မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 8, 2020

စပိန္ႏိုင္ငံရဲ႕ ဘာသာမဲ့ ဝန္ႀကီးခ်ဳပ္ ...

 သမၼာက်မ္းစာအုပ္မကိုင္ဘဲ က်မ္းက်ိန္ဆိုခဲ့တဲ့ 

စပိန္ႏိုင္ငံရဲ႕ ဘာသာမဲ့ ဝန္ႀကီးခ်ဳပ္ ...

------------------------------------------------


❒ စပိန္ႏုိင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္အသစ္ Pedro Sánchez ဟာ

ေရြးေကာက္ပြဲမွာ အႏုိင္ရၿပီးတဲ့ေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ 

ကတိသစၥာျပဳ က်မ္းက်ိန္ခဲ့ပါတယ္။ ထိုသို႔ က်မ္းက်ိန္ရာမွာ 

သူဟာ သမၼာက်မ္းစာအုပ္ကို ကိုင္ေဆာင္ျခင္းမျပဳခဲ့ပါဘူး။ 

အေၾကာင္းအရင္းကေတာ့ သူဟာ ဘာသာတရားေတြကို 

ကိုးကြယ္မႈမရွိတဲ့ ဘာသာမဲ့တစ္ေယာက္ ျဖစ္ေနလို႕ပါပဲ။


ဘာသာမဲ့တစ္ေယာက္အေနနဲ႕ က်မ္းစာကို ကိုင္ေဆာင္ၿပီး 

က်မ္းက်ိန္စရာအေၾကာင္းမရွိဘူးလို႔ သူက ေျပာခဲ့ပါေသးတယ္။ 

စပိန္ႏုိင္ငံရဲ႕ သမိုင္းေၾကာင္းတစ္ေလွ်ာက္ က်မ္းစာကို ကိုင္ေဆာင္

ျခင္းမရွိဘဲ က်မ္းက်ိန္တဲ့ ေခါင္းေဆာင္မရွိခဲ့ဖူးတာေၾကာင့္ 

Sánchez ဟာ စပိန္ႏုိင္ငံရဲ႕ ဘာသာမဲ့ ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ပါတယ္။


သူဟာ သမိုင္းသစ္တစ္ခုကို အေျပာင္းအလဲ လုပ္ႏုိင္ခဲ့ၿပီလို႔လည္း

သံုးသပ္သူေတြက ဆိုပါတယ္။ ႏွစ္ႏွစ္အတြင္းမွာ ေရြးေကာက္ခံ 

အတုိက္အခံ ပါတီေခါင္းေဆာင္အေနနဲ႕ ပါလီမန္အတြင္း 

အေျပာင္းအလဲေတြကို လုပ္ေဆာင္ႏုိင္ခဲ့တာေၾကာင့္ ျပည္သူေတြ 

ေထာက္ခံမႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။ ဆိုရွယ္လစ္ ပါတီ

ေခါင္းေဆာင္ ျဖစ္သူ Sánchez ဟာ အျခား ပါတီေျခာက္ခုနဲ႕အတူ 

ပူးေပါင္းၿပီး လာဘ္စားမႈျပဳခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Mr Rajoy ကို 

ဖယ္ရွားႏုိင္ခဲ့ၿပီးေနာက္ ေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တာပဲ ျဖစ္ပါတယ္။


စပိန္ႏုိင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္အသစ္တစ္ေယာက္အေနနဲ႕ 

စပိန္ ပါလီမန္မွာ အဓိကေနရာပါ ပါဝင္ရမွာျဖစ္ၿပီး အစိုးရအဖြဲ႕ဝင္

ေတြနဲ႕ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳပိုင္းဆုိင္ရာလုပ္ေဆာင္မႈေတြကို 

ေနာက္အပတ္ကစလို႔ စတင္ တာဝန္ထမ္းေဆာင္ရမွာပဲ ျဖစ္ပါတယ္။

Sanchez ဟာ အသက္ ေလးဆယ့္ေျခာက္ႏွစ္အရြယ္သာရွိၿပီးေတာ့ 

ႏိုင္ငံေရးေလာကမွာ နာမည္ရေနသူ ႏုိင္ငံေရးသမားတစ္ဦး လည္း

ျဖစ္ပါတယ္။ သူက်မ္းက်ိန္ခဲ့ရာမွာ သစၥာေစာင့္သိမႈ၊ ကိုယ္က်င့္တရားနဲ႕ 

ႏုိင္ငံေတာ္ တရားဥပေဒတည္ေဆာက္ေရးဆိုင္ရာကိစၥေတြကို အထူး

ဦးစားေပးကတိျပဳခဲ့တာေၾကာင့္ သူနဲ႕အတူ ေရာက္လာမဲ့ ႏုိင္ငံေရး

အေရြ႕ကို ျပည္သူေတြက ေစာင့္ဆိုင္းလ်က္ရွိၾကပါတယ္။


ေနာ္ဘတ္တီဟန္

source:MyanmarNote

links -

http://www.patheos.com/blogs/friendlyatheist/2018/06/02/spains-new-prime-minister-pedro-sanchez-is-an-atheist/

https://www.independent.co.uk/news/world/europe/pedro-sanchez-who-is-spain-new-prime-minister-mariano-rajoy-no-confidence-a8378886.html

===========================


သမ္မာကျမ်းစာအုပ်မကိုင်ဘဲ ကျမ်းကျိန်ဆိုခဲ့တဲ့ 

စပိန်နိုင်ငံရဲ့ ဘာသာမဲ့ ဝန်ကြီးချုပ် ...

------------------------------------------------


❒ စပိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် Pedro Sánchez ဟာ

ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ဝန်ကြီးချုပ်အဖြစ် 

ကတိသစ္စာပြု ကျမ်းကျိန်ခဲ့ပါတယ်။ ထိုသို့ ကျမ်းကျိန်ရာမှာ 

သူဟာ သမ္မာကျမ်းစာအုပ်ကို ကိုင်ဆောင်ခြင်းမပြုခဲ့ပါဘူး။ 

အကြောင်းအရင်းကတော့ သူဟာ ဘာသာတရားတွေကို 

ကိုးကွယ်မှုမရှိတဲ့ ဘာသာမဲ့တစ်ယောက် ဖြစ်နေလို့ပါပဲ။


ဘာသာမဲ့တစ်ယောက်အနေနဲ့ ကျမ်းစာကို ကိုင်ဆောင်ပြီး 

ကျမ်းကျိန်စရာအကြောင်းမရှိဘူးလို့ သူက ပြောခဲ့ပါသေးတယ်။ 

စပိန်နိုင်ငံရဲ့ သမိုင်းကြောင်းတစ်လျှောက် ကျမ်းစာကို ကိုင်ဆောင်

ခြင်းမရှိဘဲ ကျမ်းကျိန်တဲ့ ခေါင်းဆောင်မရှိခဲ့ဖူးတာကြောင့် 

Sánchez ဟာ စပိန်နိုင်ငံရဲ့ ဘာသာမဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။


သူဟာ သမိုင်းသစ်တစ်ခုကို အပြောင်းအလဲ လုပ်နိုင်ခဲ့ပြီလို့လည်း

သုံးသပ်သူတွေက ဆိုပါတယ်။ နှစ်နှစ်အတွင်းမှာ ရွေးကောက်ခံ 

အတိုက်အခံ ပါတီခေါင်းဆောင်အနေနဲ့ ပါလီမန်အတွင်း 

အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်ခဲ့တာကြောင့် ပြည်သူတွေ 

ထောက်ခံမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဆိုရှယ်လစ် ပါတီ

ခေါင်းဆောင် ဖြစ်သူ Sánchez ဟာ အခြား ပါတီခြောက်ခုနဲ့အတူ 

ပူးပေါင်းပြီး လာဘ်စားမှုပြုခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Mr Rajoy ကို 

ဖယ်ရှားနိုင်ခဲ့ပြီးနောက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။


စပိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်တစ်ယောက်အနေနဲ့ 

စပိန် ပါလီမန်မှာ အဓိကနေရာပါ ပါဝင်ရမှာဖြစ်ပြီး အစိုးရအဖွဲ့ဝင်

တွေနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေကို 

နောက်အပတ်ကစလို့ စတင် တာဝန်ထမ်းဆောင်ရမှာပဲ ဖြစ်ပါတယ်။

Sanchez ဟာ အသက် လေးဆယ့်ခြောက်နှစ်အရွယ်သာရှိပြီးတော့ 

နိုင်ငံရေးလောကမှာ နာမည်ရနေသူ နိုင်ငံရေးသမားတစ်ဦး လည်း

ဖြစ်ပါတယ်။ သူကျမ်းကျိန်ခဲ့ရာမှာ သစ္စာစောင့်သိမှု၊ ကိုယ်ကျင့်တရားနဲ့ 

နိုင်ငံတော် တရားဥပဒေတည်ဆောက်ရေးဆိုင်ရာကိစ္စတွေကို အထူး

ဦးစားပေးကတိပြုခဲ့တာကြောင့် သူနဲ့အတူ ရောက်လာမဲ့ နိုင်ငံရေး

အရွေ့ကို ပြည်သူတွေက စောင့်ဆိုင်းလျက်ရှိကြပါတယ်။


နော်ဘတ်တီဟန်

source:MyanmarNote

links -

http://www.patheos.com/blogs/friendlyatheist/2018/06/02/spains-new-prime-minister-pedro-sanchez-is-an-atheist/

https://www.independent.co.uk/news/world/europe/pedro-sanchez-who-is-spain-new-prime-minister-mariano-rajoy-no-confidence-a8378886.html


No comments:

Post a Comment