မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 5, 2020

လန္ဒန္က လမ္းေဘး အနုပညာရွင္မ်ား

 Contactless Payment စနစ္နဲ႕ ေငြေတာင္းခံေနျပီျဖစ္တဲ့ 

လန္ဒန္က လမ္းေဘး အနုပညာရွင္မ်ား ...

-----------------------------------------------------------


အခုေနာက္ပိုင္း ေခတ္သစ္ ေငြေပးေခ်မႈ စနစ္ေတြထဲမွာ 

Contactless Payment လို႔ ေခၚတဲ့ ထိေတြ႕မႈ မရွိဘဲ 

ေငြေပး ေခ်နိုင္တဲ့ စနစ္က ေတာ္ေတာ္ေလး ေခတ္စားလာျပီ

ျဖစ္ပါတယ္။ Contactless Payment ဆိုတာ NFC Chip ကေန

Contactless Payment စနစ္ လက္ခံတဲ့ Card Reader နားကပ္ျပီး၊ 

ေငြေပးေခ်တဲ့ စနစ္တခု ျဖစ္ပါတယ္။ Apple Pay တို႔ Android Pay 

တို႕နဲ႕လည္း စမတ္ဖုန္း NFC Chip ကေန ေငြေပးေခ်လို႕ရသလို၊ 

တခ်ဳိ႕ဘဏ္ကတ္ေတြမွာ Contactless Payment လုပ္လို႔ရတဲ့ 

Chips ေတြ ပါဝင္ပါတယ္။ စက္ထဲကို ကတ္ထည့္စရာ မလို၊ 

ကုဒ္ေတြ ရိုက္ထည့္စရာ မလိုဘဲ အလြယ္တကူ ျမန္ျမန္ဆန္ဆန္

ေငြေပးေခ်လို႔ရတဲ့ စနစ္တခု ျဖစ္ပါတယ္။

Contactless Payment ရဲ့ ေကာင္းက်ိုးေတြကို အခုအခါ 

အဂၤလန္နိုင္ငံ၊ လန္ဒန္ၿမဳိ႕က လမ္းေဘး အနုပညာရွင္ေတြလည္း

ခံစား နိုင္ေတာ့မွာ ျဖစ္ပါတယ္။ လန္ဒန္ၿမဳိ႕ေတာ္ဝန္ Sadiq Khan ဟာ 

လန္ဒန္ လမ္းေဘး အနုပညာရွင္မ်ားအဖြဲ႕အစည္း (Busk of London) ၊

ဆြီဒင္ ေငြေပးေခ်မႈစနစ္ ကုမၸဏီ တခုျဖစ္တဲ့ iZettle တို႔နဲ႔ ပူးေပါင္းကာ

လန္ဒန္အတြင္းက လမ္းေဘး အနုပညာရွင္ေတြကို Contactless 

Payment နဲ႕ ေငြေၾကးေပးအပ္နိုင္တဲ့ စီမံကိန္း တခုကို ျပီးခဲ့တဲ့ 

ရက္သတၱပတ္က စတင္ အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

အခုဆိုရင္ လန္ဒန္လမ္းေတြေပၚမွာ တခ်ဳိ႕ လမ္းေဘး

အနုပညာရွင္ေတြဟာ iZettle ကုမၸဏီရဲ့ Contactless Readers 

ေတြ အသံုးျပဳကာ ေငြေၾကး စတင္ စမ္းသပ္လက္ခံေနျပီ ျဖစ္ျပီး၊ 

မၾကာမီအခ်ိန္အတြင္း လန္ဒန္ၿမဳိ႕က ခရိုင္ ၃၂ ခုစလံုးမွာ 

က်င့္သံုးသြားေတာ့မွာ ျဖစ္ပါတယ္။


လမ္းေဘးေဖ်ာ္ေျဖမႈအလုပ္နဲ႔ပဲ အခ်ိန္ျပည့္ အသက္ေမြးဝမ္းေက်ာင္း

လုပ္ေနသူ Charlotte Campbell က ဒီစနစ္ဟာ သူတို့အေပၚ 

ႀကီးမားတဲ့ သက္ေရာက္မႈရွိျပီး၊ သူ သီခ်င္းဆိုေနတုန္း Contactless နဲ႔

ေငြေပးသူေတြ မ်ားလာျပီး တေယာက္က Contactless နဲ႔

ေပးလိုက္တာျမင္ရင္ ေနာက္လူေတြပါ လိုက္ေပးလာျကတယ္လို႔

BBC News ကို ေျပာၾကားခဲ့ပါတယ္။


လမ္းသြားလမ္းလာေတြရဲ့ Contactless Payment ကို 

လက္ခံဖို႔အတြက္ လမ္းေဘးအနုပညာရွင္ တေယာက္ဆီမွာ

ကိုယ္ပိုင္ Reader စက္ရွိဖို႔ လိုျပီး၊ အဆိုပါစက္ကို စမတ္ဖုန္း 

(သို႔မဟုတ္) တက္ဘလက္နဲ႔ ခ်ိတ္ဆက္ထားဖို႔ လိုအပ္ ပါတယ္။ 

စမတ္ဖုန္း၊ Contactless Cards ေတြနဲ႔ ေငြေပးနိုင္သလို၊ 

စမတ္နာရီနဲ႔ပါ ေငြေပးနိုင္တယ္လို႔ သိရပါတယ္။


ေလာေလာဆယ္ေတာ့ လန္ဒန္က လမ္းေဘးအနုပညာရွင္ 

ဘယ္ေလာက္ဆီကို ဒီ Readers စက္ေတြ ခ်ေပးထားလဲဆိုတာ

အတိအက် မသိရေသးဘဲ ဒီစက္အတြက္ ေငြျပန္ေပးရလား 

ဆိုတာကိုလည္း မသိရေသးပါဘူး။ တရုတ္နိုင္ငံမွာလည္း 

လမ္းေဘး အနုပညာရွင္ေတြနဲ႔ သူဖုန္းစားေတြဟာ QR Codes 

ေတြကေနတဆင့္ မိုဘိုင္းေငြ ေပးေခ်မႈေတြကို လြန္ခဲ့တဲ့ 

တနွစ္ေလာက္ကတည္းက စတင္လက္ခံေနျပီ ျဖစ္ပါတယ္။


source:myanbnews

links -

https://www.theverge.com/2018/5/28/17402034/contactless-payment-busker-street-performer-london-izettle

http://www.bbc.com/news/business-44271647

=============================


Contactless Payment စနစ်နဲ့ ငွေတောင်းခံနေပြီဖြစ်တဲ့ 

လန်ဒန်က လမ်းဘေး အနုပညာရှင်များ ...

-----------------------------------------------------------


အခုနောက်ပိုင်း ခေတ်သစ် ငွေပေးချေမှု စနစ်တွေထဲမှာ 

Contactless Payment လို့ ခေါ်တဲ့ ထိတွေ့မှု မရှိဘဲ 

ငွေပေး ချေနိုင်တဲ့ စနစ်က တော်တော်လေး ခေတ်စားလာပြီ

ဖြစ်ပါတယ်။ Contactless Payment ဆိုတာ NFC Chip ကနေ

Contactless Payment စနစ် လက်ခံတဲ့ Card Reader နားကပ်ပြီး၊ 

ငွေပေးချေတဲ့ စနစ်တခု ဖြစ်ပါတယ်။ Apple Pay တို့ Android Pay 

တို့နဲ့လည်း စမတ်ဖုန်း NFC Chip ကနေ ငွေပေးချေလို့ရသလို၊ 

တချို့ဘဏ်ကတ်တွေမှာ Contactless Payment လုပ်လို့ရတဲ့ 

Chips တွေ ပါဝင်ပါတယ်။ စက်ထဲကို ကတ်ထည့်စရာ မလို၊ 

ကုဒ်တွေ ရိုက်ထည့်စရာ မလိုဘဲ အလွယ်တကူ မြန်မြန်ဆန်ဆန်

ငွေပေးချေလို့ရတဲ့ စနစ်တခု ဖြစ်ပါတယ်။


Contactless Payment ရဲ့ ကောင်းကျိုးတွေကို အခုအခါ 

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က လမ်းဘေး အနုပညာရှင်တွေလည်း

ခံစား နိုင်တော့မှာ ဖြစ်ပါတယ်။ လန်ဒန်မြို့တော်ဝန် Sadiq Khan ဟာ 

လန်ဒန် လမ်းဘေး အနုပညာရှင်များအဖွဲ့အစည်း (Busk of London) ၊

ဆွီဒင် ငွေပေးချေမှုစနစ် ကုမ္ပဏီ တခုဖြစ်တဲ့ iZettle တို့နဲ့ ပူးပေါင်းကာ

လန်ဒန်အတွင်းက လမ်းဘေး အနုပညာရှင်တွေကို Contactless 

Payment နဲ့ ငွေကြေးပေးအပ်နိုင်တဲ့ စီမံကိန်း တခုကို ပြီးခဲ့တဲ့ 

ရက်သတ္တပတ်က စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။


အခုဆိုရင် လန်ဒန်လမ်းတွေပေါ်မှာ တချို့ လမ်းဘေး

အနုပညာရှင်တွေဟာ iZettle ကုမ္ပဏီရဲ့ Contactless Readers 

တွေ အသုံးပြုကာ ငွေကြေး စတင် စမ်းသပ်လက်ခံနေပြီ ဖြစ်ပြီး၊ 

မကြာမီအချိန်အတွင်း လန်ဒန်မြို့က ခရိုင် ၃၂ ခုစလုံးမှာ 

ကျင့်သုံးသွားတော့မှာ ဖြစ်ပါတယ်။


လမ်းဘေးဖျော်ဖြေမှုအလုပ်နဲ့ပဲ အချိန်ပြည့် အသက်မွေးဝမ်းကျောင်း

လုပ်နေသူ Charlotte Campbell က ဒီစနစ်ဟာ သူတို့အပေါ် 

ကြီးမားတဲ့ သက်ရောက်မှုရှိပြီး၊ သူ သီချင်းဆိုနေတုန်း Contactless နဲ့

ငွေပေးသူတွေ များလာပြီး တယောက်က Contactless နဲ့

ပေးလိုက်တာမြင်ရင် နောက်လူတွေပါ လိုက်ပေးလာကြတယ်လို့

BBC News ကို ပြောကြားခဲ့ပါတယ်။


လမ်းသွားလမ်းလာတွေရဲ့ Contactless Payment ကို 

လက်ခံဖို့အတွက် လမ်းဘေးအနုပညာရှင် တယောက်ဆီမှာ

ကိုယ်ပိုင် Reader စက်ရှိဖို့ လိုပြီး၊ အဆိုပါစက်ကို စမတ်ဖုန်း 

(သို့မဟုတ်) တက်ဘလက်နဲ့ ချိတ်ဆက်ထားဖို့ လိုအပ် ပါတယ်။ 

စမတ်ဖုန်း၊ Contactless Cards တွေနဲ့ ငွေပေးနိုင်သလို၊ 

စမတ်နာရီနဲ့ပါ ငွေပေးနိုင်တယ်လို့ သိရပါတယ်။


လောလောဆယ်တော့ လန်ဒန်က လမ်းဘေးအနုပညာရှင် 

ဘယ်လောက်ဆီကို ဒီ Readers စက်တွေ ချပေးထားလဲဆိုတာ

အတိအကျ မသိရသေးဘဲ ဒီစက်အတွက် ငွေပြန်ပေးရလား 

ဆိုတာကိုလည်း မသိရသေးပါဘူး။ တရုတ်နိုင်ငံမှာလည်း 

လမ်းဘေး အနုပညာရှင်တွေနဲ့ သူဖုန်းစားတွေဟာ QR Codes 

တွေကနေတဆင့် မိုဘိုင်းငွေ ပေးချေမှုတွေကို လွန်ခဲ့တဲ့ 

တနှစ်လောက်ကတည်းက စတင်လက်ခံနေပြီ ဖြစ်ပါတယ်။


source:myanbnews

links -

https://www.theverge.com/2018/5/28/17402034/contactless-payment-busker-street-performer-london-izettle

http://www.bbc.com/news/business-44271647

No comments:

Post a Comment