မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 12, 2020

သြားၿပီးရင္း သြားခ်င္ျဖစ္ေစမယ့္ ေဟာ္လန္

 သြားၿပီးရင္း သြားခ်င္ျဖစ္ေစမယ့္ ေဟာ္လန္ 

--------------------------------------------------

ေျပာခ်င္လြန္းလုိ႔ ပရိသတ္ေတြကုိ စာထဲကေနတစ္ဆင့္ 

ေဟာ္လန္ႏုိင္ငံဆီ အလည္ေခၚသြားခ်င္ပါတယ္။ ေဟာ္လန္ႏုိင္ငံဟာ 

က်ဴးလစ္ပန္းေတြ အျပည့္ရွိေနတဲ့ ပန္းခင္းေတြ၊ ေလအားလွ်ပ္စစ္ထုတ္ဖုိ႔ 

ေလဒလက္ႀကီးေတြ တပ္ဆင္ထားတဲ့ အိမ္ရာေတြ၊ အရသာရွိတဲ့ 

ခ်ိစ္ေတြနဲ႔ ႀကိဳဆုိေနပါၿပီ။


ဒ႑ာရီပုံျပင္လာ အိမ္ေတြ၊ ေရွးေဟာင္းရဲတုိက္ေတြ၊ ရပ္သပ္႐ႈေမာဖြယ္ 

ေတာေတာင္႐ႈခင္းေတြက ပါးစပ္အေဟာငး္သား ျဖစ္ေစမွာပါ။


တျခားဥေရာပႏုိင္ငံေတြနဲ႔ ကြာျခားတာကေတာ့ ေဟာ္လန္ႏုိင္ငံမွာ

ကားေတြထက္ စက္ဘီးေတြကုိ ပုိေတြ႕ရမယ့္အခ်က္ပါပဲ။ ဒါကေတာ့ 

သဘာဝပတ္ဝန္းက်င္ကုိ တစ္ဖက္တစ္လမ္းက အေထာက္အကူျပဳ

ေနတဲ့ကိစၥပါ။ ေဟာ္လန္ႏုိင္ငံသားေတြက ပြင့္လင္းေဖာ္ေရြၾကပါတယ္။


ၿမိဳ႕ေတာ္ အမ္စတာဒမ္မွာ ခမ္းနားဆန္းက်ယ္တဲ့ ျပတုိက္ေတြ၊ 

တူးေျမာင္းေတြ၊ ေကာ္ဖီဆုိင္ေတြ၊ Red Light District လုိ႔ ေခၚတဲ့ 

ညိဳ႕အားျပင္း ေနရာေတြရွိလုိ႔ ကဲမယ့္သူေတြ အႀကိဳက္ေတြ႕ၾကမွာပါ။ 

ဒါေပမဲ့ နားေအးပါးေအး ေနခ်င္သူေတြအတြက္ေတာ့ တိတ္ဆိတ္

ၿငိမ္သက္တဲ့ ေရာ့တာဒမ္မွာ လမ္းေလွ်ာက္တာ၊ စိမ္းလန္းစုိေျပတဲ့ 

အုိင္ဟုိဗန္ၿမိဳ႕မွာ အပန္းေျဖတာက ပုိအဆင္ေျပပါလိမ့္မယ္။ 

ဒဲလ္ဖ္ဆုိတဲ့ ၿမိဳ႕ေဟာင္းကုိလည္း သြားလည္လုိ႔ရပါတယ္။


ႏုိင္ငံတကာ ရာဇဝတ္ခုံ႐ုံး တည္ရွိတဲ့ ဟက္ၿမိဳ႕ အလယ္ေခါင္မွာေတာ့

ဘင္နန္ဟုိ႔ဖ္ရဲတုိက္ႀကီး ရွိပါတယ္။ ဒီရဲတုိက္ႀကီးကုိ လည့္ပတ္ေလ့လာ

တာ၊ ဓာတ္ပုံတစ္ပုံလုိ လွေနတဲ့ ရွီဗီနန္ဂ်န္ကမ္းေျခမွာ ေနဝင္ခ်ိန္

ၾကည့္တာမ်ဳိးေတြလည္း လုပ္လုိ႔ရပါတယ္။ လစ္ဆီၿမိဳ႕မွာေတာ့

ေတာ္ဝင္က်ဴးလစ္ပန္းၿခံရွိပါတယ္။ ဒီပန္းၿခံထဲမွာေတာ့ 

က်ဴးလစ္ပန္းခင္းႀကီးကုိ ေတြ႕ရမွာပါ။ ေဟာ္လန္ႏုိင္ငံမွာ မသြားမျဖစ္

သြားသင့္တဲ့ေနရာေတြ ရွိပါတယ္။ အဲဒီေနရာေတြထဲမွာ 

” ေဟာ္လန္ႏုိင္ငံရဲ႕ ဗင္းနစ္ၿမိဳ႕လုိ႔ ေခၚတဲ့ ဂီသြန္းရြာ” လည္း 

ပါဝင္ေနပါတယ္။ အဲဒီရြာမွာေတာ့ တစ္ေနရာကေန 

တစ္ေနရာသြားရင္ ေလွနဲ႔ပဲ သြားၾကပါတယ္။


ဟူတန္ၿမိဳ႕နယ္ကုိ ေရာက္ရင္ေတာ့ အေရာင္အေသြးစုံလုိ႔ 

တစ္မူဆန္းျပားေနတဲ့ ေရာင္စုံအိမ္ေတြ ျမင္ရမွာပါ။ ေဟာ္လန္ႏုိင္ငံမွာ 

အစဥ္အလာအရ စီးခဲ့ၾကတဲ့ ဖိနပ္ေတြကုိ ကလြမ္ပန္(Klompen)လုိ႔ 

ေခၚပါတယ္။ အဲဒီဖိနပ္ေတြကုိ ဂုဏ္ျပဳထားတာေတြလည္း ရွိပါတယ္။

ေဟာ္လန္ႏုိင္ငံရဲ႕ ခ်ိစ္ၿမိဳ႕ေတာ္လုိ႔ တင္စားၾကတဲ့ ဂူဒါၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္

ခန္းမကလည္း ေရွးေဟာင္းလက္ရာေတြနဲ႔ ဖမ္းစားေနပါတယ္။ 

ေသခ်ာတာတစ္ခုကေတာ့ ေဟာ္လန္ႏုိင္ငံဟာ တစ္ေခါက္ေရာက္ဖူးရင္

ထပ္ခါထပ္ခါ သြားခ်င္စိတ္ေပါက္ေစမယ့္ ႏုိင္ငံတစ္ခုဆုိတာပါပဲ။


===============================


သွားပြီးရင်း သွားချင်ဖြစ်စေမယ့် ဟော်လန် 

--------------------------------------------------

ပြောချင်လွန်းလို့ ပရိသတ်တွေကို စာထဲကနေတစ်ဆင့် 

ဟော်လန်နိုင်ငံဆီ အလည်ခေါ်သွားချင်ပါတယ်။ ဟော်လန်နိုင်ငံဟာ 

ကျူးလစ်ပန်းတွေ အပြည့်ရှိနေတဲ့ ပန်းခင်းတွေ၊ လေအားလျှပ်စစ်ထုတ်ဖို့ 

လေဒလက်ကြီးတွေ တပ်ဆင်ထားတဲ့ အိမ်ရာတွေ၊ အရသာရှိတဲ့ 

ချိစ်တွေနဲ့ ကြိုဆိုနေပါပြီ။


ဒဏ္ဍာရီပုံပြင်လာ အိမ်တွေ၊ ရှေးဟောင်းရဲတိုက်တွေ၊ ရပ်သပ်ရှုမောဖွယ် 

တောတောင်ရှုခင်းတွေက ပါးစပ်အဟောင်းသား ဖြစ်စေမှာပါ။


တခြားဥရောပနိုင်ငံတွေနဲ့ ကွာခြားတာကတော့ ဟော်လန်နိုင်ငံမှာ

ကားတွေထက် စက်ဘီးတွေကို ပိုတွေ့ရမယ့်အချက်ပါပဲ။ ဒါကတော့ 

သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက အထောက်အကူပြု

နေတဲ့ကိစ္စပါ။ ဟော်လန်နိုင်ငံသားတွေက ပွင့်လင်းဖော်ရွေကြပါတယ်။


မြို့တော် အမ်စတာဒမ်မှာ ခမ်းနားဆန်းကျယ်တဲ့ ပြတိုက်တွေ၊ 

တူးမြောင်းတွေ၊ ကော်ဖီဆိုင်တွေ၊ Red Light District လို့ ခေါ်တဲ့ 

ညို့အားပြင်း နေရာတွေရှိလို့ ကဲမယ့်သူတွေ အကြိုက်တွေ့ကြမှာပါ။ 

ဒါပေမဲ့ နားအေးပါးအေး နေချင်သူတွေအတွက်တော့ တိတ်ဆိတ်

ငြိမ်သက်တဲ့ ရော့တာဒမ်မှာ လမ်းလျှောက်တာ၊ စိမ်းလန်းစိုပြေတဲ့ 

အိုင်ဟိုဗန်မြို့မှာ အပန်းဖြေတာက ပိုအဆင်ပြေပါလိမ့်မယ်။ 

ဒဲလ်ဖ်ဆိုတဲ့ မြို့ဟောင်းကိုလည်း သွားလည်လို့ရပါတယ်။


နိုင်ငံတကာ ရာဇဝတ်ခုံရုံး တည်ရှိတဲ့ ဟက်မြို့ အလယ်ခေါင်မှာတော့

ဘင်နန်ဟို့ဖ်ရဲတိုက်ကြီး ရှိပါတယ်။ ဒီရဲတိုက်ကြီးကို လည့်ပတ်လေ့လာ

တာ၊ ဓာတ်ပုံတစ်ပုံလို လှနေတဲ့ ရှီဗီနန်ဂျန်ကမ်းခြေမှာ နေဝင်ချိန်

ကြည့်တာမျိုးတွေလည်း လုပ်လို့ရပါတယ်။ လစ်ဆီမြို့မှာတော့

တော်ဝင်ကျူးလစ်ပန်းခြံရှိပါတယ်။ ဒီပန်းခြံထဲမှာတော့ 

ကျူးလစ်ပန်းခင်းကြီးကို တွေ့ရမှာပါ။ ဟော်လန်နိုင်ငံမှာ မသွားမဖြစ်

သွားသင့်တဲ့နေရာတွေ ရှိပါတယ်။ အဲဒီနေရာတွေထဲမှာ 

” ဟော်လန်နိုင်ငံရဲ့ ဗင်းနစ်မြို့လို့ ခေါ်တဲ့ ဂီသွန်းရွာ” လည်း 

ပါဝင်နေပါတယ်။ အဲဒီရွာမှာတော့ တစ်နေရာကနေ 

တစ်နေရာသွားရင် လှေနဲ့ပဲ သွားကြပါတယ်။


ဟူတန်မြို့နယ်ကို ရောက်ရင်တော့ အရောင်အသွေးစုံလို့ 

တစ်မူဆန်းပြားနေတဲ့ ရောင်စုံအိမ်တွေ မြင်ရမှာပါ။ ဟော်လန်နိုင်ငံမှာ 

အစဉ်အလာအရ စီးခဲ့ကြတဲ့ ဖိနပ်တွေကို ကလွမ်ပန်(Klompen)လို့ 

ခေါ်ပါတယ်။ အဲဒီဖိနပ်တွေကို ဂုဏ်ပြုထားတာတွေလည်း ရှိပါတယ်။

ဟော်လန်နိုင်ငံရဲ့ ချိစ်မြို့တော်လို့ တင်စားကြတဲ့ ဂူဒါမြို့ရဲ့ မြို့တော်

ခန်းမကလည်း ရှေးဟောင်းလက်ရာတွေနဲ့ ဖမ်းစားနေပါတယ်။ 

သေချာတာတစ်ခုကတော့ ဟော်လန်နိုင်ငံဟာ တစ်ခေါက်ရောက်ဖူးရင်

ထပ်ခါထပ်ခါ သွားချင်စိတ်ပေါက်စေမယ့် နိုင်ငံတစ်ခုဆိုတာပါပဲ။


ေဟာ္လန္ႏုိင္ငံရဲ႕ ဗင္းနစ္ၿမိဳ႕ သုိ႔မဟုတ္ ဂီသြန္းရြာ
.
ဟော်လန်နိုင်ငံရဲ့ ဗင်းနစ်မြို့ သို့မဟုတ် ဂီသွန်းရွာ


ေရာင္စုံအိမ္ေတြရွိရာ ဟူတန္ၿမိဳ႕နယ္
.
ရောင်စုံအိမ်တွေရှိရာ ဟူတန်မြို့နယ်


က်ဴးလစ္ပန္းခင္းႀကီးက ေျပးဝင္ခ်င္စရာ
.
ကျူးလစ်ပန်းခင်းကြီးက ပြေးဝင်ချင်စရာ


မတ္လကုန္ကေန ေမလကုန္ အထိပဲ ဝင္ခြင့္ေပးတဲ့ ဥေရာပပန္းၿခံ
.
မတ်လကုန်ကနေ မေလကုန် အထိပဲ ဝင်ခွင့်ပေးတဲ့ ဥရောပပန်းခြံ


အမ္စတာဒမ္ၿမိဳ႕ရဲ႕ ညေနခင္းအလွ
.
အမ်စတာဒမ်မြို့ရဲ့ ညနေခင်းအလှ


ဒ႑ာရီလာ ပုံျပင္ထဲကလုိ ျမင္ကြင္းမ်ဳိး
.
ဒဏ္ဍာရီလာ ပုံပြင်ထဲကလို မြင်ကွင်းမျိုး


ေဟာ္လန္ႏုိင္ငံရဲ႕ အစဥ္အလာ သစ္သား ဖိနပ္ေတြ
.
ဟော်လန်နိုင်ငံရဲ့ အစဉ်အလာ သစ်သား ဖိနပ်တွေ


ဂူဒါၿမိဳ႕က ၿမိဳ႕ေတာ္ခန္းမ
.
ဂူဒါမြို့က မြို့တော်ခန်းမ


လြမ္းေမာဖြယ္ သဘာဝ ႐ႈေမွ်ာ္ခင္း
.
လွမ်းမောဖွယ် သဘာဝ ရှုမျှော်ခင်း


ေလဒလက္ႀကီးေတြ
.
လေဒလက်ကြီးတွေ

credit:Nanmalgyi

No comments:

Post a Comment