မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 8, 2020

ေဆးလိပ္ေတာင္ အဖြာမပ်က္ဘဲ လူရမ္းကားကို ဖမ္းေပးခဲ့တဲ့ လန္ဒန္အမ်ိဳးသား

 ေဆးလိပ္ေတာင္ အဖြာမပ်က္ဘဲ 

လူရမ္းကားကို ဖမ္းေပးခဲ့တဲ့ လန္ဒန္အမ်ိဳးသား

---------------------------------------------------


❒  လန္ဒန္ၿမိဳ႕ရဲ႕ လူစည္ကားရာ ေဘာ္႐ိုးေစ်းတစ္ေနရာမွာ 

အက္ရွင္ဇာတ္လမ္းေတြထဲကလို ရမ္းကားမႈကို စတုိင္က်က် 

တံု႔ျပန္မႈတစ္ခုျဖစ္ခဲ့ၿပီး လူေတြကေတာ့ အရမ္းသေဘာက်လ်က္

ွရွိၾကပါတယ္။ အမ်ိဳးသားတစ္ဦးက ေဆးလိပ္ေတာင္ အခဲမပ်က္ဘဲ 

ရမ္းကားသူကို ေျမႀကီးေပၚမွာ ဖိၿပီး ခ်ဳပ္ထားခဲ့တဲ့ ပံုကုိ 

Nick MacMahon အမည္ရ ဓာတ္ပံုဆရာတစ္ဦးက အမိအရ 

႐ိုက္မိခဲ့တာပါ။


ျဖစ္ရပ္ကေတာ့ ၾကာသပေတးေန႔က ျဖစ္ပြားခဲ့တာပါ။ 

သတင္းမ်ားအရ အမူးသမားတစ္ဦးက လူအခ်ိဳ႕ကို ပိုက္ဆံကိစၥနဲ႔ 

ျပႆနာရွာေနခဲ့ၿပီး ရမ္းကားတုိက္ခုိက္ဖို႔ စတင္ႀကိဳးစားခဲ့ပါတယ္။

“အဲဒီ့လူရမ္းကားက လက္ထဲမွာ ဘီယာပုလင္းနဲ႔ မူးေနခဲ့တာပါ။ 

(၁၅)မိနစ္ေလာက္ အၾကာမွာေတာ့ ေယာက်္ားတစ္စုက သူ႔ကို 

ေျမႀကီးေပၚမွာ ခ်ဳပ္ထားလိုက္ပါၿပီ။ အမူးသမားက ရန္ျဖစ္ဖုိ႔ 

ႀကိဳးစားေပမယ့္လည္း လူစုကေတာ့ ရန္မလုိဘဲ အမူးသမားကို 

ထြက္ပဲ ထြက္သြားေစခ်င္တာပါ” လို႔ ဓာတ္ပံုဆရာက 

သူျမင္ခဲ့တာကို ေျပာျပပါတယ္။


လယ္သာဂ်က္ကတ္နဲ႔ အမ်ိဳးသားကေတာ့ ရဲေတြ မလာခင္အထိ 

အမူးသမားကို ေျမႀကီးေပၚမွာ ပံုမွာျမင္ရတဲ့အတုိင္း ခ်ဳပ္ထားခဲ့ပါတယ္။ 

ဆုိရွယ္မီဒီယာေပၚက လူေတြကေတာ့ လူဆိုးဖမ္းခဲ့တဲ့ အမ်ိဳးသားကို 

Richard Gere, Liam Neeson, Harrison Ford စတဲ့ 

အက္ရွင္မင္းသားႀကီးေတြရဲ႕ အကြက္ေတြလုိ အရမ္းကို 

စတိုင္က်ေနတယ္ဆုိကာ သေဘာက်ေနၾကပါတယ္။


White (Shwemom)

Ref: Metro UK

https://metro.co.uk/2018/06/02/man-carried-cool-citizens-arrest-doesnt-drop-cigarette-7600467/

===============================


ဆေးလိပ်တောင် အဖွာမပျက်ဘဲ 

လူရမ်းကားကို ဖမ်းပေးခဲ့တဲ့ လန်ဒန်အမျိုးသား

---------------------------------------------------


❒  လန်ဒန်မြို့ရဲ့ လူစည်ကားရာ ဘော်ရိုးဈေးတစ်နေရာမှာ 

အက်ရှင်ဇာတ်လမ်းတွေထဲကလို ရမ်းကားမှုကို စတိုင်ကျကျ 

တုံ့ပြန်မှုတစ်ခုဖြစ်ခဲ့ပြီး လူတွေကတော့ အရမ်းသဘောကျလျက်

ှရှိကြပါတယ်။ အမျိုးသားတစ်ဦးက ဆေးလိပ်တောင် အခဲမပျက်ဘဲ 

ရမ်းကားသူကို မြေကြီးပေါ်မှာ ဖိပြီး ချုပ်ထားခဲ့တဲ့ ပုံကို 

Nick MacMahon အမည်ရ ဓာတ်ပုံဆရာတစ်ဦးက အမိအရ 

ရိုက်မိခဲ့တာပါ။


ဖြစ်ရပ်ကတော့ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တာပါ။ 

သတင်းများအရ အမူးသမားတစ်ဦးက လူအချို့ကို ပိုက်ဆံကိစ္စနဲ့ 

ပြဿနာရှာနေခဲ့ပြီး ရမ်းကားတိုက်ခိုက်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။

“အဲဒီ့လူရမ်းကားက လက်ထဲမှာ ဘီယာပုလင်းနဲ့ မူးနေခဲ့တာပါ။ 

(၁၅)မိနစ်လောက် အကြာမှာတော့ ယောကျ်ားတစ်စုက သူ့ကို 

မြေကြီးပေါ်မှာ ချုပ်ထားလိုက်ပါပြီ။ အမူးသမားက ရန်ဖြစ်ဖို့ 

ကြိုးစားပေမယ့်လည်း လူစုကတော့ ရန်မလိုဘဲ အမူးသမားကို 

ထွက်ပဲ ထွက်သွားစေချင်တာပါ” လို့ ဓာတ်ပုံဆရာက 

သူမြင်ခဲ့တာကို ပြောပြပါတယ်။


လယ်သာဂျက်ကတ်နဲ့ အမျိုးသားကတော့ ရဲတွေ မလာခင်အထိ 

အမူးသမားကို မြေကြီးပေါ်မှာ ပုံမှာမြင်ရတဲ့အတိုင်း ချုပ်ထားခဲ့ပါတယ်။ 

ဆိုရှယ်မီဒီယာပေါ်က လူတွေကတော့ လူဆိုးဖမ်းခဲ့တဲ့ အမျိုးသားကို 

Richard Gere, Liam Neeson, Harrison Ford စတဲ့ 

အက်ရှင်မင်းသားကြီးတွေရဲ့ အကွက်တွေလို အရမ်းကို 

စတိုင်ကျနေတယ်ဆိုကာ သဘောကျနေကြပါတယ်။


White (Shwemom)

Ref: Metro UK

https://metro.co.uk/2018/06/02/man-carried-cool-citizens-arrest-doesnt-drop-cigarette-7600467/


No comments:

Post a Comment