ကားမွတ္တိိုင္အေဆာက္အဦိးနံရံကုိ သံုးရက္္ၾကာေအာင္
မလႈပ္မယွက္ ၾကည့္ေနခဲ့တဲ့ ေခြးေလး..
--------------------------------
ဒီကိစၥကေတာ့ အလြန္ဆန္းၾကယ္သြားပါျပီ။ မၾကာေသးမီက
အင္တာနက္မွာ ပ်ံ႕နွံ႕လာခဲ့တဲ့ ဗီဒီယိုေလးတစ္ခုကုိ
ေဖာ္ျပေပးခ်င္ပါတယ္။ အဲဒီ video ေလးထဲက ေခြးေလးဟာ
ကားမွတ္တိုင္ အေဆာက္အဦိးရဲ႕နံရံကုိ သံုးရက္တုိင္တိုိင္
စူးစုိက္ျပီး ၾကည့္ေနခဲ့တယ္လုိ႔ သိရပါတယ္။
လမ္းသြားလမ္းလာေတြက ေခြးေလးကုိသတိထားမိျပီီး
video ရုိိက္ယူထားခဲ့ၾကတာပါ။ သူက အေဆာက္အဦးနံရံကေန
လံုးဝ မ်က္လံုးမလႊဲပဲ စိုက္ၾကည့္ေနရေလာက္ေအာင္ ဘာေတြမ်ား
ဒီေလာက္ထူးဆန္းေနတာပါလိမ့္။ မျမင္ရတဲ့ ပရေလာကသားေတြမ်ား
ရွိိေနလို႔လားဆိုျပီး ထိတ္လန္႔ေနတဲ့သူေတြလည္းရွိသလို အေၾကာင္း
တစ္ခုုခုေတာ့ ရွိရမယ္္ဆိုျပီီး စိတ္ဝင္တစားျဖစ္္ေနတဲ့သူေတြလည္း
အမ်ားအျပားပါပဲ။ သူဘာေၾကာင့္္ဒီလိုလုပ္္ေနတယ္ဆိုတာေတာ့
လက္ရွိအခ်ိန္္ထိဘယ္သူမွမေျပာနုိင္ၾကပါဘူး။
source:buzzy
link -
https://metro.co.uk/2018/06/01/dog-spends-three-days-staring-at-a-wall-and-nobody-knows-why-7597053/
အာဂ်င္တီးနားႏုိင္ငံမွာ ျဖစ္ခဲ့တာပါ။ အဲဒီေခြးဟာ အျပာေရာင္
အုတ္နံရံကုိ မမွိတ္မသုန္ ၾကည့္ေနခဲ့တာျဖစ္ၿပီး အဲဒါဟာ
မူးယစ္ေဆးေၾကာင့္လည္း မဟုတ္ပါဘူး။ ပုံမွန္ ေခြးတစ္ေကာင္သာ
ျဖစ္ပါတယ္။ ထုိင္လုိက္ ထလုိက္လုပ္ၿပီး သူ႔ကုိယ္ေနဟန္ထားကုိ
ေျပာင္းတာမ်ဳိးရွိေပမယ့္ နံရံကုိစိုက္ၿပီး တစ္ခ်ိန္လုံးၾကည့္ေနတာက
အေတာ့္ကုိ အံ့ၾသဖုိ႔ေကာင္းသလုိ သူ႔အျမီးလွဳပ္ရမ္းေနတာကုိၾကည့္ရင္
သူသေဘာေတြ႕တဲ့အရာကုိ ျမင္ေတြ႕ေနတာမ်ဳိးျဖစ္မယ္လုိ႔ပဲ
ထင္ျမင္မိပါတယ္။
==================================
ကားမှတ်တိုင်အဆောက်အဦိးနံရံကို သုံးရက်ကြာအောင်
မလှုပ်မယှက် ကြည့်နေခဲ့တဲ့ ခွေးလေး..
--------------------------------
ဒီကိစ္စကတော့ အလွန်ဆန်းကြယ်သွားပါပြီ။ မကြာသေးမီက
အင်တာနက်မှာ ပျံ့နှံ့လာခဲ့တဲ့ ဗီဒီယိုလေးတစ်ခုကို
ဖော်ပြပေးချင်ပါတယ်။ အဲဒီ video လေးထဲက ခွေးလေးဟာ
ကားမှတ်တိုင် အဆောက်အဦိးရဲ့နံရံကို သုံးရက်တိုင်တိုင်
စူးစိုက်ပြီး ကြည့်နေခဲ့တယ်လို့ သိရပါတယ်။
လမ်းသွားလမ်းလာတွေက ခွေးလေးကိုသတိထားမိပြီး
video ရိုက်ယူထားခဲ့ကြတာပါ။ သူက အဆောက်အဦးနံရံကနေ
လုံးဝ မျက်လုံးမလွှဲပဲ စိုက်ကြည့်နေရလောက်အောင် ဘာတွေများ
ဒီလောက်ထူးဆန်းနေတာပါလိမ့်။ မမြင်ရတဲ့ ပရလောကသားတွေများ
ရှိနေလို့လားဆိုပြီး ထိတ်လန့်နေတဲ့သူတွေလည်းရှိသလို အကြောင်း
တစ်ခုခုတော့ ရှိရမယ်ဆိုပြီး စိတ်ဝင်တစားဖြစ်နေတဲ့သူတွေလည်း
အများအပြားပါပဲ။ သူဘာကြောင့်ဒီလိုလုပ်နေတယ်ဆိုတာတော့
လက်ရှိအချိန်ထိဘယ်သူမှမပြောနိုင်ကြပါဘူး။
source:buzzy
link -
https://metro.co.uk/2018/06/01/dog-spends-three-days-staring-at-a-wall-and-nobody-knows-why-7597053/
အာဂျင်တီးနားနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ အဲဒီခွေးဟာ အပြာရောင်
အုတ်နံရံကို မမှိတ်မသုန် ကြည့်နေခဲ့တာဖြစ်ပြီး အဲဒါဟာ
မူးယစ်ဆေးကြောင့်လည်း မဟုတ်ပါဘူး။ ပုံမှန် ခွေးတစ်ကောင်သာ
ဖြစ်ပါတယ်။ ထိုင်လိုက် ထလိုက်လုပ်ပြီး သူ့ကိုယ်နေဟန်ထားကို
ပြောင်းတာမျိုးရှိပေမယ့် နံရံကိုစိုက်ပြီး တစ်ချိန်လုံးကြည့်နေတာက
အတော့်ကို အံ့သြဖို့ကောင်းသလို သူ့အမြီးလှုပ်ရမ်းနေတာကိုကြည့်ရင်
သူသဘောတွေ့တဲ့အရာကို မြင်တွေ့နေတာမျိုးဖြစ်မယ်လို့ပဲ
ထင်မြင်မိပါတယ်။
No comments:
Post a Comment