မဂၤလာသက္တမ္း ႏွစ္ (၃၀) ျပည္႔သြားျပီျဖစ္တဲ႔
စြန္း၀ူခံုးမင္းသားၾကီးနဲ႔ သူ႔ရဲ႕ ဇနီး ...
-------------------------------------------------
စြန္း၀ူခုန္းဆိုတာ ၁၉၉၀ ခုႏွစ္၀န္းက်င္မွာ ေမြးဖြားခဲ႔တဲ႔ကေလးေတြရဲ႕
လွပတဲ႔အမွတ္တရေတြထဲက တစ္ခုျဖစ္ပါတယ္။ ျမ၀တီရုပ္ျမင္သံၾကား
က ထုတ္လႊင္႔ျပသခဲ႔ဖူးတဲ႔ စြန္း၀ူခုန္းရဲ႕ ဇာတ္လမ္းတြဲထဲက စြန္း၀ူခုန္းနဲ႔
က်ူးပါက်ဲတို႔ဟာဆိုရင္ ထုိေခတ္၊ ထိုအခ်ိန္က ကေလးေတြရဲ႕ အိပ္မက္
ထဲက အခ်စ္ေတာ္ၾကီးေတြ ျဖစ္ခဲ႔ဖူးပါတယ္။
စြန္း၀ူခုန္းေနရာက ပါ၀င္သရုပ္ေဆာင္ခဲ႔တဲ႔ မင္းသားၾကီး
Liu Xiao Ling Tong ရဲ႕ သရုပ္ေဆာင္မွုေတြဟာဆိုရင္ တကယ္ကို
အသက္၀င္ကာ သဘာ၀က်လွတဲ႔အတြက္ လူအစစ္က သရုပ္ေဆာင္
ေနတာ ဟုတ္ရဲ႕လားလို႔ေတာင္ ထင္မွတ္မိခဲ႔ၾကမွာပါ။
စြန္း၀ူခုန္းဇာတ္ကားကို ရိုက္ကူးၾကတဲ႔အခ်ိန္တုန္းက
Liu Xiao Ling Tong ရဲ႕အသက္က (၂၇) ႏွစ္သာရွိေသးေပမယ္႔
အခုဆိုရင္ေတာ႔ အသက္က (၅၉) ႏွစ္ရွိေနျပီျဖစ္ပါတယ္။ ဇနီးျဖစ္သူနဲ႔
လက္ထပ္ခ်ိန္မွာ သူ႕ရဲ႕ အသက္က ၂၉ ႏွစ္ရွိျပီျဖစ္ျပီး အခုအခ်ိန္မွာေတာ႔
သူတို႔ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္သက္တမ္းက အနွစ္ (၃၀) ျပည္႔ေျမာက္
သြားျပီ ျဖစ္ပါတယ္။
Liu Xiao Ling Tong က သူတို႔ဇနီးေမာင္ႏွံရဲ႕ မဂၤလာသက္တမ္းအနွစ္
၃၀ ျပည္႔တဲ႔ အထိမ္းအမွတ္ဓာတ္ပံုမ်ားကို သူ႔ရဲ႕ Weibo အေကာင္႔ကေန
တဆင္႔တင္ျပီး သူ႔ရဲ႕ ပရိသတ္ေတြကို အသိေပးခဲ႔တာျဖစ္ပါတယ္။
Liu Xiao Ling Tong တို႔ ဇနီးေမာင္ႏွံရဲ႕ ပံုရိပ္ေလးေတြကို
ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Liu Xiao Ling Tong တို႔ ဇနီးေမာင္ႏွံတို႔ ၂ ဦး ေရွ႕ဆက္လက္ျပီးလည္း
က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ သက္ဆံုးတိုင္အတူတူေနရပါေစလို႔
ဆုမြန္ေကာင္းျပဳလိုက္ပါတယ္ေနာ္။
Zue Zue (Momolay)
Ref : Mega Chinese News
==============================
မင်္ဂလာသက်တမ်း နှစ် (၃၀) ပြည့်သွားပြီဖြစ်တဲ့
စွန်းဝူခုံးမင်းသားကြီးနဲ့ သူ့ရဲ့ ဇနီး ...
-------------------------------------------------
စွန်းဝူခုန်းဆိုတာ ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ မွေးဖွားခဲ့တဲ့ကလေးတွေရဲ့
လှပတဲ့အမှတ်တရတွေထဲက တစ်ခုဖြစ်ပါတယ်။ မြဝတီရုပ်မြင်သံကြား
က ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ စွန်းဝူခုန်းရဲ့ ဇာတ်လမ်းတွဲထဲက စွန်းဝူခုန်းနဲ့
ကျူးပါကျဲတို့ဟာဆိုရင် ထိုခေတ်၊ ထိုအချိန်က ကလေးတွေရဲ့ အိပ်မက်
ထဲက အချစ်တော်ကြီးတွေ ဖြစ်ခဲ့ဖူးပါတယ်။
စွန်းဝူခုန်းနေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး
Liu Xiao Ling Tong ရဲ့ သရုပ်ဆောင်မှုတွေဟာဆိုရင် တကယ်ကို
အသက်ဝင်ကာ သဘာဝကျလှတဲ့အတွက် လူအစစ်က သရုပ်ဆောင်
နေတာ ဟုတ်ရဲ့လားလို့တောင် ထင်မှတ်မိခဲ့ကြမှာပါ။
စွန်းဝူခုန်းဇာတ်ကားကို ရိုက်ကူးကြတဲ့အချိန်တုန်းက
Liu Xiao Ling Tong ရဲ့အသက်က (၂၇) နှစ်သာရှိသေးပေမယ့်
အခုဆိုရင်တော့ အသက်က (၅၉) နှစ်ရှိနေပြီဖြစ်ပါတယ်။ ဇနီးဖြစ်သူနဲ့
လက်ထပ်ချိန်မှာ သူ့ရဲ့ အသက်က ၂၉ နှစ်ရှိပြီဖြစ်ပြီး အခုအချိန်မှာတော့
သူတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းက အနှစ် (၃၀) ပြည့်မြောက်
သွားပြီ ဖြစ်ပါတယ်။
Liu Xiao Ling Tong က သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်းအနှစ်
၃၀ ပြည့်တဲ့ အထိမ်းအမှတ်ဓာတ်ပုံများကို သူ့ရဲ့ Weibo အကောင့်ကနေ
တဆင့်တင်ပြီး သူ့ရဲ့ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။
Liu Xiao Ling Tong တို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို
ဖော်ပြပေးလိုက်ပါတယ်နော်။
Liu Xiao Ling Tong တို့ ဇနီးမောင်နှံတို့ ၂ ဦး ရှေ့ဆက်လက်ပြီးလည်း
ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ သက်ဆုံးတိုင်အတူတူနေရပါစေလို့
ဆုမွန်ကောင်းပြုလိုက်ပါတယ်နော်။
Zue Zue (Momolay)
Ref : Mega Chinese News







No comments:
Post a Comment