မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 8, 2020

ဝန္ႀကီးခ်ဳပ္မုိဒီက ခ်ီးက်ဴးရတဲ႔ လက္ဖက္ရည္အေဖ်ာ္ဆရာ

 မိသားစုအတြက္ ေက်ာင္းထြက္ခဲ့ရေသာ္လည္း

ကေလး ၇၅ ဦး၏ ပညာေရးကုိ ေထာက္ပံ့ေပးခဲ့သည့္

လက္ဖက္ရည္အေဖ်ာ္ဆရာကုိ ဝန္ႀကီးခ်ဳပ္မုိဒီက ခ်ီးက်ဴးေျပာဆုိ

-----------------------------------------------------------------------


❒ ဆင္းရဲျခင္းေၾကာင့္ မိမိဘဝကုိ ထူးျခားေအာင္ ဖန္တီးႏုိင္စြမ္း

မရွိခဲ့ဟူေသာ ေျပာဆုိမႈမ်ားသည္ အေၾကာင္းျပခ်က္သက္သက္

သာျဖစ္ေၾကာင္း ေျပာဆုိရာတြင္  အိႏၵိယဝန္ႀကီးခ်ဳပ္ မုိဒီ က

ကတ္ဘတ္ေဒသမွ လက္ဖက္ရည္အေဖ်ာ္ဆရာ တစ္ဦးျဖစ္ေသာ

အသက္ ၆၀ အရြယ္ ဒီပရာ ကာ့ရွ္ရာအုိ ကုိ ဥပမာထားကာ

ခ်ီးက်ဴးေျပာဆုိသြားခဲ့သည္ဟု သိရသည္။

ဆင္းရဲသားရပ္ကြက္တြင္ ႀကီးျပင္းခဲ့ရသည့္ ဒီပရာ ကာ့ရွ္ရာအုိသည္

လက္ဖက္ရည္အေဖ်ာ္ဆရာ တစ္ဦးျဖစ္ေသာ္လည္း ကေလးငယ္

၇၅ ဦး၏ ပညာေရးအတြက္ ေထာက္ပံ့ေပးခဲ့သူ ျဖစ္သည္။

စားဝတ္ေနေရးအတြက္ အသက္ ၆ ႏွစ္ကတည္းက လက္ဖက္ရည္

စေရာင္းကာ ဘဝကုိ ရုန္းကန္ခဲ့ရေသာ္လည္း ၿပီးခဲ့သည့္ ၁၇ ႏွစ္

အတြင္း ရွာေဖြရရွိသမွ် ေငြေၾကး၏ထက္ဝက္ကုိ ဆင္းရဲသားရပ္ကြက္မွ

စာသင္ေက်ာင္းသုိ႔ အျမဲလွဴဒါန္းခဲ့သည္။


ဒီပရာ ကာ့ရွ္ရာအုိ က မိသားစုအတြက္ ပညာေရးကုိ တဝက္တပ်က္ႏွင့္

နားခဲ့ရၿပီး ၎၏ဖခင္ကုိယ္တုိင္က ပညာသင္ေနျခင္းသည္ အခ်ိန္ကုန္

ေငြကုန္သည္ဟု သတ္မွတ္ထားျခင္းျဖစ္သည္။ ပညာသင္ၾကားခြင့္

မရႏုိင္သည့္ ကေလးငယ္မ်ားကုိ  ဒီပရာ ကာ့ရွ္ရာအုိ က ဦးစြာ အေျခခံ

မ်ားကုိ သင္ၾကားေပးၿပီး ေဒသခံစာသင္ေက်ာင္း၌ ေက်ာင္းဆက္ထား

ေပးေလ့ရွိသည္။ ေက်ာင္းေနကေလးမ်ား၏ အစားအေသာက္အတြက္

လည္း ေန႔စဥ္တာဝန္ယူခဲ့သည္။ ဆင္းရဲသားရပ္ကြက္အတြင္း မည္သူ

ကမွ ပညာသင္ျခင္းကုိ အေလးမေပးသည့္အတြက္ ကေလးမ်ား

ကုိယ္တုိင္က အေစာပုိင္းတြင္ ေက်ာင္းမလာခ်င္ခဲ့ေသာ္လည္း

စာသင္ေက်ာင္း၌ မုန္႔ေကၽြးၿပီးေနာက္တြင္ ကေလးမ်ားက 

စိတ္အားထက္သန္လာခဲ့သည္ဟု သိရသည္။


ေအးယုႏုိင္ (pyimyanmar)

(DM, 1.6.18)

links -

https://timesofindia.indiatimes.com/india/pm-narendra-modi-praises-cuttack-tea-seller-for-educating-slum-kids/articleshow/64345615.cms

http://www.maharashtratoday.in/modi-praises-odisha-tea-seller-for-educating-slum-children/

========================


မိသားစုအတွက် ကျောင်းထွက်ခဲ့ရသော်လည်း

ကလေး ၇၅ ဦး၏ ပညာရေးကို ထောက်ပံ့ပေးခဲ့သည့်

လက်ဖက်ရည်အဖျော်ဆရာကို ဝန်ကြီးချုပ်မိုဒီက ချီးကျူးပြောဆို

-----------------------------------------------------------------------


❒ ဆင်းရဲခြင်းကြောင့် မိမိဘဝကို ထူးခြားအောင် ဖန်တီးနိုင်စွမ်း

မရှိခဲ့ဟူသော ပြောဆိုမှုများသည် အကြောင်းပြချက်သက်သက်

သာဖြစ်ကြောင်း ပြောဆိုရာတွင်  အိန္ဒိယဝန်ကြီးချုပ် မိုဒီ က

ကတ်ဘတ်ဒေသမှ လက်ဖက်ရည်အဖျော်ဆရာ တစ်ဦးဖြစ်သော

အသက် ၆၀ အရွယ် ဒီပရာ ကာ့ရှ်ရာအို ကို ဥပမာထားကာ

ချီးကျူးပြောဆိုသွားခဲ့သည်ဟု သိရသည်။


ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းခဲ့ရသည့် ဒီပရာ ကာ့ရှ်ရာအိုသည်

လက်ဖက်ရည်အဖျော်ဆရာ တစ်ဦးဖြစ်သော်လည်း ကလေးငယ်

၇၅ ဦး၏ ပညာရေးအတွက် ထောက်ပံ့ပေးခဲ့သူ ဖြစ်သည်။

စားဝတ်နေရေးအတွက် အသက် ၆ နှစ်ကတည်းက လက်ဖက်ရည်

စရောင်းကာ ဘဝကို ရုန်းကန်ခဲ့ရသော်လည်း ပြီးခဲ့သည့် ၁၇ နှစ်

အတွင်း ရှာဖွေရရှိသမျှ ငွေကြေး၏ထက်ဝက်ကို ဆင်းရဲသားရပ်ကွက်မှ

စာသင်ကျောင်းသို့ အမြဲလှူဒါန်းခဲ့သည်။


ဒီပရာ ကာ့ရှ်ရာအို က မိသားစုအတွက် ပညာရေးကို တဝက်တပျက်နှင့်

နားခဲ့ရပြီး ၎င်း၏ဖခင်ကိုယ်တိုင်က ပညာသင်နေခြင်းသည် အချိန်ကုန်

ငွေကုန်သည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ ပညာသင်ကြားခွင့်

မရနိုင်သည့် ကလေးငယ်များကို  ဒီပရာ ကာ့ရှ်ရာအို က ဦးစွာ အခြေခံ

များကို သင်ကြားပေးပြီး ဒေသခံစာသင်ကျောင်း၌ ကျောင်းဆက်ထား

ပေးလေ့ရှိသည်။ ကျောင်းနေကလေးများ၏ အစားအသောက်အတွက်

လည်း နေ့စဉ်တာဝန်ယူခဲ့သည်။ ဆင်းရဲသားရပ်ကွက်အတွင်း မည်သူ

ကမှ ပညာသင်ခြင်းကို အလေးမပေးသည့်အတွက် ကလေးများ

ကိုယ်တိုင်က အစောပိုင်းတွင် ကျောင်းမလာချင်ခဲ့သော်လည်း

စာသင်ကျောင်း၌ မုန့်ကျွေးပြီးနောက်တွင် ကလေးများက 

စိတ်အားထက်သန်လာခဲ့သည်ဟု သိရသည်။


အေးယုနိုင် (pyimyanmar)

(DM, 1.6.18)

links -

https://timesofindia.indiatimes.com/india/pm-narendra-modi-praises-cuttack-tea-seller-for-educating-slum-kids/articleshow/64345615.cms

http://www.maharashtratoday.in/modi-praises-odisha-tea-seller-for-educating-slum-children/


No comments:

Post a Comment