မိုးတြင္းမွာ ကိုယ္ခံအားေကာင္းေစဖို႔
စားေပးသင့္တဲ့ အစားအစာမ်ား ...
---------------------------------------
❒ မိုးတြင္းမွာဆိုရင္ တုပ္ေကြးေတြ၊ ဘက္တီးရီးယားေတြ၊
ဗိုုင္းရပ္စ္ေတြ ပိုျပန္႔ၿပီး ခဏခဏ ေနမေကာင္းျဖစ္ၾကပါတယ္။
ကိုယ့္ရဲ႕ ကိုယ္ခံအားသာ ေကာင္းေနရင္ ဒီလို တုပ္ေကြးေတြ
ေရာဂါပိုးေတြ ေၾကာက္စရာ မလိုပါဘူး။
ဒါ့ေၾကာင့္ ကိုယ္ခံအားေကာင္းေစဖု႔ိ စားေပးသင့္တဲ့
အစားအစာမ်ားကို ေဝမွ်ေပးခ်င္ပါတယ္။
♒ ပ်ားရည္ ♒
ပ်ားရည္မွာ Antioxidants ဓာတ္ေတြနဲ႔ ဘက္တီးရီးယားေတြကို
ေသေစႏိုင္တဲ့ ဓာတ္ေတြ ပါဝင္ေနပါတယ္။ အဲ့ဒါေၾကာင့္
ေခ်ာင္းဆိုးတာ၊ ေရာဂါပိုးမႊားဝင္တာနဲ႔ လည္ပင္းနာ၊
အာသီးေရာင္တာေတြကုိလည္း ကုသေပးႏုိင္သလို၊
ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးႏိုင္ပါတယ္။
ဒါ့ေၾကာင့္ မနက္မိုးလင္းရင္ သံပုရာသီး တစ္လံုးရဲ႕ တစ္ဝက္ကို
ေရေႏြးေႏြးတစ္ခြက္ထဲကို ညွစ္ထည့္ၿပီး ပ်ားရည္စားပြဲတင္ဇြန္း
၁ ဇြန္း အျပည့္ထည့္ကာ ေသာက္ေပးရင္ ကိုယ္ခံအားကို
ေကာင္းေစပါတယ္။
♒ ဒိန္ခ်ဥ္ ♒
ဒိန္ခ်ဥ္မွာ ဗီတာမင္ D ပါဝင္တာေၾကင့္ ကိုယ္ခံအားစနစ္ကို
ျမွင့္တင္ေပးပါတယ္။ ဒိန္ခ်ဥ္ကို သၾကားနဲ႔ စားတာထက္
ဒီအတိုင္းစားတာက အာနိသင္ပိုရွိပါတယ္။
ညစာ ထမင္းစားၿပီးတိုင္း စားလို႔ရပါတယ္။
♒ ၾကက္သြန္နီ ♒
ၾကက္သြန္နီမွာ Selenium ဓာတ္၊ Sulfur ကြန္ေပါင္း၊ ဇင္႔ နဲ႔
ဗီတာမင္စီဓာတ္တို႔ ပါဝင္ပါတယ္။ ဒီဓာတ္ေတြက ကိုယ္ခံအားကို
ျမွင့္တင္ေပးပါတယ္။ အဲ့ဒီအျပင္ ၾကြက္သားေတြ နာက်င္တာကို
သက္သာေစၿပီး၊ ေသြးအတြင္း သၾကားဓာတ္ကို ေလွ်ာ့ခ်ေပးပါတယ္။
♒ ၾကက္သြန္ျဖဴ ♒
ၾကက္သြန္ျဖဴမွာလည္း Antioxidants ဓာတ္ေတြ၊
ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးတာေၾကာင့္
ကိုယ္ခံအားစနစ္ကို အားေကာင္းေစပါတယ္။
♒ ေရ ♒
ေရကလည္း ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးႏိုင္ပါတယ္။
ေရကို လံုေလာက္စြာေသာက္သံုးေပးရင္ အဆိပ္အေတာက္
ေတြကို ခႏၶာကိုယ္ထဲကေန ဖယ္ရွားေပးၿပီး ဆဲလ္ေတြကို
ေအာက္စီဂ်င္လံုေလာက္စြာရေအာင္ ကူညီေပးပါတယ္။
တာေတ (သုတစြယ္စံု)
crd ;my food
#MoeNatthar792
===========================
မိုးတွင်းမှာ ကိုယ်ခံအားကောင်းစေဖို့
စားပေးသင့်တဲ့ အစားအစာများ ...
---------------------------------------
❒ မိုးတွင်းမှာဆိုရင် တုပ်ကွေးတွေ၊ ဘက်တီးရီးယားတွေ၊
ဗိုင်းရပ်စ်တွေ ပိုပြန့်ပြီး ခဏခဏ နေမကောင်းဖြစ်ကြပါတယ်။
ကိုယ့်ရဲ့ ကိုယ်ခံအားသာ ကောင်းနေရင် ဒီလို တုပ်ကွေးတွေ
ရောဂါပိုးတွေ ကြောက်စရာ မလိုပါဘူး။
ဒါ့ကြောင့် ကိုယ်ခံအားကောင်းစေဖု့ိ စားပေးသင့်တဲ့
အစားအစာများကို ဝေမျှပေးချင်ပါတယ်။
♒ ပျားရည် ♒
ပျားရည်မှာ Antioxidants ဓာတ်တွေနဲ့ ဘက်တီးရီးယားတွေကို
သေစေနိုင်တဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲ့ဒါကြောင့်
ချောင်းဆိုးတာ၊ ရောဂါပိုးမွှားဝင်တာနဲ့ လည်ပင်းနာ၊
အာသီးရောင်တာတွေကိုလည်း ကုသပေးနိုင်သလို၊
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ဒါ့ကြောင့် မနက်မိုးလင်းရင် သံပုရာသီး တစ်လုံးရဲ့ တစ်ဝက်ကို
ရေနွေးနွေးတစ်ခွက်ထဲကို ညှစ်ထည့်ပြီး ပျားရည်စားပွဲတင်ဇွန်း
၁ ဇွန်း အပြည့်ထည့်ကာ သောက်ပေးရင် ကိုယ်ခံအားကို
ကောင်းစေပါတယ်။
♒ ဒိန်ချဉ် ♒
ဒိန်ချဉ်မှာ ဗီတာမင် D ပါဝင်တာကြေင့် ကိုယ်ခံအားစနစ်ကို
မြှင့်တင်ပေးပါတယ်။ ဒိန်ချဉ်ကို သကြားနဲ့ စားတာထက်
ဒီအတိုင်းစားတာက အာနိသင်ပိုရှိပါတယ်။
ညစာ ထမင်းစားပြီးတိုင်း စားလို့ရပါတယ်။
♒ ကြက်သွန်နီ ♒
ကြက်သွန်နီမှာ Selenium ဓာတ်၊ Sulfur ကွန်ပေါင်း၊ ဇင့် နဲ့
ဗီတာမင်စီဓာတ်တို့ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ကိုယ်ခံအားကို
မြှင့်တင်ပေးပါတယ်။ အဲ့ဒီအပြင် ကြွက်သားတွေ နာကျင်တာကို
သက်သာစေပြီး၊ သွေးအတွင်း သကြားဓာတ်ကို လျှော့ချပေးပါတယ်။
♒ ကြက်သွန်ဖြူ ♒
ကြက်သွန်ဖြူမှာလည်း Antioxidants ဓာတ်တွေ၊
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့်
ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။
♒ ရေ ♒
ရေကလည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ရေကို လုံလောက်စွာသောက်သုံးပေးရင် အဆိပ်အတောက်
တွေကို ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားပေးပြီး ဆဲလ်တွေကို
အောက်စီဂျင်လုံလောက်စွာရအောင် ကူညီပေးပါတယ်။
တာတေ (သုတစွယ်စုံ)
crd ;my food

No comments:
Post a Comment