မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 12, 2020

ဖိနပ္ဘူးထဲက တ႐ုတ္ပန္းအိုး

 ဖိနပ္ဘူးထဲက တ႐ုတ္ပန္းအိုး 

ယူ႐ို ၁၆ သန္းနဲ႔ အေရာင္းထြက္

-------------------------------------

၁၈ ရာစုက တ႐ုတ္ပန္းအိုး တလုံးကို ျပင္သစ္ႏိုင္ငံမွာ က်င္းပတဲ့ 

ေလလံပြဲတခုမွာ ယူ႐ို ၁၆.၂ သန္းနဲ႔ ေရာင္းခ်လိုက္ပါတယ္။ ပဲရစ္ၿမိဳ႕မွာ

ရွိတဲ့ Sotheby's ေလလံပြဲမွာ ေရာင္းခ်ခဲ့တဲ့ ပန္းအိုးဟာ အရင္က ယူ႐ို 

၅ သိန္းကေန ၇ သိန္းၾကား ေရာင္းခ်ရမယ္လို႔ ခန႔္မွန္းထားခဲ့ေပမယ့္ 

အခုေတာ့ ခန႔္မွန္းေဈးႏႈန္းထက္ အဆ ၂၀ ေက်ာ္ ပိုေရာင္းခ်ခဲ့တာ

ျဖစ္ပါတယ္။ 


ဒီပန္းအိုးကို မိသားစုတစုက အေမြရရွိခဲ့တာ ျဖစ္ၿပီး အိမ္ရဲ႕ 

ထပ္ခိုးေအာက္မွာ ရွာေဖြေတြ႕ရွိခဲ့တာလို႔ ဆိုပါတယ္။ Sotheby's က

အာရွ အႏုပညာေရးရာ ကြၽမ္းက်င္သူ Olivier Valmierက ပန္းအိုးကို 

ေရာင္းဖို႔ ေရာင္းတဲ့သူက ရထားတတန္၊ ကားတတန္နဲ႔ ေျခက်င္တသြယ္ 

လမ္းေလွ်ာက္ၿပီး လာခဲ့တာလို႔ ေျပာပါတယ္။ ဒီပန္းအိုးကိုလည္း 

ဖိနပ္ထည့္တဲ့ ဘူးထဲမွာ သတင္းစာေလးနဲ႔ ပတ္ၿပီး ထည့္လာတာလို႔ 

သူက ဆိုပါတယ္။

ဒီပန္းအိုးဘူးေလးကို ဖြင့္လိုက္တဲ့အခ်ိန္မွာ ပန္းအိုးေပၚမွာ ဆြဲထားတဲ့

အႏုပညာ လက္ရာကို ၾကည့္ၿပီး အံအားသင့္ခဲ့ရတယ္လို႔လည္း မစၥတာ 

Valmierက ေျပာပါတယ္။ မီးသီးသ႑ာန္ရွိတဲ့ ပန္းအိုးကို အစိမ္းေရာင္၊ 

အျပာေရာင္၊ အဝါေရာင္၊ ခရမ္းေရာင္ေတြနဲ႔ ျခယ္သထားၿပီး 

တ႐ုတ္ Qing မင္းဆက္ လက္ထက္က ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ 

၁၇၃၆ ခုႏွစ္ကေန ၁၇၉၅ ခုႏွစ္ အတြင္း တ႐ုတ္ႏိုင္ငံကို အုပ္စိုးခဲ့တဲ့ 

Qianlong ဧကရာဇ္ရဲ႕ အမွတ္အသားေတြ ပန္းအိုးေပၚမွာ ေတြ႕ရတယ္

လုိ႔ ဆိုပါတယ္။ ဒါအျပင္ ေတာအုပ္ထဲမွာ သမင္၊ ဌက္နဲ႔ တျခားတိရစာၦန္

ပုံေတြကို ပန္းအိုးေပၚမွာ ေရးဆြဲထားတာကို ေတြ႕ရပါ တယ္။

ဒီပန္းအိုးဟာ တစုံတရာ ထိခိုက္မႈမရွိဘဲ အေကာင္း ပကတိရွိေနတယ္လို႔ 

မစၥတာ Valmierက ဆိုပါတယ္။ ပန္းအိုးပိုင္ရွင္က သူတို႔ရဲ႕ အဘိုးအဘြား

ေတြအပါအဝင္ သူတို႔ကိုယ္တိုင္လည္း ပန္းအိုးကို မႀကိဳက္ဘူးလို႔ 

ေျပာပါတယ္။ 

ေလလံပြဲဟာ မိနစ္ ၂၀ ၾကာခဲ့ၿပီး ေလလံဆြဲသူ အမ်ားစုက ပန္းအိုးကို 

ဝယ္ယူဖို႔ ႀကိဳးစားေနပါ တယ္။ ပန္းအိုးကို ဝယ္ယူတဲ့သူရဲ႕ နာမည္ကိုေတာ့ 

ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္း မရွိပါဘူး။ 


source:myanbnews

link -

http://www.euronews.com/2018/06/12/vase-found-in-a-shoebox-sells-for-16-million-euros

==============================


ဖိနပ်ဘူးထဲက တရုတ်ပန်းအိုး 

ယူရို ၁၆ သန်းနဲ့ အရောင်းထွက်

-------------------------------------

၁၈ ရာစုက တရုတ်ပန်းအိုး တလုံးကို ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ 

လေလံပွဲတခုမှာ ယူရို ၁၆.၂ သန်းနဲ့ ရောင်းချလိုက်ပါတယ်။ ပဲရစ်မြို့မှာ

ရှိတဲ့ Sotheby's လေလံပွဲမှာ ရောင်းချခဲ့တဲ့ ပန်းအိုးဟာ အရင်က ယူရို 

၅ သိန်းကနေ ၇ သိန်းကြား ရောင်းချရမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် 

အခုတော့ ခန့်မှန်းဈေးနှုန်းထက် အဆ ၂၀ ကျော် ပိုရောင်းချခဲ့တာ

ဖြစ်ပါတယ်။ 


ဒီပန်းအိုးကို မိသားစုတစုက အမွေရရှိခဲ့တာ ဖြစ်ပြီး အိမ်ရဲ့ 

ထပ်ခိုးအောက်မှာ ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ Sotheby's က

အာရှ အနုပညာရေးရာ ကျွမ်းကျင်သူ Olivier Valmierက ပန်းအိုးကို 

ရောင်းဖို့ ရောင်းတဲ့သူက ရထားတတန်၊ ကားတတန်နဲ့ ခြေကျင်တသွယ် 

လမ်းလျှောက်ပြီး လာခဲ့တာလို့ ပြောပါတယ်။ ဒီပန်းအိုးကိုလည်း 

ဖိနပ်ထည့်တဲ့ ဘူးထဲမှာ သတင်းစာလေးနဲ့ ပတ်ပြီး ထည့်လာတာလို့ 

သူက ဆိုပါတယ်။


ဒီပန်းအိုးဘူးလေးကို ဖွင့်လိုက်တဲ့အချိန်မှာ ပန်းအိုးပေါ်မှာ ဆွဲထားတဲ့

အနုပညာ လက်ရာကို ကြည့်ပြီး အံအားသင့်ခဲ့ရတယ်လို့လည်း မစ္စတာ 

Valmierက ပြောပါတယ်။ မီးသီးသဏ္ဍာန်ရှိတဲ့ ပန်းအိုးကို အစိမ်းရောင်၊ 

အပြာရောင်၊ အဝါရောင်၊ ခရမ်းရောင်တွေနဲ့ ခြယ်သထားပြီး 

တရုတ် Qing မင်းဆက် လက်ထက်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

၁၇၃၆ ခုနှစ်ကနေ ၁၇၉၅ ခုနှစ် အတွင်း တရုတ်နိုင်ငံကို အုပ်စိုးခဲ့တဲ့ 

Qianlong ဧကရာဇ်ရဲ့ အမှတ်အသားတွေ ပန်းအိုးပေါ်မှာ တွေ့ရတယ်

လို့ ဆိုပါတယ်။ ဒါအပြင် တောအုပ်ထဲမှာ သမင်၊ ဌက်နဲ့ တခြားတိရစ္ဆာန်

ပုံတွေကို ပန်းအိုးပေါ်မှာ ရေးဆွဲထားတာကို တွေ့ရပါ တယ်။

ဒီပန်းအိုးဟာ တစုံတရာ ထိခိုက်မှုမရှိဘဲ အကောင်း ပကတိရှိနေတယ်လို့ 

မစ္စတာ Valmierက ဆိုပါတယ်။ ပန်းအိုးပိုင်ရှင်က သူတို့ရဲ့ အဘိုးအဘွား

တွေအပါအဝင် သူတို့ကိုယ်တိုင်လည်း ပန်းအိုးကို မကြိုက်ဘူးလို့ 

ပြောပါတယ်။ 


လေလံပွဲဟာ မိနစ် ၂၀ ကြာခဲ့ပြီး လေလံဆွဲသူ အများစုက ပန်းအိုးကို 

ဝယ်ယူဖို့ ကြိုးစားနေပါ တယ်။ ပန်းအိုးကို ဝယ်ယူတဲ့သူရဲ့ နာမည်ကိုတော့ 

ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ 


source:myanbnews

link -

http://www.euronews.com/2018/06/12/vase-found-in-a-shoebox-sells-for-16-million-euros


No comments:

Post a Comment