လက္မပါလုိ႔ ေျခေထာက္နဲ႔စားတာကို
တားျမစ္ခံရတဲ့ကေလးငယ္ ...
------------------------------------------
နာမည္ေက်ာ္ စားေသာက္ဆုိင္တစ္ခုျဖစ္တဲ့ ညစာအေရာင္းဆုိင္
တစ္ခုဟာ ေမြးကတည္းက လက္ေတြပါမလာတဲ့ ကေလးငယ္
တစ္ဦးကို ဆုိင္မွာ သူရဲ႕မူလစားေနတဲ့ပုံစံနဲ႔ မစားဖုိ႔ ပိတ္ပင္ခဲ့ေၾကာင္း
သိရပါတယ္။ အဆုိပါ ေကာင္ေလးဟာ ေမြးဖြားစဥ္ကတည္းက
လက္မပါတဲ့အတြက္ အစားအစာေတြကို ေျခေထာက္နဲ႔
စားေသာက္ရသူပါ။
ေကာင္ေလးရဲ႕နာမည္မွာ William Bancroft ျဖစ္ၿပီး သူဟာ
သူ႕ဘဝ အသက္ရွင္ရပ္တည္ႏုိင္ေရးအတြက္ ကိုယ္ထူကိုယ္ထနဲ႔
သင္စရာရွိတာေတြကုိ သင္၊ ကိုယ့္ကိုယ္ကုိလည္း သူမ်ားခြံ႔ေကၽြးမွ
စားရတဲ့ဘဝမွာ မေနရေစဖုိ႔၊ ေျခေထာက္ေတြရဲ႕ အကူအညီနဲ႔
သူ႕ဘာသာသူ စားေသာက္ႏုိင္ေအာင္ ရပ္တည္ခဲ့ရပါတယ္။
မိခင္ျဖစ္သူ Alexis ဟာ Arkansa, Hot Springs မွာတည္ရွိတဲ့
IHOP အမည္ရ ဘိန္းမုန္႔အေရာင္းဆုိင္တစ္ခုဆီ William ကုိ
ေခၚသြားခဲ့ပါတယ္။ ဆုိင္ကုိေရာက္ေတာ့ William ရဲ႕ေျခေထာက္
ေတြကို ေရေဆးသန္႔စင္ေပးၿပီး ဘိန္းမုန္႔စားဖုိ႔ ျပင္ဆင္ေပးခဲ့ပါတယ္။
ဒါေပမယ့္ ဆုိင္မန္ေနဂ်ာမက ကေလးကို ၾကည့္ၿပီး စားပြဲေပၚမွာ
ထုိင္စားခြင့္ကို ျငင္းပယ္ခဲ့ၿပီး ေဆာ့၊ သကာရည္ဘူး စတာေတြကိုလည္း
က်န္းမာေရးနဲ႔မကိုက္ညီဘူးဆုိၿပီး ေျခေထာက္နဲ႔မထိဖုိ႔ လာေရာက္
တားျမစ္ခဲ့ပါတယ္။ ဒီမွာတင္ပဲ မိခင္ျဖစ္သူနဲ႔ မန္ေနဂ်ာတုိ႔
တစ္ေယာက္တစ္ခြန္း စကားမ်ားခဲ့ၾကပါတယ္။
Alexis က မန္ေနဂ်ာမကို
” ရွင့္ကို ေမးပါဦးမယ္ … အခု ဒီကို လာစားတဲ့သူေတြကို
အစာမစားခင္ လက္ေဆးဖုိ႔ ရွင္ ေတာင္းဆုိခဲ့ဖူးလုိ႔လား …
သူက အခုမွ သုံးႏွစ္ပဲ ရွိေသးတာ … အစားအစာေတြကို မစားခင္
ဘာလုပ္ရမယ္ဆုိတာ သိတယ္ … “လုိ႔ ေျပာၿပီး တုံ႔ျပန္ခဲ့ပါတယ္။
မန္ေနဂ်ာမက သူ မွားမွန္းသိလုိ႔ ေတာင္းပန္ခဲ့ေပမယ့္ Alexis တုိ႔
စိတ္ဆုိးမာန္ဆုိးနဲ႔ အိမ္ကို ျပန္ခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။
မိခင္ျဖစ္သူ Alexis ကေတာ့ မန္ေနဂ်ာအမ်ိဳးသမီးဟာ
ေျခလက္အဂၤါမစုံတဲ့ သူ(မ)ရဲ႕သားကုိ ခြဲျခားဆက္ဆံလုိ႔
အလြန္စိတ္တုိေနၿပီး အိမ္ကုိျပန္ေရာက္တာနဲ႔ သူမရဲ႕
အျဖစ္သနစ္ကို လူမႈကြန္ရက္ေပၚမွာ တစ္လုံးမက်န္ခ်ေရးၿပီး
အမ်ားျပည္သူသိေအာင္ ျပန္လည္မွ်ေဝခဲ့ပါတယ္။ ဒီအေၾကာင္းကို
IHOP ဆုိင္ရဲ႕တာဝန္ရွိသူေတြ သိရွိသြားၿပီးေနာက္ Alexis ကုိ
အႏူးအညႊတ္ ေတာင္းပန္ခဲ့ၾကပါတယ္။
ဒီအျဖစ္အပ်က္မွာ အဓိကပါဝင္ခဲ့သူ မန္ေနဂ်ာအမ်ိဳးသမီးက
” ဒါက နားလည္မႈ လြဲသြားတာလုိ႔ ထင္ပါတယ္ … ကၽြန္မအေနနဲ႔
ရွင့္သားကို ဘယ္တုန္းကမွ ခြဲျခားဆက္ဆံလုိစိတ္မရွိခဲ့ပါဘူး “လုိ႔
ေတာင္းပန္ခဲ့ပါတယ္။ ေနာက္တစ္ရက္မွာ အဲဒီဆိုိင္ကုိထပ္သြားေတာ့
မည္သည့္ဆုိင္ဝန္ထမ္းကမွ ျပႆနာရွာျခင္း မရွိခဲ့ေပမယ့္ William
ကလည္း စားပြဲေပၚမွာ ထုိင္စားဖုိ႔ ျငင္းဆန္ခဲ့ၿပီး ထုိင္ခုံေပၚမွာသာ
ထုိင္ၿပီး စားစရာရွိတာကို စားပါေတာ့တယ္။
ေနသူရိန္ (MyanmarNote)
links-
=============================
လက်မပါလို့ ခြေထောက်နဲ့စားတာကို
တားမြစ်ခံရတဲ့ကလေးငယ် ...
------------------------------------------
နာမည်ကျော် စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ ညစာအရောင်းဆိုင်
တစ်ခုဟာ မွေးကတည်းက လက်တွေပါမလာတဲ့ ကလေးငယ်
တစ်ဦးကို ဆိုင်မှာ သူရဲ့မူလစားနေတဲ့ပုံစံနဲ့ မစားဖို့ ပိတ်ပင်ခဲ့ကြောင်း
သိရပါတယ်။ အဆိုပါ ကောင်လေးဟာ မွေးဖွားစဉ်ကတည်းက
လက်မပါတဲ့အတွက် အစားအစာတွေကို ခြေထောက်နဲ့
စားသောက်ရသူပါ။
ကောင်လေးရဲ့နာမည်မှာ William Bancroft ဖြစ်ပြီး သူဟာ
သူ့ဘဝ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ကိုယ်ထူကိုယ်ထနဲ့
သင်စရာရှိတာတွေကို သင်၊ ကိုယ့်ကိုယ်ကိုလည်း သူများခွံ့ကျွေးမှ
စားရတဲ့ဘဝမှာ မနေရစေဖို့၊ ခြေထောက်တွေရဲ့ အကူအညီနဲ့
သူ့ဘာသာသူ စားသောက်နိုင်အောင် ရပ်တည်ခဲ့ရပါတယ်။
မိခင်ဖြစ်သူ Alexis ဟာ Arkansa, Hot Springs မှာတည်ရှိတဲ့
IHOP အမည်ရ ဘိန်းမုန့်အရောင်းဆိုင်တစ်ခုဆီ William ကို
ခေါ်သွားခဲ့ပါတယ်။ ဆိုင်ကိုရောက်တော့ William ရဲ့ခြေထောက်
တွေကို ရေဆေးသန့်စင်ပေးပြီး ဘိန်းမုန့်စားဖို့ ပြင်ဆင်ပေးခဲ့ပါတယ်။
ဒါပေမယ့် ဆိုင်မန်နေဂျာမက ကလေးကို ကြည့်ပြီး စားပွဲပေါ်မှာ
ထိုင်စားခွင့်ကို ငြင်းပယ်ခဲ့ပြီး ဆော့၊ သကာရည်ဘူး စတာတွေကိုလည်း
ကျန်းမာရေးနဲ့မကိုက်ညီဘူးဆိုပြီး ခြေထောက်နဲ့မထိဖို့ လာရောက်
တားမြစ်ခဲ့ပါတယ်။ ဒီမှာတင်ပဲ မိခင်ဖြစ်သူနဲ့ မန်နေဂျာတို့
တစ်ယောက်တစ်ခွန်း စကားများခဲ့ကြပါတယ်။
Alexis က မန်နေဂျာမကို
” ရှင့်ကို မေးပါဦးမယ် … အခု ဒီကို လာစားတဲ့သူတွေကို
အစာမစားခင် လက်ဆေးဖို့ ရှင် တောင်းဆိုခဲ့ဖူးလို့လား …
သူက အခုမှ သုံးနှစ်ပဲ ရှိသေးတာ … အစားအစာတွေကို မစားခင်
ဘာလုပ်ရမယ်ဆိုတာ သိတယ် … “လို့ ပြောပြီး တုံ့ပြန်ခဲ့ပါတယ်။
မန်နေဂျာမက သူ မှားမှန်းသိလို့ တောင်းပန်ခဲ့ပေမယ့် Alexis တို့
စိတ်ဆိုးမာန်ဆိုးနဲ့ အိမ်ကို ပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူ Alexis ကတော့ မန်နေဂျာအမျိုးသမီးဟာ
ခြေလက်အင်္ဂါမစုံတဲ့ သူ(မ)ရဲ့သားကို ခွဲခြားဆက်ဆံလို့
အလွန်စိတ်တိုနေပြီး အိမ်ကိုပြန်ရောက်တာနဲ့ သူမရဲ့
အဖြစ်သနစ်ကို လူမှုကွန်ရက်ပေါ်မှာ တစ်လုံးမကျန်ချရေးပြီး
အများပြည်သူသိအောင် ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီအကြောင်းကို
IHOP ဆိုင်ရဲ့တာဝန်ရှိသူတွေ သိရှိသွားပြီးနောက် Alexis ကို
အနူးအညွှတ် တောင်းပန်ခဲ့ကြပါတယ်။
ဒီအဖြစ်အပျက်မှာ အဓိကပါဝင်ခဲ့သူ မန်နေဂျာအမျိုးသမီးက
” ဒါက နားလည်မှု လွဲသွားတာလို့ ထင်ပါတယ် … ကျွန်မအနေနဲ့
ရှင့်သားကို ဘယ်တုန်းကမှ ခွဲခြားဆက်ဆံလိုစိတ်မရှိခဲ့ပါဘူး “လို့
တောင်းပန်ခဲ့ပါတယ်။ နောက်တစ်ရက်မှာ အဲဒီဆိုင်ကိုထပ်သွားတော့
မည်သည့်ဆိုင်ဝန်ထမ်းကမှ ပြဿနာရှာခြင်း မရှိခဲ့ပေမယ့် William
ကလည်း စားပွဲပေါ်မှာ ထိုင်စားဖို့ ငြင်းဆန်ခဲ့ပြီး ထိုင်ခုံပေါ်မှာသာ
ထိုင်ပြီး စားစရာရှိတာကို စားပါတော့တယ်။
နေသူရိန် (MyanmarNote)
links-




No comments:
Post a Comment