နာမည္ၾကီးတံဆိပ္မ်ားရဲ႕ လ်ိဳ႕ဝွက္ခ်က္မ်ား
.
နာမည်ကြီးတံဆိပ်များရဲ့ လျို့ဝှက်ချက်များ
---------------------------------------------------
၁ အေမဇုန္
အေမဇုန္တံဆိပ္ ေအာက္မွာ A ကေန Z ကုိ ညႊန္ထားတဲ့ ျမွားေကြးေလး တစ္ေခ်ာင္း ပါပါတယ္။
ဒါဟာ အျပံဳးေလးတစ္ခု ပံုေပၚေအာင္ ထည့္ထားတာလုိ႕ ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ A to Z ရႏုိင္တယ္ ဆုိတဲ့ သေဘာကုိ ညႊန္းထားတာပါ။
.
၁ အမေဇုန်
အမေဇုန်တံဆိပ် အောက်မှာ A ကနေ Z ကို ညွှန်ထားတဲ့ မြှားကွေးလေး တစ်ချောင်း ပါပါတယ်။
ဒါဟာ အပြုံးလေးတစ်ခု ပုံပေါ်အောင် ထည့်ထားတာလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ A to Z ရနိုင်တယ် ဆိုတဲ့ သဘောကို ညွှန်းထားတာပါ။
+++++++++++++++++++++++++++++++++++
၂ ဖရာရီ
ဖရာရီတံဆိပ္ကို ျမင္းေကာင္ေရ အားကို ကိုယ္စားျပဳ ထားတယ္လုိ႕ပဲ လူေတြက ထင္ၾကတယ္။
အမွန္ကေတာ့ ဒီျမင္းဟာ Enzo Ferrari ရဲ႕ ျမင္းၾကီး Shlhouette ကို ကုိယ္စားျပဳ ထားတဲ့ပံု ျဖစ္ပါတယ္။
.
၂ ဖရာရီ
ဖရာရီတံဆိပ်ကို မြင်းကောင်ရေ အားကို ကိုယ်စားပြု ထားတယ်လို့ပဲ လူတွေက ထင်ကြတယ်။
အမှန်ကတော့ ဒီမြင်းဟာ Enzo Ferrari ရဲ့ မြင်းကြီး Shlhouette ကို ကိုယ်စားပြု ထားတဲ့ပုံ ဖြစ်ပါတယ်။
+++++++++++++++++++++++++++
၃ Apple
Apple ရဲ႕ပန္းသီး ကိုက္ထားတဲ့ Logo ဟာ သခ်ၤာ နဲ႕ ကြန္ျပဴတာ သိပၸံပညာရွင္ Alan Turing ကို ကိုယ္စားျပဳ ထားတယ္လုိ႕ ထင္ၾကတယ္။ သူက အဆိပ္ ခပ္ထားတဲ့ ပန္းသီးကို စားျပီး ေသသြားခဲ့တာကိုး။
ဒါေပမယ့္ အမွန္တရားကေတာ့ ပန္းသီးပံု အလံုးလိုက္ ဆုိရင္ အျခား အသီးေတြနဲ႕ မွားႏိုင္တဲ့အတြက္ ကိုက္ထားတဲ့ ဟာေလး ထည့္ခဲ့တာ ျဖစ္တယ္လုိ႕ ဒီဇီုင္နာ Rob Jenn က ေျပာၾကားခဲ့ပါတယ္။
.
၃ Apple
Apple ရဲ့ပန်းသီး ကိုက်ထားတဲ့ Logo ဟာ သင်္ချာ နဲ့ ကွန်ပြူတာ သိပ္ပံပညာရှင် Alan Turing ကို ကိုယ်စားပြု ထားတယ်လို့ ထင်ကြတယ်။ သူက အဆိပ် ခပ်ထားတဲ့ ပန်းသီးကို စားပြီး သေသွားခဲ့တာကိုး။
ဒါပေမယ့် အမှန်တရားကတော့ ပန်းသီးပုံ အလုံးလိုက် ဆိုရင် အခြား အသီးတွေနဲ့ မှားနိုင်တဲ့အတွက် ကိုက်ထားတဲ့ ဟာလေး ထည့်ခဲ့တာ ဖြစ်တယ်လို့ ဒီဇီုင်နာ Rob Jenn က ပြောကြားခဲ့ပါတယ်။
+++++++++++++++++++++++++++++
၄ Wikipedia
ကမၻာ့စြယ္စံုက်မ္းၾကီးရဲ႕ Logo ကေတာ့ ဘာသာတစ္ခုစီက စာလံုး တစ္ခုစီနဲ႕ ဖြဲ႕စည္းထားတဲ့ ကမၻာလံုး ပုံစံပါပဲ။
ကမၻာလံုးပံုဟာ အျပည့္အဝ မဟုတ္ပဲ ေနရာလြတ္ ရွိေနပါတယ္ ။ ဆိုလုိတာကေတာ့ စြယ္စံုက်မ္း ၾကီးဟာ အဆံုးမသတ္ ေသးဘူးဆိုတဲ့ သေဘာပါပဲ။
.
၄ Wikipedia
ကမ္ဘာ့စွယ်စုံကျမ်းကြီးရဲ့ Logo ကတော့ ဘာသာတစ်ခုစီက စာလုံး တစ်ခုစီနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံး ပုံစံပါပဲ။
ကမ္ဘာလုံးပုံဟာ အပြည့်အဝ မဟုတ်ပဲ နေရာလွတ် ရှိနေပါတယ် ။ ဆိုလိုတာကတော့ စွယ်စုံကျမ်း ကြီးဟာ အဆုံးမသတ် သေးဘူးဆိုတဲ့ သဘောပါပဲ။
++++++++++++++++++++++++
၅ BMW
BMW တံဆိပ္ဟာ ေလယာဥ္ ပန္ကာကို ကိုယ္စားျပဳ ထားတာ ျဖစ္တယ္လုိ႕ လူေတြက မွတ္ယူ ထားၾကတယ္။
BMW ဟာ Bavaria ႏိုင္ငံကုိ ကုိယ္စားျပဳ ထုတ္လုပ္တဲ့ ကုမၸဏၰီ တစ္ခုျဖစ္ျပီး တံဆိပ္မွာပါတဲ့ အျဖဴနဲ႕ အျပာေရာင္ဟာ Bavaria ႏုိင္ငံေတာ္ အလံက အေရာင္ပဲ ျဖစ္ပါတယ္။
.
၅ BMW
BMW တံဆိပ်ဟာ လေယာဉ် ပန်ကာကို ကိုယ်စားပြု ထားတာ ဖြစ်တယ်လို့ လူတွေက မှတ်ယူ ထားကြတယ်။
BMW ဟာ Bavaria နိုင်ငံကို ကိုယ်စားပြု ထုတ်လုပ်တဲ့ ကုမ္ပဏ္ဏီ တစ်ခုဖြစ်ပြီး တံဆိပ်မှာပါတဲ့ အဖြူနဲ့ အပြာရောင်ဟာ Bavaria နိုင်ငံတော် အလံက အရောင်ပဲ ဖြစ်ပါတယ်။
+++++++++++++++++++++++++++++
၆ Nike
အရုိးရွင္းဆံုးနဲ႕ မွတ္မိအလြယ္ဆံုး Nike တံဆိပ္ကုိေတာ့ ေကာလိပ္ ေက်ာင္းသားေလး တစ္ေယာက္က ၃၅ ေဒၚလာနဲ႕ ေရးဆြဲေပး ခဲ့တာပါ။
ကုမၸဏီပိုင္ရွင္ဟာ ဒီတံဆိပ္ကုိ သိပ္သေဘာ မက်ခဲ့ဘူး။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ ဒီတံဆိပ္က ေဒၚလာ ဘီလ်ံခ်ီျပီး ရွာေပးႏုိင္ခဲ့တဲ့ အခ်ိန္မွာေတာ့ သူလက္ခံႏုိင္ သြားတယ္ ထင္ပါတယ္။
.
၆ Nike
အရိုးရှင်းဆုံးနဲ့ မှတ်မိအလွယ်ဆုံး Nike တံဆိပ်ကိုတော့ ကောလိပ် ကျောင်းသားလေး တစ်ယောက်က ၃၅ ဒေါ်လာနဲ့ ရေးဆွဲပေး ခဲ့တာပါ။
ကုမ္ပဏီပိုင်ရှင်ဟာ ဒီတံဆိပ်ကို သိပ်သဘော မကျခဲ့ဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဒီတံဆိပ်က ဒေါ်လာ ဘီလျံချီပြီး ရှာပေးနိုင်ခဲ့တဲ့ အချိန်မှာတော့ သူလက်ခံနိုင် သွားတယ် ထင်ပါတယ်။
++++++++++++++++++++++++++++++
၇ McDonald
၁၉၆၂ ခုႏွစ္မွာ McDonald ဟာ တံဆိပ္အသစ္ တစ္ခု ဖန္တီးဖုိ႕ Lewis Chessman ကုိ ငွားရမ္းခဲ့တယ္။ လူေတြကေတာ့ M ပံုစံကုိ McDonald ကို ကုိယ္စားျပဳ တယ္လုိ႕ပဲ ထင္ေနၾကမွာပဲ။
အမွန္ကေတာ့ ယေန႔ ေခတ္စားေနတဲ့ M တံဆိပ္ဟာ အမ်ိဳးသမီး တစ္ေယာက္ရဲ႕ ရင္သားပံု ျဖစ္ေၾကာင္းနဲ႕ ဆာေလာင္မႈကုိ ရည္ညႊန္းေၾကာင္း Lewis က ရွင္းျပခဲ့တယ္။
.
၇ McDonald
၁၉၆၂ ခုနှစ်မှာ McDonald ဟာ တံဆိပ်အသစ် တစ်ခု ဖန်တီးဖို့ Lewis Chessman ကို ငှားရမ်းခဲ့တယ်။ လူတွေကတော့ M ပုံစံကို McDonald ကို ကိုယ်စားပြု တယ်လို့ပဲ ထင်နေကြမှာပဲ။
အမှန်ကတော့ ယနေ့ ခေတ်စားနေတဲ့ M တံဆိပ်ဟာ အမျိုးသမီး တစ်ယောက်ရဲ့ ရင်သားပုံ ဖြစ်ကြောင်းနဲ့ ဆာလောင်မှုကို ရည်ညွှန်းကြောင်း Lewis က ရှင်းပြခဲ့တယ်။
++++++++++++++++++++++++++++
၈ Metro-Golden-Mayer
အင္း…ျခေသၤ့ကုိ အတင္းခ်ဳပ္ျပီးေတာ့ ေအာ္ခိုင္းတယ္ ဆုိတာက တကယ္ မဟုတ္ပါဘူး။
ဒီတံဆိပ္ ဖန္တီးတုန္းက ဘယ္ျခေသၤ့ကုိမွ မႏွိပ္စက္ ခဲ့ပါဘူး။ အင္တာနက္ေပၚက ဓါတ္ပံုေတြဟာ နာမက်န္း ျဖစ္ေနတဲ့ ျခေသၤ့တစ္ေကာင္ ေဆးခန္းျပ ေနတဲ့ပံုကို Photoshop သံုးျပီး ဖန္တီးထားတဲ့ ပံုေတြပါ။
သူတုိ႕ဆီမွာ ေလ့က်င့္ေပးထားတဲ့ ျခေသၤ့ယဥ္ ေပါင္းမ်ားစြာ ရွိျပီးေတာ့ ဟိန္းတတ္ဖုိ႕လည္း ေလ့က်င့္ေပး ထားျပီးသားပါ။
.
၈ Metro-Golden-Mayer
အင်း…ခြင်္သေ့ကို အတင်းချုပ်ပြီးတော့ အော်ခိုင်းတယ် ဆိုတာက တကယ် မဟုတ်ပါဘူး။
ဒီတံဆိပ် ဖန်တီးတုန်းက ဘယ်ခြင်္သေ့ကိုမှ မနှိပ်စက် ခဲ့ပါဘူး။ အင်တာနက်ပေါ်က ဓါတ်ပုံတွေဟာ နာမကျန်း ဖြစ်နေတဲ့ ခြင်္သေ့တစ်ကောင် ဆေးခန်းပြ နေတဲ့ပုံကို Photoshop သုံးပြီး ဖန်တီးထားတဲ့ ပုံတွေပါ။
သူတို့ဆီမှာ လေ့ကျင့်ပေးထားတဲ့ ခြင်္သေ့ယဉ် ပေါင်းများစွာ ရှိပြီးတော့ ဟိန်းတတ်ဖို့လည်း လေ့ကျင့်ပေး ထားပြီးသားပါ။
.
Writer – Min Thu (Daily Hot News)
source:Daily Hot News
No comments:
Post a Comment