လူဆိုးေတြကို ကူညီၿဖဳိခြင္းေနတဲ့
ဗီယက္နမ္က ဆိုင္ကယ္စီးသူရဲေကာင္းမ်ား
-------------------------------------------------
❒ ဟိုခ်ီမင္းၿမဳိ႕လမ္းေတြေပၚမွာ လွည့္လည္သြားေနတဲ့
သူရဲေကာင္းေတြဟာ အလယ္ေခတ္သူရဲေကာင္းမ်ဳိးေတာ့
မဟုတ္ပါဘူး။ သူတို့ရဲ့ျမင္းေတြက စကူတာေတြပါ။ သူတို့ဟာ
သံဖိနပ္ရွည္မစီးဘဲ ေရာ္ဘာေျခ ညွပ္ဖိနပ္ေတြ စီးပါတယ္။
ေနာက္ျပီး သူတို့ရဲ့ေတာက္ပေနတဲ့ သံခ်ပ္ကာကအေပၚ
ဝတ္ရံုရွည္နဲ့တူတဲ့ ဂ်ာကင္တစ္ထည္ပါ။ ဆိုင္ကယ္စီးတဲ့
ေစတနာ့ဝန္ထမ္း ကင္းသမားေတြဟာ ရဲမလံုေလာက္တဲ့
ဗီယက္နမ္ရဲ့အျကီးဆံုးျမို့နဲ့ အိမ္နီးခ်င္း ျပည္နယ္ဘင္ေဒါင္ထဲက
ရာဇဝတ္မႈက်ူး လြန္သူေတြကို လိုက္လံဖမ္းဆီးေပးပါတယ္။
“ဖုန္းလာတဲ့အခါတိုင္း ကြ်န္ေတာ္ ထြက္လာတယ္”လို့ သူတို့ထဲက
တစ္ဦး ျဖစ္တဲ့ ငုယင္သန္ဟိုင္က ဆိုပါတယ္။ သူ ဟာ ေန့တိုင္း
လုယက္မႈ၊ မူးယစ္ေဆးနဲ့ ျပန္ေပးဆြဲမႈနဲ့ပတ္သက္တဲ့ တိုင္ၾကားမႈ
၅၀ ကေန ၁ဝဝ အထိကို လက္ခံရရွိေနသူပါ။
“ညသန္းေခါင္မ်က္လံုးမဖြင့္နိုင္တဲ့ အခ်ိန္မွာေတာင္ေပါ့”
ဟိုင္(၄ရနွစ္) ဟာ ၂၁ နွစ္တာအတြင္း သူကူညီဖမ္းဆီးျပီး
ရဲလက္အပ္ခဲ့တဲ့ ရာဇ ဝတ္မႈက်ူးလြန္သူ ၄ဝဝဝ နီးပါးရဲ့
အေသး စိတ္အခ်က္ေတြကို မွတ္စုတစ္အုပ္နဲ့ မွတ္ထားပါတယ္။
အခုလို အခ်ိန္ပိုင္း ရာဇဝတ္မႈတိုက္ဖ်က္သူအျဖစ္ လုပ္ကိုင္ေပမဲ့
သူဟာ ေငြေၾကးတစ္စံုတစ္ရာ မရရွိပါဘူး။
“ခင္ဗ်ား ဒီအလုပ္လုပ္ရင္ ပိုက္ဆံအ ေၾကာင္းမေတြးနဲ့”လို့ သူက
ဆက္ေျပာပါ တယ္။ သူဟာ ဟိုခ်ီမင္းျမို့ထဲက အေယာက္ ၃၀၊
ျပည္နယ္ထဲက အေယာက္ ၁၅ဝဝ ထဲ မွာပါဝင္ျပီး သူတို့ဟာ
သူတို့ရဲ့ ဆိုင္ကယ္ေတြကို ရဲလိုမ်ိုး ဥဩတပ္ျပီး တစ္နာရီ
၁၀၆ မိုင္အထိ ေမာင္းနွင္နိုင္ေအာင္လည္း အင္ဂ်င္ေတြကို
အဆင့္ျမွင့္ထားၾကပါတယ္။
သူတို့ရဲ့ျမန္နႈန္းျမင့္ လိုက္လံဖမ္းဆီးတဲ့ ဗီဒီယိုေတြက
ဆိုရွယ္မီဒီယာမွာ ထင္ ရွားပါတယ္။ ဗီဒီယိုတစ္ခုမွာဆိုရင္
သူခိုးေတြက အေဝးေျပးလမ္းေပၚမွာ ကုန္ကား ေတြ၊
လူစီးကားေတြ ၾကားက ေျမြလိမ္ေျမြေကာက္ ေမာင္းေျပးၾကျပီး
သူတို့အဖြဲ့က အျပင္းအထန္လိုက္လံဖမ္းဆီးေနတာကို ေတြ့ရပါတယ္။
“ကြ်န္ေတာ့္ပံုကို ယူက်ူ့မွာ ေတြ့ေတာ့ ကြ်န္ေတာ့္သားေလးက
စိတ္အရမ္းလႈပ္ ရွားေနတယ္”လို့ အသက္ ၃၁ နွစ္အရြယ္
ဖမ္တန္သန္းက ေျပာပါတယ္။ ဘင္ေဒါင္ မွာ တကၠစီေမာင္းတဲ့သူဟာ
အားလပ္ခ်ိန္ မွာလမ္းသူရဲေကာင္းအျဖစ္ လုပ္ကိုင္ေပး ေနပါတယ္။
“ကြ်န္ေတာ္ ဘယ္အခ်ိန္ အျပင္ထြက္ ဦးမလဲလို့
သားက တစ္ေမးတည္း ေမးေနတယ္”
သူတို့ဟာ သူတို့ကိုယ္သူတို့လူစြမ္း ေကာင္းလို့ မမွတ္ယူေပမဲ့
ေက်းဇူးတင္ တဲ့အထိမ္းအမွတ္ေတြကိုေတာ့ လက္ခံ ၾကပါတယ္။
သူတို့အႀကဳိက္ဆံုးကေတာ့ အေရွ့ေတာင္အာရွမွာ အသည္းစြဲ
ႀကဳိက္ၾကတဲ့ ဒူးရင္းသီးပါပဲ။
▶ အႏၲရာယ္မ်ားတဲ့အလုပ္
ကြန္ျမူနစ္စနစ္နဲ့အုပ္ခ်ုပ္တဲ့ ဗီယက္နမ္မွာ ရာဇဝတ္မႈနည္းပါးေပမဲ့
အလစ္ သုတ္မႈနဲ့ အေသးစားျပစ္မႈေတြက လူ ၈့၆ သန္းေနထိုင္ရာ
ဟိုခ်ီမင္းလိုျမို့ေတြမွာ တစ္စထက္တစ္စ တိုးပြားလာပါတယ္။
ဆိုင္ဂံုျမို့ေဟာင္းဟာ မနွစ္က တစ္ကမၻာလံုးမွာ ကာရာကက္စ္နဲ႔
ကရာခ်ိျပီး ရင္စိတ္ခ်ရမႈ တတိယအနိမ့္ဆံုးျမို့ေတာ္ ျဖစ္ေနေၾကာင္း
ၿမဳိ႕ႀကီး ၆၀ ၿမဳိ႕အတြင္း လူတစ္ကိုယ္ေရလံုျခံုေရးကို အဆင့္
သတ္မွတ္ေပးခဲ့တဲ့ Safe Cities Index of the Economist
Intelligence Unit အရ သိရပါတယ္။
တံု့ျပန္မႈျမန္ျမန္လိုခ်င္တဲ့ အလုယက္ ခံရသူတခ်ို့ဟာ
ရဲကိုမတိုင္ခင္ ကင္းေတြကို အရင္တိုင္ၾကပါတယ္။
“ရဲေတြမွာ အလုပ္အရမ္းမ်ားတယ္၊ ကြ်န္ေတာ္တို့က သူတို့ကို
သြားအျပစ္တင္ လို့မရဘူး”လို့ သူတို့ထဲက တစ္ဦးျဖစ္တဲ့
ငုယင္ဗီယက္ဆင္းက ေျပာပါတယ္။ သူ့ အေဖက ရဲတစ္ေယာက္ပါ။
'လူတိုင္းက လံုျခံုေရးအတြက္ တာဝန္ကို မွ်ေဝယူၾက မယ္ဆိုရင္
လူ့အဖြဲ့အစည္းက ပိုေကာင္းလာလိမ့္မယ္˘
ဟိုခ်ီမင္းျမို့က ရဲေတြဟာ ေငြေၾကး မလံုေလာက္တဲ့အျပင္
သင္တန္းေပးမႈလည္း မရရွိေၾကာင္း အေမရိကန္အစိုးရ က
မနွစ္က မႈခင္းနဲ့ေဘးကင္းေရးဆိုင္ရာ အစီရင္ခံစာတစ္ရပ္မွာ
ဆိုပါတယ္။
လက္နက္သယ္ေဆာင္ခြင့္ကို ဥပေဒ အရပိတ္ပင္ထားတဲ့အတြက္
သူတို့ဟာ ရဲရဲ့သင္ၾကားေပးမႈကို ရရွိထားျပီး ကိုယ့္ ကိုယ္ကို
ကာကြယ္ဖို့ သိုင္းပညာကို အသံုး ျပုရျပီး သူတို့ရဲ့ အလုပ္ေတြက
အနၱရာယ္ မ်ားပါတယ္။
သည္လအတြင္း သူခိုးေတြနဲ့ ထိပ္တိုက္ေတြ့ျပီးေနာက္
ဟိုခ်ီမင္းျမို့မွာ ကင္း သမား နွစ္ဦး ဓားနဲ့ထိုး အသတ္ခံရျပီး
သံုး ဦး ဒဏ္ရာအႀကီးအက်ယ္ ရရွိခဲ့ပါတယ္။
ဆင္းဟာ သူခိုးလို့သံသယရွိသူတစ္ဦးနဲ့ တိုက္ခိုက္ရပံုကို
ေျပာျပပါတယ္။ အဲ သည္လူက သူ့ကိုယ္သူ ဓားနဲ့လွီးျပီး
ထြက္လာတဲ့ေသြးကို ဆင္းရဲ့ဒဏ္ရာေပၚကို သုတ္လိမ္းခဲ့ပါတယ္။
အဲသည္လူမွာ အိတ္ခ်္အိုင္ဗီရွိေနေၾကာင္း ေနာက္ပိုင္း မွာ
သိလိုက္ရတဲ့အခါ ဆင္းဟာ သူ့ကိုေရာ ဂါကူးမွာ
စိုးရိမ္လာခဲ့ပါတယ္။
“ကြ်န္ေတာ္ နႈတ္ထြက္လိုက္ခ်င္ တယ္၊ ဒါေပမဲ့ ကြ်န္ေတာ္
နာလန္ထလာ ျပီး ဆိုရွယ္မီဒီယာမွာ လုယက္မႈေတြကို
ျမင္ရေတာ့ လမ္းေပၚကို ျပန္ထြက္လာတာပဲ”လို့ သူက
ဆိုပါတယ္။
“ကြ်န္ေတာ့္ရဲ့ စိတ္ျပင္းျပမႈက ေသဆံုးမသြားဘူး”
source:myanbnews
link -
==============================
လူဆိုးတွေကို ကူညီဖြိုခွင်းနေတဲ့
ဗီယက်နမ်က ဆိုင်ကယ်စီးသူရဲကောင်းများ
-------------------------------------------------
❒ ဟိုချီမင်းမြို့လမ်းတွေပေါ်မှာ လှည့်လည်သွားနေတဲ့
သူရဲကောင်းတွေဟာ အလယ်ခေတ်သူရဲကောင်းမျိုးတော့
မဟုတ်ပါဘူး။ သူတို့ရဲ့မြင်းတွေက စကူတာတွေပါ။ သူတို့ဟာ
သံဖိနပ်ရှည်မစီးဘဲ ရော်ဘာခြေ ညှပ်ဖိနပ်တွေ စီးပါတယ်။
နောက်ပြီး သူတို့ရဲ့တောက်ပနေတဲ့ သံချပ်ကာကအပေါ်
ဝတ်ရုံရှည်နဲ့တူတဲ့ ဂျာကင်တစ်ထည်ပါ။ ဆိုင်ကယ်စီးတဲ့
စေတနာ့ဝန်ထမ်း ကင်းသမားတွေဟာ ရဲမလုံလောက်တဲ့
ဗီယက်နမ်ရဲ့အကြီးဆုံးမြို့နဲ့ အိမ်နီးချင်း ပြည်နယ်ဘင်ဒေါင်ထဲက
ရာဇဝတ်မှုကျူး လွန်သူတွေကို လိုက်လံဖမ်းဆီးပေးပါတယ်။
“ဖုန်းလာတဲ့အခါတိုင်း ကျွန်တော် ထွက်လာတယ်”လို့ သူတို့ထဲက
တစ်ဦး ဖြစ်တဲ့ ငုယင်သန်ဟိုင်က ဆိုပါတယ်။ သူ ဟာ နေ့တိုင်း
လုယက်မှု၊ မူးယစ်ဆေးနဲ့ ပြန်ပေးဆွဲမှုနဲ့ပတ်သက်တဲ့ တိုင်ကြားမှု
၅၀ ကနေ ၁ဝဝ အထိကို လက်ခံရရှိနေသူပါ။
“ညသန်းခေါင်မျက်လုံးမဖွင့်နိုင်တဲ့ အချိန်မှာတောင်ပေါ့”
ဟိုင်(၄ရနှစ်) ဟာ ၂၁ နှစ်တာအတွင်း သူကူညီဖမ်းဆီးပြီး
ရဲလက်အပ်ခဲ့တဲ့ ရာဇ ဝတ်မှုကျူးလွန်သူ ၄ဝဝဝ နီးပါးရဲ့
အသေး စိတ်အချက်တွေကို မှတ်စုတစ်အုပ်နဲ့ မှတ်ထားပါတယ်။
အခုလို အချိန်ပိုင်း ရာဇဝတ်မှုတိုက်ဖျက်သူအဖြစ် လုပ်ကိုင်ပေမဲ့
သူဟာ ငွေကြေးတစ်စုံတစ်ရာ မရရှိပါဘူး။
“ခင်ဗျား ဒီအလုပ်လုပ်ရင် ပိုက်ဆံအ ကြောင်းမတွေးနဲ့”လို့ သူက
ဆက်ပြောပါ တယ်။ သူဟာ ဟိုချီမင်းမြို့ထဲက အယောက် ၃၀၊
ပြည်နယ်ထဲက အယောက် ၁၅ဝဝ ထဲ မှာပါဝင်ပြီး သူတို့ဟာ
သူတို့ရဲ့ ဆိုင်ကယ်တွေကို ရဲလိုမျိုး ဥဩတပ်ပြီး တစ်နာရီ
၁၀၆ မိုင်အထိ မောင်းနှင်နိုင်အောင်လည်း အင်ဂျင်တွေကို
အဆင့်မြှင့်ထားကြပါတယ်။
သူတို့ရဲ့မြန်နှုန်းမြင့် လိုက်လံဖမ်းဆီးတဲ့ ဗီဒီယိုတွေက
ဆိုရှယ်မီဒီယာမှာ ထင် ရှားပါတယ်။ ဗီဒီယိုတစ်ခုမှာဆိုရင်
သူခိုးတွေက အဝေးပြေးလမ်းပေါ်မှာ ကုန်ကား တွေ၊
လူစီးကားတွေ ကြားက မြွေလိမ်မြွေကောက် မောင်းပြေးကြပြီး
သူတို့အဖွဲ့က အပြင်းအထန်လိုက်လံဖမ်းဆီးနေတာကို တွေ့ရပါတယ်။
“ကျွန်တော့်ပုံကို ယူကျူ့မှာ တွေ့တော့ ကျွန်တော့်သားလေးက
စိတ်အရမ်းလှုပ် ရှားနေတယ်”လို့ အသက် ၃၁ နှစ်အရွယ်
ဖမ်တန်သန်းက ပြောပါတယ်။ ဘင်ဒေါင် မှာ တက္ကစီမောင်းတဲ့သူဟာ
အားလပ်ချိန် မှာလမ်းသူရဲကောင်းအဖြစ် လုပ်ကိုင်ပေး နေပါတယ်။
“ကျွန်တော် ဘယ်အချိန် အပြင်ထွက် ဦးမလဲလို့
သားက တစ်မေးတည်း မေးနေတယ်”
သူတို့ဟာ သူတို့ကိုယ်သူတို့လူစွမ်း ကောင်းလို့ မမှတ်ယူပေမဲ့
ကျေးဇူးတင် တဲ့အထိမ်းအမှတ်တွေကိုတော့ လက်ခံ ကြပါတယ်။
သူတို့အကြိုက်ဆုံးကတော့ အရှေ့တောင်အာရှမှာ အသည်းစွဲ
ကြိုက်ကြတဲ့ ဒူးရင်းသီးပါပဲ။
▶ အန္တရာယ်များတဲ့အလုပ်
ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်တဲ့ ဗီယက်နမ်မှာ ရာဇဝတ်မှုနည်းပါးပေမဲ့
အလစ် သုတ်မှုနဲ့ အသေးစားပြစ်မှုတွေက လူ ၈့၆ သန်းနေထိုင်ရာ
ဟိုချီမင်းလိုမြို့တွေမှာ တစ်စထက်တစ်စ တိုးပွားလာပါတယ်။
ဆိုင်ဂုံမြို့ဟောင်းဟာ မနှစ်က တစ်ကမ္ဘာလုံးမှာ ကာရာကက်စ်နဲ့
ကရာချိပြီး ရင်စိတ်ချရမှု တတိယအနိမ့်ဆုံးမြို့တော် ဖြစ်နေကြောင်း
မြို့ကြီး ၆၀ မြို့အတွင်း လူတစ်ကိုယ်ရေလုံခြုံရေးကို အဆင့်
သတ်မှတ်ပေးခဲ့တဲ့ Safe Cities Index of the Economist
Intelligence Unit အရ သိရပါတယ်။
တုံ့ပြန်မှုမြန်မြန်လိုချင်တဲ့ အလုယက် ခံရသူတချို့ဟာ
ရဲကိုမတိုင်ခင် ကင်းတွေကို အရင်တိုင်ကြပါတယ်။
“ရဲတွေမှာ အလုပ်အရမ်းများတယ်၊ ကျွန်တော်တို့က သူတို့ကို
သွားအပြစ်တင် လို့မရဘူး”လို့ သူတို့ထဲက တစ်ဦးဖြစ်တဲ့
ငုယင်ဗီယက်ဆင်းက ပြောပါတယ်။ သူ့ အဖေက ရဲတစ်ယောက်ပါ။
'လူတိုင်းက လုံခြုံရေးအတွက် တာဝန်ကို မျှဝေယူကြ မယ်ဆိုရင်
လူ့အဖွဲ့အစည်းက ပိုကောင်းလာလိမ့်မယ်˘
ဟိုချီမင်းမြို့က ရဲတွေဟာ ငွေကြေး မလုံလောက်တဲ့အပြင်
သင်တန်းပေးမှုလည်း မရရှိကြောင်း အမေရိကန်အစိုးရ က
မနှစ်က မှုခင်းနဲ့ဘေးကင်းရေးဆိုင်ရာ အစီရင်ခံစာတစ်ရပ်မှာ
ဆိုပါတယ်။
လက်နက်သယ်ဆောင်ခွင့်ကို ဥပဒေ အရပိတ်ပင်ထားတဲ့အတွက်
သူတို့ဟာ ရဲရဲ့သင်ကြားပေးမှုကို ရရှိထားပြီး ကိုယ့် ကိုယ်ကို
ကာကွယ်ဖို့ သိုင်းပညာကို အသုံး ပြုရပြီး သူတို့ရဲ့ အလုပ်တွေက
အန္တရာယ် များပါတယ်။
သည်လအတွင်း သူခိုးတွေနဲ့ ထိပ်တိုက်တွေ့ပြီးနောက်
ဟိုချီမင်းမြို့မှာ ကင်း သမား နှစ်ဦး ဓားနဲ့ထိုး အသတ်ခံရပြီး
သုံး ဦး ဒဏ်ရာအကြီးအကျယ် ရရှိခဲ့ပါတယ်။
ဆင်းဟာ သူခိုးလို့သံသယရှိသူတစ်ဦးနဲ့ တိုက်ခိုက်ရပုံကို
ပြောပြပါတယ်။ အဲ သည်လူက သူ့ကိုယ်သူ ဓားနဲ့လှီးပြီး
ထွက်လာတဲ့သွေးကို ဆင်းရဲ့ဒဏ်ရာပေါ်ကို သုတ်လိမ်းခဲ့ပါတယ်။
အဲသည်လူမှာ အိတ်ချ်အိုင်ဗီရှိနေကြောင်း နောက်ပိုင်း မှာ
သိလိုက်ရတဲ့အခါ ဆင်းဟာ သူ့ကိုရော ဂါကူးမှာ
စိုးရိမ်လာခဲ့ပါတယ်။
“ကျွန်တော် နှုတ်ထွက်လိုက်ချင် တယ်၊ ဒါပေမဲ့ ကျွန်တော်
နာလန်ထလာ ပြီး ဆိုရှယ်မီဒီယာမှာ လုယက်မှုတွေကို
မြင်ရတော့ လမ်းပေါ်ကို ပြန်ထွက်လာတာပဲ”လို့ သူက
ဆိုပါတယ်။
“ကျွန်တော့်ရဲ့ စိတ်ပြင်းပြမှုက သေဆုံးမသွားဘူး”
source:myanbnews
link -




No comments:
Post a Comment