----------------------------------------
.
=============================
သင် လုံးဝမကြားဘူးလောက်တဲ့
ရှားပါးရောဂါဝေဒနာများ ...
----------------------------------------
ရှားပါးရောဂါဝေဒနာတွေဆိုတာကဘာလဲ… ။
သင်ကြားတဲ့အတိုင်းပဲလေ… ပုံမှန်မိသားစုဝင်တွေမှာ
ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရောဂါတွေပေါ့ ။
အဲ့ဒီလိုမျိုး ရောဂါအခြေအနေပေါင်း ထောင်ချီပြီးရှိတယ်… ။
ဒါပေမယ့်လည်း အကုန်လုံးကိုဖော်ပြဖို့က အနည်းငယ်
အခက်အခဲရှိတဲ့အတွက် ကျွန်တော်တို့ ထိပ်တန်းအခြေအနေ
၁၂ ခုကို အရင်ဆုံး ဖော်ပြသွားမှာဖြစ်ပါတယ် ။
============================
.
၁. ပင်စင်ယူသွားတဲ့ခင်ပွန်းကို မကြည်တဲ့ရောဂါ
(Retired Husband Syndrome)
ဒါကတော့ ပင်စင်ယူခါနီး အမျိုးသားတစ်ယောက်ရဲ့ ဇနီးဟာ စိတ်ဓါတ်ကျ မှုတွေနဲ့ နာမကျန်း ဖြစ်မှုတွေ ခံစားလာရတဲ့ အခြေအနေ တစ်ခုပါ ။
+++++++++++++++++++++++++++++++++++
၂. Parry Romberg ရောဂါ
.
၂. Parry Romberg ရောဂါ
ဒီရောဂါကတော့ မျက်နှာ အရွယ်အစား ကျုံ့သွားပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့ ရောဂါပါ ။
++++++++++++++++++++++++++++
.
၃. ရီပန်ဇယ်ရောဂါ (Rapunzel Syndrome)
ဒီရောဂါ ခံစားနေရတဲ့ လူနာတွေကတော့ ဆံပင်တွေကို စားတတ်ကြတယ် ။
လူရဲ့အတွင်း အင်္ဂါတွေက ဆံပင်တွေကို ချေဖျက်နိုင်ခြင်း မရှိတဲ့အတွက် အူတွေပိတ်ပြီး သေဆုံးကြတယ် ။
+++++++++++++++++++++++++++++++++
၎. ဂြိုလ်သားလက်ရောဂါ (Alien Hand Syndrome)
.
.၄. ဂြိုလ်သားလက်ရောဂါ (Alien Hand Syndrome)
ကိုယ့်လက်ကိုယ်ထိန်းချုပ်လို့မရတဲ့ရောဂါပါ.. ။ လက်က သူ့စိတ်နဲ့သူ ဖြစ်နေပြီးတော့ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပြန်အန္တရာယ် ပေးတတ်တယ် ။
++++++++++++++++++++++++++++++
၅. Fregoli Delusion
.
၅. Fregoli Delusion
ဒါကတော့ စိတ်ပိုင်းဆိုင်ရာ အထင်လွဲမှားမှု ပဲဖြစ်ပါတယ် ။ လူတွေအားလုံးဟာ လူတစ်ယောက်ထဲရဲ့ ပုံစံမတူတဲ့ ကိုယ်ခွဲတွေလို့ ထင်နေတဲ့ ရောဂါပါ ။
++++++++++++++++++++++++++
၆. Trimethylaminuria
.
၆. Trimethylaminuria
ဒါကတော့ ဇီဝဖြစ်စဉ် မညီညွတ်မှုကြောင့် ခန္ဓာကိုယ်မှ ငါးနံ့ထွက်တဲ့ ရောဂါပါ ။ ဖြစ်ရတဲ့ အကြောင်းအရင်း ကိုတော့ မသိရသေးပါဘူး ။
++++++++++++++++++++++++++++++
၇. သမန်းဝံပုလွေရောဂါ
.
၇. သမန်းဝံပုလွေရောဂါ
(Human Werewolf Syndrome)
ကမ္ဘာတစ်ဝှမ်းမှာ ဒီရောဂါ ခံစားနေရတဲ့ သူပေါင်း ၅၀ လောက်ရှိတယ် ။ ကံမကောင်းတာ ကတော့ အခုချိန်ထိ ကုသနည်း မရှိသေး တာပါပဲ ။ လေဆာနည်း နဲ့တောင်မှ သူတို့ အမွှေးတွေကို ဖယ်ရှားလို့ မရပါဘူး ။
++++++++++++++++++++++++++++++++++
(Stone Man Syndrome)
.
၈. ကျောက်တုံးလူသားရောဂါ
(Stone Man Syndrome)
ကြွက်သားတွေနဲ့အရွတ်တွေဟာ ကျောက်ဖြစ်သွားပြီးတော့ လူတစ်ကိုယ်လုံး မလှုပ်မရှားနိုင် ဖြစ်သွားတဲ့ ရောဂါတစ်ခုပါ ။
+++++++++++++++++++++++++++++++++++
.
၉. လမ်းလျောက်နေတဲ့လူသေ
(Walking Corpse Syndrome)
ဒါကတော့ ဇွန်ဘီ တွေပေါ့… သူတို့ဟာ လူသေ တစ်ယောက်လိုမျိုး ပုပ်ပွ နေပေမယ့် အသက်ရှင် နေသေးတဲ့ လူနာတွေပါ ။
++++++++++++++++++++++++++
၁၀. Jargon Aphasia
.
၁၀. Jargon Aphasia
ဒါကတော့ စကားလုံးတွေ ထွင်တဲ့ရောဂါပါ.. စကားလုံး အသစ်အဆန်းတွေကို သူ့ဘာသာ ထွင်ပြီး ပြောတာမျိုးပေါ့ ။ အခြေအနေ တစ်ခုမှာဆိုရင် လူတွေ နားမလည် နိုင်တဲ့ ဘာသာစကား တစ်ခုကိုတောင် ထွင်ပြီး ပြောကြ ပါသေးတယ် ။
+++++++++++++++++++++++++++++++++
.၁၁. ပါးစပ်ပူလောင်တဲ့ရောဂါ
(Burning Mouth Syndrome)
ငရုတ်သီးစားလို့ ပါးစပ် ပူတာမျိုး ဖြစ်ဖူးတယ် မလား ။ ဒီရောဂါ ခံစားနေရတဲ့ သူတွေကတော့ ဘာမှ မစားပဲနဲ့ကို တစ်ချိန်လုံး ပူလောင်တာကို ခံစားနေ ရတာပါ ။
++++++++++++++++++++++++++++++++
.
၁၂. ပဲရစ်ရောဂါ (Paris Syndrome)
ပဲရစ်မြို့ဟာ သူတို့ထင်ထား သလောက် မလှပကြောင်း တွေ့ရတဲ့ အခါမှာ ဒီရောဂါ ခံစားရတာ ဖြစ်ပါတယ် ။ ပုံမှန် အားဖြင့်တော့ ဂျပန်လူမျိုးတွေ အဖြစ်များပြီး ခေါင်းကိုက်တာနဲ့ နှာစေးတာမျိုးတွေ ဖြစ်လေ့ရှိပါတယ် ။
No comments:
Post a Comment