ဗန္ဂိုးလက္ရာ ပန္းခ်ီကားတစ္ခ်ပ္ကို
ေဒၚလာ ၈ သန္းေက်ာ္နဲ႔ ေလလံတင္ ေရာင္းခ်
-----------------------------------------------------
❒ ဗင္းဆင့္ဗန္ဂိုး ေရးဆြဲခဲ့တဲ့ ပန္းခ်ီကားတစ္ခ်ပ္ကို ေလလံတင္
ေရာင္းခ်ခဲ့ရာမွာ ေဒၚလာ ၈ သန္းေက်ာ္ ရရွိခဲ့တယ္လုိ႔ သိရပါတယ္။
ဇြန္လ ၄ ရက္က ျပင္သစ္မွာ ႏွစ္ေပါင္း ၂၀ ေလာက္ ကာလအတြင္း
ပထမဆံုး အႀကိမ္အျဖစ္ ဗန္ဂိုးရဲ႕ လက္ရာ ပန္းခ်ီကား တစ္ခ်ပ္ကို
ေလလံတင္ခဲ့တာပါ။ ေသာင္ခံုမွာ ပိုက္ခ်ေနတဲ့ အမ်ိဳးသမီးေတြဆိုတဲ့
ပန္းခ်ီကားအတြက္ ေဒၚလာ ၃ သန္းခြဲနဲ႔ ၅ သန္းခြဲၾကား ေစ်းရမယ္လုိ႔
ႀကိဳတင္ ခန္႔မွန္းထားေပမယ့္ အမွန္တကယ္မွာေတာ့
ေဒၚလာ ၈.၂၇ သန္းထိ အျမင့္ဆံုးေစ်း ေပးေခ် ဝယ္ယူသြားတာပါ။
ဒတ္ခ်္ဂႏၳဝင္ အႏုပညာရွင္ႀကီး ဗန္ဂိုးရဲ႕ ပန္းခ်ီလက္ရာေတြဟာ
ျပတိုက္ေတြမွာသာ အဓိက ခ်ိတ္ဆြဲ ျပသထားေလ့ရွိၿပီး အခုလို
ေလလံတင္ ေရာင္းခ်ျဖစ္တာမ်ိဳး အရမ္းနည္းပါးတယ္လုိ႔
ပညာရွင္ေတြက ဆိုပါတယ္။
ပုဂၢလိက စုေဆာင္းသူ တစ္ဦးလက္ထဲ ေရာင္းခ်မေပးခင္က
ဒီပန္းခ်ီကားကို အမ္စတာဒမ္မွာရွိတဲ့ ဗန္ဂိုး ျပတိုက္မွာ ၈ ႏွစ္ၾကာ
ခ်ိတ္ဆြဲ ျပသထားတယ္လုိ႔လည္း သိရပါတယ္။
၁၈၈၂ ခုႏွစ္က ေရးဆြဲခဲ့တဲ့ ဆီေဆးပန္းခ်ီကားဟာ ဗန္ဂိုးရဲ႕
အႏုပညာ ဘဝခရီး အေစာပိုင္း ကာလေတြက လက္ရာလို႔လည္း
ဆိုႏုိင္ပါတယ္။
ဒီပန္းခ်ီကားရဲ႕ ေစ်းႏႈန္းက သက္သာတယ္လုိ႔ ေျပာလုိ႔ မရေပမယ့္
မႏွစ္က ႏိုဝင္ဘာလမွာ ေရာင္းခ်ခဲ့တဲ့ လီယိုနာဒို ဒါဗင္ခ်ီလက္ရာ
ပန္းခ်ီကားထက္ေတာ့ အမ်ားႀကီး ေလ်ာ့နည္းပါတယ္။
ဆယ္လ္ဗာတာ မြန္ဒီဆိုတဲ့ ၁၅ ရာစုလက္ရာ ပန္းခ်ီကားဟာ
ခရစ္ေတာ္ကို စိတ္ကူး ပံုေဖာ္ ေရးဆြဲထားတာျဖစ္ၿပီး ကမာၻ႕စံခ်ိန္
တင္ေစ်း ေဒၚလာ သန္းေပါင္း ၄၅၀ ေက်ာ္ထိ ရရွိခဲ့ပါတယ္။
အခုေတာ့ အဲဒီပန္းခ်ီကားကို အဘူဒါဘီ လုဗ္ျပတိုက္မွာ
ခ်ိတ္ဆြဲ ျပသထားေၾကာင္း သိရပါတယ္။
source:myanbnews
link -
https://www.reuters.com/video/2018/06/05/van-gogh-sells-for-827-million-at-auctio?videoId=433158021
https://www.reuters.com/video/2018/06/05/van-gogh-landscape-fetches-7-million-eur?videoId=433166349
=========================
ဗန်ဂိုးလက်ရာ ပန်းချီကားတစ်ချပ်ကို
ဒေါ်လာ ၈ သန်းကျော်နဲ့ လေလံတင် ရောင်းချ
-----------------------------------------------------
❒ ဗင်းဆင့်ဗန်ဂိုး ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို လေလံတင်
ရောင်းချခဲ့ရာမှာ ဒေါ်လာ ၈ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၄ ရက်က ပြင်သစ်မှာ နှစ်ပေါင်း ၂၀ လောက် ကာလအတွင်း
ပထမဆုံး အကြိမ်အဖြစ် ဗန်ဂိုးရဲ့ လက်ရာ ပန်းချီကား တစ်ချပ်ကို
လေလံတင်ခဲ့တာပါ။ သောင်ခုံမှာ ပိုက်ချနေတဲ့ အမျိုးသမီးတွေဆိုတဲ့
ပန်းချီကားအတွက် ဒေါ်လာ ၃ သန်းခွဲနဲ့ ၅ သန်းခွဲကြား ဈေးရမယ်လို့
ကြိုတင် ခန့်မှန်းထားပေမယ့် အမှန်တကယ်မှာတော့
ဒေါ်လာ ၈.၂၇ သန်းထိ အမြင့်ဆုံးဈေး ပေးချေ ဝယ်ယူသွားတာပါ။
ဒတ်ချ်ဂန္ထဝင် အနုပညာရှင်ကြီး ဗန်ဂိုးရဲ့ ပန်းချီလက်ရာတွေဟာ
ပြတိုက်တွေမှာသာ အဓိက ချိတ်ဆွဲ ပြသထားလေ့ရှိပြီး အခုလို
လေလံတင် ရောင်းချဖြစ်တာမျိုး အရမ်းနည်းပါးတယ်လို့
ပညာရှင်တွေက ဆိုပါတယ်။
ပုဂ္ဂလိက စုဆောင်းသူ တစ်ဦးလက်ထဲ ရောင်းချမပေးခင်က
ဒီပန်းချီကားကို အမ်စတာဒမ်မှာရှိတဲ့ ဗန်ဂိုး ပြတိုက်မှာ ၈ နှစ်ကြာ
ချိတ်ဆွဲ ပြသထားတယ်လို့လည်း သိရပါတယ်။
၁၈၈၂ ခုနှစ်က ရေးဆွဲခဲ့တဲ့ ဆီဆေးပန်းချီကားဟာ ဗန်ဂိုးရဲ့
အနုပညာ ဘဝခရီး အစောပိုင်း ကာလတွေက လက်ရာလို့လည်း
ဆိုနိုင်ပါတယ်။
ဒီပန်းချီကားရဲ့ ဈေးနှုန်းက သက်သာတယ်လို့ ပြောလို့ မရပေမယ့်
မနှစ်က နိုဝင်ဘာလမှာ ရောင်းချခဲ့တဲ့ လီယိုနာဒို ဒါဗင်ချီလက်ရာ
ပန်းချီကားထက်တော့ အများကြီး လျော့နည်းပါတယ်။
ဆယ်လ်ဗာတာ မွန်ဒီဆိုတဲ့ ၁၅ ရာစုလက်ရာ ပန်းချီကားဟာ
ခရစ်တော်ကို စိတ်ကူး ပုံဖော် ရေးဆွဲထားတာဖြစ်ပြီး ကမ္ဘာ့စံချိန်
တင်ဈေး ဒေါ်လာ သန်းပေါင်း ၄၅၀ ကျော်ထိ ရရှိခဲ့ပါတယ်။
အခုတော့ အဲဒီပန်းချီကားကို အဘူဒါဘီ လုဗ်ပြတိုက်မှာ
ချိတ်ဆွဲ ပြသထားကြောင်း သိရပါတယ်။
source:myanbnews
link -
https://www.reuters.com/video/2018/06/05/van-gogh-sells-for-827-million-at-auctio?videoId=433158021
https://www.reuters.com/video/2018/06/05/van-gogh-landscape-fetches-7-million-eur?videoId=433166349



No comments:
Post a Comment