မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 6, 2020

မဖိတ္ဘဲေရာက္လာတဲ့ ဧည့္သည္ေလး

 မဖိတ္ဘဲေရာက္လာတဲ့ ဧည့္သည္ေလးေၾကာင့္ 

ပိုၿပီးေပ်ာ္ဖို႔ ေကာင္းသြားခဲ့တဲ့ မဂၤလာပြဲ ...

---------------------------------------------------------

မဂၤလာပြဲတစ္ပြဲမွာ ႐ုတ္တရက္ေရာက္လာၿပီး ပြဲဆူေစတဲ့ လူမ်ိဳးဆိုရင္ 

စိတ္ဝမ္းကြဲေနတဲ့ ေဆြမ်ိဳးတစ္ဦးဦး ဒါမွမဟုတ္ ပြဲဖ်က္ခ်င္တဲ့ 

ရည္းစားေဟာင္းတစ္ဦးဦး ျဖစ္ေနတတ္ပါတယ္။ ဘရာဇီးက 

စံုတြဲတစ္တြဲလည္း သူတုိ႔မဂၤလာပြဲ က်င္းပေနခဲ့စဥ္ မဖိတ္ထားတဲ့ 

ဧည့္သည္ေလး တစ္ေယာက္လာခဲ့ပါတယ္။ ဒါေပမယ့္ ၾကည္ႏူးစရာ

ျဖစ္စဥ္ေလး ျဖစ္သြားခဲ့တာပါ။

သတို႔သမီး Marília နဲ႔ သတုိ႔သား Matheus Pieroni တုိ႔ရဲ႕ 

ရြက္ဖ်င္တဲႀကီးတစ္ခုထဲ က်င္းပတဲ့ မဂၤလာပြဲမွာ ပြဲစၿပီး 

သီခ်င္းဖြင့္လိုက္ခ်ိန္ ေလွ်ာက္လမ္းမွာ မဂၤလာစံုတြဲက ထြက္မလာဘဲ 

ေလလြင့္ေခြးေလးတစ္ေကာင္က အရင္ထြက္ေလွ်ာက္လာပါတယ္။ 

ခန္းမထဲက သတုိ႔သားနဲ႔ သတို႔သမီး ဝင္လာခ်ိန္မွာေတာ့ ေခြးေလးကို

ဝိုင္းဖယ္လုိက္ၾကရပါတယ္။ ဒါေပမယ့္ စံုတြဲ သစၥာဆုိခ်ိန္မွာေတာ့ 

ေခြးေလးက ျပန္ေရာက္လာခဲ့ပါတယ္။

ေခြးေလးက ျပန္ဝင္လာၿပီး ႐ိုး႐ိုးေနေနတာေတာ့ မဟုတ္ပါဘူး။ 

သတုိ႔သမီးရဲ႕ ေခါင္းေဆာင္းပုဝါစေပၚမွာ လာေတာင္ အိပ္ေနလိုက္

ေသးပါတယ္။ အခ်ိဳ႕သတို႔သမီးေတြ ဆုိရင္ေတာ့ အဲ့လိုအေျခအေနမွာ

ေဒါသထြက္ေနေလာက္ၿပီ ျဖစ္ေပမယ့္ Marília ကေတာ့ ေခြးေလးကို 

တရားဝင္ဖိတ္ၾကား ဧည့္သည္အျဖစ္နဲ႔ေတာင္ ႀကိဳဆိုခဲ့ပါတယ္။ 

“ကၽြန္မက တိရိစာၦန္ေလးေတြကို ခ်စ္တတ္တာေၾကာင့္ 

ကၽြန္မအတြက္ေတာ့ ေပ်ာ္ရႊင္ဖြယ္ အံ့ၾသစရာေလးပါပဲ” လို႔ 

Marília က တိရိစာၦန္သတင္း ဝက္ဘ္ဆုိဒ္ The Dodo ကို 

ေျပာခဲ့ပါတယ္။

မဂၤလာပြဲၿပီးဆံုးၿပီး ဘယ္သူမွ သတိမထားမိလိုက္ခ်ိန္မွာ ေခြးေလးက 

ေပ်ာက္သြားခဲ့ပါတယ္။ ဒါေပမယ့္ ေခြးေလးကို သံေယာဇဥ္ရိွသြားခဲ့တဲ့ 

သတုိ႔သမီး Marília က ဧည့္သည္ေလးကို ျပန္လုိက္ရွာဖို႔ ဆံုးျဖတ္ခဲ့

ပါတယ္။ ဘာဆက္ျဖစ္လဲဆုိရင္ေတာ့ ပံုေလးေတြကို 

ဆက္ၾကည့္လိုက္ေနာ္။

ဟုတ္ပါတယ္။ သူတုိ႔ ေခြးေလးကို ျပန္ရွာေတြ႔ခဲ့ပါတယ္။ 

အၿပီးအပိုင္လည္း ေမြးစားခဲ့ၿပီး ေကာင္ေလးကို Snoop လို႔ေတာင္ 

နာမည္ေပးလိုက္ၾကပါတယ္။ ပိုင္ရွင္စံုတြဲႏွစ္ေယာက္ကေတာ့ 

ဘယ္ေလာက္ေတာင္ ေပ်ာ္ေနၾကလဲ ၾကည့္လုိက္ၾကပါဦး..။


White (Shwemom)

Ref: Bored Panda, The Dodo

https://www.thedodo.com/close-to-home/stray-dog-crashes-wedding-brazil

==========================


မဖိတ်ဘဲရောက်လာတဲ့ ဧည့်သည်လေးကြောင့် 

ပိုပြီးပျော်ဖို့ ကောင်းသွားခဲ့တဲ့ မင်္ဂလာပွဲ ...

---------------------------------------------------------


မင်္ဂလာပွဲတစ်ပွဲမှာ ရုတ်တရက်ရောက်လာပြီး ပွဲဆူစေတဲ့ လူမျိုးဆိုရင် 

စိတ်ဝမ်းကွဲနေတဲ့ ဆွေမျိုးတစ်ဦးဦး ဒါမှမဟုတ် ပွဲဖျက်ချင်တဲ့ 

ရည်းစားဟောင်းတစ်ဦးဦး ဖြစ်နေတတ်ပါတယ်။ ဘရာဇီးက 

စုံတွဲတစ်တွဲလည်း သူတို့မင်္ဂလာပွဲ ကျင်းပနေခဲ့စဉ် မဖိတ်ထားတဲ့ 

ဧည့်သည်လေး တစ်ယောက်လာခဲ့ပါတယ်။ ဒါပေမယ့် ကြည်နူးစရာ

ဖြစ်စဉ်လေး ဖြစ်သွားခဲ့တာပါ။


သတို့သမီး Marília နဲ့ သတို့သား Matheus Pieroni တို့ရဲ့ 

ရွက်ဖျင်တဲကြီးတစ်ခုထဲ ကျင်းပတဲ့ မင်္ဂလာပွဲမှာ ပွဲစပြီး 

သီချင်းဖွင့်လိုက်ချိန် လျှောက်လမ်းမှာ မင်္ဂလာစုံတွဲက ထွက်မလာဘဲ 

လေလွင့်ခွေးလေးတစ်ကောင်က အရင်ထွက်လျှောက်လာပါတယ်။ 

ခန်းမထဲက သတို့သားနဲ့ သတို့သမီး ဝင်လာချိန်မှာတော့ ခွေးလေးကို

ဝိုင်းဖယ်လိုက်ကြရပါတယ်။ ဒါပေမယ့် စုံတွဲ သစ္စာဆိုချိန်မှာတော့ 

ခွေးလေးက ပြန်ရောက်လာခဲ့ပါတယ်။


ခွေးလေးက ပြန်ဝင်လာပြီး ရိုးရိုးနေနေတာတော့ မဟုတ်ပါဘူး။ 

သတို့သမီးရဲ့ ခေါင်းဆောင်းပုဝါစပေါ်မှာ လာတောင် အိပ်နေလိုက်

သေးပါတယ်။ အချို့သတို့သမီးတွေ ဆိုရင်တော့ အဲ့လိုအခြေအနေမှာ

ဒေါသထွက်နေလောက်ပြီ ဖြစ်ပေမယ့် Marília ကတော့ ခွေးလေးကို 

တရားဝင်ဖိတ်ကြား ဧည့်သည်အဖြစ်နဲ့တောင် ကြိုဆိုခဲ့ပါတယ်။ 


“ကျွန်မက တိရိစ္ဆာန်လေးတွေကို ချစ်တတ်တာကြောင့် 

ကျွန်မအတွက်တော့ ပျော်ရွှင်ဖွယ် အံ့သြစရာလေးပါပဲ” လို့ 

Marília က တိရိစ္ဆာန်သတင်း ဝက်ဘ်ဆိုဒ် The Dodo ကို 

ပြောခဲ့ပါတယ်။


မင်္ဂလာပွဲပြီးဆုံးပြီး ဘယ်သူမှ သတိမထားမိလိုက်ချိန်မှာ ခွေးလေးက 

ပျောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ခွေးလေးကို သံယောဇဉ်ရှိသွားခဲ့တဲ့ 

သတို့သမီး Marília က ဧည့်သည်လေးကို ပြန်လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့

ပါတယ်။ ဘာဆက်ဖြစ်လဲဆိုရင်တော့ ပုံလေးတွေကို 

ဆက်ကြည့်လိုက်နော်။


ဟုတ်ပါတယ်။ သူတို့ ခွေးလေးကို ပြန်ရှာတွေ့ခဲ့ပါတယ်။ 

အပြီးအပိုင်လည်း မွေးစားခဲ့ပြီး ကောင်လေးကို Snoop လို့တောင် 

နာမည်ပေးလိုက်ကြပါတယ်။ ပိုင်ရှင်စုံတွဲနှစ်ယောက်ကတော့ 

ဘယ်လောက်တောင် ပျော်နေကြလဲ ကြည့်လိုက်ကြပါဦး..။


White (Shwemom)

Ref: Bored Panda, The Dodo

0https://www.thedodo.com/close-to-home/stray-dog-crashes-wedding-brazil

No comments:

Post a Comment