မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 5, 2020

ပင္လယ္ျပင္မွာ ေရခဲေခ်ာင္းေရာင္းေနရတဲ့ အမ်ိဳးသား

 မိသားစုအတြက္ ပင္လယ္ျပင္မွာ

ေရခဲေခ်ာင္းေရာင္းေနရတဲ့ အမ်ိဳးသား 

--------------------------------------------


ဖိလစ္ပိုင္ႏိုင္ငံမွာ ဆင္းရဲမြဲေတမႈဟာ အႀကီးမားဆုံးျပသာနာ

တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဆင္းရဲၿပီး ၀မ္းစာရွာေဖြရ

ခက္တဲ့ ဒုကၡကို ေထာင္ေပါင္းမ်ားစြာေသာ ဖိလစ္ပိုင္ျပည္သူေတြဟာ

ခံစားေနရပါတယ္။ အသက္အ႐ြယ္ အိုမင္းေနတဲ့သူေတြေရာ 

အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြပါ ရွင္သန္ႏိုင္ဖို႔ ရရာ

အလုပ္ လုပ္ေနၾကတာျဖစ္ပါတယ္။ Abbey Ann Hernandez နဲ႔

မိသားစုေတြဟာ ကမ္းေျခကို အေပ်ာ္ခရီးထြက္လာခဲ့ပါတယ္။ 

သူတို႔သတိျပဳမိလိုက္တာကေတာ့ အသက္ႀကီးႀကီးအမ်ိဳးသား

တစ္ဦးက သူတို႔ေလွရွိရာဆီကို ေရကူးလာေနပါတယ္။ ပထမေတာ့ 

သူတို႔က ေရလာကူးတဲ့ သာမန္လူတစ္ေယာက္လို႔ပဲ ထင္လိုက္ပါတယ္။

ဒါေပမယ့္ အမ်ိဳးသားႀကီး အနားေရာက္လာတဲ့အခါမွာ 

Abbey ဟာ တအံ့တၾသ ျဖစ္ခဲ့ရတယ္။ တကယ္ေတာ့ သူတို႔ဆီ

ေရကူးလာတဲ့ အမ်ိဳးသားႀကီးက ပင္လယ္ႀကီးအလယ္မွာ 

ေရခဲေခ်ာင္း လာေရာင္းတာပဲ ျဖစ္ပါတယ္။ အင္တာနက္အသုံးျပဳသူ

အခ်ိဳ႕ေတာ့ အိုႀကီးအိုမနဲ႔ ပိုက္ဆံနည္းနည္းေလးရဖို႔ ေရခဲေခ်ာင္း

ေရာင္းေနတဲ့ အမ်ိဳးသားႀကီးကို ခ်ီးမြမ္းေထာပနာျပဳခဲ့ၿပီး အခ်ိဳ႕က

လည္း အကူအညီေပးႏိုင္ဖို႔ စုံစမ္းလ်က္ရွိေၾကာင္း သိရပါတယ္။

လူဆိုတာ အသက္ရွင္ေနရတဲ့ သက္တမ္းတစ္ေလွ်ာက္

ကုသိုလ္ကံအက်ိဳးေပး ကြာသြားတာနဲ႕အမွ် ေနထိုင္စားေသာက္

ရွာေဖြရျခင္းေတြလည္း ကြဲလြဲသြားပါတယ္။ ဘ၀ေပးကုသိုလ္ကံ 

ေကာင္းတဲ့သူမ်ားကေတာ့ သက္ေတာင့္သက္သာ ရွာေဖြစားေသာက္

ႏိုင္သလို ဘ၀ေပးကုသိုလ္ကံ မေကာင္းတဲ့အတြက္ေၾကာင့္ ခက္ခက္

ခဲခဲ အသက္ႏွင့္ရင္းျပီး ၀မ္းစာရွာေဖြေနရသူေတြလည္း ရွိပါတယ္။ 

ဒီတစ္ခါ ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္မွာကေတာ့ 

မိသားစုစား၀တ္ေနေရးအတြက္ ပင္လယ္ျပင္မွာ အသက္ႏွင့္ရင္းျပီး 

ရွာေဖြစားေသာက္ရတဲ့ အမ်ိဳးသားတစ္ဦးအေၾကာင္းကို 

ေဖာ္ျပေပးလိုက္ပါတယ္။


source:thadinnoo

link -

https://philnews.ph/2017/12/09/ice-cream-vendor-swims-sea-sell-products/

============================


မိသားစုအတွက် ပင်လယ်ပြင်မှာ

ရေခဲချောင်းရောင်းနေရတဲ့ အမျိုးသား 

--------------------------------------------


ဖိလစ်ပိုင်နိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ အကြီးမားဆုံးပြသာနာ

တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဆင်းရဲပြီး ဝမ်းစာရှာဖွေရ

ခက်တဲ့ ဒုက္ခကို ထောင်ပေါင်းများစွာသော ဖိလစ်ပိုင်ပြည်သူတွေဟာ

ခံစားနေရပါတယ်။ အသက်အရွယ် အိုမင်းနေတဲ့သူတွေရော 

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပါ ရှင်သန်နိုင်ဖို့ ရရာ

အလုပ် လုပ်နေကြတာဖြစ်ပါတယ်။ Abbey Ann Hernandez နဲ့

မိသားစုတွေဟာ ကမ်းခြေကို အပျော်ခရီးထွက်လာခဲ့ပါတယ်။ 

သူတို့သတိပြုမိလိုက်တာကတော့ အသက်ကြီးကြီးအမျိုးသား

တစ်ဦးက သူတို့လှေရှိရာဆီကို ရေကူးလာနေပါတယ်။ ပထမတော့ 

သူတို့က ရေလာကူးတဲ့ သာမန်လူတစ်ယောက်လို့ပဲ ထင်လိုက်ပါတယ်။


ဒါပေမယ့် အမျိုးသားကြီး အနားရောက်လာတဲ့အခါမှာ 

Abbey ဟာ တအံ့တသြ ဖြစ်ခဲ့ရတယ်။ တကယ်တော့ သူတို့ဆီ

ရေကူးလာတဲ့ အမျိုးသားကြီးက ပင်လယ်ကြီးအလယ်မှာ 

ရေခဲချောင်း လာရောင်းတာပဲ ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူ

အချို့တော့ အိုကြီးအိုမနဲ့ ပိုက်ဆံနည်းနည်းလေးရဖို့ ရေခဲချောင်း

ရောင်းနေတဲ့ အမျိုးသားကြီးကို ချီးမွမ်းထောပနာပြုခဲ့ပြီး အချို့က

လည်း အကူအညီပေးနိုင်ဖို့ စုံစမ်းလျက်ရှိကြောင်း သိရပါတယ်။


လူဆိုတာ အသက်ရှင်နေရတဲ့ သက်တမ်းတစ်လျှောက်

ကုသိုလ်ကံအကျိုးပေး ကွာသွားတာနဲ့အမျှ နေထိုင်စားသောက်

ရှာဖွေရခြင်းတွေလည်း ကွဲလွဲသွားပါတယ်။ ဘဝပေးကုသိုလ်ကံ 

ကောင်းတဲ့သူများကတော့ သက်တောင့်သက်သာ ရှာဖွေစားသောက်

နိုင်သလို ဘဝပေးကုသိုလ်ကံ မကောင်းတဲ့အတွက်ကြောင့် ခက်ခက်

ခဲခဲ အသက်နှင့်ရင်းပြီး ဝမ်းစာရှာဖွေနေရသူတွေလည်း ရှိပါတယ်။ 

ဒီတစ်ခါ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်မှာကတော့ 

မိသားစုစားဝတ်နေရေးအတွက် ပင်လယ်ပြင်မှာ အသက်နှင့်ရင်းပြီး 

ရှာဖွေစားသောက်ရတဲ့ အမျိုးသားတစ်ဦးအကြောင်းကို 

ဖော်ပြပေးလိုက်ပါတယ်။


source:thadinnoo

link -

https://philnews.ph/2017/12/09/ice-cream-vendor-swims-sea-sell-products/


No comments:

Post a Comment