ေက်ာင္းထြက္ၿပီး ႏွစ္(၃၀) အၾကာမွာ
PhD ဘြဲ႔ အရယူႏိုင္ခဲ့တဲ့ Vin Diesel
-------------------------------------------
Vin Diesel ကေတာ့ အခုဆိုရင္ သူ႔ကိုယ္သူ တကၠသိုလ္ဘြဲ႕ရ
ပညာတက္တစ္ေယာက္ အျဖစ္နဲ႔ ဂုဏ္ ယူ၀ံ့ၾကြားႏိုင္ပါၿပီ။
Fast and Furious ရဲ႕ မင္းသားႀကီး Vin Diesel ကေတာ႔
နယူးေယာ့ခ္ရွိ Hunter College ကေန PhD ဘြဲ႔အရယူႏိုင္ခဲ့ၿပီ။
ဘြဲ႔ႏွင္းသဘင္ ပြဲကိုေတာ႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က က်င္းပခဲ့တာပါ။
တကၠသိုလ္ေက်ာင္းကေန ထြက္ၿပီး ႏွစ္ (၃၀) နီးပါးအၾကာမွာ
အခုလို PhD ဘြဲ႕ရခဲ့တာပါ။
ဘြဲ႕ႏွင္းသဘင္အခမ္းအနားကိုေတာ႔ Radio City Music Hall မွာ
က်င္းပခဲ့ပါတယ္။ အဂၤလိပ္စာ အထူးျပဳ Doctor of Human Letters
ဘြဲ႕ရခဲ့တာပါ။ ဘြဲ႕၀တ္ရံု၊ အေရာင္ ေဖာ်႔ေဘာင္းဘီ၊ အနက္ ေရာင္
Boot ဖိနပ္၊ ေနကာမ်က္မွန္ႀကီးကို ၀တ္ဆင္ကာ ဘြဲ႕ယူခဲ့တာပါ။
အသက္(၅၀) ဆုိေပမယ့္ Vin Diesel ရဲ႕ မ်က္ႏွာေပၚမွာေတာ႔
ဘြဲ႕ရေကာ်င္းသားငယ္ေလး တစ္ေယာက္လို အၿပံဳးပန္းေတြ
ေ၀ဆာေနတာ ပံုေတြကို ၾကည့္ရင္ ေတြ႕ႏိုင္ပါတယ္။
ဘြဲ႕ႏွင္းသဘင္ပြဲမွာ မိန္႔ ခြန္း ေျပာရာမွာေတာ႔….
‘ေဟာလိ၀ုဒ္မွာ က်ေတာ္က်င္လည္ေနခဲ့ ခ်ိန္ေတြမွာလည္း
Hunter College အတြက္ က်ေတာ္ အၿမဲတမ္းဂုဏ္ယူေနခဲ့တာပါ..
အားလံုးကို က်ေတာ္ေျပာခ်င္တာက Hunter College ကေန
က်ေတာ္အေတြ႕အႀကံဳေတြ အမ်ားႀကီး သင္ယူခဲ့ရပါတယ္..
ငယ္ငယ္တုန္းက က်ေတာ္ဟာ Night Club မွာ အလုပ္လုပ္ခဲ့
ဖူးတယ္ ..ဒါေပမယ့္ ကြဲျပားျခားနားတဲ့ လူေပါင္းစံုရွိေနတဲ့
စာသင္ခန္းထဲ မွာရွိေနခ်ိန္မွာေတာ႔ က်ေတာ္ တည္တည္ ၿငိမ္ၿငိမ္ပဲ
ေနခဲ့တယ္..” ဆိုၿပီး ေျပာခဲ့ပါတယ္။Vin Diesel ဟာ nightclub မွာ
လံုၿခံဳေရးအေစာင့္တစ္ေယာက္ ဘ၀ကေန action hero တစ္ေယာက္
ျဖစ္ေအာင္ ဘ၀ကို ႀကိဳးစားရုန္းကန္ခဲ့သူပါ။
“ က်ေတာ္တို႔အားလံုး ရုန္းကန္ႀကိဳးစားၾကသူေတြပါ ..
ဘယ္လိုအရာမ်ိဳးကို မဆို က်ေတာ္တို႔ေတြ ေက်ာ္ျဖတ္ႏိုင္ပါတယ္..
ဒီေနရာမွာ ခင္ဗ်ားတုိ႔ သင္ယူႏိုင္တယ္... ဒီက သင္ယူလို႔ရတဲ့
အရာေတြကို ခင္ဗ်ားတို႔ ကမၻာႀကီးဆီကို သယ္ယူသြားလို႔ ရတယ္…
ၿပီးေတာ႔ေဟာလိ၀ုဒ္ကို ေျပာင္းလဲ ပစ္ႏိုင္ တယ္..” ဆိုၿပီး
ေျပာခဲ့ပါတယ္။
Credit:shwemom
Source dailymail
============================
ကျောင်းထွက်ပြီး နှစ်(၃၀) အကြာမှာ
PhD ဘွဲ့ အရယူနိုင်ခဲ့တဲ့ Vin Diesel
-------------------------------------------
Vin Diesel ကတော့ အခုဆိုရင် သူ့ကိုယ်သူ တက္ကသိုလ်ဘွဲ့ရ
ပညာတက်တစ်ယောက် အဖြစ်နဲ့ ဂုဏ် ယူဝံ့ကြွားနိုင်ပါပြီ။
Fast and Furious ရဲ့ မင်းသားကြီး Vin Diesel ကတော့
နယူးယော့ခ်ရှိ Hunter College ကနေ PhD ဘွဲ့အရယူနိုင်ခဲ့ပြီ။
ဘွဲ့နှင်းသဘင် ပွဲကိုတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တာပါ။
တက္ကသိုလ်ကျောင်းကနေ ထွက်ပြီး နှစ် (၃၀) နီးပါးအကြာမှာ
အခုလို PhD ဘွဲ့ရခဲ့တာပါ။
ဘွဲ့နှင်းသဘင်အခမ်းအနားကိုတော့ Radio City Music Hall မှာ
ကျင်းပခဲ့ပါတယ်။ အင်္ဂလိပ်စာ အထူးပြု Doctor of Human Letters
ဘွဲ့ရခဲ့တာပါ။ ဘွဲ့ဝတ်ရုံ၊ အရောင် ဖောျ့ဘောင်းဘီ၊ အနက် ရောင်
Boot ဖိနပ်၊ နေကာမျက်မှန်ကြီးကို ဝတ်ဆင်ကာ ဘွဲ့ယူခဲ့တာပါ။
အသက်(၅၀) ဆိုပေမယ့် Vin Diesel ရဲ့ မျက်နှာပေါ်မှာတော့
ဘွဲ့ရကောျင်းသားငယ်လေး တစ်ယောက်လို အပြုံးပန်းတွေ
ဝေဆာနေတာ ပုံတွေကို ကြည့်ရင် တွေ့နိုင်ပါတယ်။
ဘွဲ့နှင်းသဘင်ပွဲမှာ မိန့် ခွန်း ပြောရာမှာတော့….
‘ဟောလိဝုဒ်မှာ ကျတော်ကျင်လည်နေခဲ့ ချိန်တွေမှာလည်း
Hunter College အတွက် ကျတော် အမြဲတမ်းဂုဏ်ယူနေခဲ့တာပါ..
အားလုံးကို ကျတော်ပြောချင်တာက Hunter College ကနေ
ကျတော်အတွေ့အကြုံတွေ အများကြီး သင်ယူခဲ့ရပါတယ်..
ငယ်ငယ်တုန်းက ကျတော်ဟာ Night Club မှာ အလုပ်လုပ်ခဲ့
ဖူးတယ် ..ဒါပေမယ့် ကွဲပြားခြားနားတဲ့ လူပေါင်းစုံရှိနေတဲ့
စာသင်ခန်းထဲ မှာရှိနေချိန်မှာတော့ ကျတော် တည်တည် ငြိမ်ငြိမ်ပဲ
နေခဲ့တယ်..” ဆိုပြီး ပြောခဲ့ပါတယ်။Vin Diesel ဟာ nightclub မှာ
လုံခြုံရေးအစောင့်တစ်ယောက် ဘဝကနေ action hero တစ်ယောက်
ဖြစ်အောင် ဘဝကို ကြိုးစားရုန်းကန်ခဲ့သူပါ။
“ ကျတော်တို့အားလုံး ရုန်းကန်ကြိုးစားကြသူတွေပါ ..
ဘယ်လိုအရာမျိုးကို မဆို ကျတော်တို့တွေ ကျော်ဖြတ်နိုင်ပါတယ်..
ဒီနေရာမှာ ခင်ဗျားတို့ သင်ယူနိုင်တယ်... ဒီက သင်ယူလို့ရတဲ့
အရာတွေကို ခင်ဗျားတို့ ကမ္ဘာကြီးဆီကို သယ်ယူသွားလို့ ရတယ်…
ပြီးတော့ဟောလိဝုဒ်ကို ပြောင်းလဲ ပစ်နိုင် တယ်..” ဆိုပြီး
ပြောခဲ့ပါတယ်။
Credit:shwemom
Source dailymail





No comments:
Post a Comment