 541 550 559 560 569 ဆိုၿပီး 500 စီးရီးထဲမွာ
အၾကမ္းဖ်င္း မွတ္လို႔ရပါတယ္… မိန္းကေလးဝတ္ေတြအတြက္ နံပါတ္ေတြ
က 501 505 512 515 518 524 529 535 အဲ႔ထဲက 501 နဲ႔ 505 ပဲ
က်ားေရာ မေရာ ထြက္တာပါ။ က်န္တာေတာ႔ က်ားနံပါတ္ မနံပါတ္ဆိုၿပီး
အမ်ိဳးစားခြဲၿပီးထုတ္ပါတယ္...။ 501 ထဲမွာ Boyfriend Jean ဆိုၿပီး
မိန္းကေလးဝတ္ထြက္ၿပီး .. 505 ကေတာ႔ ေယာက္်ားေလးနဲ႔ ပံုစံတူ
နံပါတ္တူ မိန္းကေလးထဲ ထြက္တာပါ…။ မိန္းကေလးဝတ္ 505 က
ဂြေနာက္ျခမ္းကို ပိုႀကီးေပးထားပါတယ္.. ဆိုလိုတာက အေပၚဆံုး
ၾကယ္သီးကေန ဂြ ေနရာထိကို အေရွ႕ျခမ္းမွာ ၁၀လက္မနီးပါး ရွိေပမယ့္
အေနာက္ဖက္ျခမ္းမွာ ၁၅ လက္မထိ ရွည္ထားေပးတာပါ။ အဲ႔ဒါေၾကာင့္
ဝတ္တဲ့အခါ အမ်ိဳးသမီးေတြအတြက္ တင္ပါးကို အေပၚဆြဲတင္ေပးသလို
ျဖစ္ၿပီး ဝတ္တဲ႔သူေရာ ၾကည့္တဲ႔သူေကာအတြက္ အခ်ိဳးေျပတာပါ…။
အမ်ိဳးသမီးဝတ္ေတြ စီးရီးေတာ္ေတာ္မ်ားမ်ားက အဲ႔လို ခ်ဳပ္ထားတာပါ...။
ေယာက္်ားေလး ဂ်င္းနံပါတ္ေတြ အေၾကာင္းပဲ သိၿပီး သိတာကိုပဲ
အေျခခံၿပီးေျပာမွာမို႔… မိန္းကေလးဂ်င္းေတြ အေၾကာင္းေတာ႔
ထပ္မေၿပာေတာ႔ပါ။
ကဲ လာၿပီ........ 501 …….. အေပၚမွာ အေသးစိတ္ ေျပာခဲ့ၿပီးပါၿပီ…။
အၾကမ္းဖ်င္းကေတာ႔ ၾကယ္သီးတပ္ ေခတ္ေဟာင္းၾကပ္ (Classic Fit)
ေျခတံအေျဖာင့္ (Students ကေတာ႔ ေအာက္ နည္းနည္းရွဴးသြားတယ္
ဆုိပါေတာ႔) 505 --------- ပံုမွန္ၾကပ္ (Regular Fit) ေျခတံအေျဖာင့္…
ဇစ္နဲ႔ 501 ထက္ ဂြ မသိမသာ နည္းနည္းေလး ပိုရွည္တယ္၊ ဇစ္တပ္
ျဖစ္တာကလြဲလို႔ က်န္တာ အားလံုးနီးပါး တူတယ္ ေျခေထာက္အိုး
အက်ယ္က 501 ထက္ နည္းနည္းေလး ပိုက်ယ္တယ္…။
ကန္ထရီးဘုကို အရွည္စီးမွ သိသာတာပါ… မဟုတ္ရင္ သိေတာင္
မသိဘူး…။ 510 ………………. ပိန္သြယ္ၾကပ္ (Slim Fit) ပါ။
Skinny ဂ်င္း လို႔ လူသိမ်ားပါတယ္… မ်က္စိထဲျမင္ေအာင္ေျပာရရင္
အမ်ိဳးသမီးေတြ ေအရိုးဗစ္ကစားတဲ႔ ေဘာင္းဘီရွည္လိုမ်ိဳး အသားကပ္ပါ။
ပိန္ပိန္ပါးပါး ေကာင္ေလးေတြ ဝတ္ၾကတာ မ်ားပါတယ္။ ေခတ္သစ္
ေရာ႔စတားေတြ အဝတ္မ်ားပါတယ္…။ မ်က္လံုးမွာ လိုင္နာဆိုး.. နားမွာ
နားကြင္းေပါက္ေဖာက္.. တီရွပ္ အနက္ေရာင္နဲ႔ ေအာက္က ဒီဂ်င္းကိုဝတ္
ေနာက္ ဖိနပ္က ေအာစတားျဖစ္ျဖစ္ VAN ျဖစ္ျဖစ္ဝတ္တာ လူငယ္ေတြ
ၾကားက ေခတ္သစ္ ဖက္ရွင္ ေပါ့…။ ေနာက္ ပန္႔ဒီဇိုင္းလူငယ္ေတြ လဲ
ဝတ္ၾကတာေပါ့....။
ေဘာင္းဘီတစ္ထည္လံုး အကပ္ျဖစ္လို႔ ေျခေထာက္သြယ္မွ
ေပါင္တံရွည္မွ ပိုၾကည့္ေကာင္းတာပါ…။ ျမန္မာျပည္က ေနာက္ပိုင္း
လူငယ္ေလးေတြ အဲ႔လိုဝတ္လာၾကပါတယ္..။ 510 ကို ဝတ္လား
တျခား ဘရန္းေတြ ဝတ္လားေတာ႔ ေသခ်ာမၾကည့္မိဘူး…။
က်ေနာ့္လိုဘူဒါးၾကီး အရြယ္ေတြကေတာ႔ ႀကိဳက္ၾကမယ္မထင္…။
က်ေနာ္ကိုယ္တိုင္လဲ တထည္ ဝယ္ဖူးဝတ္ဖူးၿပီး လံုးဝမႀကိဳက္လို႔
လိုခ်င္သူကို ျပန္ေပးလိုက္ပါတယ္…။ အသားကပ္သားျဖစ္လို႔
အသားေပ်ာ႔တယ္… Spandex သား မ်ားမ်ားပါလို႔ အၾကမ္းေတာ႔
သိပ္မခံဘူး…။ ၾကမ္းရင္ ၿပဲသြားပါတယ္.. (ေဘာင္းဘီေျပာတာေနာ္)…
ေရအပူႀကီးနဲ႔ ေလွ်ာ္လို႔မရ… ဂ်င္းေဘာင္းဘီရဲ႕ သက္တမ္းလဲ ပံုမွန္
ေဘာင္းဘီေတြထက္ ပိုတိုပါတယ္…။ ဒါေပမယ့္ ေခတ္ေရစီးေၾကာင္း
ဆိုေတာ႔…ဝတ္ၾကပါတယ္….။
511 ……………………….. ဒီေကာင္ကလဲ ပိန္သြယ္ၾကပ္ (Slim Fit)
အမ်ိဳးအစားပါပဲ။ 510 လိုေတာ႔ အသားကပ္ (Skinny) ျဖစ္တဲ႔ထိေတာ႔
မကပ္ဘူး… 501 တို႔ 505 တို႔ထက္ ဂ်င္းအသား နည္းနည္းပိုပါးသြားၿပီး
ဝတ္ရတာ ပိုေပါ့ပါးပါတယ္… တရားလြန္ဝေနတဲ႔သူ ဆိုဒ္မေတာ္တာႀကီး
ေတြကို ဝတ္ထားတဲ႔သူေတြကလြဲလို႔ ေတာ္႐ံုလူေတြ ဝတ္ရတာ အဆင္
ေျပပါတယ္…။ စလင္းဖစ္ဆိုတဲ႔ အတိုင္း ေပါင္ေနရာမွာ ပြေယာင္းေယာင္း
မၿဖစ္ပါဘူး…။ အဲ႔ဒါေၾကာင့္လဲ ေနာက္ပိုင္းနာမည္ႀကီးလာတာပါ…။
513 ……………………….. ဒီေကာင္ကလဲ ပိန္သြယ္ၾကပ္ (Slim Fit)
အမ်ိဳးအစားပါပဲ။ 511 နဲ႔ အေပၚပိုင္း အကုန္လံုးနီးပါးတူၿပီး ေအာက္ပိုင္း
က်မွ ေျခေထာက္အိုး ၁ လက္မေလာက္ နည္းနည္းပြသြားတာပါ….။
511 ကို ေျခေထာက္အိုး နည္းနည္းပြတာ ဝတ္ခ်င္တဲ႔သူ ေျခသလံုး
နည္းနည္း ပိုတုတ္သူေတြအတြက္ အဆင္ေၿပပါတယ္…။ ဒါေပမယ့္
517 တို႔ 527 တို႔လို သိသိသာသာႀကီး ပြသြားတာလဲမဟုတ္ေတာ႔
ဟိုမေရာက္ဒီမေရာက္ျဖစ္ေနလို႔ က်ေနာ္ေတာ႔ 511 ကိုပဲ ပိုႀကိဳက္ပါတယ္။
514 ----------------------- ဒီေကာင္ကေတာ႔ ပံုမွန္ၾကပ္ (Regular Fit)
ၿဖစ္ၿပီး 505 ကို ျပန္ျပင္ထားတဲ႔ေကာင္ပါ…။ ဂြကို ပိုတိုထားၿပီး ေပါင္ေနရာ
ကို နည္းနည္းသိမ္လိုက္တာေၾကာင့္ ေပါင္ေနရာ ႂကြက္သားအႀကီးႀကီး
မရွိတဲ႔ လူေတြ ေပါင္ရင္းမတုတ္တဲ႔သူေတြအတြက္ ပိုသင့္ေတာ္ပါတယ္…။
ေျခေထာက္အိုးေနရာေတာ႔ 505 နဲ႔တူတူပါပဲ…။ ဒီေကာင္ကိုလဲ လူဝတ္
မ်ားၾကတယ္။ 505 ထက္ ခ်ည္သားပိုပါးပါတယ္။ လူႀကိဳက္ၾကပါတယ္…။
517 ------------------- ဒီေကာင္ကေတာ႔ 511 513 တို႔လို ပိန္သြယ္ၾကပ္
အမ်ိဳးအစားပါ… မတူတာက ေျခေထာက္ေနရာမွာ သိသိသာသာပြထား
တာပါ…။ Boot cut ျဖစ္လို႔… ေကာင္းဘိဳြင္ကန္ထရီးဘု စီးတဲ႔သူေတြ
အတြက္ ထုတ္တယ္လို႔ေတာင္ ေျပာလို႔ရပါတယ္…။ ဒါေပမယ့္ ဘုရဲ႔
အေနာက္မွာ ဆူးသြားေလးတပ္ထားရင္ေတာ႔ ဒီေကာင္မဝတ္သင့္ပါဘူး။
အဲ႔ဆူးသြားဝိုင္းက ေဘာင္းဘီကိုညိၿပီး ၿပဲတတ္လို႔ပါ…။ ရိုးရိုးဘုပဲဆိုရင္
အဆင္ပိုေျပၿပီး ပိုၾကည့္ေကာင္းပါတယ္…။ 501 တို႔ 505 တို႔က်
အဝက်ယ္တဲ႔ BOOT ဝတ္ၿပီးရင္ ေဘာင္းဘီေျခေထာက္အိုးက
သိသိသာသာပိုမက်ယ္လို႔ ျမင္းေပၚတက္လိုက္ ျပန္ဆင္းလိုက္
လုပ္တဲ႔အခါ ေဘာင္းဘီက BOOT အေပၚတက္သြားၿပီး ျပန္မက်
လာပါဘူး…။ နည္းနည္းျပန္ဆြဲခ်ေပးရပါတယ္..။ 517 တို႔ 527 တို႔က်
ေခ်ာင္ေခ်ာင္ခ်ိခ်ိျဖစ္လို႔ ပိုအဆင္ေျပပါတယ္…။ အဲ႔ဒါေၾကာင့္လဲ
ဒီအမ်ိဳးအစား ေျခေထာက္အိုးႀကီးတဲ႔ေကာင္ေတြကို BOOT CUT လို႔
ေခၚတာပါ….။
527 -------------------- ဒီေကာင္က 517 နဲ႔ ေတာ္ေတာ္ဆင္ပါတယ္….
မတူတာက ဒီေကာင္က ပို Thigh ၿဖစ္တာပါပဲ….ေျခေထာက္အိုးဆိုဒ္
ကေတာ႔ 517 နဲ႔တူတူေလာက္ပါပဲ…။ 527 ေတာ႔ ၿမန္မာျပည္မွာ
ေရာင္းတဲ႔သူရွိသလို ဝတ္ၾကတာလဲရွိပါတယ္…။ 527 သမားေတြ
517 လဲ စမ္းဝတ္ၾကည့္လို႔ရပါတယ္လို႔…။
541 ------------------------ ဒီေကာင္က ဖရီးစတိုင္ပါ။ အားကစား
ေဘာင္းဘီဝတ္ရသလို လြတ္လြတ္လပ္လပ္ရွိတယ္လို႔ လီဗိုက္ကုမၸဏီက
ေျပာထားတာပဲ… က်ေနာ္ကေတာ႔ အဲ႔လို အားကစားလုပ္ဖို႔ထိေတာ႔
လြတ္လပ္ေပါ့ပါးတယ္လို႔ မထင္ဘူး..။ ဒါေပမယ့္ ဝတ္ရတာ ေတာ္ေတာ္
အဆင္ေျပတာေတာ႔ တကယ္ပါ။ သူက 501 တို႔ 511 တို႔ 514 တို႔လို႔
ခါးေအာက္ေရာက္တဲ႔ေကာင္မဟုတ္ေတာ႔ လူလတ္ပိုင္းေတြနဲ႔ ပိုအဆင္
ေျပသလားလို႔..။ ခါးေတာ႔ ေအာက္ထိမက်လို႔ အတြင္းခံေဖာ္ဝတ္ခ်င္တဲ႔
သူေတြေတာ႔ သိပ္မႀကိဳက္ခ်င္ဘူး.. ။ ဂြ အရမ္းမတိုထားလို႔ ပစၥည္းရွိ
လူတန္းစားေတြအတြက္ေတာ့ ေကာက္ညွင္းထုတ္ျဖစ္မေနၾကဘူးေပါ့….
ေအာက္က ေျခေထာက္အိုးအရြယ္က 501 နဲ႔ မတိမ္းမရိ္မ္းပါပဲ..။
က်ေနာ္ကေတာ႔ ႀကိဳက္တယ္။
550 …………………….ဒီေကာင္က RELAXED FIT အမ်ိဳးအစားပါ….
ဘာမွ သိသိသာသာထူးျခားမႈ မရွိဘူးလို႔ေတာင္ဆိုရမယ္…။ လူႀကီးပိုင္း
ေတြ ပိုဝတ္ၾကတယ္…။ ေစ်းနည္းနည္းပိုေပါတယ္…။ က်ေနာ္တထည္
ဝယ္ဝတ္ဖူးတယ္.. ငယ္တုန္းဝယ္လို႔ထင္တယ္…မႀကိဳက္ဘူး…။
ခါးေအာက္ မက်ဘူး… ေျခေထာက္အိုးကလဲ 501 တို႔ထက္
နည္းနည္းေလးပိုက်ယ္တယ္။
559 ………………………. ဒီေကာင္က RELAXED FIT အမ်ိဳးအစားပါပဲ
အမွန္ေၿပာရရင္ 559 ကို မဝတ္ဖူးလို႔ က်ေနာ့္ဆီမွာ တစ္ထည္မွမရွိဘူး။
အဲ႔ဒါေၾကာင့္ သူ႔အတြက္ ထူးထူးၿခားၿခားေရးစရာ ထြက္မလာဘူးဗ်။
ဝတ္ဖူးတဲ႔သူေတြကေတာ႔ မဆိုးဘူးေျပာၾကတာပဲ… လီဗိုက္ ေရာင္းတဲ႔
ဆိုင္တိုင္းမွာလဲ တင္မေရာင္းၾကဘူး…။
560 ………………….. အမွန္ေျပာရရင္ ဒီေကာင္လဲ က်ေနာ္႔ဆီမရွိဘူး။
အဲ႔ဒါေၾကာင့္ ေသခ်ာမသိဘူးဗ်... မဝတ္ဖူးတဲ႔ဟာကိုလဲ ဘယ္လို
ဘယ္ပံုေကာင္းပါတယ္လို႔ မရႊီးခ်င္ဘူး။ ေနာက္ခါ ဝယ္ၿပီး ဝတ္ၿပီးမွပဲ
လာျဖည့္ေရးေပးမယ္...။
569……………………….ဒီေကာင္က LOOSE FITအမ်ိဳးအစားပါ…။
HIP HOP ဂ်င္းလို႔ က်ေနာ္ကေတာ႔ နာမည္ေပးထားတယ္…။
ဟစ္ေပါ့အဆိုေတာ္ေတြ ဝတ္ၾကတဲ႔ ပြပြနဲ႔ ဂြက်က် ပံုစံၿဖစ္လို႔..။
မ်က္စိထဲကြက္ကြက္ကြင္းကြင္းၿမင္ႏိုင္တာမို႔ တၿခားအေထြအထူး
ေၿပာစရာမရွိဘူး ထင္ပါတယ္….။ == က်ေနာ္ကေတာ႔ ေဘာင္းဘီ
ဝယ္ရင္ ေသခ်ာၾကည့္ဝယ္တယ္ဗ်..။ ေဘာင္းဘီအသား ၾကည့္သလို
ခ်ဴပ္ရိုးခ်ဳပ္သားၾကည့္တယ္.... ခ်ဳပ္ေၾကာင္းေၿဖာင့္မေၿဖာင့္ ၾကည့္တယ္။
အထည္တိုင္းက ဆင္တူလို႔ထင္ရေပမယ့္ ေသခ်ာၾကည့္ရင္ မတူဘူး...
ဟိုးအရင္ကတည္းက ေဘာ္ဒါေတြမွာတာကို ဝယ္ေပးရင္လဲ
ကိုယ္တိုင္ဝတ္ဖို႔ ဝယ္သလိုၾကည့္ၿပီးမွ ဝယ္ေပးတာပါ...။ အဲ႔ဒါေၾကာင့္
အရင္တေခါက္ ေဘာ္ဒါေတြမွာတာကို ဝယ္ေပးရတုန္းက ၁နာရီေလာက္
ၾကာၾကည့္ၿပီးမွ ၆ ထည္ပဲရခဲ႔တာပါ...။ လူအရမ္းမ်ားေနရင္လဲ ေသခ်ာ
ေရြးလို႔မရလို႔ လူနည္းတဲ႔အခ်ိန္ပဲေရြးသြားတာပါ...။ ဒါေတာင္ အလင္း
ေရာင္ သိပ္အားမေကာင္းလို႔ စိတ္တိုင္းက်ၾကည့္ခြင့္မရခဲ႔ဘူး...။
ျမန္မာျပည္က ေရာင္းတဲ႔ဆိုင္ေတြကေတာ႔ ပံုမွန္ 501 ကိုပဲ အမ်ားဆံုး
ေရာင္းၾကမယ္ထင္ပါတယ္...။ ဒီဖက္မွာေတာ႔ 511 နဲ႔ 514 အဝတ္မ်ား
လာၾကပါတယ္။ ေစ်းတတ္ႏိုင္တဲ႔သူေတြဆိုရင္ေတာ႔ Made & Crafted
ကို စမ္းၿပီးဝတ္ဖို႔ အႀကံေပးခ်င္တယ္...။ အဲ႔ေကာင္ဝတ္ၿပီးရင္ တျခား
နံပါတ္ပါတဲ႔ ဂ်င္းေတြ 501 ကစလို႔ ဘယ္ဟာမွ မဝတ္ခ်င္ေတာ႔ဘူး
ျဖစ္သြားပါလိမ္႔မယ္...။ ဒီပို႔စ္ေရးဖို႔ က်ေနာ္႔ဆီရွိတဲ႔ နံပါတ္မတူတဲ႔
ေဘာင္းဘီအေဟာင္းတခ်ိဳ႔ ကိုလဲ ျပန္ဝတ္ၾကည့္ မိတယ္...။
လီဗိုက္ဂ်င္းကို မဝတ္တာေတာင္ နည္းနည္းၾကာသြားေပမယ့္
ခုျပန္ဝတ္ေတာ႔လဲ အရင္လိုပဲ ဝတ္လို႔ေကာင္းတုန္း ႀကိဳက္တုန္း
စိတ္ထဲမွာ မတူညီတဲ႔ခံစားခ်က္ကိုေပးတုန္းပါပဲ.......
ေက်းဇူး အထူး တင္ပါတယ္....။
Original - ဇီးကြက္ (MMCP)
Light Check and Edit - Kyaw Kyaw Sai
ပုံႏွင့္ ေစ်းႏႈန္းကုိ မူရင္းေနရာတြင္ ၾကည့္ပါရန္
https://www.levi.com/US/en_US/clothing/men/jeans/c/levi_clothing_men_jeans
https://www.belk.com/shop-by-brand/levis/
https://www.belk.com/shop-by-brand/levis/mens-clothing/jeans/
https://www.name-brand-jeans.com/
https://www.macys.com/shop/b/levis?id=79478
https://www.amazon.com/Levis-Mens-569-Loose-Straight-Leg/dp/B0018OY5X0
==========================
Variety of Levi's Jean
Levi's ဂျင်းဘောင်းဘီအကြောင်း သိသမျှ
-------------------------------------------------
Levi's ဂျင်းဘောင်းဘီဟာ မြန်မာနိုင်ငံမှာ လူကြိုက်များပေမယ့်
လီဗိုက်ဘောင်းဘီအကြောင်း သေချာသိတဲ့သူနည်းပါတယ်။ ဒါကြောင့်မို့
လီဗိုက်ဘောင်းဘီအကြောင်း၊ လီဗိုက်ကုမ္ပဏီ ဘယ်လိုဖြစ်ပေါ်လာတယ်
စတဲ့အကြောင်း ကျနော်သိသလောက် ပို့စ်တပို့စ် ရေးဖြစ်တာပါ။
စကားဦးအနေ့နဲ့ ကြို တောင်းပန်ထားချင်တာကတော့...
ကျနော် အရမ်းသိနားလည်လို့ ရေးပေးနေတာမဟုတ်ပါဘူး…။
ကိုယ်သိခဲ့တဲ့ နားလည်ခဲ့တဲ့ ဂျင်းဘောင်းဘီယဉ်ကျေးမှုကို ကျနော့်လို
လီဗိုက်ချစ်တဲ့ ဘော်ဒါတွေကို ပြန်မျှဝေပေးတဲ့သဘောပါ…။
ကျနော့်ထက်ပိုသိ ပိုနားလည်တဲ့သူတွေလဲ အများကြီးမို့…
ကျနော်ရေးတဲ့အထဲမှာ မှားနေတဲ့နေရာ လိုနေခဲ့တဲ့နေရာ မပြည့်စုံခဲ့တာ
ရှိရင် ထောက်ပြပေးကြပါလိ့ု… ကိုယ်တိုင် ဝတ်ဖူးပြီး ခံစားခဲ့ဖူးတဲ့
ဖီလင်ပေါ်မူတည်ပြီး ရေးတာဖြစ်တဲ့အတွက်ကြောင့်မို့…..အပြည့်အစုံ
မဟုတ်သလို အရေးအသားလဲ မညက်ဘူး၊ အမှားလဲ ပါကောင်းပါမယ်
ပေါ့ဗျာ..။ ဒါပေမယ့် ကျနော်ရေးတာဖတ်ပြီး မသိသေးတဲ့သူတွေ
ကိုယ် ဘယ်လိုပုံစံ ဘယ်လိုဒီဇိုင်းဝတ်ချင်တယ်ဆိုတာ သိသွားပြီး
ရွေးချယ်ခွင့်ရသွားမယ် ဆိုရင်၊ ဝတ်နေကျပုံစံကနေ တခြားပုံစံ
ပြောင်းဝတ်ချင်တဲ့ဘော်ဒါတွေ အတွက်လဲ ဘယ်လိုပုံစံ ပြောင်းပြီးဝတ်ရင်
ပိုကောင်းလာမလဲ ပိုသင့်တော်လာမလဲ လို့ စဉ်းစားတဲ့အခါ ဒီပို့စ်လေးက
အထောက်အကူဖြစ်စေမယ်ဆိုရင် ကျနော် ရေးရကျိုးနပ်ပါတယ်…။
စေတနာထားပြီး အချိန်အများကြီး အကုန်ခံ ရေးထားတာဖြစ်လို့
ရှယ်ချင်တဲ့ဘော်ဒါတွေ ရှယ်သွားလို့ရပါတယ်... သီးသန့်ကူးပြီးတော့
ပြန်မတင်ကြပါနဲ့၊ တခြားမှာလဲ ပြန်မသုံးကြပါနဲ့ခင်ဗျာ။ ဦးဆုံးစပြောရရင်
တော့ လူကြိုက်များတဲ့ 501 အကြောင်းပေါ့ မြန်မာပြည်မှာ လူကြိုက်များ
တာ ကြယ်သီးတပ် 501 ပါ.။ ခုရေးမှာကတော့ 501 ခြင်းတူပြီး ဘာလို့
ကွဲသွားတာလဲ..ဘာတွေကွာတာလဲ ဆိုတာရဲ့ အဖြေလဲဖြစ်မှာပါ..။
နောက် CUT မတူတာနဲ့ ငါ့ဟာက အစစ် မင်းဟာက အတုဆိုပြီး
ငြင်းခုံကြတာလဲ ပြေလည်သွားမယ်ထင်ပါတယ်...။
ဟုတ်ကဲ့ 501 က အတုအများကြီးထွက်ပါတယ်...။ ဖြစ်သလိုထုတ်တဲ့
အတုနဲ့ အစစ်နီးပါးကောင်းတဲ့အတု အထိရှိပါတယ်...။ 501 လို့ရေးပြီး
ကြယ်သီးနဲ့မဟုတ်ဘဲ ဇစ်နဲ့ ဖြစ်နေတဲ့ အတုကတော့ လုံးဝရုပ်ဆိုးတဲ့
အတုပေါ့ဗျာ... (501Z ဆိုတဲ့ကောင်ကမှ ဇစ်ပါတာပါ..)။
တကယ့် Levi's ဘောင်းဘီအစစ်တွေမှာ ထုတ်တဲ့ ခုနှစ်နဲ့လ ပါပါတယ်..။
နောက် ကြယ်သီးအနောက်ဖက်မှာ နံပါတ်ပါပြီး အဲ့နံပါတ်ကလဲ တံဆိပ်မှာ
ပြန်ပါပါတယ်...။ တထည်ချင်းစီမှာ နံပါတ်ပါပါတယ်...။
နောက် ကုတ်နံပါတ်ပေါ်မူတည်ပြီး ဘယ်ဒေသ (Region) ကနေ
ထုတ်သလဲဆိုတာ ခွဲလို့ရပါတယ်...။ အဓိကတော့ ဒေသ(၃)နေရာ
ရှိပါတယ်... အသေးစိတ်ကတော့ စာရှည်မှာဆိုးလို့ နောက် အလျဉ်း
သင့်ရင် ပြောပြပေးပါ့မယ်...။
လုံးဝခွဲမရအောင်တူတဲ့ အစစ်နဲ့အတု ဘယ်မှာကွာသလဲဆိုရင်
အချိန် ကြာလာရင် ကွာသွားပါတယ်...။ အစစ်က ကြာလာလေ
အသားအိလာလေ ပိုဝတ်လို့ကောင်းလာလေ ဖြစ်ပြီး အတုက
ကြာလာလေ မဝတ်ချင်လေဖြစ်လာပါလိမ့်မယ်...။ ဒါပေမယ့်
ကြာရှည်ခံအောင်ထိန်းသိန်းနည်းပေါ်လဲ မူတည်သေးတာပေါ့....။
501 ကိုမှ အမျိုးမျိုးထပ်ခွဲထားပါသေးတယ်... CUT ထဲမှာ
အကြမ်းအားဖြင့် ဒီလိုခွဲထားပါတယ်...။
501 Original 501 Shrink-to-Fit 501 CT 501 Short 501 Students
501 Original . ဒီကောင်ကတော့ အော်ရယ်ဂျီနယ်ဆိုတဲ့အတိုင်း ပုံမှန်
ပါပဲ....။ ကိုယ်ဘာကြိုက်မှန်းမသိရင် ဒါပဲဝယ် မမှားဘူး... 501 Shrink
-to-Fit . ဒီကောင်က ရေလျှော်ပြီးရင် နည်းနည်းပြန်ကျုံ့တဲ့ကောင်ပါ...။
ကိုယ့်ဝတ်နေကျဆိုဒ်ကနေ တဆိုဒ်ကြီးတာဝယ်ပြီး ဝတ်ရင် အကောင်းဆုံး
ပါ..။ ဆိုဒ်ကွက်တိဝယ်ပြီး ရေချပြီးတဲ့ အခါ ကျပ်နေတတ်ပါတယ်...။
တခုကောင်းတာက သူက အချိုးအစားသိပ်မမှန်တဲ့ခြေထောက်တွေ
အတွက် ပိုအဆင်ပြေတယ်...။ ဆိုလိုတာက ခြေသလုံးတုတ်တဲ့သူ..
ပေါင်လုံးတုတ်တဲ့သူတွေ အတွက် ဆို ပုံကျသွားတတ်ပါတယ်..။
Shrink-to-Fit ဖြစ်လို့ ပါ...။ တချို့က ခါးရိုးရှည်တယ်.. တချို့က
ခြေတံရှည်တယ်.. အဲ့လိုကွဲပြားတဲ့ သူတွေကြောင့်ပါ...။ နောက်
ရေလျှော်တာနဲ့ အဝတ်အပူပေးတာ အပေါ်လဲမူတည်ပါတယ်...။
အနောက်နိုင်ငံတွေဖက်မှာ အဝတ်လျှော်တာ ပိုးသေအောင်လို့
ရေပူူနဲ့လျှော်ကြပါတယ်...။ နောက် နေလှမ်းအခြောက်မခံဘဲ
အခြောက်စက်ထဲထည့်ပြီး အပူပေးခြောက်အောင်လုပ်ကြပါတယ်...။
အဲ့ကျရင် ပိုပြီး ကျုံ့တာမြန်ပါတယ်...။ မြန်မာပြည်မှာကျ ရေအေးနဲ့ပဲ
လျှော်ပြီး နေလှန်းအခြောက်ခံတာမို့ မြန်မြန်မကျုံ့သွားပါဘူး...။
နောက် ဖြစ်နိုင်ရင် ဂျင်းဘောင်းဘီတွေကို မီးပူမထိုးပါနဲ့.....။
မီးပူထိုးလိုက်ရင် အသားပျော့အောင် အတွင်းဖက်မှာ ဖျန်းထားတဲ့
ပျော့ဆေး..(ဖယောင်းသားပါဝင်တဲ့ပျော့ဆေး) က အပူကြောင့်
ကြာလာတော့ ဆေးကုန်သွားတတ်ပါတယ်....။ ဂျင်းကိုမီးပူထိုးပြီး
ဝတ်ခါစမှာ တောင့်တောင့်ကြီးဖြစ်နေတာ ဒါကြောင့်ပါ....။
501 Shrink-to-Fit ကို ပထမဆုံးရေချတာက ပညာသားပါပါတယ်..။
ရေခွက်ထဲဒီတိုင်း ရေစိမ်ပြီး ရေချလိုက်ရင် ကိုယ်လိုချင်သလို မဖြစ်လာ
ပါဘူး...။ သူ့ကိုပထမတရေ ရေချနည်းက...ဝတ်နဲ့သူက ဝတ်ထားပြီး
ရေစိမ်ကန်ထဲ စိမ်..ဒါမှမဟုတ် ၁၅ မိနစ် ၂၀မိနစ်လောက် ဘောင်းဘီ
ဝတ်ထားပြီးရေချိုးရတာပါ။ ဝတ်ထားပြီး ရေစိမ်ချိုးတာတော့
အကောင်းဆုံးပေါ့...။ မြန်မာပြည်မှာတော့ အိမ်တိုင်းရေစိမ်ကန်မရှိတော့
ဝတ်ချိုးပြီး ကိုယ်လိုချင်တဲ့ပုံသွင်းတဲ့သဘောပေါ့...။ ဘောင်းဘီက ပထမ
၅မိနစ်လောက်က မသိသာပေမယ့် တဖြည်းဖြည်းကြာလာတာနဲ့အမျှ
ဘောင်းဘီက အသားနဲ့ ကပ်လာတာ သိသာလာပါတယ်...။
၁၅ မိနစ်လောက် (မိနစ်၂၀လောက်ဆိုပိုကောင်းပါတယ်) ကျော်သွား
ရင်တော့... ပြန်ချွတ်ပြီး ရေညစ်ပြီး လှမ်းထားလိုက်လို့ရပါပြီ...။
ခြောက်သွားတဲ့အခါ ပြန်ဝတ်ကြည့်ရင် ပထမဆုံးဝတ်သလို
ပွယောင်းယောင်းမဟုတ်တော့ဘဲ ကိုယ်နဲ့ တိုင်းချူပ်ထားသလား
ထင်ရလောက်အောင် ဖစ်ဆိုဒ်ဖြစ်နေပါလိမ့်မယ်...။ ရေအကြာကြီး
ချိုးမိလို့ နှာစေးချောင်းဆိုးဖြစ်ရင်တော့ ကျနော် အပြစ်မဟုတ်ဘူးနော်...။
501 CT . CT stand for CUSTOMISED AND TAPERED
ကာစတန်မိတ် ပုံစံဖြစ်တာကြောင့် ပုံပိုကျပါတယ်..။ ကိုယ်ဝတ်နေကျ
ဆိုဒ်ကို ၁ဆင့် အတိုးအလျှော့လုပ်ပြီးဝတ်လို့ရပါတယ်..။ ပုံမှန် ၃၃
ဝတ်တဲ့သူက CT မှာ ၃၂၊၃၃၊၃၄သုံးမျိုးဝတ်လို့ရပါတယ်...။ ၃၂ ဆို
နည်းနည်းကျပ်ပေမယ့် ပုံကျတာကြောင့် ကြိုက်ကြပါတယ်...။
၃၄ ကျတော့ နည်းနည်းပွယောင်းယောင်းဖြစ်ပေမယ့် လှုပ်ရှားရပို
ပေါ့ပါးပြီး ပိုသက်တောင့်သက်သာဖြစ်ပါတယ်တဲ့...။ ထုံးစံအတိုင်းပဲ
ကာစတန်မိုက်လုပ်ထားတယ်ဆိုတော့ ဈေးလဲပိုကြီးပါတယ်...။
ချုပ်သားနည်းနည်းကွာပါတယ်...။ ခါးအပေါ်မတက်သွားဘူး...။
501 Short . ဒါကတော့ အတိုပါ...။ နွေရာသီလို ရာသီဥတု.....
အထူးသဖြင့် မြန်မာပြည်လို ရာသီဥတုမျိုးမှာ ကိုက်ညီပါတယ်...။
501 Students . ဒီကောင်ပုံကတော့ Original နဲ့ အပေါ်ပိုင်းမှာ
ကြယ်သီးက ၃ လုံး (ဆိုဒ်တော်တော်ကြီးမှ ၄လုံးပဲ)ပါလို့ ဘောင်းဘီ
ဂွက ပိုတိုပါတယ်...။ အဲ့ဒါကြောင့် ခါးဆိုဒ် ၃၀ အောက်ပိန်ပိန်ပါးပါး
အရွယ်လေးတွေ ဝတ်ရင် ပိုလှ ပိုစတိုင်ကျလို့ 501 Students လို့
ခေါ်တာပါ...။ ခါး ၃၀ အထက်လူတွေက လူကြီးပိုင်းဖြစ်လာလို့
ခါးတုတ်လာသလို ဂွ တိုတဲ့အခါ တခါတလေ နေရခက်ပါတယ်...။
ဟာသအနေနဲ့ပြောရရင် (ဥညပ်ပြီး အသက်ရှူကျပ်တယ်ပေါ့ဗျာ)......
အပေါ်ပိုင်းက ဂွတိုသလို အောက်ဆုံးနေရာမှာမှ ရှူးပြီး ခြေထောက်အိုး
အပေါက်ကျဉ်းသွားတာပါ...။ ဘောင်းဘီကို ကန်ထရီးဒေါက်ထဲ
ထည့်စီးချင်တဲ့သူတွေအတွက် သင့်တော်ပေမယ့်...။ အပြင်ထုတ်
ဝတ်တဲ့သူတွေအတွက်တော့ ဝတ်လို့မရဘူးပေါ့ဗျာ...။
နောက် ဘောင်းဘီကိုအောက်မှာခေါက်ဝတ်တဲ့သူတွေ အတွက်
အဆင်မပြေဘူး...။ အဲ့ဒါကြောင့် အဲ့ကောင်ဝတ်မယ်ဆို အရှည်
ကွက်တိကောင်ပဲ ဝယ်သင့်ပါတယ်... ပိုရှည်တာဝယ်မိရင်
အောက်ခြေမှာ ဂျင်းသားပုံကျနေပြီးကြည့်ရတာနည်းနည်းဆိုးပါတယ်...။
တချို့က ခြေသလုံးဖော်ချင်လို့ သေချာကို တိုတာဝယ်တာတော့ရှိတယ်
(အမျိုးသမီးတွေအများစုပေါ့ဗျာ)။ နောက်တချက်က ခြေထောက်ပြား
ကြီးတဲ့ အာရှသားတွေ အတွက်တော့ ဝတ်ရနည်းနည်းခက်တယ်..
အောက်ခြေကျဉ်းလို့ ခြေသလုံးတုတ်တဲ့သူတွေကို နည်းနည်းရုပ်ဆိုး
စေတယ်...။ နောက်ပိုင်း ဆိုင်တိုင်းမှာမတင်တော့ဘူး....။
SOHO ဆိုဟို တို့၊ BROADWAY ဘရော့ဝေး တို့ဖက်က ဆိုင်တွေမှာပဲ
ရောင်းတော့တယ်...။ ကျနော်ကိုယ်ပိုင်အမြင်နဲ့ဆို မကြိုက်ဘူး...။
သေချာရွေးမဝယ်ဘဲ ဝယ်မိပြီး ဝတ်လိုက်ရင် ဘေးက ချုပ်ရိုးက
အတွင်းဖက်ကိုလိမ်သွားလို့ (အောက်ခြေကို ကျဉ်းထားတော့
ချုပ်ရိုးက သေချာမချုပ်တတ်တဲ့သူဆို လိမ်သွားတယ်)...။ ဈေးက
ရိုးရိုးကောင်ထက် ၅ကျပ်လောက်သက်သာတယ်...။ အပေါ်က ထဲမှာ
မပါတဲ့ 501 တမျိုးက 501 Boyfriend Jean ဖြစ်ပါတယ်...
ကောင်မလေးတွေက သူတို့ချစ်သူရည်စားနဲ့ ချစ်ပွဲဝင်ပြီးတဲ့အခါ
ယောက်ျားလေးက အိပ်ပျော်နေတုန်း ကောင်မလေးက အဲ့ယောက်ျား
လေးရဲ့ဂျင်းဘောင်းဘီကို ယူဝတ်တာကနေ စလို့ အဲ့နာမည်တွင်တာပါ.။
ကောင်မလေးတွေအတွက်ပဲ ထုတ်တာပါ.။ ကောင်မလေးဝတ်ဆိုတော့
တင်နေရာမှာ နည်းနည်းပိုကြီးထားပြီး အလက်စတစ်သား နည်းနည်း
ပိုထည့်ထားလို့.. တင်တွေ တင်းတင်းရင်းရင်းနဲ့ ထင်းသွားပါတယ်...
တခြားထူးခြားချက်ကတော့ ကျနော်မဝတ်ဖူးလို့ မသိဘူးဗျ....။
နောက် ၅၀၁ ထဲမှာပဲထပ်ခွဲတာ စတိုင် နဲ့ အရောင်ပါ..
ကျောက်ခဲလျှော် တို့.. ရေစိုတို့...ဒူးပြဲတို့.. ခြစ်ရာတို့.. ကြောင်ခြစ်တို့..
အနားဖွာတို့ (ကိုယ့်ဟာကိုယ်နားလည်သလိုပေးထားတဲ့ မြန်မာနာမည်
တွေပေါ့ဗျာ) ဆိုပြီး စတိုင်ကွာပါသေးတယ်...။ အဲ့ဒါတွေလဲ နောက်
အလျှင်းသင့်ရင် ပြောပြပေးပါမယ်...။
အရောင်မှာ အရောင်စုံရှိပါတယ်...။ ဘောင်းဘီမချုပ်ခင်မှာ
ဆေးဆိုးထားတဲ့ အရောင်နဲ့... ဘောင်းဘီချုပ်ပြီးမှေ ဆေးဆိုးတဲ့
အရောင်ဆိုပြီးကွဲပါတယ် (ခါးက တံဆိပ်မှာ အသားရောင်မဟုတ်ဘူး
ဆိုရင် ချုပ်ပြီးမှ ဆေးဆိုးတယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်)။
ဆေးဆိုးတဲ့ အရောင်ရယ် ဘယ်လိုဆိုးတယ်ဆိုတာပေါ်မူတည်ပြီးတော့
ရေလျှော်ရင် အရောင် ကျွတ်တာရယ် ရေလျှော်ရင် အရောင်မကျွတ်
တာရယ်ဆိုပြီး ရှိပါသေးတယ်...။ နောက် အလင်းထဲမှာ တစ်ရောင်
အလင်းရောင်မကောင်းတဲ့နေရာမှာ တစ်ရောင်ဖြစ်တဲ့ အရောင်တွေလဲ
ရှိပါတယ်...။ အများဆုံးဝတ်ကြတဲ့ အရောင်က အပြာပါ....
ရိုးရိုးအပြာက ပထမဖြစ်ပြီး မိုးပြာက ဒုတိယပါ...။
နက်ပြာ(အနက်ဖက်သန်းတဲ့အရောင်) က တတိယပါ...။
နောက်မှ အနက်တို့ အစိမ်းပုတ်တို့ ဝတ်ကြပါတယ်...။
အဖြူလဲ ဝတ်ကြပါတယ်...။ မြန်မာပြည်မှာကျ အဖြူက အပေမခံဘူး
ဆိုပြီး သိပ်မဝတ်ကြပါဘူး..။ ဒါပေမယ့် အဖြူက ဝတ်တဲ့သူက သေချာ
ဝတ်တတ်ရင် တော်တော်ကြည့်ကောင်းပါတယ်... မြန်မာပြည်ဖက်မှာ
တော့ အနီကိုယောက်ျားလေးတွေ ဝတ်ကြပေမယ့် ဒီဖက်မှာတော့
ယောက်ျားလေး အနီဝတ်တာ မတွေ့ဖူးပါ...။ ဒါကတော့ 501 ထဲက
အကြမ်းဖျင်းခွဲပြထားတာပါ...။ 501 ကိုမှ အမြင့် တွေ အနိမ့်တွေ
ရှိပါသေးတယ်...။
501XXX လို့လဲခေါ် RED Line လို့လဲခေါ် BIG E လို့လဲခေါ်တဲ့
ကောင်တွေလဲရှိပြီး တစ်ထည်ထဲကို ဒေါ်လာ၂၀၀ ဝန်းကျင်ကနေ
စပါတယ်...။ (ချုပ်ရိုးအတွင်းသားထဲမှာ အနီရောင်းလိုင်းလေးပါလို့
Red Line လို့ခေါ်တာပါ..၊ Big E လို့ခေါ်တာကတော့... တင်ပါးအိပ်
ကပ်မှာ ချုပ်ထားတဲ့ အနီရောင် အမှတ်တံဆိပ်လေးမှာ E နေရာမှာ
အကြီးဖြစ်နေလို့ပါ)။ နောက်အလျင်းသင့်ရင် ကျနော့်ဆီရှိတဲ့ ဘောင်းဘီ
ပုံတွေတင်ပေးပါ့မယ်...။ နောက် ပုံပိုကျတဲ့ Made & Crafted တွေလဲ
ရှိပါသေးတယ်။ အဲ့ကောင်တွေလဲ ၁၅၀ လောက်ကနေစပါတယ်...။
နောက် အင်ဝျင်နီယာဂျင်းတွေ လက်သမားဂျင်းတွေဆိုပြီးလဲ
ရှိပါသေးတယ်...။ ဒါတွေကတော့ အကြမ်းဖျင်းပါ...။ လူတိုင်းသိတဲ့
နာမည်ကျော် 501 ကတော့ ကြယ်သီးတပ်နဲ့ အဓိကထုတ်တာပေါ့။
ဇစ်နဲ့ထုတ်တဲ့ 501 လဲရှိပါတယ်။ ဒါပေမယ့် အဲ့ကောင်က ဆလက်ရှင်
ဖြစ်လို့ ဈေးလဲကြီးသလို ရှားလဲရှားပါတယ်…။ ခါးက တံဆိပ်မှာလဲ
501Z ဆိုပြီး ပါပါတယ်…။ အဲ့ဒါကြောင့် ရိုးရိုး 501 ကို ဇစ်နဲ့ တွေ့တယ်
ဆိုရင် တော်တော်ညံ့တဲ့ အတုလို့ သေချာပေါက် ပြောလို့ရနိုင်တယ်လို့
အပေါ်မှာပြောခဲ့တာပါ…။ အတုလုပ်တဲ့သူတွေ ဇစ်နဲ့ အတုလုပ်ရင်
501 ဆိုတဲ့ နံပါတ်အနောက်မှာ Z လေးတော့ ထည့်ပြီး ပိပိရိရိ
တုသင့်တာပေါ့နော့…။ 501 က ဘာလို့ ကြယ်သီးတပ်နဲ့ ဖြစ်နေတာလဲ
ဆိုတဲ့ အဓိကအဖြေက နောက်ပိုင်း 501 လို့ နံပါတ်တပ်လိုက်တဲ့
ရှေးဦး ဂျင်း မူလအစထုတ်တုန်းက ဇစ် မပေါ်သေးလို့ပါ…။
လီဗိုက်ဂျင်းက 1873 မှာ စပေါ်ပြီး ဇစ်က 1893 မှ စပြီး ပေါ်တာမို့ပါ…။
ဇစ်ကို တကယ် လူတွေစသုံးဖြစ်တာ 1913၊ သေချာကျယ်ကျယ်ပြန့်ပြန့်
ထုတ်တာ 1917 မှ စလို့ပါ..။ ဇစ်မပေါ်ခင်ကဆိုတော့ ကြယ်သီးပဲ
ဖြစ်မယ်ဆိုပါတော့ဗျာ…။ ဘုကျပြီးမေးချင်ရင်တော့ တွယ်အပ်တော့
ပေါ်နေပြီပေါ့ဗျာ.. ဒါပေမယ့် တပ်ရ ဖြုတ်ရမှ အဆင်မပြေတာ…၊
နောက် မတော်လို့ ချော်ပြီး မှားထိုးမိရင် မျိုးပါကန်းနိုင်တဲ့ အခြေအနေနဲ့
မတွေးဝံ့စရာ...။ အဲ့ဒါကြောင့် အင်္ကျီတွေမှာတော့ တွယ်အပ်ကိုသုံးကြပြီး
ဘောင်းဘီတွေမှာ ကြယ်သီးကိုသာ သုံးကြပါတယ်…။
နောက်ပိုင်း ဇစ်တွေ တွင်ကျယ်လာပေမယ့် မူလလက်ဟောင်း
ကြယ်သီးနဲ့ကောင်ကို 501 မှာဆက်လက်အသုံးပြုရာကနေ ခုချိန်ထိ
501 က ကြယ်သီးတပ် အဖြစ်ရှိပြီး 501 ကြယ်သီးတပ်ဆိုပြီး တွဲသိကြ
တာပါ….။ 501 မဟုတ်တဲ့ တခြားနံပါတ်တွေက ဇစ်နဲ့ ထုတ်တာများ
ပါတယ်… (ကြယ်သီးနဲ့လဲထုတ်တာတွေရှိပါတယ်၊ နောက် ကျရင်
ပြောပြပေးပါမယ်) ခုဆက်ပြောမယ့် နံပါတ်တွေက ယောက်ျားလေးဝတ်
နံပါတ်တွေ အကြောင်းပါ…။
(နံပါတ်ကိုကြည့်ပြီး ယောက်ျားဝတ် မိန်းမဝတ်ဆိုပြီး အကြမ်းဖျင်း
ခွဲလို့ရပါတယ်…) မိန်းကလေးတွေက ယောက်ျားဝတ်ကိုဝတ်တာ
သိပ်မသိသာပေမယ့်… ယောက်ျားလေးက မိန်းကလေးဝတ် စွပ်မိရင်
နည်းနည်းကြည့်ရဆိုးပါတယ်… (ကျနော်ကိုယ်တိုင် မှားဝယ်ဖူး ဝတ်ဖူးလို့
သိတဲ့ ကိုယ်တွေ့မို့ပါ…။) ယောက်ျားလေးဝတ်ထဲက 500 စီးရီး ကိုပဲ
ဒီတခေါက်ပြောပါ့မယ်… 300 ကျော်စီးရီးတွေကနေ 900 ကျော် စီးရီးထိ
အစားစားရှိပြီး တချို့ နံပါတ်တွေဆို လူသိတော်တော်နည်းပါတယ်…
ကျနော်ကိုယ်တိုင်လဲ တခြားစီးရီးတွေကို သေချာမသိဘူး ဆိုတာ
ဝန်ခံပါတယ်..။ အဲ့ဒါကြောင့် သိတာတွေထဲကပဲ အရင်ပြောပြပါ့မယ်….
ယောက်ျားလေးဝတ်အတွက် ထုတ်တဲ့ နံပါတ်တွေက 501 505 510
511 513 514 517 527 541 550 559 560 569 ဆိုပြီး 500 စီးရီးထဲမှာ
အကြမ်းဖျင်း မှတ်လို့ရပါတယ်… မိန်းကလေးဝတ်တွေအတွက် နံပါတ်တွေ
က 501 505 512 515 518 524 529 535 အဲ့ထဲက 501 နဲ့ 505 ပဲ
ကျားရော မရော ထွက်တာပါ။ ကျန်တာတော့ ကျားနံပါတ် မနံပါတ်ဆိုပြီး
အမျိုးစားခွဲပြီးထုတ်ပါတယ်...။ 501 ထဲမှာ Boyfriend Jean ဆိုပြီး
မိန်းကလေးဝတ်ထွက်ပြီး .. 505 ကတော့ ယောက်ျားလေးနဲ့ ပုံစံတူ
နံပါတ်တူ မိန်းကလေးထဲ ထွက်တာပါ…။ မိန်းကလေးဝတ် 505 က
ဂွနောက်ခြမ်းကို ပိုကြီးပေးထားပါတယ်.. ဆိုလိုတာက အပေါ်ဆုံး
ကြယ်သီးကနေ ဂွ နေရာထိကို အရှေ့ခြမ်းမှာ ၁၀လက်မနီးပါး ရှိပေမယ့်
အနောက်ဖက်ခြမ်းမှာ ၁၅ လက်မထိ ရှည်ထားပေးတာပါ။ အဲ့ဒါကြောင့်
ဝတ်တဲ့အခါ အမျိုးသမီးတွေအတွက် တင်ပါးကို အပေါ်ဆွဲတင်ပေးသလို
ဖြစ်ပြီး ဝတ်တဲ့သူရော ကြည့်တဲ့သူကောအတွက် အချိုးပြေတာပါ…။
အမျိုးသမီးဝတ်တွေ စီးရီးတော်တော်များများက အဲ့လို ချုပ်ထားတာပါ...။
ယောက်ျားလေး ဂျင်းနံပါတ်တွေ အကြောင်းပဲ သိပြီး သိတာကိုပဲ
အခြေခံပြီးပြောမှာမို့… မိန်းကလေးဂျင်းတွေ အကြောင်းတော့
ထပ်မပြောတော့ပါ။
ကဲ လာပြီ........ 501 …….. အပေါ်မှာ အသေးစိတ် ပြောခဲ့ပြီးပါပြီ…။
အကြမ်းဖျင်းကတော့ ကြယ်သီးတပ် ခေတ်ဟောင်းကြပ် (Classic Fit)
ခြေတံအဖြောင့် (Students ကတော့ အောက် နည်းနည်းရှူးသွားတယ်
ဆိုပါတော့) 505 --------- ပုံမှန်ကြပ် (Regular Fit) ခြေတံအဖြောင့်…
ဇစ်နဲ့ 501 ထက် ဂွ မသိမသာ နည်းနည်းလေး ပိုရှည်တယ်၊ ဇစ်တပ်
ဖြစ်တာကလွဲလို့ ကျန်တာ အားလုံးနီးပါး တူတယ် ခြေထောက်အိုး
အကျယ်က 501 ထက် နည်းနည်းလေး ပိုကျယ်တယ်…။
ကန်ထရီးဘုကို အရှည်စီးမှ သိသာတာပါ… မဟုတ်ရင် သိတောင်
မသိဘူး…။ 510 ………………. ပိန်သွယ်ကြပ် (Slim Fit) ပါ။
Skinny ဂျင်း လို့ လူသိများပါတယ်… မျက်စိထဲမြင်အောင်ပြောရရင်
အမျိုးသမီးတွေ အေရိုးဗစ်ကစားတဲ့ ဘောင်းဘီရှည်လိုမျိုး အသားကပ်ပါ။
ပိန်ပိန်ပါးပါး ကောင်လေးတွေ ဝတ်ကြတာ များပါတယ်။ ခေတ်သစ်
ရော့စတားတွေ အဝတ်များပါတယ်…။ မျက်လုံးမှာ လိုင်နာဆိုး.. နားမှာ
နားကွင်းပေါက်ဖောက်.. တီရှပ် အနက်ရောင်နဲ့ အောက်က ဒီဂျင်းကိုဝတ်
နောက် ဖိနပ်က အောစတားဖြစ်ဖြစ် VAN ဖြစ်ဖြစ်ဝတ်တာ လူငယ်တွေ
ကြားက ခေတ်သစ် ဖက်ရှင် ပေါ့…။ နောက် ပန့်ဒီဇိုင်းလူငယ်တွေ လဲ
ဝတ်ကြတာပေါ့....။
ဘောင်းဘီတစ်ထည်လုံး အကပ်ဖြစ်လို့ ခြေထောက်သွယ်မှ
ပေါင်တံရှည်မှ ပိုကြည့်ကောင်းတာပါ…။ မြန်မာပြည်က နောက်ပိုင်း
လူငယ်လေးတွေ အဲ့လိုဝတ်လာကြပါတယ်..။ 510 ကို ဝတ်လား
တခြား ဘရန်းတွေ ဝတ်လားတော့ သေချာမကြည့်မိဘူး…။
ကျနော့်လိုဘူဒါးကြီး အရွယ်တွေကတော့ ကြိုက်ကြမယ်မထင်…။
ကျနော်ကိုယ်တိုင်လဲ တထည် ဝယ်ဖူးဝတ်ဖူးပြီး လုံးဝမကြိုက်လို့
လိုချင်သူကို ပြန်ပေးလိုက်ပါတယ်…။ အသားကပ်သားဖြစ်လို့
အသားပျော့တယ်… Spandex သား များများပါလို့ အကြမ်းတော့
သိပ်မခံဘူး…။ ကြမ်းရင် ပြဲသွားပါတယ်.. (ဘောင်းဘီပြောတာနော်)…
ရေအပူကြီးနဲ့ လျှော်လို့မရ… ဂျင်းဘောင်းဘီရဲ့ သက်တမ်းလဲ ပုံမှန်
ဘောင်းဘီတွေထက် ပိုတိုပါတယ်…။ ဒါပေမယ့် ခေတ်ရေစီးကြောင်း
ဆိုတော့…ဝတ်ကြပါတယ်….။
511 ……………………….. ဒီကောင်ကလဲ ပိန်သွယ်ကြပ် (Slim Fit)
အမျိုးအစားပါပဲ။ 510 လိုတော့ အသားကပ် (Skinny) ဖြစ်တဲ့ထိတော့
မကပ်ဘူး… 501 တို့ 505 တို့ထက် ဂျင်းအသား နည်းနည်းပိုပါးသွားပြီး
ဝတ်ရတာ ပိုပေါ့ပါးပါတယ်… တရားလွန်ဝနေတဲ့သူ ဆိုဒ်မတော်တာကြီး
တွေကို ဝတ်ထားတဲ့သူတွေကလွဲလို့ တော်ရုံလူတွေ ဝတ်ရတာ အဆင်
ပြေပါတယ်…။ စလင်းဖစ်ဆိုတဲ့ အတိုင်း ပေါင်နေရာမှာ ပွယောင်းယောင်း
မဖြစ်ပါဘူး…။ အဲ့ဒါကြောင့်လဲ နောက်ပိုင်းနာမည်ကြီးလာတာပါ…။
513 ……………………….. ဒီကောင်ကလဲ ပိန်သွယ်ကြပ် (Slim Fit)
အမျိုးအစားပါပဲ။ 511 နဲ့ အပေါ်ပိုင်း အကုန်လုံးနီးပါးတူပြီး အောက်ပိုင်း
ကျမှ ခြေထောက်အိုး ၁ လက်မလောက် နည်းနည်းပွသွားတာပါ….။
511 ကို ခြေထောက်အိုး နည်းနည်းပွတာ ဝတ်ချင်တဲ့သူ ခြေသလုံး
နည်းနည်း ပိုတုတ်သူတွေအတွက် အဆင်ပြေပါတယ်…။ ဒါပေမယ့်
517 တို့ 527 တို့လို သိသိသာသာကြီး ပွသွားတာလဲမဟုတ်တော့
ဟိုမရောက်ဒီမရောက်ဖြစ်နေလို့ ကျနော်တော့ 511 ကိုပဲ ပိုကြိုက်ပါတယ်။
514 ----------------------- ဒီကောင်ကတော့ ပုံမှန်ကြပ် (Regular Fit)
ဖြစ်ပြီး 505 ကို ပြန်ပြင်ထားတဲ့ကောင်ပါ…။ ဂွကို ပိုတိုထားပြီး ပေါင်နေရာ
ကို နည်းနည်းသိမ်လိုက်တာကြောင့် ပေါင်နေရာ ကြွက်သားအကြီးကြီး
မရှိတဲ့ လူတွေ ပေါင်ရင်းမတုတ်တဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်…။
ခြေထောက်အိုးနေရာတော့ 505 နဲ့တူတူပါပဲ…။ ဒီကောင်ကိုလဲ လူဝတ်
များကြတယ်။ 505 ထက် ချည်သားပိုပါးပါတယ်။ လူကြိုက်ကြပါတယ်…။
517 ------------------- ဒီကောင်ကတော့ 511 513 တို့လို ပိန်သွယ်ကြပ်
အမျိုးအစားပါ… မတူတာက ခြေထောက်နေရာမှာ သိသိသာသာပွထား
တာပါ…။ Boot cut ဖြစ်လို့… ကောင်းဘိုွင်ကန်ထရီးဘု စီးတဲ့သူတွေ
အတွက် ထုတ်တယ်လို့တောင် ပြောလို့ရပါတယ်…။ ဒါပေမယ့် ဘုရဲ့
အနောက်မှာ ဆူးသွားလေးတပ်ထားရင်တော့ ဒီကောင်မဝတ်သင့်ပါဘူး။
အဲ့ဆူးသွားဝိုင်းက ဘောင်းဘီကိုညိပြီး ပြဲတတ်လို့ပါ…။ ရိုးရိုးဘုပဲဆိုရင်
အဆင်ပိုပြေပြီး ပိုကြည့်ကောင်းပါတယ်…။ 501 တို့ 505 တို့ကျ
အဝကျယ်တဲ့ BOOT ဝတ်ပြီးရင် ဘောင်းဘီခြေထောက်အိုးက
သိသိသာသာပိုမကျယ်လို့ မြင်းပေါ်တက်လိုက် ပြန်ဆင်းလိုက်
လုပ်တဲ့အခါ ဘောင်းဘီက BOOT အပေါ်တက်သွားပြီး ပြန်မကျ
လာပါဘူး…။ နည်းနည်းပြန်ဆွဲချပေးရပါတယ်..။ 517 တို့ 527 တို့ကျ
ချောင်ချောင်ချိချိဖြစ်လို့ ပိုအဆင်ပြေပါတယ်…။ အဲ့ဒါကြောင့်လဲ
ဒီအမျိုးအစား ခြေထောက်အိုးကြီးတဲ့ကောင်တွေကို BOOT CUT လို့
ခေါ်တာပါ….။
527 -------------------- ဒီကောင်က 517 နဲ့ တော်တော်ဆင်ပါတယ်….
မတူတာက ဒီကောင်က ပို Thigh ဖြစ်တာပါပဲ….ခြေထောက်အိုးဆိုဒ်
ကတော့ 517 နဲ့တူတူလောက်ပါပဲ…။ 527 တော့ မြန်မာပြည်မှာ
ရောင်းတဲ့သူရှိသလို ဝတ်ကြတာလဲရှိပါတယ်…။ 527 သမားတွေ
517 လဲ စမ်းဝတ်ကြည့်လို့ရပါတယ်လို့…။
541 ------------------------ ဒီကောင်က ဖရီးစတိုင်ပါ။ အားကစား
ဘောင်းဘီဝတ်ရသလို လွတ်လွတ်လပ်လပ်ရှိတယ်လို့ လီဗိုက်ကုမ္ပဏီက
ပြောထားတာပဲ… ကျနော်ကတော့ အဲ့လို အားကစားလုပ်ဖို့ထိတော့
လွတ်လပ်ပေါ့ပါးတယ်လို့ မထင်ဘူး..။ ဒါပေမယ့် ဝတ်ရတာ တော်တော်
အဆင်ပြေတာတော့ တကယ်ပါ။ သူက 501 တို့ 511 တို့ 514 တို့လို့
ခါးအောက်ရောက်တဲ့ကောင်မဟုတ်တော့ လူလတ်ပိုင်းတွေနဲ့ ပိုအဆင်
ပြေသလားလို့..။ ခါးတော့ အောက်ထိမကျလို့ အတွင်းခံဖော်ဝတ်ချင်တဲ့
သူတွေတော့ သိပ်မကြိုက်ချင်ဘူး.. ။ ဂွ အရမ်းမတိုထားလို့ ပစ္စည်းရှိ
လူတန်းစားတွေအတွက်တော့ ကောက်ညှင်းထုတ်ဖြစ်မနေကြဘူးပေါ့….
အောက်က ခြေထောက်အိုးအရွယ်က 501 နဲ့ မတိမ်းမရိမ်းပါပဲ..။
ကျနော်ကတော့ ကြိုက်တယ်။
550 …………………….ဒီကောင်က RELAXED FIT အမျိုးအစားပါ….
ဘာမှ သိသိသာသာထူးခြားမှု မရှိဘူးလို့တောင်ဆိုရမယ်…။ လူကြီးပိုင်း
တွေ ပိုဝတ်ကြတယ်…။ ဈေးနည်းနည်းပိုပေါတယ်…။ ကျနော်တထည်
ဝယ်ဝတ်ဖူးတယ်.. ငယ်တုန်းဝယ်လို့ထင်တယ်…မကြိုက်ဘူး…။
ခါးအောက် မကျဘူး… ခြေထောက်အိုးကလဲ 501 တို့ထက်
နည်းနည်းလေးပိုကျယ်တယ်။
559 ………………………. ဒီကောင်က RELAXED FIT အမျိုးအစားပါပဲ
အမှန်ပြောရရင် 559 ကို မဝတ်ဖူးလို့ ကျနော့်ဆီမှာ တစ်ထည်မှမရှိဘူး။
အဲ့ဒါကြောင့် သူ့အတွက် ထူးထူးခြားခြားရေးစရာ ထွက်မလာဘူးဗျ။
ဝတ်ဖူးတဲ့သူတွေကတော့ မဆိုးဘူးပြောကြတာပဲ… လီဗိုက် ရောင်းတဲ့
ဆိုင်တိုင်းမှာလဲ တင်မရောင်းကြဘူး…။
560 ………………….. အမှန်ပြောရရင် ဒီကောင်လဲ ကျနော့်ဆီမရှိဘူး။
အဲ့ဒါကြောင့် သေချာမသိဘူးဗျ... မဝတ်ဖူးတဲ့ဟာကိုလဲ ဘယ်လို
ဘယ်ပုံကောင်းပါတယ်လို့ မရွှီးချင်ဘူး။ နောက်ခါ ဝယ်ပြီး ဝတ်ပြီးမှပဲ
လာဖြည့်ရေးပေးမယ်...။
569……………………….ဒီကောင်က LOOSE FITအမျိုးအစားပါ…။
HIP HOP ဂျင်းလို့ ကျနော်ကတော့ နာမည်ပေးထားတယ်…။
ဟစ်ပေါ့အဆိုတော်တွေ ဝတ်ကြတဲ့ ပွပွနဲ့ ဂွကျကျ ပုံစံဖြစ်လို့..။
မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်နိုင်တာမို့ တခြားအထွေအထူး
ပြောစရာမရှိဘူး ထင်ပါတယ်….။ == ကျနော်ကတော့ ဘောင်းဘီ
ဝယ်ရင် သေချာကြည့်ဝယ်တယ်ဗျ..။ ဘောင်းဘီအသား ကြည့်သလို
ချူပ်ရိုးချုပ်သားကြည့်တယ်.... ချုပ်ကြောင်းဖြောင့်မဖြောင့် ကြည့်တယ်။
အထည်တိုင်းက ဆင်တူလို့ထင်ရပေမယ့် သေချာကြည့်ရင် မတူဘူး...
ဟိုးအရင်ကတည်းက ဘော်ဒါတွေမှာတာကို ဝယ်ပေးရင်လဲ
ကိုယ်တိုင်ဝတ်ဖို့ ဝယ်သလိုကြည့်ပြီးမှ ဝယ်ပေးတာပါ...။ အဲ့ဒါကြောင့်
အရင်တခေါက် ဘော်ဒါတွေမှာတာကို ဝယ်ပေးရတုန်းက ၁နာရီလောက်
ကြာကြည့်ပြီးမှ ၆ ထည်ပဲရခဲ့တာပါ...။ လူအရမ်းများနေရင်လဲ သေချာ
ရွေးလို့မရလို့ လူနည်းတဲ့အချိန်ပဲရွေးသွားတာပါ...။ ဒါတောင် အလင်း
ရောင် သိပ်အားမကောင်းလို့ စိတ်တိုင်းကျကြည့်ခွင့်မရခဲ့ဘူး...။
မြန်မာပြည်က ရောင်းတဲ့ဆိုင်တွေကတော့ ပုံမှန် 501 ကိုပဲ အများဆုံး
ရောင်းကြမယ်ထင်ပါတယ်...။ ဒီဖက်မှာတော့ 511 နဲ့ 514 အဝတ်များ
လာကြပါတယ်။ ဈေးတတ်နိုင်တဲ့သူတွေဆိုရင်တော့ Made & Crafted
ကို စမ်းပြီးဝတ်ဖို့ အကြံပေးချင်တယ်...။ အဲ့ကောင်ဝတ်ပြီးရင် တခြား
နံပါတ်ပါတဲ့ ဂျင်းတွေ 501 ကစလို့ ဘယ်ဟာမှ မဝတ်ချင်တော့ဘူး
ဖြစ်သွားပါလိမ့်မယ်...။ ဒီပို့စ်ရေးဖို့ ကျနော့်ဆီရှိတဲ့ နံပါတ်မတူတဲ့
ဘောင်းဘီအဟောင်းတချို့ ကိုလဲ ပြန်ဝတ်ကြည့် မိတယ်...။
လီဗိုက်ဂျင်းကို မဝတ်တာတောင် နည်းနည်းကြာသွားပေမယ့်
ခုပြန်ဝတ်တော့လဲ အရင်လိုပဲ ဝတ်လို့ကောင်းတုန်း ကြိုက်တုန်း
စိတ်ထဲမှာ မတူညီတဲ့ခံစားချက်ကိုပေးတုန်းပါပဲ.......
ကျေးဇူး အထူး တင်ပါတယ်....။
Original - ဇီးကွက် (MMCP)
Light Check and Edit - Kyaw Kyaw Sai
ပုံနှင့် ဈေးနှုန်းကို မူရင်းနေရာတွင် ကြည့်ပါရန်
https://www.levi.com/US/en_US/clothing/men/jeans/c/levi_clothing_men_jeans
https://www.belk.com/shop-by-brand/levis/
https://www.belk.com/shop-by-brand/levis/mens-clothing/jeans/
https://www.name-brand-jeans.com/
https://www.macys.com/shop/b/levis?id=79478
https://www.amazon.com/Levis-Mens-569-Loose-Straight-Leg/dp/B0018OY5X0




No comments:
Post a Comment