မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 12, 2020

ေပါင္တစ္သိန္း ေက်ာ္တန္ Hermes Birkin အိတ္ အေဟာင္း

 ေပါင္တစ္သိန္း ေက်ာ္တန္ Hermes Birkin အိတ္ အေဟာင္း

--------------------------------------------------------------------


ေပါင္ ၁၆၂၅၀၀ နဲ႔ ေရာင္းခ် ခဲ့ရတဲ့ အတြက္ ဥေရာပ ရဲ႕ ေလလံ ေရာင္းခ် ရမႈ ေတြ အတြင္း ေဈးအႀကီးဆုံး အိတ္ အျဖစ္ မွတ္တမ္းဝင္.

ပေါင် ၁၆၂၅၀၀ နဲ့ ရောင်းချ ခဲ့ရတဲ့ အတွက် ဥရောပ ရဲ့ လေလံ ရောင်းချ ရမှု တွေ အတွင်း ဈေးအကြီးဆုံး အိတ် အဖြစ် မှတ်တမ်းဝင်


လန္ဒန္က ေလလံပြဲတခုမွာ အသုံးျပဳၿပီးသား Hermes Birkin အိတ္

တလုံးကို ေပါင္ ၁၆၂၅၀၀ နဲ႔ ေရာင္းခ် ခဲ့ရတဲ့ အတြက္ ဥေရာပ ရဲ႕ 

ေလလံ ေရာင္းခ် ရမႈေတြ အတြင္း ေဈးအႀကီးဆုံး အိတ္ အျဖစ္

မွတ္တမ္းဝင္ သြားခဲ့ပါတယ္။


၁၈ ကာရက္ ေ႐ႊျဖဴ နဲ႔ စိန္ေရာင္ သန္း တဲ့ အိတ္ဟာ ေလလံပြဲမွာ ၾကမ္းခင္းေဈး ေပါင္တစ္သိန္း ကေန တစ္သိန္း ခြဲ နဲ႔ စတင္ ေရာင္းခ် ခဲ့.

၁၈ ကာရက် ရွှေဖြူ နဲ့ စိန်ရောင် သန်း တဲ့ အိတ်ဟာ လေလံပွဲမှာ ကြမ်းခင်းဈေး ပေါင်တစ်သိန်း ကနေ တစ်သိန်း ခွဲ နဲ့ စတင် ရောင်းချ ခဲ့


၂၀၀၈ ခုႏွစ္ထုတ္ Himalaya Birkin အမ်ိဳးအစား ဟာ ၁၈ ကာရက္ 

ေ႐ႊျဖဴ နဲ႔ စိန္ေရာင္ သန္း တဲ့ အိတ္ကို ေလလံပြဲမွာ ၾကမ္းခင္းေဈး 

ေပါင္တစ္သိန္း ကေန တစ္သိန္း ခြဲ နဲ႔ စတင္ ေရာင္းခ် ခဲ့တာ ျဖစ္ပါတယ္။


၂၀၁၇ ခုႏွစ္တုန္းကလည္း ေဟာင္ေကာင္က ေလလံတင္ပြဲ တစ္ခုမွာ 

အဲမက္စ္ အိတ္တစ္လုံး ဟာ ေပါင္ ႏွစ္သိန္းခြဲ ေက်ာ္ နဲ႔ ေရာင္းခ် ခဲ့ရ 

ဖူးပါတယ္။


အဲမက္စ္ အိတ္ေတြက ကမာၻေပၚမွာ ေဈးအႀကီးဆုံး ဆိုတာ 

အျငင္းပြားဖြယ္ရာ မရွိဘူးလို႔ ေလလံတင္ ေရာင္းခ်ခဲ့တဲ့ ခရစ္စတီ 

ကုမၸဏီ က ေျပာပါတယ္။


ဒါက ဥေရာပ ေလလံပြဲေတြမွာ ပထမဦးဆုံး အေနနဲ႔ အမ်ိဳးသမီးကိုင္

အိတ္ေတြကို စတင္ေရာင္းခ် တာ ျဖစ္တယ္လို႔ ဥေရာပ ေလလံပစ္သူ

မ်ား အဖြဲ႕ ဒါ႐ိုက္တာ မက္သ႐ူး ႐ူဘင္ဂါ က ဆိုပါတယ္။


ဆယ္ႏွစ္သက္တမ္း ရွိၿပီး မိေက်ာင္းသားနဲ႔ ခ်ဳပ္ထားတဲ့ 

အဲမက္စ္ အိတ္ဟာ အျပစ္အနာအဆာ သိပ္မရွိဘူး လို႔လည္း 

ေလလံပြဲ ကိုေရာက္ခဲ့သူ တစ္ဦး ျပန္ေျပာင္း ေျပာျပပါတယ္။


အဲဒီအိတ္ဟာ ဘယ္သူ ပိုင္ခဲ့ၿပီး ေလလံတင္ ပြဲမွာ ဘယ္သူက 

ဝယ္ယူ သြားခဲ့တယ္ ဆိုတဲ့ အေသးစိတ္ သတင္းအခ်က္ အလက္

ကုိေတာ့ ခရစၥတီနာ အဖြဲ႕က ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိပါဘူး။


ဒါ့အျပင္ ဇြန္လ ၁၂ ရက္ေန႔ က လန္ဒန္မွာ လုပ္တဲ့ ေလလံတင္

ေရာင္းခ် ပြဲ တစ္ခုထဲမွာပဲ ၂၀၀၆ ခုႏွစ္ထုတ္ အဲမက္စ္ ဘာကင္ 

အျပာေရာင္ အိတ္ တစ္လုံးဟာလည္း စတာလင္ေပါင္ တစ္သိန္း နဲ႔

ေရာင္းခ် ခဲ့ရပါတယ္။


အဲမက္စ္ ဘာကင္ အိတ္ေတြကို ကင္ ကဒါရွန္၊ ဗစ္တိုရီးယား 

ဘက္ခမ္ နဲ႔ စလင္း ဒီယြန္ တို႔လို နာမည္ေက်ာ္ေတြက ကိုင္ေဆာင္ 

ၾကတာ ျဖစ္ပါတယ္။

အဲမက္စ္ ဘာကင္ တံဆိပ္ အိတ္ အသစ္ တစ္လုံးဟာ အနည္းဆုံး 

ေပါင္ ၇၀၀၀ ေလာက္ တန္ေၾကး ရွိၿပီး လြယ္လင့္တကူ ဝယ္ယူလို႔ 

မရဘူးလို႔လည္း ဆိုၾကပါတယ္။


ဝယ္ယူခ်င္သူဟာ အရင္ဆုံး စာရင္းေပးၾကရၿပီး၊ အခ်ိန္အေတာ္ၾကာ 

ေစာင့္ဆိုင္း ရပါတယ္။ အဲမက္စ္ ဖက္ရွင္ ဒီဇိုင္း ကို ျပင္သစ္ ႏိုင္ငံမွာ

စတင္ တည္ေထာင္ ခဲ့တာ ျဖစ္ၿပီး ၁၉၈၁ ခုႏွစ္မွာေတာ့ ဘာကင္ ဆိုၿပီး

နာမည္ေက်ာ္ ခဲ့တာ ျဖစ္ပါတယ္။


သ႐ုပ္ေဆာင္ ဂ်ိမ္းစ္ ဘာကင္ နဲ႔ အဲမက္စ္ အိတ္ေတြကို ဒီဇိုင္း တီထြင္

ဖန္တီးသူတို႔ ေလယာဥ္ ခရီးစဥ္တစ္ခုမွာ ေတြ႕ဆုံခဲ့ၾကၿပီး သူ႔အိတ္ေတြ 

အတြက္ သ႐ုပ္ေဆာင္ ေၾကာ္ျငာေပးဖို႔ ကမ္းလွမ္းရာ ကေန ဘာကင္ ရဲ႕ 

ေနာက္ဆုံး နာမည္ကိုပါ ကုမၸဏီ ကအသုံးျပဳ ခြင့္ေပးဖို႔ ေတာင္းခံခဲ့တာ

ျဖစ္ပါတယ္။


သူ႔ အေနနဲ႔ ဒီလို အိတ္ေတြကို ေၾကာ္ျငာၿပီး ေနာက္ဆုံး နာမည္ ကိုပါ

အသုံးျပဳ ခြင့္ ေပးဖို႔ ေတာင္းခံ ခံခဲ့ရတဲ့ အတြက္ အသက္ရႈ ရပ္တန႔္

သြားရေလာက္ေအာင္ အံ့ဩ ခဲ့ရတယ္လို႔ ဂ်ိမ္းစ္ ဘာကင္ က 

ေနာက္ပိုင္းမွာ ျပန္လည္ ဖြင့္ဟ ေျပာျပ သြားခဲ့ပါတယ္။


BBC Burmese

http://www.bbc.com/burmese

https://www.bbc.com/news/uk-44463624

==============================


ပေါင်တစ်သိန်း ကျော်တန် Hermes Birkin အိတ် အဟောင်း

--------------------------------------------------------------------


လန်ဒန်က လေလံပွဲတခုမှာ အသုံးပြုပြီးသား Hermes Birkin အိတ်

တလုံးကို ပေါင် ၁၆၂၅၀၀ နဲ့ ရောင်းချ ခဲ့ရတဲ့ အတွက် ဥရောပ ရဲ့ 

လေလံ ရောင်းချ ရမှုတွေ အတွင်း ဈေးအကြီးဆုံး အိတ် အဖြစ်

မှတ်တမ်းဝင် သွားခဲ့ပါတယ်။


၂၀၀၈ ခုနှစ်ထုတ် Himalaya Birkin အမျိုးအစား ဟာ ၁၈ ကာရက် 

ရွှေဖြူ နဲ့ စိန်ရောင် သန်း တဲ့ အိတ်ကို လေလံပွဲမှာ ကြမ်းခင်းဈေး 

ပေါင်တစ်သိန်း ကနေ တစ်သိန်း ခွဲ နဲ့ စတင် ရောင်းချ ခဲ့တာ ဖြစ်ပါတယ်။


၂၀၁၇ ခုနှစ်တုန်းကလည်း ဟောင်ကောင်က လေလံတင်ပွဲ တစ်ခုမှာ 

အဲမက်စ် အိတ်တစ်လုံး ဟာ ပေါင် နှစ်သိန်းခွဲ ကျော် နဲ့ ရောင်းချ ခဲ့ရ 

ဖူးပါတယ်။


အဲမက်စ် အိတ်တွေက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဆိုတာ 

အငြင်းပွားဖွယ်ရာ မရှိဘူးလို့ လေလံတင် ရောင်းချခဲ့တဲ့ ခရစ်စတီ 

ကုမ္ပဏီ က ပြောပါတယ်။


ဒါက ဥရောပ လေလံပွဲတွေမှာ ပထမဦးဆုံး အနေနဲ့ အမျိုးသမီးကိုင်

အိတ်တွေကို စတင်ရောင်းချ တာ ဖြစ်တယ်လို့ ဥရောပ လေလံပစ်သူ

များ အဖွဲ့ ဒါရိုက်တာ မက်သရူး ရူဘင်ဂါ က ဆိုပါတယ်။


ဆယ်နှစ်သက်တမ်း ရှိပြီး မိကျောင်းသားနဲ့ ချုပ်ထားတဲ့ 

အဲမက်စ် အိတ်ဟာ အပြစ်အနာအဆာ သိပ်မရှိဘူး လို့လည်း 

လေလံပွဲ ကိုရောက်ခဲ့သူ တစ်ဦး ပြန်ပြောင်း ပြောပြပါတယ်။


အဲဒီအိတ်ဟာ ဘယ်သူ ပိုင်ခဲ့ပြီး လေလံတင် ပွဲမှာ ဘယ်သူက 

ဝယ်ယူ သွားခဲ့တယ် ဆိုတဲ့ အသေးစိတ် သတင်းအချက် အလက်

ကိုတော့ ခရစ္စတီနာ အဖွဲ့က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။


ဒါ့အပြင် ဇွန်လ ၁၂ ရက်နေ့ က လန်ဒန်မှာ လုပ်တဲ့ လေလံတင်

ရောင်းချ ပွဲ တစ်ခုထဲမှာပဲ ၂၀၀၆ ခုနှစ်ထုတ် အဲမက်စ် ဘာကင် 

အပြာရောင် အိတ် တစ်လုံးဟာလည်း စတာလင်ပေါင် တစ်သိန်း နဲ့

ရောင်းချ ခဲ့ရပါတယ်။


အဲမက်စ် ဘာကင် အိတ်တွေကို ကင် ကဒါရှန်၊ ဗစ်တိုရီးယား 

ဘက်ခမ် နဲ့ စလင်း ဒီယွန် တို့လို နာမည်ကျော်တွေက ကိုင်ဆောင် 

ကြတာ ဖြစ်ပါတယ်။


အဲမက်စ် ဘာကင် တံဆိပ် အိတ် အသစ် တစ်လုံးဟာ အနည်းဆုံး 

ပေါင် ၇၀၀၀ လောက် တန်ကြေး ရှိပြီး လွယ်လင့်တကူ ဝယ်ယူလို့ 

မရဘူးလို့လည်း ဆိုကြပါတယ်။


ဝယ်ယူချင်သူဟာ အရင်ဆုံး စာရင်းပေးကြရပြီး၊ အချိန်အတော်ကြာ 

စောင့်ဆိုင်း ရပါတယ်။ အဲမက်စ် ဖက်ရှင် ဒီဇိုင်း ကို ပြင်သစ် နိုင်ငံမှာ

စတင် တည်ထောင် ခဲ့တာ ဖြစ်ပြီး ၁၉၈၁ ခုနှစ်မှာတော့ ဘာကင် ဆိုပြီး

နာမည်ကျော် ခဲ့တာ ဖြစ်ပါတယ်။


သရုပ်ဆောင် ဂျိမ်းစ် ဘာကင် နဲ့ အဲမက်စ် အိတ်တွေကို ဒီဇိုင်း တီထွင်

ဖန်တီးသူတို့ လေယာဉ် ခရီးစဉ်တစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး သူ့အိတ်တွေ 

အတွက် သရုပ်ဆောင် ကြော်ငြာပေးဖို့ ကမ်းလှမ်းရာ ကနေ ဘာကင် ရဲ့ 

နောက်ဆုံး နာမည်ကိုပါ ကုမ္ပဏီ ကအသုံးပြု ခွင့်ပေးဖို့ တောင်းခံခဲ့တာ

ဖြစ်ပါတယ်။


သူ့ အနေနဲ့ ဒီလို အိတ်တွေကို ကြော်ငြာပြီး နောက်ဆုံး နာမည် ကိုပါ

အသုံးပြု ခွင့် ပေးဖို့ တောင်းခံ ခံခဲ့ရတဲ့ အတွက် အသက်ရှု ရပ်တန့်

သွားရလောက်အောင် အံ့ဩ ခဲ့ရတယ်လို့ ဂျိမ်းစ် ဘာကင် က 

နောက်ပိုင်းမှာ ပြန်လည် ဖွင့်ဟ ပြောပြ သွားခဲ့ပါတယ်။


BBC Burmese

http://www.bbc.com/burmese

https://www.bbc.com/news/uk-44463624

No comments:

Post a Comment