မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 5, 2020

လမ္းေဘးကေရခဲေခ်ာင္းသည္ကို အိမ္ဝယ္ေပး

 လမ္းေဘးကေရခဲေခ်ာင္းသည္ကို အိမ္ဝယ္ေပးၿပီး 

အလုပ္အကိုင္ေပးတဲ့ ဖီလစ္ပိုင္ လႊတ္ေတာ္အမတ္ 

ပက္ကြီယို ...

--------------------------------------------------------


ကမၻာေက်ာ္ ဖီလစ္ပိုင္ လက္ေဝွးသမားေဟာင္းလည္းျဖစ္ လက္ရွိမွာ

လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္တဲ့ “မန္နီပက္ကြီယို” က 

လမ္းေဘးက ေရခဲေခ်ာင္းသည္တစ္ဦးကို ေနအိမ္တစ္လုံးဝယ္ေပးၿပီး 

အလုပ္အကိုင္သစ္ပါ ရွာေပးလိုက္ပါတယ္။

ေမလ ၂၇ ရက္ေန႔က လႊတ္ေတာ္႐ုံးမွ Jan Manilay ဆိုသူ

အမ်ိဳးသမီးက ပက္ကြီယိုနဲ႔ ေရခဲေခ်ာင္းသည္ Manong Marciano 

တို႔ႏွစ္ဦးရဲ့ ဗီဒီယိုကို လူမွုကြန္ယက္ေပၚမွာ တင္ေပးခဲ့ပါတယ္။

အလုပ္ကိစၥနဲ႔ ထြက္လာခဲ့တဲ့လမ္းမွာ ရာသီဥတုပူျပင္းမႈေၾကာင့္

Jan Manilay က သူမဝယ္ေနက် ေရခဲေခ်ာင္းသည္ျဖစ္တဲ့ 

Manong Marciano ဆီမွာ ေရခဲေခ်ာင္းဆင္းဝယ္စဥ္ ပက္ကြီယိုက

ကားထဲမွာေစာင့္ေနခဲ့ပါတယ္။ Manilay က ေရခဲေခ်ာင္း ၁၀ ေခ်ာင္း

ဝယ္လာခဲ့ၿပီးေနာက္ ပက္ကြီယိုကို တစ္ေခ်ာင္းေပးလိုက္တဲ့အခါမွာ 

ပက္ကြီယိုက ေရခဲေခ်ာင္းသည္ကို သူ႔ဆီေခၚလာဖို႔ ေျပာခဲ့ပါတယ္။


Manilay က ေရခဲေခ်ာင္းသည္ကို ပက္ကြီယိုနဲ႔ မိတ္ဆက္ေပးလိုက္

တဲ့အခါမွာေတာ့ ေရခဲေခ်ာင္းသည္ အလြန္ဝမ္းသာသြားပါတယ္။

သူတို႔ႏွစ္ဦး စကားေျပာၾကၿပီးေနာက္ ေရခဲေခ်ာင္းသည္ကို 

ပီဆို ၃,၀၀၀ ေပးလိုက္ပါတယ္။


အဲဒီေနာက္ ေရခဲေခ်ာင္းသည္ဟာ ေလျဖတ္ခံထားရသူျဖစ္ၿပီး 

ေက်ာင္းမထားနိုင္ေသးတဲ့ ကေလး ၃ ေယာက္ရွိေၾကာင္း 

သိသြားတဲ့အခါမွာ ပက္ကြီယိုက ေနာက္ထပ္ ပီဆို ၃၀,၀၀၀ 

ထပ္ေပးခဲ့ပါတယ္။


အဲဒီေနာက္ ႐ုတ္တရက္ အိမ္ေရာငွားေနရလားလို႔ ေမးလိုက္တဲ့အခါ 

အိမ္ငွားေနရေၾကာင္း ျပန္ေျဖတဲ့အခါမွာေတာ့ ေနာက္တစ္ပတ္မွာ 

အိမ္ဝယ္ေပးမယ္လို႔ ေျပာဆိုပါတယ္။ ေရခဲေခ်ာင္းသည္ဟာ 

႐ုတ္တရက္ ဝမ္းသာလုံးစို႔သြားၿပီး မ်က္ရည္ေတြဝဲလာပါတယ္။


ဒါ့အျပင္ ပက္ကြီယိုက အခုလိုေနပူစပ္ခါးထဲမွာ ေရခဲေခ်ာင္းေရာင္းဖို႔ 

မလိုေတာ့ပါဘူး ဂိုးဒင္းစတိတ္ ေကာလိပ္မွာ အလုပ္တစ္ေနရာပါ

ေပးမယ္လို႔ ေျပာခဲ့ပါတယ္။


ဗီဒီယိုမွာေတာ့ ေနာက္လိုက္ အေဖာ္ေတြနဲ႔အတူ ေရခဲေခ်ာင္း

စားရင္း စကားေျပာေနတာကို ေတြ႕ျမင္ရပါတယ္။ Manilay ကေတာ့ 

ေရခဲေခ်ာင္းသည္ကို ေနာက္တစ္ပတ္မွာ မင္းအတြက္ အိမ္အသစ္ 

အလုပ္အသစ္နဲ႔အတူ ျပန္ဆုံၾကမယ္လို႔ ႏွုတ္ဆက္ၿပီး 

ထြက္ခြာခဲ့ၾကပါတယ္။


source:popolay

link -

http://www.asiaone.com/asia/manny-pacquiao-gives-ice-cream-vendor-house-new-job-money

===========================


လမ်းဘေးကရေခဲချောင်းသည်ကို အိမ်ဝယ်ပေးပြီး 

အလုပ်အကိုင်ပေးတဲ့ ဖီလစ်ပိုင် လွှတ်တော်အမတ် 

ပက်ကွီယို ...

--------------------------------------------------------


 ကမ္ဘာကျော် ဖီလစ်ပိုင် လက်ဝှေးသမားဟောင်းလည်းဖြစ် လက်ရှိမှာ

လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ “မန်နီပက်ကွီယို” က 

လမ်းဘေးက ရေခဲချောင်းသည်တစ်ဦးကို နေအိမ်တစ်လုံးဝယ်ပေးပြီး 

အလုပ်အကိုင်သစ်ပါ ရှာပေးလိုက်ပါတယ်။


မေလ ၂၇ ရက်နေ့က လွှတ်တော်ရုံးမှ Jan Manilay ဆိုသူ

အမျိုးသမီးက ပက်ကွီယိုနဲ့ ရေခဲချောင်းသည် Manong Marciano 

တို့နှစ်ဦးရဲ့ ဗီဒီယိုကို လူမှုကွန်ယက်ပေါ်မှာ တင်ပေးခဲ့ပါတယ်။


အလုပ်ကိစ္စနဲ့ ထွက်လာခဲ့တဲ့လမ်းမှာ ရာသီဥတုပူပြင်းမှုကြောင့်

Jan Manilay က သူမဝယ်နေကျ ရေခဲချောင်းသည်ဖြစ်တဲ့ 

Manong Marciano ဆီမှာ ရေခဲချောင်းဆင်းဝယ်စဉ် ပက်ကွီယိုက

ကားထဲမှာစောင့်နေခဲ့ပါတယ်။ Manilay က ရေခဲချောင်း ၁၀ ချောင်း

ဝယ်လာခဲ့ပြီးနောက် ပက်ကွီယိုကို တစ်ချောင်းပေးလိုက်တဲ့အခါမှာ 

ပက်ကွီယိုက ရေခဲချောင်းသည်ကို သူ့ဆီခေါ်လာဖို့ ပြောခဲ့ပါတယ်။


Manilay က ရေခဲချောင်းသည်ကို ပက်ကွီယိုနဲ့ မိတ်ဆက်ပေးလိုက်

တဲ့အခါမှာတော့ ရေခဲချောင်းသည် အလွန်ဝမ်းသာသွားပါတယ်။

သူတို့နှစ်ဦး စကားပြောကြပြီးနောက် ရေခဲချောင်းသည်ကို 

ပီဆို ၃,၀၀၀ ပေးလိုက်ပါတယ်။


အဲဒီနောက် ရေခဲချောင်းသည်ဟာ လေဖြတ်ခံထားရသူဖြစ်ပြီး 

ကျောင်းမထားနိုင်သေးတဲ့ ကလေး ၃ ယောက်ရှိကြောင်း 

သိသွားတဲ့အခါမှာ ပက်ကွီယိုက နောက်ထပ် ပီဆို ၃၀,၀၀၀ 

ထပ်ပေးခဲ့ပါတယ်။


အဲဒီနောက် ရုတ်တရက် အိမ်ရောငှားနေရလားလို့ မေးလိုက်တဲ့အခါ 

အိမ်ငှားနေရကြောင်း ပြန်ဖြေတဲ့အခါမှာတော့ နောက်တစ်ပတ်မှာ 

အိမ်ဝယ်ပေးမယ်လို့ ပြောဆိုပါတယ်။ ရေခဲချောင်းသည်ဟာ 

ရုတ်တရက် ဝမ်းသာလုံးစို့သွားပြီး မျက်ရည်တွေဝဲလာပါတယ်။


ဒါ့အပြင် ပက်ကွီယိုက အခုလိုနေပူစပ်ခါးထဲမှာ ရေခဲချောင်းရောင်းဖို့ 

မလိုတော့ပါဘူး ဂိုးဒင်းစတိတ် ကောလိပ်မှာ အလုပ်တစ်နေရာပါ

ပေးမယ်လို့ ပြောခဲ့ပါတယ်။


ဗီဒီယိုမှာတော့ နောက်လိုက် အဖော်တွေနဲ့အတူ ရေခဲချောင်း

စားရင်း စကားပြောနေတာကို တွေ့မြင်ရပါတယ်။ Manilay ကတော့ 

ရေခဲချောင်းသည်ကို နောက်တစ်ပတ်မှာ မင်းအတွက် အိမ်အသစ် 

အလုပ်အသစ်နဲ့အတူ ပြန်ဆုံကြမယ်လို့ နှုတ်ဆက်ပြီး 

ထွက်ခွာခဲ့ကြပါတယ်။


source:popolay

link -

http://www.asiaone.com/asia/manny-pacquiao-gives-ice-cream-vendor-house-new-job-money


No comments:

Post a Comment