အိမ္ထဲက ပင့္ကူကိုေမာင္းထုတ္ဖို႔ ၾကက္ေၾကာ္ဆိုင္ကို
အစားအေသာက္မွာခဲ့တဲ့ အမ်ိဳးသမီး ...
--------------------------------------------------
▶ ငယ္ငယ္ကတည္းက ေၾကာက္ခဲ့တဲ့ အရာေတြကို
အရြယ္ေရာက္လာတဲ့အထိ ေၾကာက္ေနေသးတဲ့ သူေတြ
ရွိပါတယ္။ ထိုအရာကို ျမင္လိုက္ရရံုနဲ႔ပဲ ဘာမွမလုပ္ရဲ
မကိုင္ရဲျဖစ္ၿပီး မ်က္စိေရွ႕ကေန ခ်က္ျခင္းရွင္းထုတ္ေပးဖို႔
တျခားသူကို အကူအညီေတာင္းရတဲ့အထိ ျဖစ္လာတတ္ပါတယ္။
ဘုန္းေမာက္တကၠသိုလ္မွာ ေက်ာင္းတက္ေနတဲ့ အသက္(၂၂)ႏွစ္
အရြယ္ ျပစ္မႈေဗဒေက်ာင္းသူ ဒယ္မီဆီြေနးကလည္း အလားတူပါပဲ။
ဒယ္မီမွာ Arachnophobia လို႔ေခၚတဲ့ ပင့္ကူေၾကာက္တဲ့ေရာဂါ
ရွိပါတယ္။ တစ္ေန႔ သူမအိမ္မွာ ပင့္ကူတစ္ေကာင္ေတြ႔လိုက္ရတဲ့အခါ
မထိရဲမတို႔ရဲပဲ ၾကံရာမရျဖစ္ကာ KFC ၾကက္ေၾကာ္ဆိုင္ကို
ဖုန္းေကာက္ဆက္ၿပီး ေအာ္ဒါမွာလိုက္ပါတယ္။ ဒယ္မီဟာ
ၾကက္ေၾကာ္ကို သူမစားဖို႔အတြက္မွာတာမဟုတ္သလို ပင့္ကူကို
ျဖားေယာင္းဖို႔အတြက္လည္း မဟုတ္ပါဘူး။ အေၾကာင္းရင္းကေတာ့
အရမ္းရိုးရွင္းပါတယ္။ ပင့္ကူကိုေမာင္းထုတ္ဖို႔အတြက္
ၾကက္ေၾကာ္လာပုိ႔တဲ့သူကို အကူအညီေတာင္းဖို႔ျဖစ္ပါတယ္။
ဒယ္မီဟာ ငယ္ငယ္ကတည္းက ပင့္ကူေၾကာက္သူတစ္ဦးျဖစ္ခဲ့ၿပီး
အခ်ိန္ၾကာေလေလ သူမရဲ႕ပင့္ကူေၾကာက္ေရာဂါဟာ ပိုဆိုးလာေလ
ေလပါပဲ။ ဒယ္မီဟာ ပင့္ကူကို မနက္အိပ္ရာႏိုးႏိုးခ်င္း ရွင္းလင္းေနတဲ့
သူမအိမ္ေဟာခန္းထဲမွာ ေတြ႔ခဲ့ရတာပါ။ အေၾကာက္လြန္ၿပီး ဘာလုပ္
ရမွန္း မသိတာေၾကာင့္ အိမ္အကူေတြကို ဖုန္းဆက္ကာ အၾကံဥာဏ္
ေတာင္းခဲ့ပါတယ္။ အိမ္အကူေတြက အိမ္ကို စားစရာမွာစားၿပီး
လာပို႔တဲ့သူကို ပင့္ကူဖယ္ခိုင္းပါလို႔ ဆိုတာေၾကာင့္ သူမကဒီအတိုင္း
လိုက္လုပ္ခဲ့တာျဖစ္ပါတယ္။
ဒယ္မီက တကယ္လို႔ၾကက္ေၾကာ္ပို႔တဲ့သူလာရင္ အိမ္တြင္းက်န္းမာ
လံုျခံဳေရး အေၾကာင္းျပခ်က္နဲ႔ အိမ္ထဲ၀င္လို႔မရမွာစိုးတာေၾကာင့္
ၾကက္ေၾကာ္ကုမၸဏီိကို အက်ိဳးအေၾကာင္းဖုန္း လွမ္းဆက္ခဲ့ပါတယ္။
ၾကက္ေၾကာ္ပို႔သမား ေရာက္လာတဲ့အခါမွာေတာ့ ဒယ္မီဟာ
အကူအညီေတာင္းၿပီး ပင့္ကူဖယ္ခိုင္းခဲ့ပါတယ္။ ကံဆုိးတာက
ၾကက္ေၾကာ္လာပို႔တဲ့သူကလည္း ပင့္ကူေၾကာက္တယ္လု႔ိဆိုၿပီး
ကူညီဖို႔ျငင္းဆန္ခဲ့ပါတယ္။
ဒယ္မီဟာ ၾကက္ေၾကာ္ပို႔သမားကို သနားစဖြယ္ ေျပာဆိုေတာင္းပန္
တဲ့အခါမွာေတာ့ ထိုသူက ေနာက္ဆံုးသေဘာတူခဲ့ပါတယ္။ ပင့္ကူကို
ဖမ္း၊ အိမ္သာအိုးထဲထည့္ၿပီး ေရဆြဲခ်ပစ္ခဲ့ပါတယ္။ ဒယ္မီဟာ မ်က္စိ
ေရွ႕မွာ သူအရမ္းေၾကာက္ရတဲ့ပင့္ကူ ေပ်ာက္သြားတဲ့အတြက္
ခဏတာေတာ့ စိတ္သက္သာရာရခဲ့ပါတယ္။ ဒါေပမယ့္ ဒယ္မီဟာ
ထိုေန႔တစ္လံုး အိမ္သာအသံုးမျပဳ၀ံ့ေတာ့ပါဘူး။ အိမ္သာၾကြင္းထဲ
ေရာက္သြားတဲ့ ပင့္ကူဟာ အေပၚျပန္တက္လာၿပီး သူမကို
လက္စားေျခမွာ စိုးရိမ္တဲ့အတြက္ေၾကာင့္ ဒယ္မီဟာ အိမ္သာသံုးဖို႔
ထိတ္လန္႔ခဲ့တယ္လို႔ သိရပါတယ္။
လင္းလင္း (ShweMom)
Ref: Unilad
===========================
အိမ်ထဲက ပင့်ကူကိုမောင်းထုတ်ဖို့ ကြက်ကြော်ဆိုင်ကို
အစားအသောက်မှာခဲ့တဲ့ အမျိုးသမီး ...
--------------------------------------------------
▶ ငယ်ငယ်ကတည်းက ကြောက်ခဲ့တဲ့ အရာတွေကို
အရွယ်ရောက်လာတဲ့အထိ ကြောက်နေသေးတဲ့ သူတွေ
ရှိပါတယ်။ ထိုအရာကို မြင်လိုက်ရရုံနဲ့ပဲ ဘာမှမလုပ်ရဲ
မကိုင်ရဲဖြစ်ပြီး မျက်စိရှေ့ကနေ ချက်ခြင်းရှင်းထုတ်ပေးဖို့
တခြားသူကို အကူအညီတောင်းရတဲ့အထိ ဖြစ်လာတတ်ပါတယ်။
ဘုန်းမောက်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အသက်(၂၂)နှစ်
အရွယ် ပြစ်မှုဗေဒကျောင်းသူ ဒယ်မီဆွီနေးကလည်း အလားတူပါပဲ။
ဒယ်မီမှာ Arachnophobia လို့ခေါ်တဲ့ ပင့်ကူကြောက်တဲ့ရောဂါ
ရှိပါတယ်။ တစ်နေ့ သူမအိမ်မှာ ပင့်ကူတစ်ကောင်တွေ့လိုက်ရတဲ့အခါ
မထိရဲမတို့ရဲပဲ ကြံရာမရဖြစ်ကာ KFC ကြက်ကြော်ဆိုင်ကို
ဖုန်းကောက်ဆက်ပြီး အော်ဒါမှာလိုက်ပါတယ်။ ဒယ်မီဟာ
ကြက်ကြော်ကို သူမစားဖို့အတွက်မှာတာမဟုတ်သလို ပင့်ကူကို
ဖြားယောင်းဖို့အတွက်လည်း မဟုတ်ပါဘူး။ အကြောင်းရင်းကတော့
အရမ်းရိုးရှင်းပါတယ်။ ပင့်ကူကိုမောင်းထုတ်ဖို့အတွက်
ကြက်ကြော်လာပို့တဲ့သူကို အကူအညီတောင်းဖို့ဖြစ်ပါတယ်။
ဒယ်မီဟာ ငယ်ငယ်ကတည်းက ပင့်ကူကြောက်သူတစ်ဦးဖြစ်ခဲ့ပြီး
အချိန်ကြာလေလေ သူမရဲ့ပင့်ကူကြောက်ရောဂါဟာ ပိုဆိုးလာလေ
လေပါပဲ။ ဒယ်မီဟာ ပင့်ကူကို မနက်အိပ်ရာနိုးနိုးချင်း ရှင်းလင်းနေတဲ့
သူမအိမ်ဟောခန်းထဲမှာ တွေ့ခဲ့ရတာပါ။ အကြောက်လွန်ပြီး ဘာလုပ်
ရမှန်း မသိတာကြောင့် အိမ်အကူတွေကို ဖုန်းဆက်ကာ အကြံဉာဏ်
တောင်းခဲ့ပါတယ်။ အိမ်အကူတွေက အိမ်ကို စားစရာမှာစားပြီး
လာပို့တဲ့သူကို ပင့်ကူဖယ်ခိုင်းပါလို့ ဆိုတာကြောင့် သူမကဒီအတိုင်း
လိုက်လုပ်ခဲ့တာဖြစ်ပါတယ်။
ဒယ်မီက တကယ်လို့ကြက်ကြော်ပို့တဲ့သူလာရင် အိမ်တွင်းကျန်းမာ
လုံခြုံရေး အကြောင်းပြချက်နဲ့ အိမ်ထဲဝင်လို့မရမှာစိုးတာကြောင့်
ကြက်ကြော်ကုမ္ပဏီကို အကျိုးအကြောင်းဖုန်း လှမ်းဆက်ခဲ့ပါတယ်။
ကြက်ကြော်ပို့သမား ရောက်လာတဲ့အခါမှာတော့ ဒယ်မီဟာ
အကူအညီတောင်းပြီး ပင့်ကူဖယ်ခိုင်းခဲ့ပါတယ်။ ကံဆိုးတာက
ကြက်ကြော်လာပို့တဲ့သူကလည်း ပင့်ကူကြောက်တယ်လု့ိဆိုပြီး
ကူညီဖို့ငြင်းဆန်ခဲ့ပါတယ်။
ဒယ်မီဟာ ကြက်ကြော်ပို့သမားကို သနားစဖွယ် ပြောဆိုတောင်းပန်
တဲ့အခါမှာတော့ ထိုသူက နောက်ဆုံးသဘောတူခဲ့ပါတယ်။ ပင့်ကူကို
ဖမ်း၊ အိမ်သာအိုးထဲထည့်ပြီး ရေဆွဲချပစ်ခဲ့ပါတယ်။ ဒယ်မီဟာ မျက်စိ
ရှေ့မှာ သူအရမ်းကြောက်ရတဲ့ပင့်ကူ ပျောက်သွားတဲ့အတွက်
ခဏတာတော့ စိတ်သက်သာရာရခဲ့ပါတယ်။ ဒါပေမယ့် ဒယ်မီဟာ
ထိုနေ့တစ်လုံး အိမ်သာအသုံးမပြုဝံ့တော့ပါဘူး။ အိမ်သာကြွင်းထဲ
ရောက်သွားတဲ့ ပင့်ကူဟာ အပေါ်ပြန်တက်လာပြီး သူမကို
လက်စားခြေမှာ စိုးရိမ်တဲ့အတွက်ကြောင့် ဒယ်မီဟာ အိမ်သာသုံးဖို့
ထိတ်လန့်ခဲ့တယ်လို့ သိရပါတယ်။
လင်းလင်း (ShweMom)
Ref: Unilad





No comments:
Post a Comment